“ယုံကြည်မူ့ပျောက်ဆုံးခြင်းကြောင့်ဖြစ်တဲ့အဟ”

“ယုံကြည်မူ့ပျောက်ဆုံးခြင်းကြောင့်
ဖြစ်တဲ့ အဟ”

IMG_20160606_060601


သူငယ်ချင်း တွေအကြား
မောင်နှမ တွေအကြား
မိဘနဲ့သားသမီး အကြား
ဆရာနဲ့တပည့်အကြား
သမီးရီးစားချစ်သူတွေအကြား
လင်နဲ့မယား အကြား
လုပ်ဖော်ကိုင်ဘက်တွေအကြား

အပြန်အလှန် ယုံကြည်ခြင်းတွေရှိနေဘို့လိုအပ်ပါတယ်။
တစ်ယောက်ကယုံကြည်မူ့တွေ
အပြည့်အဝထားနေချိန်
ကျန်တစ်ယောက်က လိမ်ညာပြောဆိုနေုတဲ့အခါမျိုးမှာ
အလိမ်တွေပေါ်သွားပြီ
လိမ်နေတာကိုတစ်ဖက်လူ
သိသွားပြီဆိုရင်
နှစ်ယောက်ကြားက
အပြန်အလှန်ယုံကြည်မူ့ဆိုတာ
ပျောက်ဆုံးသွားပါတော့တယ်။
ဒီအချိန်မှာဖြစ်သွားတဲ့အဟ က
ကြီးပါတယ်။

ယုံကြည်မူ့ပျောက်သွားခဲ့ရင်
ပြန်လည်တည်ဆောက်ရတာ
ပထမအကြိမ်ကထက်ပိုကြာသလို်
ပြန်လည်ဆက်မိတယ်ဆိုရင်တောင်မှ
အရင်လောက်လဲမခိုင်မြဲနိုင်ပါဘူး။
ချေမွထားတဲ့စက္ကူလို
ပြတ်တောက်လို့ပြန်ဆက်ထားတဲ့ကြိုးလို
အကောင်းတိုင်းပြန်မဖြစ်နိုင်တော့သလိုပေါ့။
ဖေစ်ဘုတ်ကိုဖွင့်ကြည့်နေရင်းကတွေးမိလာတဲ့အတွေးလေးပါ။

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး
၇၆၁၆

8 comments

  • Thint Aye Yeik

    June 8, 2016 at 12:45 pm

    ကိုယ့်ကိုယ်ကို ကိုယ် ယုံကြည်လို့ ရနေဖို့ကလည်း အရေးကြီးတဲ့ လိုအပ်ချက်တစ်ခုလို ယူဆမိပါကြောင်း…

  • Foolish Girl

    June 8, 2016 at 4:11 pm

    လိမ်တတ်တဲ့သူအနေနဲ့ လိမ်တယ်ဆိုတာထမင်းစားရေသောက်လောက်လွယ်ကူတယ်
    ဒီတော့ ဘယ်သူ့အပေါ်မှာမှ အယုံကြည်မလွန်ဖို့ ကအရေးအကြီးဆုံးပဲလို့ထင်ပါတယ်
    မယုံကြည်လွန်းရင် လည်းမကောင်းဘူး ယုံကြည်လွန်းရင်လည်းမကောင်းပါဘူး

  • ဂျစ်စူ

    June 8, 2016 at 9:11 pm

    အဟ ငတ နွမ လဒ ခန တလ ဗလ
    ဟုတ်တယ်လို့စ်

  • .အဟ…အဟ…အတော်ကြောက်စရာကောင်းတာပဲ
    .ဟ..သွားပြီးရင်ပြန်စေ့ဖို့မလွယ်တာအမှန်ပါပဲ…..ဒီနေ့နိုင်ငံမှာဖြစ်နေတာလည်း အဲဒီ “အဟ” ပါပဲ

  • uncle gyi

    June 12, 2016 at 10:07 am

    အပြဲကော်တဲမှတော့နဂိုလ်အနေမဟုတ်ပဲကော်ရာပါပြီပေါ့ဗ ျာ

Leave a Reply