သည်းအူပြတ်မျှ – KZ’s ထမင်းဆိုင်

ဇီဇီJune 13, 20165min49728

မင်းအတွက်ကို အသည်းရော နှလုံးရော ကျောက်ကပ်ရော အူစုံ ရော ပေးဗျဇီ။

:chit:

ဒီ တပတ်တော့ ကလီစာဟင်း စုံတာနဲ့ ထမင်းဆိုင်ထဖွင့်လိုက်တယ်လေ။

ကလီစာမှ စာရင်းချကြည့်တော့ ဒီလိုတွေထွက်လာတယ်။

~

ငါး
၁) ငါးအူ
၂) ငါးစီပေါင်း
၃) ငါးဥ

ကြက်
၁) ကြက်အသည်းအမြစ်
၂) ကြက်အူ
၃) ကြက်အချင်း/ဥ
၄) ကြက်ကောက်ကောက်

ဘဲ
၁) ဘဲအူ
၂) ဘဲ အသဲအမြစ်

ဆိတ်
၁) ဆိတ်ကလီစာ (အသည်း/အဆုတ်/ကျောက်ကပ်)
၂) ဆိတ်ပုဆိုးကြမ်း/ဆိတ်အူကြမ်း

ဝက်
၁) ဝက်ကလီစာ (အသည်း/အဆုတ်/ကျောက်ကပ်)
၂) ဝက် အချင်း
၃) ဝက်အူမကြီး
၄) ဝက်အူ

အမဲသား
၁) အမဲအူ
၂) အမဲ ဝမ်းတွင်းသား

အဟိ။ ဘာကျန်ခဲ့တုန်း ထပ်ဖြည့်ပေးကြပါအူးးး။

 

ငါးဥချဉ်စပ်နီနီလေး (ပုံ/နည်း မွသင်ဇာမြင့်) ------- ငါးဥကို ဂျင်းကြက်သွန်ဖြူအရည်ညစ် ဆားနယ်ပီး အရင်ပြုတ်လိုက်တာ... ကြက်သွန် ဖြူ အနီ ဂျင်း အနှစ်ထောင်း နဲ့ နနွင်း ငြုပ်သီးမှုန့် ငါးပိ ဆီသပ် မကျည်းမှည့်လိုသလောက်ထည့် အနှစ်အရသာကောင်းပြီဆို ငါးဥထည့် ရေနဲနဲခြင်းထည့် ငါးဥကျက်ခါနီး ငြုပ်သီးအစိမ်းတောင့်များများထည့် နံနံပင်အုပ် ဆီပြန်ရင်ရပြီ အကြိုက်ဆွဲပေတော့
ငါးဥချဉ်စပ်နီနီလေး
(ပုံ/နည်း မွသင်ဇာမြင့်)
——-
ငါးဥကို ဂျင်းကြက်သွန်ဖြူအရည်ညစ် ဆားနယ်ပီး အရင်ပြုတ်လိုက်တာ…
ကြက်သွန် ဖြူ အနီ ဂျင်း အနှစ်ထောင်း နဲ့ နနွင်း ငြုပ်သီးမှုန့် ငါးပိ ဆီသပ်
မကျည်းမှည့်လိုသလောက်ထည့်
အနှစ်အရသာကောင်းပြီဆို ငါးဥထည့်
ရေနဲနဲခြင်းထည့်
ငါးဥကျက်ခါနီး ငြုပ်သီးအစိမ်းတောင့်များများထည့်
နံနံပင်အုပ် ဆီပြန်ရင်ရပြီ အကြိုက်ဆွဲပေတော့

 

 

ငါးဆီဖောင်းချက် (ချက်နည်း - wow/ ပုံ - မွဘုတ်) ဈေးသယ်ဆီက အကျွင်းအကျန်အကုန်တောင်း ထုံးလေးနဲ့နယ်ဆေး ကပ်ကျေးနဲ့အနေတော်ညှပ် ဆားဆနွင်းနယ်ပီး ခရမ်းချဉ်သီး ကြက်ဖြူနီထောင်းထားတာလေး ဆီသပ်ချက် ရှမ်းနံနံလေးအုပ် ရှယ်မှရှယ်
ငါးဆီဖောင်းချက် (ချက်နည်း – wow/ ပုံ – မွဘုတ်)
ဈေးသယ်ဆီက အကျွင်းအကျန်အကုန်တောင်း
ထုံးလေးနဲ့နယ်ဆေး
ကပ်ကျေးနဲ့အနေတော်ညှပ်
ဆားဆနွင်းနယ်ပီး
ခရမ်းချဉ်သီး ကြက်ဖြူနီထောင်းထားတာလေး ဆီသပ်ချက်
ရှမ်းနံနံလေးအုပ်
ရှယ်မှရှယ်

 

ငါးဥ ကချင်ချက် (ချက်နည်း – မားနန်း) Nan Kay Thi Hlaing
ငါးဥကို တရေ အရင်ပြုတ်ရမယ်
(ဟင်းရည်ကြည်အောင်, မညီအောင်)
ပြီးရင်ဆယ်ထား ,
ကြက်သွန်ဖြူနီ မညက်တညက်ထောင်း ဂျင်းရိုက်ပြားထည့် ,
ချိုငံထည့်
ပွက်လာရင် ငါးဥထည့် ,
ငရုပ်သီးတောင့် ရိုက်ပြားထည့် ,
အချဉ်အရသာတွက် ကိုယ်ကတော့ ချဉ်စော်ခါးသီးခြောက်ထည့်မယ် ,
ပြီးရင် နံပင်/ပင်စိမ်းလေးခပ်လိုက်မယ် .. ဟိ

 

ငါးစီပေါင်း ပြုတ်ကြော် (ချက်/ပုံ မွဘုတ်) ပြုတ်ပြီးကြော်ပါတယ်ဆို ညှီတယ် ရို့မေရီ ရှိထည့် မရရင် ့နာနတ်ပွင့် ဆားထည့်ပြုတ် မနူးတနူးမှာရေဆေးချလိုက် ပြီးဆီပူထဲထည့်ကြော်တာ ပထမတစ်ဝက်ကအပျော့ကြော်တာ နားရွက်သုတ်လိုပဲ နောက်တစ်ဝက်ကတော့အကြွပ်ကြော်တယ် ဘိတ်ချဉ်နဲ့စားတာ
ငါးစီပေါင်း ပြုတ်ကြော် (ချက်/ပုံ မွဘုတ်)
ပြုတ်ပြီးကြော်ပါတယ်ဆို
ညှီတယ်
ရို့မေရီ ရှိထည့် မရရင်
့နာနတ်ပွင့် ဆားထည့်ပြုတ်
မနူးတနူးမှာရေဆေးချလိုက်
ပြီးဆီပူထဲထည့်ကြော်တာ
ပထမတစ်ဝက်ကအပျော့ကြော်တာ
နားရွက်သုတ်လိုပဲ
နောက်တစ်ဝက်ကတော့အကြွပ်ကြော်တယ်
ဘိတ်ချဉ်နဲ့စားတာ

