“သတိထားဘို့ စာနာဘို့”

“သတိထားဘို့ စာနာဘို့ ”

 

ဖွဘုတ်ဆိုတာကြီးက အင်မတန်ကို လူသိများအောင်ဖန်တီးနိုင်ပါတယ်။

သူနဲ့ကိုယ်နဲ့ ဖွဘုတ်ပေါ်မှာ မိတ်ဆွေမဖြစ်ပေမယ့်လည်း

သတင်းတွေက သွယ်ဝိုက်တဲ့နည်းနဲ့ ကိုယ့်ဆီရောက်လာတတ်ပြန်ပါတယ်။

ကျနော်ကလည်း နေရာအနှံ့သွား ဟိုစပ်စပ် ဒီစပ်စပ် လုပ်တတ်တဲ့အပြင်

အချို့အချို့သော သူများက လည်း ကျနော့်ကို သူတို့ ကိစ္စလေးတွေ

လာလာပြီးတိုင်ပင်တတ်ပြန်တော့ ဟိုသိဒီသိ လို့ဆိုနိုင်ပြန်ပါတယ်။

နောက်ဖွဘုတ်ဆိုတာကလဲ မိတ်ဆွေအချင်းချင်းများ သတင်းပေးချင်ရင်

သိပ်မြန်ကိုးဗျ။

ချက်ဘောက်က နေ ခေါက်လိုက်ရင် ဗျောက်ဆို ရောက်သွားတာပါဘဲ။

ဖုန်းခေါ်ပြောတာကမှ ကြာနေအုံးမယ်။

 

မနေ့ညကတော့ ကျနော်တူမတော် မိနီ နဲ့ချက်ဘောက်မှာဆုံတော့

“လေးလေး မိညိုတော့ သူ့ရီးစားနဲ့ကွဲလို့ တငိုငိုတရီရီဖြစ်နေလေရဲ့”

