ရွှေပြည်တော် မျှော်တွေးလို့ …စီမံပေးတဲ့အစိုးရ

alinsettJune 9, 20161min1758

ဆိပ်ကမ်းတံတားစီမံကိန်း ရပ်ဆိုုင်းဖိုု့ လွှတ်တော်ဆုုံးဖြတ်

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် ကိုု ဇွန်လ ၈ ရက်နေ့ ပြည်သူ့လွှတ်တော်မှာ တွေ့ရစဉ်

ရန်ကုန်တိုင်း ဗိုလ်တထောင်မြို့နယ်မှာ မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆီကနေ မြေငှားရမ်းပြီး ဆိပ်ကမ်းတံတားစီမံကိန်းဆောင်ရွက်နေတာကို ရပ်ဆိုင်းဖို့ ပြည်သူ့လွှတ်တော်မှာ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဗိုလ်တထောင်ဘုရားအနီးမှာရှိတဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ရဲ့ မြေဧက ၂ဝ နီးပါးမှာ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက အကောင်အထည်ဖော်နေတဲ့ ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်းဟာ ဆိုးကျိုးတွေသာဖြစ်ပေါ်စေနိုင်တဲ့အတွက် ရပ်ဆိုင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကို ကိုယ်စားလှယ် ၅ယောက်နဲ့ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင် က ထောက်ခံဆွေးနွေးပြီး ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း မြေနေရာရဲ့အောက်ခံမြေသားထုဟာ ခိုင်မာမှုမရှိတာကြောင့် ကမ်းနားမှာရှိတဲ့ ဗိုလ်တထောင်ဘုရားကို နောင်တစ်ချိန်မှာ ထိခိုက်နိုင်တဲ့အတွက် စီမံကိန်းကို ရပ်ဆိုင်းဖို့သဘောတူကြောင်း တင်ပြခဲ့ပါတယ်။

ဆိပ်ကမ်းတည်ဆောက်မယ့်နေရာဟာ ရန်ကုန်မြို့ရဲ့ ရေဆိုးထွက်ပေါက်နေရာတွေဖြစ်တဲ့အတွက် စီမံကိန်းကို ဆက်လက်လုပ်ကိုင်ခွင့်ပြုလိုက်မယ်ဆိုရင် မိုးရာသီမှာ ရန်ကုန်မြို့အတွင်းမှာ ရေကြီးမယ့် အန္တရာယ်ရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိန်မြအေးက ထောက်ပြဆွေးနွေးခဲ့ပါတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်းက အဲ့ဒီအဆိုကို ပြီးခဲ့တဲ့ဇွန်လ ၃ ရက်နေ့က တင်သွင်းခဲ့တာဖြစ်ပါတယ်။

အဲ့ဒီစီမံကိန်းကို ဆက်လုပ်မယ်ဆိုရင် ဗိုလ်တထောင်ကမ်းနားတလျှောက် သောင်ထွန်းလာတာ၊ သင်္ဘောရေလမ်းကြောင်း ပိတ်ဆို့တာ၊ သမိုင်းဝင် ဗိုလ်တထောင်စေတီတော်ရဲ့ အဆောက်အဦးထိခိုက်တာ၊ ဘုရားဖူးလာသူတွေအတွက် ဆူညံသံတွေထွက်ပေါ်နိုင်တာ၊ ရန်ကုန်ကမ်းနားလမ်းတလျှောက် ကွန်တိန်နာကားတွေ ပိတ်ဆို့လာတာ စတဲ့ဆိုးကျိုးတွေ ဖြစ်ထွန်းစေနိုင်တယ်လို့ ကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အဲ့ဒီစီမံကိန်းကို ရင်းနှီးမြုပ်နှံမှုကော်မရှင်က ပြီးခဲ့တဲ့မတ်လကုန်လောက်က ခွင့်ပြုချက်ချပေးခဲ့တာဖြစ်ပြီး လစဉ်ငှားရမ်းခ ငွေကျပ် ရ သန်းရရှိတာဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese

 

===========================================

 

 

 

 

 

 

 

 

 

IMG_20160609_103751

 

 

ဗိုလ်တထောင်စေတီအနီးမှာ တည်ဆောက်မယ့် ဆိပ်ခံတံတားစီမံကိန်းကို လုပ်ဆောင်ဖို့ ခွင့်ပြုလက်ခံခဲ့တာက မတ်လ ၂၆ ရက် /၂၀၁၆။ အဲ့ဒီနေ့မှာ

