• လုလု  –  ဒါနဲ့ အစ်မ တခုလောက်မေးလို့ ရလား

  • မျှစ်ကြော် –  မေးပါ

  • လု –  ဟို ရှေ့ တွေမှာ အစ်မ တင်ထားတဲ့ပို့ တွေက ဘာသာရေးကိုတမျိုးမြင်ထားသလို ဘုန်းကြီးတချို့ ကို တခုခုပြောချင်တာလားလို့ 

     သေချာတော့မသိပါဘူး စိတ်ထဲတမျိုးဖြစ်နေလို့ 
  • မျှစ် –  မဟုတ်ဘူး လုလု။  ဘာသာရေးက အာဏာရှင်စနစ်ဖြစ်နေတယ်။

    ကာလာမသုတ် ဘယ်လိုပဲ ရေးရေး၊ ဘာသာရေး အတွေးအခေါ်က အထိမခံဘူး

  • လု –  အာဏာရှင်ဆန်တဲ့စည်းရုံးသူတွေကြောင့်လို့ မထင်ဘူးလား

  • မျှစ် –  မဟုတ်။ မိရိုးဖလာ အတွေးအခေါ်။   ငရဲနဲ့ ကိုင်ပေါက်ထားတယ်

  • လု –  အင်း

  • မျှစ် –  ဥပမာ တစ်ခုပဲ ပြောမယ်။ လူသားဖြစ်တည်မှုကို ဗြဟ္မာ့ ပြည်က အပ်တစ်စင်းနဲ့ လူ့ပြည်က အပ်တစ်စင်းအဖြစ် ရေးပြီး လူသားဘ၀ရဲ့ တန်ဖိုးကို ပြောထားတယ် ။ ဒါပေမယ့် အဲ လူသားဘ၀ရဲ့ ဒုက္ခသစ္စာကို ပုံကြီးချဲ့ထားတယ်

    အတွေးအခေါ်ပိုင်းကို ဟိုဘက်ဒီဘက် နှစ်ဖက် ညှပ်ပြီး ပြန်လှန်စဉ်းစားပိုင်ခွင့်ကို သတ်ထားတဲ့ပုံ
  • လု – ဟုတ်၊  အဖန်ငါးရာတို့ လား

  • မျှစ်  –  လူသားဘ၀ရဲ့ ဆိုးရွားမှု။ မာန်မာန လျှော့ချသင့်ပုံ။ ဒီနည်းနဲ့ လူသားရဲ့ ဖြစ်တည်မှု တန်ဖိုးကို အဆုံးစွန် ထိ ချပစ်လိုက်တယ်။  ဒီအခါမှာ လူသားဟာ သေခါနီးခံစားရမယ့် ဝေဒနာတို့ ဘာတို့ နဲ့ သေပြီး လားရမယ့် ဂတိတို့ ဘာတို့နဲ့ မလှုပ်သာတော့ဘူး။

  • လု – ဘုရားဟောတာ ရှင်းရှင်းလေးကို ရှုပ်အောင်လုပ်ထားတာ မိရိုးဖလာတွေလေ

  • မျှစ်  –  လူသားရဲ့ တန်ဖိုးကို ချထားလိုက်တော့ လူ့အခွင့်အရေးမှာ ဒီမို မဟုတ်တော့ဘူး

    ဘုရားဟောက ဓမ္မစကြာနဲ့ အနတ္တလက်ခဏာသုတ်နဲ့တင် ဗုဒ်ဓဘာသာဖြစ်တယ်

     ကျန်တာက အလွန်အမင်းပုံကြီးချဲ့လွန်းတာတွေ

    လူတစ်ယောက် ကို ကြောက်စိတ် မတ၇ားဝင်သွားစေပြီး လူသားမာန်မာန လူသားဂုဏ်ကို အညွန့်သတ်လိုက်တာ

     မဘသ ကိုပြောတာမဟုတ်။ တိုင်းပြည်မှာ လူတွေ အားလုံးနီးပါး  လက်ခံထားတဲ့ ဘာသာရေးသဘာတရားကိုက အတွေးအခေါ်ကို ဆန့်ကျင်တယ်။