“ သင်္ကြန်မတိုင်ခင်တုံးကတော့  လက်ထပ်ဘို့ ပိုက်ဆံစုနေတယ်ဆို   “

“  အဲဒါ အစက ဟုတ်တယ် အခုမဟုတ်တော့ဘူး“

“  ဘယ်လို ဖြစ်ကြပြန်တာလဲ“

“ပြောရ ရင် အရှည်ကြီးရယ်  “

“  ရှည်လဲ ပြောသာ ပြောပေတော့  နင်ဘဲငါ့လာ အစဖော်ပြီးတော့“လို့

ပြောလိုက်တော့ တူမတော်မိနီက ဒီလို ဇာတ်ကြောင်းလှန်ပါတယ်။

မိညိုဆိုတာ ကျနော်နဲ့ဘာမှ မတော်စပ်ပေမယ့် မိနီတက္ကသိုလ်

တက်နေစဉ်အချိန်က ကျနော်တို့ အိမ်မှာဝင်ထွက်စားသောက်နေတော့

မိသားစုဝင်လိုဖြစ်နေတဲ့ ကလေးမလေးပါဘဲ။

ကျောင်းပီးမှသာ တစ်ယောက်တစ်နေရာအလုပ်တွေဝင်ကြလို့ အနေဝေးပေမယ့်

သံယောဇဉ်မကင်းတဲ့သူတွေလို့ ဆိုနိုင်ပါတယ်။

မိညိုရော မိနီပါ ကျောင်းပီးတော့ အိမ်နဲ့ခွဲပြီး အဝေးမှာသွားအလုပ်လုပ်နေကြတာပါ။

လူသုံ့းကုန်ပစ္စည်းတွေဖြန့်တဲ့ကုမ္မဏီတစ်ခုမှာစာရင်းကိုင်လုပ်နေတာပါ။

အဲလို အလုပ် လုပ်နေရင်း မိညိုက

သူတို့ နဲ့ လုပ်ဘော်ကိုင်ဘက်လူငယ်တစ်ယောက်နဲ့ ကြိုက်သွားကြပါသတဲ့။

မနှစ်သင်္ကြန်လောက်က ဆိုတော့ သိပ်တော့ မကြာသေးဘူး။

ခက်တာက မိညိုမှာအရင်က ဇာတ်လမ်းလေးရှိခဲ့ဘူးပါတယ်။

သူတို့အပြောကကတော့ ဒီကိစ္စကိုလဲ မိညိုက ပွင့်ပွင့်လင်းလင်းပြောပြပြီးသားတဲ့။

ကောင်လေးက လဲ ရတယ် ခွင့်လွှတ်တယ် ဆိုတော့ ချစ်သူတွေဖြစ်ကုန်ကြတာပေါ့။

လုပ်ဖော်ကိုင်ဘက်ထဲက သူတို့ ထက်ကြီးတဲ့အမကြီးတစ်ယောက်ကတော့

အတွင်းသိအစင်းသိဆိုတော့ တိုးတိုးတိတ်တိတ်နဲ့နှစ်ယောက်လုံးကို

ပြောထားပါသတဲ့။

မိညိုကိုလဲ မိန်းခလေးဖြစ်တော့ နစ်နာစရာရှိရင်ကိုယ့်ဘက်ကဘဲနာနစ်နာမယ်။

အဲတော့ အညှာမလွယ်ဘို့ ကိုယ့်ကိုကိုယ်စောင့်ရှောက်ဘို့ မှာထားသလို

ကောင်လေးကိုတော့ အကြောင်းစုံသိပြီးသားဆိုရင်နောင်တစ်ချိန်မှ

ဘာဖြစ် ညာဖြစ် မပြောဘို့ အနေအထိုင်ဆင်ခြင်ဘို့

ပြောထားပါသတဲ့။

အဆုံးစွန် လမ်းခွဲမယ်ဆိုရင်တောင်မှ မိန်းခလေးဘက်ကို ညှာဘို့ပြောတော့

ကောင်လေးကလဲ သူ နားလည်ပြီးသားပါလို့ပြောပါတယ်။

သူတို့နှစ်ယောက်လဲ အလုပ်ပိတ်ရက်ဆို ဘုရားသွား အအေးဆိုင်ထိုင်

တပူးပူး တတွဲတွဲပေါ့။

အဲလိုရက်မျိုးဆို အချိန်တန်လို့ အဆောင်ပြန်မလာသေးရင်

သူငယ်ချင်းတွေက စိတ်ပူလို့ လှမ်းလှမ်းဖုန်းဆက်ကြပါသတဲ့။

အလုပ်ထဲမှာလဲ သူတို့ သမီးရီးစားဖြစ်ပြီဆိုတာကို အသိအမှတ်ပြုထားတော့လဲ

သူတို့နှစ်ယောက်တွဲပြီးစကြပြုကြပေါ့။

အလုပ်ထဲကလူကြီးတွေကလဲ သူတို့ ယူကြမှာလို့ပြောထားတော့

သူတို့နှစ်ယောက်သမီးရီးစားဖြစ်နေတာကို  ဘာမှ ထွေထွေထူးထူး မပြောပါဘူးတဲ့

ဘွဲ့ရပြီး လုပ်ငန်းခွင်ဝင်နေသူတွေဆိုတော့လဲ ကလေးမှ မဟုတ်တာကိုး။