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်ပြုခဲ့တယ်။ မတ်လ ၃ဝ ရက် /၂၀၁၆ မှာ လုပ်ကိုင်ခွင့်ရလိုက်တဲ့ ကောင်းမြန်မာကုမ္ပဏီနဲ့ နှစ်ဖက် စာချုပ် ချုပ်ပြီး အကောင်အထည်ပေါ်ရေး စတင်ကြတယ်။

 

အစိုးရအပြောင်းအလဲကာလမှာ ဆုံးဖြတ်ခဲ့တဲ့အဆုံးအဖြတ် ဆိုပါတော့။

 

အခုအစိုးရသစ်က

အာဏာ လွှဲပြောင်းတာဝန်ယူကာစ. . . ပူပူနွေးနွေးကာလမှာပဲ

ဒီစီမံကိန်းကို ရပ်ဆိုင်းပေးဖို့ အဆိုတင်သွင်းတယ်။

 

.ကောင်းကျိုးနဲ့ ဆိုးကျိုးကို ပြန်တွက်ရာမှာ .ရေရှည်အကျိုးရှိမှု/မရှိမှုကို တွက်ချက်ပြီး စီမံကိန်းစတင်ရေးကို ကန့်ကွက်ကြတယ်။

အဲ့ဒီ စီမံကိန်းရပ်ဆိုင်းဖို့ဆိုတဲ့အဆိုကို လက်ခံလိုက်ကြပြီး ရပ်ဆိုင်းလိုက်ဖို့ အတည်ပြုလိုက်ရော ဆိုပါတော့။

 

.ကောင်းကျိုး ရလဒ်က မြေအသုံးချ ပရီမီယံကြေး ၁ဧကကို သိန်း၁၅ဝ နှုန်းနဲ့ ၁၉ ဒဿ     မ ၉ ဧကအတွက်

၂၉၈ ဒဿ     မ ၈၉ သန်းရမယ်။

 

လက်ခံတုန်းက လစဉ် ရနေမယ့် ငွေပမာဏကိုပဲ ကြည့်ပြီး လက်ခံခဲ့ပေမဲ့ . . .

အခုကျတော့ အဲ့ဒီစီမံကိန်းကြောင့် ဖြစ်လာမယ့် .နောက်ဆက်တွဲ ဆိုးကျိုးကို ပြန်တွက်ကြည့်ကြပြီ။

(ငါးစာပဲ မြင်ပြီး ငါးမျှားချိတ်ကို မမြင်တတ်တဲ့ခေတ် မဟုတ်တော့ဘူးထင်ရဲ့)

စီမံကိန်းဆောက်မယ့်နေရာက သင်္ဘောကြီးတွေ အဝင်အထွက်မှာ လှည့်ရတဲ့ မီတာ ၁၀ဝ လောက်ပဲ ကျယ်တဲ့နေရာဖြစ်နေတော့. . .ဝင်အထွက် လှည့်ကြ ဝိုက်ကြနဲ့ တခြားသင်္ဘောတွေ သွားလာရ ခက်ခဲသွားမယ်။ သွားလာရ ခက်ခဲတဲ့အခါမှာ ဖြစ်လာမယ့် သက်ရောက်မှုက ဆိပ်ကမ်းတွေကို ကုန်တင်ကုန်ချ နောက်ကျတာလိုမျိုး လမ်းပန်းဆက်သွယ်ရေး အကျဉ်းအကျပ် ပိတ်ဆို့မှုလိုမျိုး အခက်အခဲတွေ ရှိလာမယ်။

ပို မြန်မလားလို့ လုပ်ပေမဲ့  ပိုကြာသွားနိုင်တယ်ဆိုတာက တစ်ကြောင်း။

 

.နောက်တစ်ကြောင်းက အဲ့ဒီကမ်းစပ်အနီးလေးမှာပဲ ရှိနေတဲ့ ဗိုလ်တထောင်စေတီတော်ရဲ့ အောက်ခြေမြေသားက

စိုးရိမ်ရမယ့်အနေအထားဖြစ်တယ်။

 