 

ကြက် အချင်း ကြော် (ချက်နည်း - ဘုတ်/ ပုံ - မွသဲ) ဘာမှလုပ်စရာမလိုဘူး ဥအိမ်ထဲတော့ ကြက်ဥကွဲရှိတတ်တယ် ရေဆေးပြီးကြက်သွန်ဖြူ ချင်းထု ဆနွင်းဆားဆီ ထည့်ပြီးလုံးလိုက် ဥအိမ်ကမနူးလွယ်ဘူးရေထည့်နှပ်ထား ဆီပြန်ဆိုကျက်ပြီ ပဲငံပြာရည် ငုတ်ကောင်း မဆလာ ကြိုက်ရာထည့် ဆီပြန်အနှစ်ဟင်းလည်းကြက်သားချက်သလိုချက် ဥကအနှစ်တေ အချင်းတိုင်ရွေးယူ အုအိမ်ကနူးမှစားကောင်းတာ
ကြက် အချင်း ကြော် (ချက်နည်း – ဘုတ်/ ပုံ – မွသဲ)
ဘာမှလုပ်စရာမလိုဘူး
ဥအိမ်ထဲတော့ ကြက်ဥကွဲရှိတတ်တယ်
ရေဆေးပြီးကြက်သွန်ဖြူ ချင်းထု ဆနွင်းဆားဆီ ထည့်ပြီးလုံးလိုက်
ဥအိမ်ကမနူးလွယ်ဘူးရေထည့်နှပ်ထား
ဆီပြန်ဆိုကျက်ပြီ
ပဲငံပြာရည် ငုတ်ကောင်း မဆလာ ကြိုက်ရာထည့်
ဆီပြန်အနှစ်ဟင်းလည်းကြက်သားချက်သလိုချက်
ဥကအနှစ်တေ
အချင်းတိုင်ရွေးယူ
အုအိမ်ကနူးမှစားကောင်းတာ

 

 

 

ကြက်အူဆီပြန် ................ ၁။ စစချင်း ကြက်အူလေးများကို ဓားသေးလေးဖြင့် ခွဲ၍ ဖြစ်စေ၊ ကတ်ကြေးဖြင့် ထိုးခွဲ၍ဖြစ်စေ ခွဲကာ ဆားများများဖြင့် သေချာသန့်စင်အောင် ထပ်ကာထပ်ကာ ဆေးကြော ပေးပါ။ အနေတော် ဖြတ်တောက်ထားပေးပါ။ ပြီးရင် ချင်း ထောင်းပြီးသား အနည်းငယ်၊ ကြက်သွန်ထောင်းပြီးသား အနည်းငယ်တို့ဖြင့် ဆား၊ ကြက်သားမှုန့်တို့ဖြင့် ဆုပ်နယ် ထားပါ။ ၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးကြမ်းတို့ကို ညက်နေအောင်ထောင်းထားပါ။ ဆီပူတွင် ထောင်းထားသော ငရုတ်သီးကြက်သွန်ကို စပါးလင်ဖြင့်ဆီသတ်ပေးပါ။ ကြက်သွန်အရော ကြွပ်လာပြီဆိုရင် ကြက်အူများကို ထည့်ပြီး ကြာကြာလုံးပေးပါ။ ဆီပြန်လာရင် ရေအနည်း ငယ်စီ အကြိမ်ကြိမ်ထည့် အဖုံးအုပ်လိုက်ဖြင့် နူးသည် အထိ အဖုံးအုပ်ထားပါ။ ကြက်အူများ နူးအိလာရင် ငရုတ်သီးများ၊ နံနံပင်များ အပေါ်ကအုပ်ကာ အဆုံးသတ်နိုင်ပြီ။
ကြက်အူဆီပြန်
…………….
၁။ စစချင်း ကြက်အူလေးများကို ဓားသေးလေးဖြင့် ခွဲ၍ ဖြစ်စေ၊
ကတ်ကြေးဖြင့် ထိုးခွဲ၍ဖြစ်စေ ခွဲကာ ဆားများများဖြင့် သေချာသန့်စင်အောင်
ထပ်ကာထပ်ကာ ဆေးကြော ပေးပါ။ အနေတော် ဖြတ်တောက်ထားပေးပါ။
ပြီးရင် ချင်း ထောင်းပြီးသား အနည်းငယ်၊ ကြက်သွန်ထောင်းပြီးသား
အနည်းငယ်တို့ဖြင့် ဆား၊ ကြက်သားမှုန့်တို့ဖြင့် ဆုပ်နယ် ထားပါ။
၂။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ ၊ ငရုတ်သီးကြမ်းတို့ကို
ညက်နေအောင်ထောင်းထားပါ။ ဆီပူတွင် ထောင်းထားသော
ငရုတ်သီးကြက်သွန်ကို စပါးလင်ဖြင့်ဆီသတ်ပေးပါ။ ကြက်သွန်အရော
ကြွပ်လာပြီဆိုရင် ကြက်အူများကို ထည့်ပြီး ကြာကြာလုံးပေးပါ။
ဆီပြန်လာရင် ရေအနည်း ငယ်စီ အကြိမ်ကြိမ်ထည့် အဖုံးအုပ်လိုက်ဖြင့်
နူးသည် အထိ အဖုံးအုပ်ထားပါ။ ကြက်အူများ နူးအိလာရင် ငရုတ်သီးများ၊
နံနံပင်များ အပေါ်ကအုပ်ကာ အဆုံးသတ်နိုင်ပြီ။

 

 