    လူတစ်ယောက် သေရင် ဒီလောက်ကြောက်စရာ မကောင်းပါဘူး။ အာရုံကြော နာဗ်ကြောစနစ်တွေ အလိုလို ထုံထိုင်းသွားတယ်။ ဥပမာ အရွယ်ရောက်ကာစတွေ အာရုံလန်းတယ်။ ထတယ် ရွတယ်။ အသက်ရရင် ဘယ်လိုမှ မထတော့ဘူး။ အဲသဘောပဲ။ အသက်ရလာလေ ကင်ဆာလို နာဗ်ကြောတွေကို ဆွဲချုပ်ပြီး ဝေဒနာပေးတဲ့ ရောဂါကိုတောင် ဝေဒနာ ခံစားရမှု လျော့ကျလာပါတယ်။

    အဖိုးကြီး အဖွားကြီးတွေ အိပ်ပျော်နေရင်းလည်း အသက်ထွက်သွားတတ်တာပါပဲ။ ခုတင်ထက် မျောနေရင်း တစ်ချက်တစ်ချက် တွန့်သွားပေမယ့် အာရုံကြောစနစ်က အလိုလို ထိုင်းသွားပြီး မချိမဆံ့ ဆိုတာ မခံရပါဘူး။ ဒါကြီးကို မပြောဘဲ သေခြင်းကို အရမ်းကြောက်အောင် တရားပြထားပြီး လူ့စိတ်ကို နှိပ်ကွပ်ထားတယ်

    သေရင် ကုသိုလ်ကောင်းမှုကသာ ပါမယ်ပြောတယ်။ ပြီးတော့ တစ်သက်လုံး ကုသိုလ်ကောင်းမှု ဘယ်လောက်လုပ်လုပ် သေခါနီး အသေမတတ်ရင် အပါယ်လားတာပဲ ဖြစ်ရပြန်ရော။ ရှေ့စကား နောက်စကား မညီဘူး။ လူ့ဘ၀ရဲ့ ပျော်ရွှင်မှုနဲ့ သတ္တိကို သတ်ပစ်လိုက်တယ်။ ဒီနည်းနဲ့ ဗုဒ်ဒဘာသာဖြစ်အောင် လုပ်ထားတယ်။

     ဗုဒ်ဓဘာသာဟာ အစစ်အမှန်ဆိုတာ မှန်တယ်။ ဒါပေမယ့် ဘယ်သူမှ နိဗာန် မရောက်ပါဘူး။ အပေါ်က အကာတွေကို ဖယ်မချနိုင်ရင် ဒီဘာသာလည်း သက်ဆိုးမရှည်နိုင်ပါဘူး။ မွတ်စလင်နဲ့ ဘာမှ သိပ်မကွာဘူး
     ဘာသာက သက်ဆိုးမရှည်ဘဲနဲ့ အတုအယောင်က သက်ဆိုးရှည်ပြီး အာဏာရှင်စနစ် ပါ သက်ဆိုးရှည်သွားမှာ
  • လု –  လူတွေကသေမှာတော့ကြောက်ကြတာပဲ ဒါပေမယ့် ဘဝ တွေကိုလည်းထပ်လိုချင်ကြတယ်

     ဘဝရ ရင်တော့ သေတယ်ဆိုတာ မထူးဆန်းဘူးသေနာ သေကံရောက်ရင် သေရမှာပဲ

    ဘယ်လို နည်းနဲ့ အသေသက်သာအောင်လုပ်မလဲဆိုတာကိုပဲ သိဖို့ လိုတာ အဲဒါမသိရင်တော့ ကြောက်စရာကြီးပဲ ဘာလို့ ဆို ကိုယ့်အတွက်ဘာမှ ပြင်ဆင်ထားတာမရှိဘူးလေ

