သုညတစ်ခြမ်း-ကိုးတစ်ခြမ်း ဖြစ်နေတဲ့ကောင်လေး

alinsettJune 13, 20161min1769

images(6)

 

 

 

 

 

 

သုညတစ်ခြမ်း-ကိုးတစ်ခြမ်း ဖြစ်နေတဲ့ကောင်လေး

————————

 

သစ္စာလို့အမည်တပ်ထားတဲ့ အလင်းလက်နက်နဲ့

ခပ်စပ်စပ်လေး ထိုးခွဲကြည့်လိုက်တော့မှ. . .

သူ့ရင်ထဲက လမင်းလေးဟာ …

အထဲမှာ နေဆယ်စင်းအထပ်ထပ်နဲ့. . .

 

မပိုင်လိုပါဘူး…

ဒါပေမဲ့ ရူးလောက်အောင် တပ်မက်. . .

မတပ်မက်ပါဘူး. . .

ဒါပေမဲ့ ကြောက်စရာအကောင်းဆုံးနည်းတွေ သုံးမှ ရမယ်ဆိုရင်တောင် ယူချင်တယ်တဲ့။

အဲ့ဒီ အနက်ရောင်အမှန်တရားတွေ ရွာချတတ်တဲ့ မိုးကောင်းကင်ကိုပေါ့။

 

ဒီလိုနဲ့ပဲ. . .

မသိစိတ်ရဲ့သိခြင်းကို

သိစိတ်ရဲ့  မသိခြင်းက မီးလောင်တိုက်သွင်း. . .

ကိုယ့်ခံတွင်းထဲမှာပဲ ကိုယ့်ကိုယ်ကို ကိုယ် ပြာချ။

သူ. . .မီးခိုးခေါင်းတိုင်ထဲကနေ . . .

ကြွကြွရွရွလေး….လွင့်…ထွက်ခဲ့တယ်။

 

စိတ်ရှိလက်ရှိ တုန်ခါယိမ်းထိုးပြီး ဝေဝါးစွာ မှုန်ရီလာလိုက်တာ. . .

နောက်ဆုံးမှာတော့. . .

‘မရှိခြင်း’ထဲမှာ ရှိနေတဲ့ ‘ရှိခြင်း’ကို

သူကိုယ်တိုင် မရှိခြင်းထဲပျော်ဝင်ပြီးမှ သိလိုက်ရပါလေရော။

 

တရံရီရောအခါတုန်းက. . .

ဒီမြေကမ႓ာပေါ်မှာ . . .

ဖဲကြိုးပြာလေးတစ်စ. . .

သူ့ကိုယ်သူ ချည်ငင်ခေါက်တုတ်ထားရာကနေ. . .

သူ့ကိုယ်သူ ဖြည်လျော့ အားလုံးကို လွှတ်ချလိုက်တယ်ဆိုပါတော့။

 

*************************

 

သင့်အေးရိပ် @ မောင်သူရ

 

10.Jun.2016

 

 

9 comments

  • ဂျစ်စူ

    June 13, 2016 at 9:43 am

    အားမငယ်နဲ ့
    ကြုတ်လဲ လူလိုလို မျောက်လိုလို တွမ်ခရုလိုလို ဒွေးလိုလို ဂွေးလိုလို ပါဗဲ

  • အောင် မိုးသူ

    June 13, 2016 at 12:20 pm

    စိတ်ရှိလက်ရှိ တုန်ခါယိမ်းထိုးပြီး ဝေဝါးစွာ မှုန်ရီလာလိုက်တာ. . .

    နောက်ဆုံးမှာတော့. . .