ဝက်သားဒုတ်ထိုး (ချက်နည်း- မသက်ငုံ/ ပုံ-မချိုသက်မာ) ------ အစာအိမ်အူ မန်ကျီးရေနဲ့ဆားနဲ့ဆေး ကျောက်ကပ်ကလွဲ ကျန်ကလီစာအားလုံးထည့်ချင်ရာထည့် သကြားနဲ့နာနတ်ပွင့် လှော် ကလီစာတွေ ထည့် ကြော် အရောင်ယူတာ ရေထည့် ပြုတ်နူးရင်ကျက်ပြီ ဝက်သားဒုတ်ထိုး (ချက်နည်း- မသက်ငုံ/ ပုံ-မချိုသက်မာ) ------ အစာအိမ်အူ မန်ကျီးရေနဲ့ဆားနဲ့ဆေး ကျောက်ကပ်ကလွဲ ကျန်ကလီစာအားလုံးထည့်ချင်ရာထည့် သကြားနဲ့နာနတ်ပွင့် လှော် ကလီစာတွေ ထည့် ကြော် အရောင်ယူတာ ရေထည့် ပြုတ်နူးရင်ကျက်ပြီ
ဝက်သားဒုတ်ထိုး (ချက်နည်း- မသက်ငုံ/ ပုံ-မချိုသက်မာ)
——
အစာအိမ်အူ မန်ကျီးရေနဲ့ဆားနဲ့ဆေး
ကျောက်ကပ်ကလွဲ ကျန်ကလီစာအားလုံးထည့်ချင်ရာထည့်
သကြားနဲ့နာနတ်ပွင့် လှော်
ကလီစာတွေ ထည့် ကြော်
အရောင်ယူတာ
ရေထည့် ပြုတ်နူးရင်ကျက်ပြီ
ဝက်သားဒုတ်ထိုး (ချက်နည်း- မသက်ငုံ/ ပုံ-မချိုသက်မာ)
——
အစာအိမ်အူ မန်ကျီးရေနဲ့ဆားနဲ့ဆေး
ကျောက်ကပ်ကလွဲ ကျန်ကလီစာအားလုံးထည့်ချင်ရာထည့်
သကြားနဲ့နာနတ်ပွင့် လှော်
ကလီစာတွေ ထည့် ကြော်
အရောင်ယူတာ
ရေထည့် ပြုတ်နူးရင်ကျက်ပြီ

 

 

ဝက်အူမကြီးသုတ် နည်း/ပုံ မွ Ma Moe Khaing အူကို..သန့်ရှင်းပါ...ဂျင်းတပြားထဲ့ပြီးနူးအောင်ပြုတ်ပါ... ကျက်ပြီးအူကို..ပါးပါးလှီး...ထည့်လိုသောအစာ...(ခရမ်းချဉ်..သခွားသီး..ဂေါ်ဖီထုပ်.. ဥနီ..ကြက်သွန်နီ..)..များကိုပါးပါးလှီးထည့်ပါ... ဆီချက်..ပဲမှုန့်..ကြက်သွန်ဖြူ..ငရုတ်သီးစိမ်း.ငံပြာရည်....သံပုရာသီး ..နဲ့သုပ်ပါ..???
ဝက်အူမကြီးသုတ် နည်း/ပုံ မွ Ma Moe Khaing
အူကို..သန့်ရှင်းပါ…ဂျင်းတပြားထဲ့ပြီးနူးအောင်ပြုတ်ပါ…
ကျက်ပြီးအူကို..ပါးပါးလှီး…ထည့်လိုသောအစာ…(ခရမ်းချဉ်..သခွားသီး..ဂေါ်ဖီထုပ်.. ဥနီ..ကြက်သွန်နီ..)..များကိုပါးပါးလှီးထည့်ပါ…
ဆီချက်..ပဲမှုန့်..ကြက်သွန်ဖြူ..ငရုတ်သီးစိမ်း.ငံပြာရည်….သံပုရာသီး ..နဲ့သုပ်ပါ..???

 

 

ဝက်အူမကြီးသုပ် ----- စင်ကြယ်အောင်ဆေးထားတဲ့ ဝက်အူမကြီးကို နူးအောင်ပြုပ်ပါ ဝက်အူမကြီးကိုပါးပါးလှီးပါ ထည့်လိုတဲ့ အသီးအရွက်ထည့်ပါ ပဲမှုန် ့ ငြုပ်သီး သံပုရာသီး ဆီချက်ထည့် အရသာမှုန် ့ထည့် ငံပြာရည်ထည့် သုပ်လိုက်ရင်တော့ ချဉ်ငံစပ်အရသာနဲ ့ ဝက်အူမကြီးသုပ်ရပါတယ်
ဝက်အူမကြီးသုပ်
—–
စင်ကြယ်အောင်ဆေးထားတဲ့ ဝက်အူမကြီးကို နူးအောင်ပြုပ်ပါ
ဝက်အူမကြီးကိုပါးပါးလှီးပါ ထည့်လိုတဲ့ အသီးအရွက်ထည့်ပါ
ပဲမှုန် ့ ငြုပ်သီး သံပုရာသီး ဆီချက်ထည့်
အရသာမှုန် ့ထည့် ငံပြာရည်ထည့် သုပ်လိုက်ရင်တော့
ချဉ်ငံစပ်အရသာနဲ ့ ဝက်အူမကြီးသုပ်ရပါတယ်

 

 

ဝက်ကလီစာ ချက် (credit to ချက်နည်း/ပုံ ကိုကိုကျောက်) -- ဝက်ကလီစာ (အူချို+သရက်ရွက်+အသည်း) ကို မန်ကျည်းရည်နဲ့ သာသာယာယာ စင်အောင်ဆေးပါ ။ အူချိုကို ဖြူဖွေးပြီး တင်းနေတာရွေးဝယ်ပါ ၊ ပန်းရောင် အနီရောင်သမ်းလျင် ခါး၏ ။ ဆေးပြီးလျင် အူချိုကို အစွန်းနှစ်ဘက် ပိတ်အောင်ချည်ပါ (အတွင်းက အနှစ်တွေ ထွက်မှာစိုးလို့) ၊ သရက်ရွက်နဲ့ အသည်းကို အရွယ်တော်တုံးပါ ။ ပြီးလျင် ဂျင်းရည် + သကြားအနည်းငယ် + ကြာညို့ + အရောင်တင်မှုန့် + ပဲငန်ပြာရည်အကြဲအနည်းငယ်ဖြင့် နှပ်ထားပါ ။ ကြက်သွန်ဖြူ/နီ + အရည်ညှစ်ပြီးဂျင်းဖတ် + အရောင်တင်မှုန့် ရောထောင်းပါ ။ အိုးထဲ ဆီသင့်ယုံထည့်ပြီး ဆီသတ်ပါ ၊ အနံ့မွှေးလာလျင် နယ်ထားတဲ့ ကလီစာတွေထည့်ပြီး သာသာယာယာမွှေ၍ အဖုံးအုပ်ထားပါ ၊ ရေလိုလျင် အနည်းငယ်သာစွက်ပါ (အရမ်းကျက်လွန်းလျင် မာသွားတတ်၏) ။ ဆီပြန်ခါနီးလျင် အူချိုတွေကို အရွယ်တော် ကိုက်ကျေးဖြင့်ဖြတ်ပြီး အရသာပြင်ပါ ။ ဆီပြန်လျင်ရပါပြီ ....
ဝက်ကလီစာ ချက် (credit to ချက်နည်း/ပုံ ကိုကိုကျောက်)

