သံသရာ( ဘောပင်တစ်ချောင်းဧ။် ခံစားချက်)

Foolish GirlJune 7, 20161min34311

ငါ့ကိုထားထားတယ်

မှန်ဘောင်လေးတစ်ခုထဲမှာပေါ့

တန်ဖိုးကြီးကြီးနဲ့ ဒီဇိုင်းလေးက

ဘယ်သူနဲ့မှမတူဘူးလေ

အဲဒီအချိန်မှာ

သူကငါ့ကိုကြည့်နေတယ်

ပြီးတော့

အရောင်းဆိုင်ကကောင်မလေးကိုပြောတယ်

ဒီဟာလေးသဘောကျတယ်ချစ်ကြည့်မယ်တဲ့

မှင်ရည်လည်းလှဒီဇိုင်းလည်းသွက်တဲ့

ငါ့ကိုသူသဘောကျသွားတယ်

ဒီလိုနဲ့ သူဟာငါ့ရဲ့ပိုင်ရှင်ဖြစ်လာခဲ့တယ်

သူနဲ့ငါအမြဲတစ်တွဲတွဲပါပဲ

သူရေးချင်တဲ့စာမှန်သမျှကို

ငါကကောင်းကောင်းမွန်မွန်ရေးပေးတယ်လေ

တစ်နေ့

ငါ့ကိုယ်ထဲကမှင်ရည်တွေခမ်းခြောက်လာတယ်

သူကတော့ငါ့ကိုယ်ထဲကလောင်စာဖြစ်တဲ့မှင်ကိုပြန်ဖြည့်ပေးဖို့စိတ်ကူရှိပုံမရပါဘူး

ဒီတော့ငါဟာသုံးမရတဲ့ဘောပင်ဖြစ်လာခဲ့တာပေါ့

ဒါ့ကြောင့်သူကငါ့ကို အမှိုက်တောင်းထဲပစ်ခဲ့တယ်

သူကတော့ငါနေခဲ့ဖူးတဲ့ မှန်ဘောင်လေးရှိတဲ့ဆီကိုသွားတယ်

ပြီးတော့ငါလိုဘောပင်တစ်ချောင်းနဲ့ပဲ

နောက်တော့

အဲဒီဘောပင်လည်း …………………………………

11 comments

  • Thint Aye Yeik

    June 7, 2016 at 5:23 pm

    အတွေး…လှ…
    အရေး….လှ….
    လက်ရေးတောင်မှ …လှသေး…ဝိုင်းစက်နေတာပဲ

    😆

    • Foolish Girl

      June 7, 2016 at 6:01 pm

      ငယ်ငယ်တုန်းကရေးထားတာလေးတွေပါ အခုနောက်ပိုင်းမရေးဖြစ်တော့ဘူး
      လက်ရေးလေးဝိုင်းတာတော့မပြောပါနဲ့ တို့ က Top Choice ဗလာစာအုပ်နဲ့ရေးတာကိုး 😛

      • Thint Aye Yeik

        June 8, 2016 at 11:12 am

        ငင် keyboard ကို နှိပ်နှိပ်ပြီး ရေးထားတယ် ထင်နေတာ

        :mrgreen:

        • Foolish Girl

          June 8, 2016 at 4:07 pm

          လက်ရေးလေးဝိုင်းတယ်ဆိုတော့ ကြော်ငြာဝင်တာ ပေါ့နော်

  • kai

    June 8, 2016 at 5:20 pm

    တခါသုံးဘောပင်ပေါ့…
    နာမယ်ကိုက.. တခါသုံးလေ…။ တခါပဲသုံးရမှာ…။ :k:

  • .မှင်ထည့်ပြီးရေး..ကုန်ရင်မှင်ပြန်ထည့်ရေးရတဲ့ ခေတ်ကိုမှီလိုက်သေးတယ်…
    .ကောင်းသလိုလိုနဲ့..ကောင်းလည်းမကောင်းပြန်ဘူး.. :)) :))

    • Foolish Girl

      June 9, 2016 at 4:16 pm

      ဩ အသက်တွေကမငယ်တော့ဘူးဗျ ခုခေတ်ကလေးတွေကိုမှင်ပြန်ဖြည့်ရတဲ့ခေတ်အကြောင်းပြောပြရင် ပုံပြင်လိုပဲဖြစ်နေမှာဘဲ
      မှင်ထည့်ပြီးရေး..ကုန်ရင်မှင်ပြန်ထည့်ရေးရတဲ့ ခေတ်ကိုမှီရင် သေချာတယ် မင်းအသက်က………. လို့ပြောလို့ရတယ်နော့

      • Foolish Girl

        June 9, 2016 at 4:19 pm

        ပြောသာပြောတာပါကျွန်တော်လည်အဲဒီခေတ်ကို မြင်သာမြင်ဘူး မကြုံခဲ့ရပါဘူး
        မှင်တန်လဲတဲ့ခေတ်ပဲကောင်းကောင်းမှီတာ

  • ဝင့်ပြုံးမြင့်

    June 13, 2016 at 7:48 pm

    ကျောင်းသူကျောင်းသားတွေ လက်ရေးလှဖို့ လိုသလား တကယ်ပဲ သိချင်မိတယ်။ ကိုယ်က တော့ အစက လက်ရေးလှစရာ မလိုဘူးလို့ ထင်ခဲ့တယ်။ ဒါပေမယ့် ဂျာမန် ကိုးလုံး တက္ကသိုလ်က ပါမောက္ခ တစ်ယောက်က သူ့ခလေး နှစ်ယောက်ကို လက်ရေးလက်သား ကျင့်ခိုင်းသတဲ့။ ဒါသေချာတဲ့ သတင်းနော်။ ဒါကြောင့် အခုဆို ကိုယ်တိုင် ဇဝေဇဝါ ဖြစ်နေရပြီ။ လက်ရေးလှအောင် လက်ရေးကျင့်ဖို့ လိုအပ်သလား

    • Foolish Girl

      June 14, 2016 at 9:58 am

      စာမရေးရတော့တဲ့အချိန်မျိုးရောက်လာခဲ့ရင်တော့ မလိုပေမယ့် လက်ရှိ နေထိုင်နေရတဲ့ပတ်ဝန်းကျင်အရလိုအပ်တယ်ထင်တယ်
      အနည်းနဲ့အများတော့ အသက်ကြီးလာပေမယ့် စာဆိုတာရေးနေရတာလေ ဒီတော့
      လက်ရေးကလည်းငယ်ငယ်ကတည်းကလှအောင်ကျင့်ထားမှ ကြီးလာတော့တော်ကာကျတယ်ထင်တယ်
      ကျွန်တော်ဆိုလက်ရေးကသော့တော့ ခုချိန်ဆိုကိုယ့်စာကို ကိုယ်တိုင်တောင်ဖတ်မရဘူး 😀

  • ဦးကြောင်ကြီး

    June 17, 2016 at 9:59 am

    ဖူးလစ်ရှ်ဂဲလ်နဲ့ ခြစ်ခြင်သယ်။။

Leave a Reply