    ‘မရှိခြင်း’ထဲမှာ ရှိနေတဲ့ ‘ရှိခြင်း’ကို

    သူကိုယ်တိုင် မရှိခြင်းထဲပျော်ဝင်ပြီးမှ သိလိုက်ရပါလေရော။

  • အတွေးလေး

    June 13, 2016 at 9:42 pm

    ဒီလိုနဲ့ပဲ. . .မသိစိတ်ရဲ့သိခြင်းကိုသိစိတ်ရဲ့ မသိခြင်းက မီးလောင်တိုက်သွင်း

  • Thint Aye Yeik

    June 14, 2016 at 12:25 am

    ဖတ်ရှုခံစားပေးသွားကြတဲ့
    @ဂျစ်ဂျစ်
    @အောင်မိုးသူနဲ့
    @အတွေးလေးတို့ကိုလည်း ကျေးဇူးတင်ပါကြောင်း

  • ဝင့်ပြုံးမြင့်

    June 14, 2016 at 10:43 pm

    ဒီကဗျာ သိပ်တော့ လှမ်းမမီ။

  • kai

    June 15, 2016 at 10:05 am

    The at sign, @, normally read aloud as “at”, also commonly called the at symbol or commercial at, is originally an accounting and commercial invoice abbreviation meaning “at a rate of” (e.g. 7 widgets @ £2 = £14). In contemporary use, the at-sign is most commonly used in email addresses. It was not included on the keyboard of the earliest commercially successful typewriters, but was on at least one 1889 model[1] and the very successful Underwood models from the “Underwood No. 5” in 1900 onward. It is now universally included on computer keyboards. The mark is encoded at U+0040 @ COMMERCIAL AT (HTML @).

    သင့်အေးရိပ် @ မောင်သူရ ဆိုတောတွေ့တွေ့နေတော့.. @ at အဓိပ္ပါယ်ကို သိပြီးရေးတာလား.. မသိပဲရေးတာလား.. သိချင်လို့ပါ…။

    alias
    [ey-lee-uh s]

    noun, plural aliases.
    1. a false name used to conceal one’s identity; an assumed name:
    The police files indicate that “Smith” is an alias for Simpson.

    alias – Legal Definition. n An assumed or additional name used by a person, frequently to conceal her true identity, or such a name applied to a person by others. See also known as. An alias writ.

    Alias ဆိုရင်တော့.. မြန်မာလို.. သင့်အေးရိပ်(ခေါ်) မောင်သူရ.. သင့်အေးရိပ် Alias မောင်သူရ.. ဖြစ်ရမယ်ဖြစ်ပါတယ်..။ :k:

    • Thint Aye Yeik

      June 15, 2016 at 10:43 am

      အမှန်အတိုင်း ပြောရင်… @ at အဓိပ္ပါယ်ကို မသိ… ။
      @ ကို Email လိပ်စာစာလုံးတွေ ကြားထဲ ပါ နေတဲ့ သင်္ကေတလေးအဖြစ်ပဲ..သိတာ။
      :k:

      အမှန်တော့…ဒီကာလက…
      သင့်အေးရိပ်(ခေါ်) မောင်သူရ လို့… နာမည်နှစ်ခုကို တွဲ သိ နိုင်အောင်…ရေးချင်နေတဲ့ ကာလ။
      ဒါပေမဲ့… နာမည်တစ်ခုနဲ့တစ်ခုကြားမှာ..(ခေါ်) ဆိုတာကြီးကို မထည့်ချင်။
      .ကြားထဲ..တစ်ခုခု ထည့်မယ် လုပ်တော့…ခပ်လွယ်လွယ်ပဲ.. @ လေး ကြားခံလိုက်တာ။

      :k:

      အခုကာလက…သင့်အေးရိပ် ဆိုတဲ့ နာမည်ကို ပြောင်းယူခါစမို့…သင့်အေးရိပ်နဲ့ မောင်သူရ တစ်ယောက်ထဲပါ…ဆိုတာကို…တွဲ…ပြနေချိန်မို့…။
      .နောက် မကြာခင်… သင့်အေးရိပ် ချည်း…ရေးတော့မှာပါ သူကြီးရေ… ။
      ကျနော်က နာမည် အနောက်မှာ.. တခြား ဘာညာ သာလကာတွေ မထည့်ချင်တာမို့…
      သင့်အေးရိပ် သီးသန့်… မကြာမည်… လာမည်…

      😆

  • ဦးကြောင်ကြီး

    June 17, 2016 at 10:01 am

    လအုတခြမ်း
    မပြုစတမ်း
    ဂလုငမန်း
    ငနုသန်း
    ယခုနဘမ်း
    ဘယ်သူ့ဖမ်း
    အတုဝရမ်း
    ခရုစမ်း။။

Leave a Reply