ဝက်ကလီစာ (အူချို+သရက်ရွက်+အသည်း) ကို မန်ကျည်းရည်နဲ့ သာသာယာယာ စင်အောင်ဆေးပါ ။ အူချိုကို ဖြူဖွေးပြီး တင်းနေတာရွေးဝယ်ပါ ၊ ပန်းရောင် အနီရောင်သမ်းလျင် ခါး၏ ။ ဆေးပြီးလျင် အူချိုကို အစွန်းနှစ်ဘက် ပိတ်အောင်ချည်ပါ (အတွင်းက အနှစ်တွေ ထွက်မှာစိုးလို့) ၊ သရက်ရွက်နဲ့ အသည်းကို အရွယ်တော်တုံးပါ ။ ပြီးလျင် ဂျင်းရည် + သကြားအနည်းငယ် + ကြာညို့ + အရောင်တင်မှုန့် + ပဲငန်ပြာရည်အကြဲအနည်းငယ်ဖြင့် နှပ်ထားပါ ။ ကြက်သွန်ဖြူ/နီ + အရည်ညှစ်ပြီးဂျင်းဖတ် + အရောင်တင်မှုန့် ရောထောင်းပါ ။ အိုးထဲ ဆီသင့်ယုံထည့်ပြီး ဆီသတ်ပါ ၊ အနံ့မွှေးလာလျင် နယ်ထားတဲ့ ကလီစာတွေထည့်ပြီး သာသာယာယာမွှေ၍ အဖုံးအုပ်ထားပါ ၊ ရေလိုလျင် အနည်းငယ်သာစွက်ပါ (အရမ်းကျက်လွန်းလျင် မာသွားတတ်၏) ။ ဆီပြန်ခါနီးလျင် အူချိုတွေကို အရွယ်တော် ကိုက်ကျေးဖြင့်ဖြတ်ပြီး အရသာပြင်ပါ ။ ဆီပြန်လျင်ရပါပြီ ….

 

 

ဝက်ကလီစာ အရည်သောက် (ချက်နည်း/ပုံ - မွဘုတ်) အူ အူမကြီး ကို ဆားမန်ကျည်းသီး နဲ့ဆေး သကြားနာနတ်ပွင့်နဲ့လှော် ရှားကော့ပါးကော့ အစေ့နဲ့ဆားနဲ့ပြုတ် အရည်သောက်မို့အရောင်ရဲရဲကြီးမယူဘူး အချဉ်က သံပုရာ ကြက်သွန်ဖြူ ငရုတ်သီး သကြား ငါးငံပြာရည်နဲ့ ကဖောင်းရွက်စပ်ထားတာ..
ဝက်ကလီစာ အရည်သောက် (ချက်နည်း/ပုံ – မွဘုတ်)
အူ အူမကြီး ကို ဆားမန်ကျည်းသီး နဲ့ဆေး သကြားနာနတ်ပွင့်နဲ့လှော်
ရှားကော့ပါးကော့ အစေ့နဲ့ဆားနဲ့ပြုတ်
အရည်သောက်မို့အရောင်ရဲရဲကြီးမယူဘူး
အချဉ်က သံပုရာ ကြက်သွန်ဖြူ
ငရုတ်သီး သကြား ငါးငံပြာရည်နဲ့ ကဖောင်းရွက်စပ်ထားတာ..

 

 

ဝက်အူချက် (နည်း ကေဇီ/ ပုံ မားနန်း) ဝက်အူကို ရေဆေး ရှာလကာရည်နဲ့နယ်ပြီးမှတစ်ထပ်ပြန်ဆေး ရေခန်းပြုတ်ပြီးရင် စားချင်တဲ့ အတိုင်းချက်လို့ရပြီ ဂျင်း တပြားရိုက် ကြက်သွန်ဖြူ/နီ ဆီသတ် ဝက်အူထည့် ဆား၊ ပဲငံပြာရည်၊ ဟင်းခပ်မှုန့်ထည့်ပြီးဆီပြန်တဲ့ထိ တည်။ ရေမထည့်နဲ့။ ဟင်းပွတယ်။
ဝက်အူချက် (နည်း ကေဇီ/ ပုံ မားနန်း)
ဝက်အူကို ရေဆေး
ရှာလကာရည်နဲ့နယ်ပြီးမှတစ်ထပ်ပြန်ဆေး
ရေခန်းပြုတ်ပြီးရင် စားချင်တဲ့ အတိုင်းချက်လို့ရပြီ
ဂျင်း တပြားရိုက် ကြက်သွန်ဖြူ/နီ ဆီသတ်
ဝက်အူထည့်
ဆား၊ ပဲငံပြာရည်၊ ဟင်းခပ်မှုန့်ထည့်ပြီးဆီပြန်တဲ့ထိ တည်။
ရေမထည့်နဲ့။ ဟင်းပွတယ်။

 

 

ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသား (ချက်နည်း - ဖက်ကက်/ ပုံ- မသိင်္ဂီ) ------- ဆိတ်နို့အုံသား၊ ပုဆိုးကြမ်းဟင်း…. ဆိတ်သား တစ်ပိဿာ (၁၄၀၀) ဈေးဖြစ်နေချိန်မှာ (၇၀၀)ဈေးလောက်နဲ့ရနိုင်တဲ့ ဆိတ်အူကြမ်း (ပုဆိုးကြမ်း)၊ နို့အုံသားတို့ကို အရသာရှိရှိချက်စားတာဟာ ဘတ်ဂျက်ချွေတာနိုင်သလို… တမူထူးတဲ့အရသာကိုလဲ ပေးစွမ်းပါတယ်… ဆိတ်သားပုဆိုးကြမ်း (၄၀)သားလောက်၊ နို့အုံသား (၃၀)သားလောက်ကို ဆား၊ အချိုမှုန့်၊ မဆလာနဲ့နယ်… ဒိန်ချဉ် (၁၀)သားလောက်နဲ့ နှပ်ပြီး တစ်နာရီခွဲလောက်ထားပါ… ပြီးရင်တော့ ဂျင်းလက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၃ မွှာလောက်ကို ညက်အောင်ထောင်းပါ… ကြက်သွန်နီ (၄)လုံးလောက်ကို ပါးပါးလှီး၊ နုတ်နုတ်စင်းပြီးထားပါ… ပရက်ရှာကွတ်ကာထဲကို ဆီ (၁၀)သားလောက်ထည့်ပြီး ဆီဆူလာရင် နနွင်းမှုန့်ထည့်ပြီး အနည်းငယ် ဝါကျင့်ကျင့် ဖြစ်အောင် တည်ပါ… ပြီးရင်… ဂျင်း၊ ကြက်သွန်ထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါ… ကြက်သွန်ဖြူနံ့ထွက်လာရင် ကြက်သွန်နီစင်းထားတာကို ထည့်ပြီး နွမ်းအောင် ဆီသတ်ပါလေ… ပြီးတာနဲ့ နှပ်ထားတဲ့ ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသားကို ထည့်ပြီး အဖုံးပိတ် ရေမြုပ်အောင်ထည့်ပြီး (၁၅)မိနစ်လောက်တည်ရပါတယ်… အဲ့လိုတည်ပြီးရင် မီးဖိုပေါ်ကချပြီး နို့အုံသားကို မြည်းကြည့်ပါ… နို့အုံသားထုံးစံအရ… သိပ်တည်လွန်းအားကြီးရင် မာသွားတတ်လို့ပါ… အနေတော်ဆိုရင် အိုးထဲကဆယ်ပြီးတော့ ပုဆိုးကြမ်းကို နူးအောင်ထပ်တည်ရပါလိမ့်မယ်… နှစ်ခုလုံးအနေတော်ဆိုရင်တော့ ဆီနဲနဲပြန်အောင်ထားပြီး မဆလာအပေါ်က ဖြူးပြီးတာနဲ့ တန်းစားလို့ရပါပြီ… ကျွန်တော့်ကြောင့် အိမ်ကလူတွေ ဆိတ်သားမစားတော့ပါဘူး… ပုဆိုးကြမ်းနဲ့ နို့အုံသားပဲစားကြပါတော့တယ်… ဘယ်လောက် သက်သာလိုက်သလဲ… အဲဒီဟာကို ကြက်သွန်နီလေးပါးပါးလှီး ရေစိမ်၊ ပြီးရင် ငရုတ်သီးစိမ်း (၂)တောင့်လောက်ပါးပါးလှီး ရှောက်ရည်လေးညှစ် ဆားလေးနဲနဲထည့်ထားတဲ့ အချဉ် (ချပ်တနီး) နဲ့စားရင် သိပ်ကောင်းပေါ့ဗျာ…
ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသား (ချက်နည်း – ဖက်ကက်/ ပုံ- မသိင်္ဂီ)
——-
ဆိတ်နို့အုံသား၊ ပုဆိုးကြမ်းဟင်း….
ဆိတ်သား တစ်ပိဿာ (၁၄၀၀) ဈေးဖြစ်နေချိန်မှာ (၇၀၀)ဈေးလောက်နဲ့ရနိုင်တဲ့ ဆိတ်အူကြမ်း (ပုဆိုးကြမ်း)၊ နို့အုံသားတို့ကို အရသာရှိရှိချက်စားတာဟာ ဘတ်ဂျက်ချွေတာနိုင်သလို…
တမူထူးတဲ့အရသာကိုလဲ ပေးစွမ်းပါတယ်…
ဆိတ်သားပုဆိုးကြမ်း (၄၀)သားလောက်၊ နို့အုံသား (၃၀)သားလောက်ကို ဆား၊ အချိုမှုန့်၊ မဆလာနဲ့နယ်…
ဒိန်ချဉ် (၁၀)သားလောက်နဲ့ နှပ်ပြီး တစ်နာရီခွဲလောက်ထားပါ…
ပြီးရင်တော့ ဂျင်းလက်တစ်ဆစ်၊ ကြက်သွန်ဖြူ ၃ မွှာလောက်ကို ညက်အောင်ထောင်းပါ…
ကြက်သွန်နီ (၄)လုံးလောက်ကို ပါးပါးလှီး၊ နုတ်နုတ်စင်းပြီးထားပါ…
ပရက်ရှာကွတ်ကာထဲကို ဆီ (၁၀)သားလောက်ထည့်ပြီး ဆီဆူလာရင် နနွင်းမှုန့်ထည့်ပြီး အနည်းငယ် ဝါကျင့်ကျင့်
ဖြစ်အောင် တည်ပါ… ပြီးရင်… ဂျင်း၊ ကြက်သွန်ထောင်းထားတာကို ထည့်ပြီး ဆီသတ်ပါ…
ကြက်သွန်ဖြူနံ့ထွက်လာရင် ကြက်သွန်နီစင်းထားတာကို ထည့်ပြီး နွမ်းအောင် ဆီသတ်ပါလေ…
ပြီးတာနဲ့ နှပ်ထားတဲ့ ဆိတ်ပုဆိုးကြမ်းနဲ့ နို့အုံသားကို ထည့်ပြီး အဖုံးပိတ် ရေမြုပ်အောင်ထည့်ပြီး (၁၅)မိနစ်လောက်တည်ရပါတယ်…
အဲ့လိုတည်ပြီးရင် မီးဖိုပေါ်ကချပြီး နို့အုံသားကို မြည်းကြည့်ပါ…
နို့အုံသားထုံးစံအရ… သိပ်တည်လွန်းအားကြီးရင် မာသွားတတ်လို့ပါ… အနေတော်ဆိုရင် အိုးထဲကဆယ်ပြီးတော့
ပုဆိုးကြမ်းကို နူးအောင်ထပ်တည်ရပါလိမ့်မယ်… နှစ်ခုလုံးအနေတော်ဆိုရင်တော့ ဆီနဲနဲပြန်အောင်ထားပြီး မဆလာအပေါ်က ဖြူးပြီးတာနဲ့ တန်းစားလို့ရပါပြီ…
ကျွန်တော့်ကြောင့် အိမ်ကလူတွေ ဆိတ်သားမစားတော့ပါဘူး… ပုဆိုးကြမ်းနဲ့ နို့အုံသားပဲစားကြပါတော့တယ်…
ဘယ်လောက် သက်သာလိုက်သလဲ…
အဲဒီဟာကို ကြက်သွန်နီလေးပါးပါးလှီး ရေစိမ်၊ ပြီးရင် ငရုတ်သီးစိမ်း (၂)တောင့်လောက်ပါးပါးလှီး
ရှောက်ရည်လေးညှစ် ဆားလေးနဲနဲထည့်ထားတဲ့ အချဉ် (ချပ်တနီး) နဲ့စားရင် သိပ်ကောင်းပေါ့ဗျာ…

 

ဆိတ် ပုဆိုးကြမ်း ချက် (ချက်နည်း- မွေးမေလေ့)