    လုလု ခံယူထားတော့ရိုးရှင်းပါတယ် ဘဝကိုအတတ်နိုင်ဆုံး မဂ္ဂင်ရှစ်ပါးနဲ့အသက်ရှင်သွားဖို့ ပဲ နောက်တခု က အရာအားလုံးကိုစွန့် လွတ်တတ်ဖို့  စွန့် လွှတ်နိုင်ဖို့ ကြိုးစားသွားမယ် အနည်းဆုံးသောတပန် အဆင့်ကိုတော့ ရောက်အောင် အားထုတ်သွားဖို့ပဲ်

    မရှိတာကိုအရှိလုပ်ပြီးငါထင် နေတဲ့ ဘဝကို အတတ်နိုင်ဆုံး စွန့် လွှတ်နိုင်ရမယ်။  အကောင်းဆုံးဘာသာကို ရယူပြီးနောက်တော့ ဘယ်ဘာသာက ဘယ်လို ဘာ ကောင်းတယ်မကောင်းဘူး သိပ်မပြောချင်တော့ဘူး မြန်မာ တွေရဲ့ မိရိုးဖလာ အယူ တွေကိုတော့ သီးခံ ရတာပေါ့ ချွတ်ဖို့ မလွယ်တာ။

    ဘုရားကဟောထားပြီးသားပါ လူ့ ဘဝ ကို အကောင်းရောအဆိုးရော ၂ခုလုံးမြင်တယ် လို့  ခန္ဓာရှိလို့ ဒုက္ခသစ္စာ ၊ ကောင်းမှုကုသိုလ်တွေ လုပ်ချင်သလောက်လုပ်နိုင်တယ် လူ့ ဘဝ ပဲ ဘုရားဖြစ်နိုင်တယ် ဒါက အကောင်းမြင်တာ ဒါပါပဲ လူ့ ဘဝဆိုတာ ကောင်းတာတွေ လုပ်ဖို့ ပဲ။

  • မျှစ်  –  လူများစု ဒီလိုတွေးကြပါတယ်။ လက်တုန့်ပြန်တာမျိုး။ အမှားနဲ့အမှန် ပြတ်ပြတ်သားသား ခွဲခြားတာမျိုးထက် ကိုယ်ပြုတဲ့ကံ ကိုယ့်ထံလာ ဆိုတာမျိုး။ ဒါကြောင့်ပဲ ခုပဲကြည့်လေ ။ ဒီအစိုးရ ဘာမှ မဖြစ်စေရဘူး။ အရင်လူတွေကို ပြစ်ဒဏ်ခတ်မယ် ။ လက်တုံ့ပြန်မယ်ဆိုတာမျိုး။ ဘယ်သူမှ လက်သင့်မခံဘူး။ ဒီတော့ အရိုးအရင်းက အရိုးအရင်းပဲပေါ့။   အဲဒါ ဘာသာရေးက ကြပ်ပေးလိုက်တဲ့ စနစ်။

  • လု  –  လက်တုန့် ပြန်တဲ့စနစ် မရှိတာကောင်းပါတယ်

     ပြုသူအသစ်ဖြစ်သူအဟောင်းခံစားကြရတာပဲ ဒါတော့ ရှောင်လွဲလို့မရဘူး
  • မျှစ်  –   နိုင်ငံရေးထဲမှာ အဲဒီ ဘာသာရေးသဘော ၀င်လာတာ သွားတာပဲကွယ်။ တရုတ်ပြည်မှာတောင် နို့မှုန့်ထဲ မယ်လမင်း ပါလို့ တာဝန်ရှိသူကို သေဒဏ်ချတယ်။ နောင် ကျဉ်အောင်။ ထပ်မဖြစ်အောင်။ အခုက ဒီလောက် ယုတ်မာခဲ့တာတွေကို လွှတ်ပေးလိုက်တယ်။ မထိရဲတာရော ဘာသာရေးက ကြပ်ပေးလိုက်တာရော။ ဒါကြောင့်မို့ နောင် ထပ်ဖြစ်ဦးမယ်။ အာဏာရှင်စနစ်။ မဟုတ်မတရားမှု ဇာတ်မသိမ်းသေးဘူး။