ဒီလိုနေရင်း သင်္ကြန်ပိတ်ရက် ဆိုတော့နယ်ကလူတွေ အားလုံးအိမ်ပြန်ကြတာပေါ့။

သင်္ကြန်ပြီးလို့ အသီးသီး ပြန်လာပေမယ့် မိညိုကောင်လေးကတော့ပြန်မလာသေးပါဘူး။

ဖြစ်ချင်တော့ ကောင်လေးမွေးနေ့ကလဲ ဒီ အေပရယ်လထဲ သင်္ကြန်အပြီးမှာပါတဲ့။

မိညိုကလဲ သူ့ကောင်လေးပြန်လာမယ့်ရက်ကိုမျှော်နေပါသတဲ့။

မွေးနေ့အမှီတော့ရောက်လာပါတယ် ဒါပေမယ့် မိုးချုပ်တော့

နောက်နေ့မှဘဲ ရုံးက အဖွဲ့တွေနဲ့ ဟက်ပီဘတ်ဒေးလုပ်ရပါသတဲ့။

ဒါပေမယ့် ကောင်လေး ပြန်လာတာက အလုပ်ထွက်ပြီး

သူ့ပစ္စည်းတွေသိမ်းဘို့လာတာပါတဲ့။

သူတို့အလုပ်ကလူကြီးတွေကိုတော့ အလုပ်ထွက်ခွင့်တောင်းတဲ့အခါ

သူထွက်မယ့်အကြောင်း ဘယ်သူ့မှမပြောဘို့တောင်းပန်ပါသတဲ့။

သူတို့ကိုဆုံးမဘူးတဲ့အမကြီးက မိညို ကိုရော ပြောပြီးလားဆိုတော့

မပြောဘူး အမ အဆက်အသွယ်မရှိရင် ကြာလာရင် အလိုလိုမေ့သွားမှာပါ။

အခုပြောလိုက်ရင်သူခံ စားနေရမှစိုးလို့ လို့ဖြေတဲ့အခါ

နင့်အဖြေက ဟုတ်သလိုလိုနဲ့ မဟုတ်ဘူးသေးဘူးလို့ပြောလိုက်ပါသတဲ့။

မိညိုက သာ မသိတာ အလုပ်ထဲက တော်တော်များများက

သူအလုပ်ထွက်မှာသိနေကြပါသတဲ့။

သူ့ အိမ်က သဘောမတူလို့ပြန်ခေါ်တာလို့ပြောသူရှိသလို

သူ့အိမ်က လယ်အလုပ်ကိုင်းအလုပ် လုပ်မယ့်သူ့မရှိလို့ထွက်တယ်လဲ

ဆိုတဲ့သူရှိပါတယ်။

အသက်ကြီးတဲ့ သူ့မိဘအနားမှာနေမယ့် သူမရှိလို့ လို့ ပြောသူလဲရှိပါတယ်။

အဲလို့ နဲ့ အလုပ်ပိတ်တဲ့ တစ်ရက် မနက်အစောကြီးမှာတော့ သူ့ရွာပြန်သွားပါသတဲ့။

အလုပ်ပိတ်တော့ မိညိုက ခါတိုင်းလို ဘုရားသွားဘို့ ဖုန်းဆက်တော့မှ

သူပြန်သွားတယ်ဆိုတာ သိရတော့ နည်းနည်းပါးပါးတော့ ငိုတာပေါ့။

အဆောင်နေသူငယ်ချင်းကရော အလုပ်က သူငယ်ချင်းတွေက ဝိုင်း

နှစ်သိမ့်တော့ နည်းနည်းတော့ စိတ်ပြေပြီး ပုံမှန်ပြန်ဖြစ်သွားပါတယ်။

နောက်ရက်တွေမတော့ သူတို့ချင်းဖုန်းအဆက်အသွယ်တွေပြန်ရတော့

မိညိုလဲ ပျော်ပျော်ရွှင်ရွှင်ပြန်ဖြစ် တော့ အားလုံးဝမ်းသာရပါသတဲ့။

ပိုက်ဆံစုမယ် လက်ထပ်မယ် အိမ်ခွဲနေနိုင်အောင်ကြိုးစားမယ်ဆိုုတော့

အရင်ချထားတဲ့ ပလန် က ပြန်အသက်ဝင်လာတယ်လို့မှတ်ရပါသတဲ့။

ဒါပေမယ့် လွန်ခဲ့တဲ့ လေးငါး ရက်လောက်ကစပြီး ဖုန်းခေါ်လို့ မရတော့ပါဘဲ

အဆက်အသွယ်ပြတ်သွားပါသတဲ့။

အခုခေတ်လူငယ်တွေသုံးနေကြတဲ့ ဖွဘုတ် ဘိုင်ဘာ ဝီချက်  ဘယ်နေရာကမှ

ဆက်သွယ်လို့ မရတော့ ပါဘူးတဲ့။

အဲဒီလိုဖြစ်တော့ မိညိုလဲ စိတ်တွေထွေပြီး ဝမ်းနည်းနေပါသတဲ့။

ပြီးခဲ့တဲ့ညကတော့ သူတို့ ထဲ က ဖွဘုတ်သူရဲတစ်ကောင်က

မိညိုကောင်လေးက အသစ်ပြောင်းထားတဲ့  ဖွဘုတ်အကောင့် နာမယ်ကို ရှာတွေ့သွားပါသတဲ့။