အရည်ခွံကြမ်းတွေ ချွတ်ပြီးရင်အတုံးတုံး
သံပုရာသီးညှစ်နယ်ဆနွင်းနယ်
ရေဆေးပလိုက်ပြီးရင်ချက်ဖို့ပြင်
ဂျင်းရေထောင်းပြီးညှစ်
ကြက်သွန်နီဖြူဆနွင်းဆားအရောင်တင်ရောနယ်
ဆီထည့်ပြီးလုံးတည်
ပထမရေခန်းခါနီးနောက်ကရေမကြာမကြာ
ထဲ့ပြီးနူးတဲထိပေါ့

 

 

ဝက်ကလီစာ Hot soup (ချက်နည်း/ပုံ - မွဘုတ်) ငရုပ်ကောင်းများများ နဲ့ပြုတ် အစာအိမ် အူ နဲ့ အဆီတွဲအသား ရောပြုတ်တာ Soup Base က ပြည်ကြီးငါးအခြောက် နဲနဲ နဲ့ဝက်ရိုး ပေါ့ ချင်းနု နဲ့ကြက်သွန်တရုတ်နံနံဖြူးပါတယ်
ဝက်ကလီစာ Hot soup (ချက်နည်း/ပုံ – မွဘုတ်)
ငရုပ်ကောင်းများများ နဲ့ပြုတ်
အစာအိမ် အူ နဲ့ အဆီတွဲအသား
ရောပြုတ်တာ
Soup Base က
ပြည်ကြီးငါးအခြောက် နဲနဲ နဲ့ဝက်ရိုး ပေါ့
ချင်းနု နဲ့ကြက်သွန်တရုတ်နံနံဖြူးပါတယ်

 

 

ဘဲအူပြုတ် (ချက်နည်း/ပုံ - မွဘုတ်) သန့်အောင်မကျီးရည်နဲ့ဆေးပြီး ကျစ်ဆံမြီး ကျစ် ဆားထည့်ပြုတ် ဘိတ်ချဉ်နဲ့စားတာ
ဘဲအူပြုတ် (ချက်နည်း/ပုံ – မွဘုတ်)
သန့်အောင်မကျီးရည်နဲ့ဆေးပြီး
ကျစ်ဆံမြီး ကျစ်
ဆားထည့်ပြုတ် ဘိတ်ချဉ်နဲ့စားတာ

 

 

အမဲဝမ်းတွင်းက ပန်းသေးပြုတ် (ချက်နည်း/ပုံ - မွဘုတ်) ရေနွေးဆူအောင်တည် မုံလာ ဥဖြူ တစ်လုံး တရုတ်နံနံ ရိုး ကြပ်သွန်ဖြူ အခွံမခွာ နဲ့တစ်လုံး ဆား သကြား ငုတ်ကောင်းစေ့ အစေ့လိုက်ထည့် ဖာလာကြီး ရှားကော့ တစ်လုံးပြုတ်ပါ ထုပြီးမှထည့် နာနတ်ပွင့် နည်းနည်း ငါးငံပြာရည် အကုန်ရောပြုတ် အဖုံးဖွင့် ကြိုက်ရာကလီစာထည့် အသည်းမထည့်သင့် တရုတ်နံနံ မိတ်ဖြူးစားပါ
အမဲဝမ်းတွင်းက ပန်းသေးပြုတ် (ချက်နည်း/ပုံ – မွဘုတ်)
ရေနွေးဆူအောင်တည်
မုံလာ ဥဖြူ တစ်လုံး
တရုတ်နံနံ ရိုး
ကြပ်သွန်ဖြူ အခွံမခွာ နဲ့တစ်လုံး
ဆား သကြား
ငုတ်ကောင်းစေ့ အစေ့လိုက်ထည့်
ဖာလာကြီး ရှားကော့ တစ်လုံးပြုတ်ပါ ထုပြီးမှထည့်
နာနတ်ပွင့် နည်းနည်း
ငါးငံပြာရည်
အကုန်ရောပြုတ် အဖုံးဖွင့်
ကြိုက်ရာကလီစာထည့် အသည်းမထည့်သင့်
တရုတ်နံနံ မိတ်ဖြူးစားပါ

 

တစ်ချို့ချက်နည်းတွေ ပုံတွေက မမှီတာနဲ့ မပါခဲ့ဘူးး

သိတဲ့နီးတွေ ရှိသေးရင် ပြောသွားကြပါအူးး

ထပ်ဖြည့်ထားချင်လို့ပါ။

 

:k:

28 comments

  • ဂျစ်စူ

    June 13, 2016 at 9:47 am

    ဆိတ် ဖိုက်တင်းဘော တဘွဲ
    လကုန်မှယူ
    မယူနိုင်ရင် သဂျီးအကြွေးစာရင်းနဲ ့ ပေါင်းမှတ်

    • ခင်ဇော်

      June 13, 2016 at 9:54 am

      ဆိတ် 5ting ball မပါဘုတော့။
      မချက်တတ်လို့။
      ဟီးဟီး
      ကြိုက်တော့ ကြိုက်တယ်။

      :k:

  • ဂျက်စပဲရိုး

    June 13, 2016 at 9:47 am

    အဟင့်
    …..
    ….
    လို့ပဲ မန့်ပျဇီတော့…..
    စားချင်ရက်နဲ့ မစားရလို့ း)

    • ခင်ဇော်

      June 13, 2016 at 9:55 am

      ဟယ်။
      Wet Market ထဲ သွားကြည့်အူးးး
      ကြက်အူတွေကလွှင့်ပစ်ကြတာ။
      ဗျဲ ..

      :byee:

  • Kaung Kin Pyar

    June 13, 2016 at 12:14 pm

    အရင်ဘဝက ဘီလူးမ သေလို့ ဝင်စားလား မသိဘူး…
    ကလီစာဆို အရမ်းကြိုက်တာ…
    ခု အချင်းတိုင်နဲ့ ငါးဆီဖောင်းမြင်တော့.. အတော်သွားရည်ယိုတယ်..
    အချင်းတိုင်ကို တက္ကသီလာ တက်တုန်းက သန်လျင်ဘက်မှာ အတော်စားခဲ့ဖူးတယ်…။ ငါးဆီဖောင်းကို အိမ်ကတခါမှ ချက်မကျွေးပေမယ့်.. ငါးဆီဖောင်းသုပ်ရတဲ့ဆိုင် လိုက်စားနေကျ..
    ခုလို ဟင်းချက်တာမျိုးတော့ မစားဖူးဘူး…
    ဒီရာသီ ဒါတွေ ရနိုင်တယ်…။
    ဈေးပတ်အူးမှ ပါ….