(အခုအချိန် အဲ့ဒီစီမံကိန်းကို လုပ်ခွင့်ပေးလိုက်လို့ ဘာမှ ထ မဖြစ်သွားပေမဲ့ နောင်တချိန် တစ်ခုခု ထ ဖြစ်သွားရင် ဒီအစိုးရလက်ထက် လက်ခံခဲ့တာဟာ အမျှော်အမြင် မရှိတဲ့ လုပ်ရပ်ဖြစ်သွားမယ်။

တစ်ခုခု ထဖြစ်ရင် ဖြစ်တဲ့အချိန်မှာ လက်ခံခဲ့သူတွေ သိက္ခာကျမယ်။ )

 

အဲ့ဒါကို ကြို တွေးတဲ့ပုံက ရေရှည်အတွက် ကြိုတွေးတဲ့သဘောမို့ သဘောကျမိတယ်။

အခု လက်ခံလိုက်ရင် နောင် ငါးနှစ် ဆယ်နှစ်မှာမှ တစ်ခုခု ထ ဖြစ်ရင် ဘယ်လို လုပ်မလဲ။

အဲ့လို တွေးပေးတာလေးကို သဘောကျတာ။

 

.နောက် ငါးနှစ် ဆယ်နှစ်ဆိုတဲ့အချိန်မှာ ဒီအစိုးရ ရှိချင်မှ ရှိတော့မယ်။

 

ဒါပေမဲ့ နောက်အစိုးရ အသစ် အသစ်တွေ လက်ထက်ရောက်ရင်. . .

အခု ၂၀၁၆ အစိုးရရဲ့ အမျှော်အမြင်နည်းမှု/ .ရေရှည်မတွက်ဆမှုကြောင့် ဖြစ်လာမယ့် ဆိုးကျိုးကို မခံရအောင် ကြို တွေးပေးခဲ့တယ်။

ငါ့လက်က လွတ်/ပလွတ် ဆိုပြီး

အခု အဆင်ပြေရင် ပြီးရောဆိုတဲ့ တစ်နပ်စားဉာဏ်နဲ့

လုပ်မသွားဘူး။

 

အရင့်အရင် အုပ်ချုပ်သူတွေ လက်ထက်တုန်းက .ရေတိုအကျိုးရလဒ်ကိုပဲ ကြည့်ပြီး လုပ်ခဲ့လို့ . . .၊

ငါတို့လက်ထဲရောက်နေတဲ့ တိုင်းပြည်ပဲ ငါတို့ထင်ရာ လုပ်သွားမယ်ဟေ့ ဆိုပြီး လုပ်သွားခဲ့ကြလို့. . . အရှုပ်ထုပ်ကြီးပဲ ကျန်ရစ်ခဲ့တာ ကိုယ်တွေ့လေ။

 

အဲ့ဒီအရှုပ်ထုပ်တွေကြားက ဆိုးကျိုးရလဒ်တွေနဲ့ ကြုံတွေ့နေရချိန်မှာ. . .

အခုလို . . .နောင်အနာဂတ်အတွက်ပါ ကြိုတွေးစီမံတာလေး တွေ့တော့. . .

ကျနော် ပြုံးပြီး တွေးမိတယ်။

 

”အင်းးး ဒီပုံအတိုင်းသာ. . .

ကိစ္စရပ်တိုင်းကို ကောင်းကျိုး/ဆိုးပြစ် ခွဲခြားသုံးသပ်ပြီး ရေရှည်ထိ ကြည့်တဲ့ အမျှော်အမြင်နဲ့ စီမံသွားရင်. . .

ဒီအစိုးရသက်တမ်း ငါးနှစ်အလွန်ကာလ ရောက်တဲ့အခါ. . . (နောင်အနာဂတ်မှာ. . . အရင့်အရင် အုပ်ချုပ်သူတွေကြောင့်) ဆိုးကျိုးရလဒ်တွေ တဖွါးဖွါးပေါ်လာနေတာကို ထိုင်ကြည့်နေရတဲ့အဖြစ်မျိုးတွေ သိပ် ကြုံတွေ့ရတော့မယ် မထင်ဘူး။”

 

ဒီလိုပဲ . . .