ပရိုဖိုင်ကလဲ ကောင်မလေးတစ်ယောက်ပုံဖြစ်ပြီး

ကာဗာဖိုတိုက လဲ မိညိုကောင်လေးနဲ့သူ့ရဲ့နောက် ကောင်မလေ်းတွဲ

ရိုက်ထားတဲ့ပုံဖြစ်နေပါတယ်။

အဲ့ပုံကိုလဲ မြင်လိုက်ရော မိညိုမှာ အရုပ်ကြိုးပြတ်ဖြစ်သွားပါသတဲ့။

ခွင့်ယူလို့ မရတဲ့ အလုပ်ဆိုတော့ အလုပ်ကိုသွားနေပေမယ့်လည်း

လုပ်နေကိုင်နေတာ ယောင်တိယောင်န

စားချိန်တန်ပေမယ့် လဲ မစား အိပ်ချိန်တန်လဲမအိပ်

အလုပ်ကနေအဆောင်ပြန်ရောက်တာနဲ့ အိပ်ယာထဲမှာဘဲ

ခွေပြီး မျက်ရည်တွေကျနေတာမြင်တော့ အားလုံးလဲ

စိတ်မကောင်းဖြစ်နေကြပါသတဲ့။

မိနီရေးထားတာလဲ ဖတ်ပြီးရော ကျနော်တောင်ခွေလဲချင်သလိုဖြစ်သွားပါတယ်။

လောက မှာ သမီးရီးစားဖြစ်တိုင်းလဲ ယူရမယ်လို့မဆိုလိုပါဘူး။

မိဘသဘောမတူလို့ ကိုယ်စိတ်ပြောင်းသွားလို့ မယူဖြစ်တော့ဘူးဆိုရင်လဲ

ယောက်ျားပီပီပြတ်ပြတ်သားသား ပြောသင့်တယ်လု့ိမြင်ပါတယ်။

ဒီဘက်လဲ ပြတ်အောင်မပြော ဟိုဘက်မှာလဲ တစ်ယောက်နဲ့တွဲဆိုတော့

ဂုဏ်သိက္ခာမရှိတဲ့လူတွေရဲ့ လုပ်ရပ်လို့ဆိုနိုင်ပါတယ်။

တွက်ကြည့်ရင် မိညို ကတော့ ပြီးသွားပြီလို့ဆိုနိုင်ပါတယ်။

အခုဖွဘုတ်မှာတွဲတင်ထားတဲ့ကောင်မလေး က သူနဲ့ကြိုက်တာလား

သူ့အိမ်က သဘောတူတာလား  တော့သူတို့မှာဘဲသိပါမယ်။

သူကဘဲ မိညိုသိအောင် တင်ချင်တာလား

ကောင်မလေးက ဘဲ  မိညိုတို့အကြောင်းကို မသိလို့ တင်တာလား

သိသိကြီးနဲ့ဘဲ မဏ္ဍပ်တိုင် တက်ပြချင်လို့ တင်တာလား ဆိုတာကလည်း

သူတို့ ဘဲ သိပါမယ်။

ကျနော်ကတော့ နောက် ကောင်မလေးကိုဘဲ သနားမိပါတယ်။

ကံကောင်းရင်တော့ ရွှေလက်တွဲတွဲ မြဲပေမပေါ့။

ဒါပေမယ် ့ ရှေးဆိုရိုးစကားရှိပါတယ်။

ခြံ ခုန် ဘူးသောနွား ဆိုတာ အမြဲခုန်ချင်နေတယ်ဆိုတဲ့စကား

က ဘယ်တော့ မှ မမှားဘူးဆိုတာကိုတော့

သတိရမိပါတယ်။

မိန်းကလေးများလည်း သတိထားနိုင်ပါစေ။

ယောကျာ်းလေးများကလည်း နှမသားချင်းစာနာတတ်ပါစေလို့သာမှာချင်ပါတယ်။

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

13616

 

 

 

 

 

 

10 comments

  • ဝင့်ပြုံးမြင့်

    June 13, 2016 at 7:36 pm

    ခြံခုန်ဖူးသော နွား အမြဲခုန်နေတာ ကြုံဖူးပါ့ လေးပေါက်ရေ

  • ဂျစ်စူ

    June 13, 2016 at 9:40 pm

    နွားဒေ မကောင်းဘူး
    မျောက်ဘဲ ကောင်း ဒယ်

  • Thint Aye Yeik

    June 14, 2016 at 12:18 am

    သူများတွေများးးး မိန်းခေးတွေကို တစ်ယောက်ပြီးတစ်ယောက် မတွဲဖို့ မနည်းတားယူနေရ
    ခြံခုန်မှာ ကြောက်နေရ
    အနော်များကျတော့လည်း တစ်ယောက်တောင် ဖျစ်ဖျစ်မမြည်
    :mrgreenn:

  • အတွေးလေး

    June 14, 2016 at 10:07 am

    တခြားတစ်ယောက်ဆီကနေ သစ္စာဖောက်ပြီးကိုယ့်ဆီရောက်လာတဲ့လူတစ်ယောက်က ကိုယ့်အပေါ်ဘယ်လောက်ထိသစ္စာရှိနိုင်မှာလဲနော်။ သိသိကြီးနဲ့ကြောင်တောင်နှိုက်ခြင်း ကင်းရှင်းကြပါစေ။

  • Foolish Girl

    June 14, 2016 at 10:09 am

    ခြံခုန်ဖူးသော နွား အမြဲခုန်နေတာကတော့ မြင်ရကြားရတာ စိတ်မချမ်းသာဘူး
    ကျွန်တော်တွေ့ခဲ့တဲ့အတွဲတွေကို ဆိုရင် နောက်ရည်းစားတွေကလည်း အလုပ်ချင်းတူတူကို ပေါ်တင်ပြန်တွဲသဗျ (မပြောမကောင်း ပြောမကောင်းပေါ့ဗျာ)
    နောက်ကောင်မလေးကို သနားပြီး ဂရုသာသက်ပြီး ဖျောင်းဖျရင်တောင် အဲကောင်မလေးတွေကို ခြံခုန်တတ်တဲ့နွားတွေက တော်ကီလေးနဲနဲပစ်လိုက်တာနဲ့ကို ပြန်ကြွေကုန်ကြတယ်…ဒီတော့ ဖျောင်းဖျမိတဲ့ကို က လူကြမ်းကြီးလေ….

  • Tawwin Pan

    June 14, 2016 at 11:55 am

    ကြုံဖူးတယ်။ သူ့ဘာသာနောက်ရည်းစားထားပြီး ကိုယ့်ကိုတော့ သူ့သူငယ်ချင်းတွေကြားမှာ ကိုယ်က သူ့ကို တကယ်မချစ်ဘူးဆိုပဲ။ အဲလိုမျိုးတွေ ကြိုသိရတာ ပိုကံကောင်းတယ်လို့ပဲ မှတ်ပါ။

  • kai

    June 14, 2016 at 2:36 pm

    အားရင် အခု ရောက်နေတဲ့.. နိုင်ငံခြားအတွေ့အကြုံလေးတွေရေးပါဦးလေ..။

    သူတို့တွေရဲ့.. . ဖဘက.. အချစ်တွေကို.. ဘယ်လိုမြင်ကြသလဲသိချင်သား..။
    ဖဘဝင်လို့မရဘူးဆိုလည်း.. ဆိုင်ရာဒေသရဲ့.. လူငယ်တွေအမြင်တွေကို.. ပေါ့..။

    • ဟုတ် ရေးပါမယ်
      ဒီတရုပ်ပြည်ဘက်ကတော့ ဖေ့ဘုတ်မသုံးပါဘူး။
      we chat ကိုဘဲတွင်တွင်ကျယ်ကျယ်သုံးပါတယ်။
      ဒီဘက်မှာ we chat အကောင့်က မရှိမဖြစ်ပါဘဲ။
      လူတိုင်းလောက်နီးပါးရှိပါတယ်။
      အလုပ်ကိစ္စ
      အချစ်ရေး
      လူမူ့ရေး ဘက်စုံသုံးတ ာ we chatပါဘဲ။

      ကျနော်တို့မြန်မာပြည်ဘက်ကလူတွေက
      တော့နှစ်ခုလုံးသုံးပါတယ်။
      တရုပ်ဘက်က ဖေါစိဘုတ်သုံးမရအောင်လုပ်ထားပေမဟ့်
      မြန်မာတွေကတော့ ကျော်ခွပြီး
      မရ ရအောင်သုံးတာပါဘဲ။
      ဒါပေမယ့်ဖုန်းနဲ့ဘဲသုံးခို့ရပါတယ်။
      ကျနော်လည်းဒီရောက်တာ ၁ နှစ်ကျော်ပြီ။

      ဖုန်ူနဲ့ဘဲသုံးနေတာလေ။

  • အောင် မိုးသူ

    June 15, 2016 at 4:43 pm

    ခုခေတ်လူတွေ ဘယ်လိုတွေ ဖြစ်လာရယ်မသိပါဘူး မြင်မြင်နေရတာ အံ့ဩမိတာ။

  • uncle gyi

    June 17, 2016 at 4:40 pm

    ဘာပြောပြောသတိ

Leave a Reply