    • ခင်ဇော်

      June 13, 2016 at 12:15 pm

      ဟုတ်တယ်လို့။
      အသည်းကို ခွဲလည်း ခွဲ စားလည်းစားး
      အသည်းသာမက ကျန်တဲ့ ကလီစာတွေ အရမ်းစား ကြိုက်။
      ဒါတောင် မစားဖူးတာတွေ အများကြီးကျန်သေးး

      :k:

  • kai

    June 13, 2016 at 2:38 pm

    ယူအက်စ်မှာ အဲဒါတွေကို… ချိုင်းနီးဆိုင်မှာသွားရှာရမယ်…။
    ဘိုမားကက်တွေမှာ.. ယောင်လို့တောင်မရှိ.. ။ အဲ.. မက်စီကန်(လက်တီနို)စားသောက်ဆိုင်တွေကျ.. အမဲကလီစာတွေရပြန်ရော..။

    ဆိုတော့..
    အဲဒီကလီစာတွေက.. ကိုလက်စရောများတယ်ဆိုပြီး..ပြောကြတာလည်းရှိပါရဲ့..။
    ကြိုက်သလားဆိုတော့… ငယ်ငယ်က… ရွှေတိဂုံဘုရားဈေးမှာ.. အထမ်းနဲ့ရောင်းတဲ့.. အမဲအူပြုတ်များ ခဏခဏသတိရ..။
    ဒါပေမယ့်…
    အဲဒီ အမဲအူပြုတ်… နည်းလေးကျ.. မပါသေး….။

    • ခင်ဇော်

      June 13, 2016 at 3:14 pm

      ဟီးဟီးး
      မစားဖူးဘူးးး။
      ဆိုတော့ ဘယ်သူမှ မပြုတ်တတ်ဘူးထင်တယ်။
      မပေးကြဘူးး

      :k:

    • ဦးကြောင်ကြီး

      June 21, 2016 at 12:31 pm

      လာဘ်တွန်းနဲ့ ရောင်းတဲ့ မက်ဆီကန် ဝက်ကလီစာပြုတ်ဆိုင် နယူးယောက်မှာ တွေ့ဖူးတယ်။ အူတွေ အခွေလိုက်…ဇက်ပြတ်နေတဲ့ ဝှီဂါမုမနဲ့ မာမွတ်ခိုင်မ်ကို သတိယလိုက်ထှာ..

      • ခင်ဇော်

        June 21, 2016 at 12:34 pm

        မဆိုးဘူးး
        အစားအသောက်မြင့်လို့ နာတို့ကို လွမ်းတတ်လာရင်ကို ဒါ ဟာ နိ ရဲ့ တိုးတက်မှု။
        :k:

  • kai

    June 13, 2016 at 3:38 pm

    မက်စီကန်စာ.. စားဖူးတာလေးပြန်လိုက်ရှာတာတွေ့ပြီ..။
    ၈နာရီခွဲကြာအောက်ချက်ရမယ့်.. အမဲကလီစာဟင်း.. စားပြီးရင်တော့ တန်တယ်လို့ပြောနိုင်မှာ..။

    ==

    Menudo Rojo (Red Menudo)
    Ingredients
    3 gallons water, divided
    2 1/2 pounds beef tripe, cut into 1-inch pieces
    6 cloves garlic, finely chopped
    1 large white onion, finely chopped
    1 1/2 tablespoons salt
    1 tablespoon ground black pepper
    1 1/2 tablespoons dried oregano
    2 tablespoons ground red pepper
    5 de arbol chile peppers
    6 japones chile peppers, seeds removed
    6 cups canned white or yellow hominy, drained
    1/2 white onion, chopped
    1/4 cup chopped fresh cilantro
    2 limes, juiced
    Directions
    Prep- 30 m
    Cook- 8 h
    Ready In- 8 h 30 m

    In a large pot, bring 1 gallon water to a boil. Place tripe in the pot, reduce heat, and simmer 2 hours. Periodically skim off fat with a spoon. Drain water, reduce heat, and pour in a fresh gallon of water. Continue to simmer tripe for 2 hours; drain.
    Pour remaining 1 gallon water into the pot with tripe, and bring to a boil. Stir in garlic and 1 white onion. Season with salt, pepper, oregano, and red pepper. Reduce heat, and simmer 1 hour.
    Preheat the broiler.
    Arrange the de arbol chile peppers on a baking sheet, and broil about 2 minutes, just until they begin to scorch. Remove from heat, slit lengthwise, and remove seeds. In a blender or food processor, blend the de arbol chile peppers and japones chile peppers until very finely chopped. Mix into the pot, and continue cooking 2 hours over low heat.
    Mix the hominy into the pot. Continue cooking 1 hour. Serve with remaining onion, cilantro, and lime juice.
    http://allrecipes.com/recipe/68837/menudo-rojo-red-menudo/

    • ခင်ဇော်

      June 13, 2016 at 3:54 pm

      ရေ ၃ ဂါလံ ဆိုလို့ မှားလားမသိဘူး တွေးနေတာ။
      သူ့နည်းနဲ့သူတော့ ဟုတ်လို့။

      :k:

      • kai

        June 13, 2016 at 4:21 pm

        ဂျပန်နည်းအရဆို.. အဲလိုအဆီပါ၊ အညစ်အကျေးပါ၊ အနံ့ပြင်းတဲ့ အသား၊ကလီစာတွေပြုတ်ရင်.. ၂ခါပြုတ်လေ့ရှိတယ်..။ ပထမတခါပြုတ်ပြီး.. ရေအေးနဲ့ဆေးချသန့်စင်လုပ်လေ့ရှိတယ်..။
        ဒုတိယရေမှာ.. အရသာ( ပဲငန်ပြာရည်၊ သကာရည်၊ အရက်) စတာတွေပြန်ထည့်ပြီး.. ပေါ်လာတဲ့အမြှုပ်တွေအကုန် ဇွန်းနဲ့ထိုင်ဆယ်.. လွှင့်ပစ်လေ့ရှိတယ်..။
        သူတို့အယူအဆအရ.. အမြှုပ်က.. အညစ်အကျေးတွေပဲ..။

        ကောင်းတဲ့လုပ်နည်းလို့ထင်တယ်..။ မြန်မာတွေကျ.. မုန့်ဟင်းခါးငါးပြုတ်ရည်မှာ.. အမြှုပ်ဆယ်သလား.. သိချင်သား…။

  • ဝင့်ပြုံးမြင့်

    June 13, 2016 at 8:02 pm

    မြန်မာတွေ အမြှုပ်ကို ဆယ်လေ့မရှိဘူး။ ပဲပြုတ်လည်း မဆယ်ဘူး။ ဆယ်မိတဲ့ ကျမကိုတောင် ဝိုင်းပြီး ပညာပေးကြသေးတယ်

