“သာမညတွေကို အဓိကလုပ်နေကြရင်ဖြင့်”

”   သာမညတွေကို  အဓိကလုပ်နေကြရင် ”

 

ဟိုတစ်ရက်က ဖွဘုတ် ပေါ်မှာပိုစ်တစ်ခုတက်လာတာတွေ့လိုက်ပါတယ်။

အင်တာနက်တွင်ပိုစ်ရေးနည်းသင်တန်းဆင်းပွဲ

ကျင်းပတဲ့အကြောင်းလေးပါ။

လူအများစုက လွယ်လွယ်နဲ့လုပ်ဆောင်နိုင်တဲ့ကိစ္စကို

ရေးကြီးခွင်ကျယ်လုပ်ပြနေတာတွေက

ရီစရာကောင်းနေပါတယ်။

သင်တန်းပေးတာက ပေးလို့ရပါတယ်။

စနစ်တကျသင်ယူ ရတယ်ဆိုတာကောင်းသောလက္ခဏာပါဘဲ။

ဒါပေမယ့် ဒီလိုအသေးအဖွဲလေးကို

သင်တန်းဆင်းပွဲဆိုတာကြီးလုပ်နေတာတော့

လူရီစရာကြီးပါဘဲ။

သင်တန်းဆင်းပွဲလုပ်မယ်ဆိုရင်

အကျွေးအမွေးမပါတောင်မှ

ဒီပွဲံကိုလာရောက်ချီးမြင့်မယ့် လူကြီးလူကောင်းများအတွက် အနည်းအပါးတော့ ဧည့်ခံရမယ်။

ဒါတွေက မလိုအပ်တဲ့ကုန်ကျစားရိတ်တွေပါဘဲ။

ဒီသင်တန်းဆင်းပွဲ အတွက်အခန်းအနားပြင်ဆင်ရမယ်။

ဆိုင်းဘုတ်တွေဘာညာကွိကွတွေလုပ်ရမယ်။

အဲတော့ အပြင်ကလူမငှားလို့ ပိုက်ဆံမကုန်ပေမယ့်လဲ

ကိုယ့် ဝန်ထမ်းတွေ ပုံမှန်လုပ်ရမယ့် အလုပ်တွေပျက်မယ်။

လာရောက်ကြတဲ့ လူကြီးတွေလဲ ကိုယ်လုပ်ရမယ့်

အရေးကြီးသောအလုပ်တွေကိုထားခဲ့ပြီး ဒီအခန်းအနားကိုလာရတော့

အချိန်ကုန်ပါတယ်.။

ဒီသင်တန်းဆင်းပွဲဆိုတာကြောင့်

ငွေကုန် အချိန်ကုန် လူပန်း အကျိုးမရှိပါဘူး။

 

ကျွန်တော်တို့ နိုင်ငံမှာ ဘာမဟုတ်တာလေးကို ဇာချဲ့ကြတာအများကြီးပါဘဲ။

လမ်းဖွင့်ပွဲ တံတားဖွင့်ပွဲ ဆည်ဖွင့်ပွဲ

ကျောင်းဆောင်သစ်ဖွင့်ပွဲ

ဘာပွဲ ညာ ပွဲ တွေကို အချိန်ကုန်ခံ ပိုက်ဆံအကုန်ခံပြီးလုပ်ကြပါတယ်။

 

တစ်ခုခုလုပ်ပြီဆိုတာနဲ့ ဖဲကြိုးပြတ် ဘူဘောင်းတွေလွှတ်။

နောက်ပိုင်းခေတ်မှာတော့ ဖဲကြိုးမဖြတ်ကြတော့ ပါဘူး

စက်ခလုပ်နှိပ်ဖွင့်လှစ်သည်ဆိုတာကြီးကို အဆန်းထွင်ပြီးလုပ်ကြပါတော့တယ်။

 

ဟိုးဆိုရှယ်လစ်ခေတ်ကလဲ

ဒီလို သင်တန်း ဆင်းပွဲဖြစ်ဖြစ် အစည်းအဝေးဘဲဖြစ်ဖြစ်

အခန်းအနား တစ်ခုခုလုပ်ပြီဆိုတာနဲ့

ဖဲပြားကြီးပေါ်မှာဘာအတွက်ညာအတွက်ဆိုပြီးစာလုံးတွေကပ် ။

ဗွီအိုင်ပီဆိုတဲ့လူတွေရဲ့ ရင်ဘတ်မှာ ဖဲပြားတွေကပ်။

ရှုပ်လိုက်တဲ့ အလုပ် ကုန်လိုက်တဲ့ငွေ ပန်းလိုက်တဲ့လူတွေ။

 