    ဘာသာရေးက လုပ်ပေးလိုက်တဲ့ ရောဂါက သူတော်ကောင်းရောဂါ။ လူတိုင်း သူတော်ကောင်းဖြစ်ချင်ကြတယ်။

    မတော်မတရားမှုကို ပြတ်ပြတ်သားသား ရင်မဆိုင်ရအောင်၊ ငရဲကို ပြတ်ပြတ်သားသား မယူအောင် လုပ်ပေးလိုက်တဲ့ ဘာသာရေးသဘောတရား

    လူယုတ်မာတွေကို လွှတ်ပေးလိုက်တာဟာ ရိုးသားတဲ့ လူပေါင်းများစွာရဲ့ ဘ၀ကို သတ်လိုက်တာ ဆိုတဲ့ အမြင်မျိုး မရှိကြဘူး။

    တရားမျှတမှု ကို ဦးထိပ်မပန်ဆင် ဘဲနဲ့ ဘယ်လို ဘာသာရေးနဲ့ သူတော်ကောင်းလုပ်မလဲ။

    လူ့ဘ၀ကိုရထားတာ ကောင်းတာတွေ လုပ်ဖို့ဆိုရင် ကောင်းတာက ဘာလဲ။ မတရားမှုကို အသာလွှတ်ပေးလိုက်တာလား။ ငတ်ပြတ်နေတဲ့ လူပေါင်းများစွာရဲ့ မျက်နှာကို အသာမျက်ကွယ်ပြုလိုက်တာလား။ မဂင် ၈ပါး အကြောင်း ထားစမ်းပါ။ ဘယ်သူမှ နိဗာန် မရောက်ပါဘူး။

     ဒီ ဘာသာရေးကိုမှ စမဝေဖန်ရင် လူတွေ ခေါင်းမပြောင်းဘူး။ လူတွေ ခေါင်းမပြောင်းရင် တခြား ဘာမှ မပြောင်းဘူး။
  • လု  –  ဘာသာရေးနဲ့ နိုင်ငံရေး တွဲဖြေရှင်းဖို့ တော့ မလွယ်ပါဘူး သက်သက်စီ ခွဲမြင် နိုင်ရင်တော့အဆင်ပြေနိုင်တယ်

    အစ်ပြုံးက ဘာသာရေးကိုတိုးတက်စေချင်တာလား နိုင်ငံရေးသမားတွေကိုပြောင်းလဲစေချင်တာလားး

     နိုင်ငံရေးသမားက ဘာသာရေးလုပ်လို့ မရသလို ဘာသာရေးသမားလည်းနိုင်ငံရေးလုပ်လို့ မရဘူး တွဲလုပ် ရင် တော့ ခုလိုပဲ ကမှောက်ကမ ဝေဖန်စရာတွေဖြစ်ကုန်တာပေါ့
     မျောက်သစ်ကိုင်းလွှတ်နေတဲ့ အစိုးရလို့ ပဲ ပြောချင်တယ်
     မဘသ လည်း ဟိုလိုလိုဒီလိုလိုနဲ့ ခုတော့ကွဲပြဲကုန်ပြီလေ အာဏာရူးတွေ ဘာသာရေးလုပ်လို့ ဖြစ်ရတာ။
    တကန့် စီ ပဲထားသင့်တယ် တရားဆို တရား နိုင်ငံရေးကနိုင်ငံရေးပဲ တရားဆိုတာနူးညံ့သိမ်မွေ့ တယ် နိုင်ငံရေးက ဦးရာစား ရက်စက်ကြမ်းကြုတ်တယ် မင်းကျင့်တရားဆယ်ပါးနဲ့ အုပ်ချုပ်နိုင်ရင်တောင် အဲ့ဒါ ဘာသာရေးမဟုတ်ဘူး နိုင်ငံရေးပဲ နိုင်ငံရေးမှာ အနိစ္စ ဒုက္ခဆိုပြီးသွားမှတ်လို့ မရဘူးး ခု အစိုးရ က မယောင်ရာဆီလူး အနာတခြားဆေးတခြားဖြစ်နေတာ ရက်စက်တတ်မှ နိုင်ငံရေးလုပ်သင့်တယ် ဘာသာရေးနဲ့ ရောပြီးလုပ်နေလို့  အားမလိုအားမရနဲ့ လူပြောစရာဖြစ်နေတာ လေု
  • မျှစ်  –   ခုလို စကားပြောကြတာ ကောင်းတယ်။ နားလည်ပုံတွေ ရဲ့ သော့ချက်ကို သွားတယ်။ နိုင်ငံရေးဆိုတာ လုပ်ရတာလည်း မဟုတ်။ နိုင်ငံရေးသမားနဲ့လည်း မဆိုင်တဲ့သဘောမျိုး ဖြစ်နေတယ်။ ဘာလို့ဆိုတော့ တိုင်းပြည်ဟာ ကိုယ်နဲ့ ထိုက်တန်တဲ့ အစိုးရကိုပဲ ရမယ် တဲ့။ အဲဒီ သီဝရီ ရှိတယ်။