  • ဝင့်ပြုံးမြင့်

    June 13, 2016 at 8:10 pm

    အပေါ်က ဟင်းခွက်တွေ တစ်ခွက်မှ မစားဖူးတော့ လူဖြစ်ကျိုး မနပ်သလိုပဲ

    • ခင်ဇော်

      June 14, 2016 at 1:09 pm

      ကျနော်မစားဖူးတာတွေလည်း အများသားရယ်

      :k:

  • Thint Aye Yeik

    June 14, 2016 at 11:15 am

    .ကြက်အူ
    .ဝက်အူ
    .ငါးဥ
    အဲ့ဒါပဲ ကြိုက်တယ်။
    .ကြက်ကောက်ကောက် ဆိုတာ ဘာလဲ မသိ။
    အစားဖူးသေးတဲ့တစ်ခုခုများလားးး

    • ခင်ဇော်

      June 14, 2016 at 1:02 pm

      ကြက်ကောက်ကောက် ဆိုတာ ကြက် အဟွာ တဲ့။

      :k:

      • Thint Aye Yeik

        June 14, 2016 at 5:13 pm

        အမငီးးးးးး ပေါက်ပေါက်လျှာလျှာ

        :mrgreenn:

  • Tawwin Pan

    June 14, 2016 at 11:50 am

    အစားအသောက်တွေပြပြန်ပီ။ စားပဲစားချင်တာ။ အဲလောက်လုပ်လည်းမလုပ်တတ်၊ စိတ်လည်း မရှည်ဆိုတော …….
    မမကြီးခင်ဇော်ကို မောင်လေးပေးပြီး ယောင်းမတော်လိုက်ရင် ကောင်းမလားလို့……ဟိဟိ

    • ခင်ဇော်

      June 14, 2016 at 1:01 pm

      ငင့်။
      ရွာ ထမင်းဆိုင် ဖွင့်ထားတာပါဆိုမှ အစားအသောက်ပုံမတင်လို့ ဘာတင်ရမတုန်းး
      ဒါတောင် အချိန်မှီမဖွင့်နိုင်လို့ တလ တလ ကြံရဖန်ရတာ။
      ချက်တာက စားဖိုမှူးတွေချက်တာ တိလားး

      တညားက မချက်တတ်ဘူးး ဆိုင်ထိုင် ပိုက်ဆံသိမ်းတာ။
      :k:

  • Foolish Girl

    June 14, 2016 at 1:45 pm

    ကလီစာတွေက စားချင်ပေမယ့် မစားတတ်တော့ လူဖြစ်ရှုံးတယ်ပဲပြောရမလားဘဲ
    ဝက်သားတုတ်ထိုးစားရင် တောင်အသဲရယ် အူရယ်ကလွဲလို့ကျန်တာမစားတတ်ဘူး
    အသဲကတော့ ဘယ်အကောင်ရဲ့အသဲမဆိုကြိုက်တယ် ကြက်အသဲဆိုပိုကြိုက်တယ်
    ငါးဆီဖောင်းကတော့စားလို့ရမှန်းကိုမသိတာ ဈေူထဲကနေငါးအကောင်လိုက်ဝယ်လာရင် ဗိုက်ထဲပါတာအကုန်လွှင့်ပစ်တာ
    ခုတော့ချက်လို့ရတာသိသွားပြီ 😀

    • ခင်ဇော်

      June 14, 2016 at 1:52 pm

      ငါးစီဖောင်း ဆိုတာ ကိုယ်က သေးသေးပဲ မြင်နေတာ။
      ခု ဟင်းချက်တဲ့ဟာ က ကြီးကြီးထူထူကြီးတွေ ဆိုပဲ။
      ငါးရံ့အူတောင် အပြင်မှာ မမြင်ဖူးဘူးး ချက်ပြီးသားပဲ စားဖူးတာ။
      ဝက်ကတော့ တစ်ကောင်လုံး လိုရာသုံးပဲ။
      :k:

  • kai

    June 15, 2016 at 10:18 am

    ဒါက.. ကလီစာသမားတွေသိသင့်တဲ့.. ကျန်းမာရေးရှု့ထောင့်…။
    မင်နရယ်တွေ.. ဗိုက်တာမင်တွေတော်တော်များများပါသမို့.. လူငယ်တွေစားသင့်..။

    ငါးပူတင်းနဲ့.. ပိုလာဝက်ဝံတို့ဖယ်ပြီး.. တိုတိုလွယ်လွယ်ရေးရရင်.. လေးဖက်နာသမားတွေ..။ ကိုလက်စရောတက်နေသူတွေ.. မစားသင့်ပါတဲ့..။
    စားရင်.. အပူချိန်မြင့်မြင့်မှာ.. ကြာကြာချက်ပါလို့စ်…။ :k:

    Health and food safety issues

    The offal of certain animals is unsafe to consume:

    The internal organs of the fugu pufferfish are highly toxic—in Japan, fugu can only be prepared by trained master chefs, working under extremely strict regulations, sanitary conditions, and licensing. Even a residual portion of fugu toxin can be fatal.[47]
    The liver of the polar bear is unsafe to eat because it is very high in vitamin A and can cause hypervitaminosis A, a dangerous disorder. This has been recognized since at least 1597 when Gerrit de Veer wrote in his diary that, while taking refuge in the winter in Nova Zemlya, he and his men became gravely ill after eating polar-bear liver. Seal liver is similarly toxic,[48] as is dog liver.[49]
    Some animal intestines are very high in coliform bacteria and need to be washed and cooked thoroughly to be safe for eating.
    Nervous system tissue can be contaminated with TSE prions, which cause bovine spongiform encephalopathy (BSE, “mad cow disease”); in some jurisdictions these offal are classified as specified risk materials and are subject to special regulations.[50]
    Offal very high in purines can precipitate[citation needed] an acute attack of gout in someone with the condition.
    Certain types of offal, including kidneys, stomach, intestines, heart, tongue, and liver, can be very high in cholesterol and saturated fats.[51][52][53][54][55]
    The practice of feeding raw offal to dogs on farms and ranches can spread echinococcosis, a potentially fatal parasitic disease of animals, including humans.

    • ခင်ဇော်

      June 15, 2016 at 4:17 pm

      တညား ဆီမှာ လေးဘက်နာမရှိပေမဲ့ ကိုလှစော ရှိမှာတော့ အမှန်ပဲ။
      ဘယ်လောက် ရှိမရှိတော့ မစစ်ဖူးဘူးး
      ဟီးဟီးး

  • ဦးကြောင်ကြီး

    June 18, 2016 at 7:07 am

    ဂဇုကို လအင်ထပ်

  • kai

    June 22, 2016 at 5:11 pm

    ဇီဇီရေ..
    ဒီလ.. ဒီစာ..သတင်းစာထဲထည့်လိုက်မယ်နော..။

Leave a Reply