နောက် နဝတခေတ်မှာတော့ ဒါတွေအပြင်တစ်မျိုးတိုးလာပြန်ပါတယ်။

မြန့်မာ့ရိုးရာယဉ်ကျေးမူ့ ကို အမြုပ်ထွက်မတတ်အော်ရင်း

က လိုက်ရတဲ့ ပန်းပွားအက။

အပြောနဲ့အလုပ်တခြားစီ။

ဘာလေးဖြစ်ဖြစ် အခန်းအနား လုပ်။

အဲဒီလိုအခန်းအနားကို ဦးစီးရသူကလဲ

အနည်းနဲ့အများကိုယ်တွက်ကျန်အောင်လုပ်တာချည်းပါဘဲ။

တိုင်းပြည်အတွက်အခြားနေရာမှာ အသုံးချလို့ရတဲ့ငွေတွေက

ဒီအခန်းအနားတွေ အတွက် ကုန်သွားတော့

အလဟဿလို့ပြောနိုင်ပါတယ်။

တကယ်ပြောရရင်တော့

အဓိကနဲ့သာမည မခွဲနိုင်ဘူးလို့ ဆိုချင်ပါတယ်။

ကဲ အခုလက်ရှိ အစိုးရခေတ်မှာရော

ဒါတွေရှိနေအုံးမလားဆိုတာတော့ သိချင်စမ်းပါရဲ့။

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

8619

(MPT  က ကံစမ်းမဲ ကျပ်၂၀ဝ ပေးတဲ့အထိမ်းအမှတ်အနေနဲ့ရေးတာပါဗျာ)

 

16 comments

  • kai

    June 9, 2016 at 3:54 pm

    ပြည်ခိုင်ဖြိုးပါတီဟာ.. အရင်.. မဆလ.. နောက်တစည လမ်းကိုလိုက်လျှောက်နေတယ်လို့ ယူဆမိတယ်..
    သဘောက.. နောက် ၅နှစ်ကျ.. ပျောက်သွားမှာပေါ့…။
    ပါတီလူကြီးတွေက.. ပျောက်သွားမှ.. ကျန်တဲ့ပစ္စည်းတွေထုခွဲအိပ်ထဲထည့်လို့ရတယ်တွေးပြီးများ.. လုပ်နေကြသလားတော့မသိ…။ :k:

    • သူတို့ နည်းစနစ်က ဝေး ဝေး သေး ပျောက်
      အပြစ်ရှိတဲ့လူတစ်ယောက်ကို အဝေးကြီးမှာ
      ထားလိုက်တယ် နောက်တော့သူ့အမူ့ကသေးပြီး
      အများမျက်ကွယ်ကပျောက်သွားပြီး
      တစ်နေရာမှာချမ်းချမ်းသာသာနဲ့
      ဇာတ်မြုတ်နေပါတော့တယ်။

  • Foolish Girl

    June 9, 2016 at 4:14 pm

    ကိုပေါက် ပို့စ် ကိုမြင်မိတော့ ကျွန်တော်တို့ကျောင်းMulti Media Classroom ဖွင့်ပွဲလေးကို သွားသတိရမိသဗျာ
    ဖွင့်ပွဲမတိုင်ခင် ၂လလောက်ကတည်းက နေပူပူမှာ ကျောင်းသူအယောက် ၁၀ဝ လောက်ကပန်းပွားအကလေ့ကျင့်ရတယ်
    ကျောင်းသူအယောက်၅ဝလောက်က အေရိုးဗစ် ကျောင်းသူ ၁၀ဝ လောက်က မြန်မာ့အက တစ်ချို့တစ်ချို့ကျတော့ ဂီတခန်းမှာ စာတော်တဲ့သူတွေက တော့ Multi Media ခန်းထဲ မှာ လေ့ကျင့်ကြ အစရှိသဖြင့် တစ်နာရီလောက်အချိန်အတွက် ကျောင်းသားကျောင်းသူတိုင်းအသုံးပြုခွင့်မရမယ့် Classroom ဖွင့်ပွဲလေးတခမ်းတနားဖြစ်အောင်ပါဝင်ခဲ့ဘူးသဗျ လက်အုပ်လေးတွေချီပြီး ပါးစပ်ကနေလဲ ဂါထာရွတ်သလိုစာကြောင်းလေးတစ်ကြောင်းကိုထပ်ခါထပ်ခါလည်းရွတ်ရသေးသကိုးဗျ