ကျနော်တို့ အနာဂတ် လှပဖို့ မျှော်လင့်ရပါတယ်။

 

******************************

 

သင့်အေးရိပ်

June 09/ 2016

 

 

 

8 comments

  • kai

    June 9, 2016 at 3:47 pm

    ဘာသာရေးဖက်က”တည်”ပြီးတွေးကြပုံပေါ်တဲ့အတွက်….
    အင်းးးးးးးးးး
    လို့သာသက်ပြင်းရှည်ချမိပါတယ်…။
    ဒီအတိုင်းသွားလို့ကတော့…. လက်၁ဝချောင်းနဲ့… ၁ခါ.. ၂ခါ.. ၃ခါ.. ၄ခါ… ၅ခါ… xခါ…။ 😥

    • Thint Aye Yeik

      June 9, 2016 at 4:42 pm

      ဘာသာရေးဘက်က ”တည်”ပြီး မတွေးဘဲ လုပ်သွားရင်ကော. . .
      အပြောလွတ်မယ် ထင်လား သူကြီး။
      ပိုတောင် ပြော ကောင်းအုန်းမယ်။
      စစ်တစ်ပိုင်းအစိုးရတုန်းကမှ သိမ်ရွှေ့တာလောက်ပဲ ရှိတယ်တို့. . .
      .မွေမွေစု အစိုးရတက်လုပ်တော့မှ ဘုရားပါ ပြိုတော့တယ်တို့. . .

      နဂိုကတည်းကမှ NLD အစိုးရ ဖြစ်လာရင် မွတ်နိုင်ငံကြီးအဖြစ် ရုတ်ချည်းထ ပြောင်းလဲသွားတော့မလိုလို အော်နေတဲ့ဟာတွေကြား
      အဲ့အော်သံတွေကို ဟုတ်များ ဟုတ်နေမလားဆိုပြီး ယောင်တောင်ပေါင်တောင် ပညာမဲ့လူတန်းစားတွေကြား. . .
      အခုလို ဘာသာရေးဘက် တည် တွေးသင့်တာလေးတွေး
      အမြင်မတော်တဲ့ ဘာသာရေး စည်းလွတ်ဘောင်လွတ်တာလေး ပြင်သင့်တာပြင်
      ဒီလိုပဲ သွားရမယ် မှတ်တယ်။

      သားတော့ ကျေနပ်တယ်

      • kai

        June 9, 2016 at 5:31 pm

        အင်း.. ကျေနပ်ကျေနပ်…။
        အဲဒီရန်ကုန်ဆိပ်ကမ်းတနံတဖျား.. . ဘယ်သူတွေဘယ်လို…ခွဲဝေယူထားခဲ့တယ်… သိရင်.. ကျေမွပြီးကို.. နပ်နေတော့မှာ..။

        အနိစ္စ..။

    • အင်း.. မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအဆောက်အအုံဆိုတာကလည်း ဘုရားတွေချည်း များနေတော့… မတတ်နိုင်ပုစ်လေ.. တွေးချင်တာတွေးကြပေါ့.. ဟော့

      • Thint Aye Yeik

        June 10, 2016 at 1:24 pm

        အမေစု ဦးဆောင်တဲ့အစိုးရဟာ
        ဘုရား စေတီနေရာမှာ တခြားတစ်ခုခုဆိုရင်လည်း အနာဂတ်ထိ လှမ်းကြည့်ပြီး ကာကွယ်သင့်တာ ကာကွယ်
        လုပ်သင့်တာ လုပ်မယ့် အစိုးရလို့ ယုံနေမိတာတော့ မတတ်နိုင်ဘူးလေ

        😆

  • uncle gyi

    June 12, 2016 at 10:16 am

    တိုင်းပြည်အတွက်လိုတကယ်လိုအပ်တယ်ဆို
    လုပ်နိုင်မဲ့နည်းပညာတွေရှိပါတယ်
    မခိုမကပ်ပဲတကယ်လုပ်ဖို့လိုတာပါ

    • Thint Aye Yeik

      June 12, 2016 at 3:11 pm

      တိုင်းပြည်အတွက် တကယ်လိုအပ်တဲ့အရာတွေထဲမှာ ဒိုးပြားတွေ ဒေါ်လှတွေက နံပါတ်တစ် ဖြစ်မယ်ထင်ရဲ့။

      အဲ့ဒါတွေ ရဖို့ကို ရေရှည် အကျိုး မယုတ်မယ့်နည်းနဲ့ ရှာပြီး လုပ်သင့်တာလုပ် ဖြုတ်သင့်တာဖြုတ်မယ့်အစိုးရကို ရ ထားပြီလို့ ထင်ရဲ့ အန်ကယ်ကြီးရေ

      :k:

Leave a Reply