    • အရင်ခေတ်မှာကတော်တော်
      မယ်ဘော်က ကဲနေကြတာ။

      အခုခေတ်မှာ
      မယ်ဘော်ကတော်တော်
      ကြက်တူရွေးတွေက
      ကဲနေမှာ စိုးလို့

  • Thint Aye Yeik

    June 9, 2016 at 4:46 pm

    .ပြောဖူးနေကျ စကားပဲ ပြန်ပြောရဦးမှာပဲ။
    ဒီတိုင်းပြည်မှာက မဖြစ်သင့်တာတွေ တော်တော်များများက ဖြစ်နေတယ်။
    .ဖြစ်သင့်တာ တော်တော်များများကတော့ ဖြစ်မနေဘူး။

    🙁

  • “ဘီလူးကြီး”ogre

    June 9, 2016 at 4:59 pm

    စစ်အစိုးရဟာ ဘယ်လောက်ဦးနှောက်နည်းသလဲဆိုတာ
    ဖေါ်ထုတ်ပြသတာပဲ
    အဖ ျက်လုပ်ဖို့ပဲစဉ်းစားနေတတ်တယ်
    အမှန်က အခုလိုခွက်ခွက်လန်ပြည်သူမုန်းတာတောင် အကိတရားမရှိသေးဘူး

    တကယ်ဖွင့်ရမယ်သင်တန်းက
    ခေါင်းဆောင်မှု သင်တန်းတို့
    စည်ရုံးရေးသင်တန်းတို့ ဖွင်ရမှာ
    ဖွေဘုတ်ပေါ်တက်လာလို့ကတော့
    အဆဲခံရရုံအပြင် ဘာမှဖြစ်မလာဘူး

  • Tawwin Pan

    June 10, 2016 at 10:15 am

    MPT ကံစမ်းမဲ 200 နဲ့ ပို့စ်တစ်ပုဒ်တင်လို့လောက်တယ်ပေ့ါ…….အဲလိုကြီးလား……….ဟိဟိ
    (သူငယ်ချင်းတစ်ယောက် ၂၀၀ဝ မဲပေါက်တယ်။ ၁၀၀ဝ ကို MPT အချင်းချင်းဖုန်းပြောရန်တဲ့။ ကျန်တဲ့ ၁၀၀ဝ ကို အင်တာနက်သုံးရန်ဆိုပြီးပါတယ်ပြောတယ်။ ကိုယ်ပေါက်တဲ့ကံစမ်းမဲတောင် ကိုယ့်စိတ်ကြိုက်လုပ်ခွင့်မရှိဘဲ ဟိုဟာလုပ်ပါ ဒီဟာလုပ်ပါလို့ ပြောတာတော့ လွန်နေပြီထင်)

  • အဲဒါပြောချင်တာ.. လမ်းတံတားတွေဆိုတာ ဖွင့်ပွဲလုပ်ပြီးမှ သုံးလို့ရတာလား သိချင်တယ်.. ကြုံဖူးတယ်.. multi-media ခန်းဖွင့်ပွဲနဲ့ တံတားဖွင့်ပဲ… အဲဒီ ဘဘဗိုလ်ချုပ်ကြီးဆိုတာတွေ မလာခင်မှာ လာလိုက်ကြတဲ့ရှေ့ပြေးတွေ…သူတို့ရှေ့မှာ အထပ်ထပ်လေ့ကျင့်ပြရတာ…ပြဇာတ်တစ်ခုကို ကပြနေသလိုပဲ.. ဒါတွေကို သိသိလျက်နဲ့လား မသိဘဲနဲ့လား လာကြည့်တဲ့လူကြီးမင်းများကိုလည်း အတော်ပိန်းပါလားလို့ တွေးမိတယ်..

  • uncle gyi

    June 12, 2016 at 9:46 am

    လက်ရှိအစိုးးရတော့ဒါမ ျိုးတွေလုပ်တာမတွေ့ရသေး
    နောက်ပိုင်းတော့မေြ့ပာတတ်
    လူကြီးတွေဖွင့်ပွဲတွေနဲ့အခ ျိန်ကုန်နေတာတွေမဖြစ်သင့်ပြီ

  • ဝင့်ပြုံးမြင့်

    June 13, 2016 at 7:45 pm

    တဖြည်းဖြည်းနဲ့တော့ ပပျောက်လာမှာပါ။ အမြတ်ခွန်ရုံးရှေ့မှာ နေတာဆိုတော့ အဲရုံးကို လူကြီးတွေ လာတဲ့အခါ အရင်ကနဲ့ အခု သိပ်မတူတော့ဘူး။ ဒါပေမယ့် ခုတလော နည်းနည်းပြန်တူချင်လာပြန်ပြီ။

Leave a Reply