     ထိပ်က အုပ်ချုပ်နေတဲ့လူထက် ပြုသမျှ နုတဲ့ တိုင်းသူပြည်သားနဲ့ ဆိုင်ပါသတဲ့
  • လု  –   ဒီလိုစကားတွေမပြောရတာကြာပြီ

    မျှစ် –  အဲဒါကြောင့် နိုင်ငံရေးနဲ့ ဘာသာရေး တွဲမတွဲထက် အဲဒီတိုင်းပြည်ျကလူတွေရဲ့ ခေါင်းနဲ့ပဲ ဆိုင်သတဲ့

    လူတွေ ခေါင်းပြောင်းမှ နိုင်ငံရေးပြောင်းသတဲ့။ အဲဒါ ဂျော့အိုဝဲ ဆိုတဲ့ ကမ္ဘာကျော် နိုင်ငံရေးပညာရှင်က ပြောခဲ့တာပါ

    အခုက အမတို့က အမေစု အစိုးရကိုရော။ အရင်က အာဏာရှင်စနစ်ကိုရော မကျေနပ်တာ မဟုတ်ဘူး။

    လူတွေဟာ လုပ်လို့ရလို့ လုပ်တာ။ လုပ်လို့ မရရင် မလုပ်ဘူး။ နိုင်လို့ ရလို့ အနိုင်ကျင့်တာ။ အနိုင်ကျင့်လို့ မရရင် အနိုင်မကျင့်ဘူး

    ပြည်သူတွေနဲ့ပဲ ဆိုင်နေတာပေါ့နော်။

    လူတွေ ခေါင်းပြောင်းဖို့ဆိုတာ အတွေးအခေါ်က သ၈ျီးအပြောအရ ဘာသာရေးက လာသတဲ့။ အမလည်း ဒါကို အမြဲစဉ်းစားတယ်။ တဖြည်းဖြည်းနဲ့ မှန်လာသလိုပဲ။ ယဉ်ကျေးမှုတွေ ဘာတွေ ဘာမှ မဟုတ်ဘူး

    အမက သဂျီးပြောတာထက် တခြားဟာကိုတောင် သွားပြီးစဉ်းစားမိတယ်။ ဂျော့အိုဝဲက ပြောခဲ့တယ်လေ။ တိုင်းပြည်တွင်းက လူတွေကို ဘရိန်းမ၀ပ်ဘဲ အဲဒီတိုင်းပြည်ကလူတွေကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ လုံးဝမရဘူးတဲ့။

    အဲဒီမှာ ဘာသာရေးက လူတွေရဲ့ ခေါင်းထဲမှာ ကြံကြီးစည်ရာ ပုံစံတွေနဲ့ ရှိနေတယ်။ ဘုရားဟော ဇာတ်နိပါတ်တော် ဆိုတာတွေ ကလည်း အကုန် ရီစရာချည်း။ ဒါပေမယ့် ဓမ္မတရားတွေကျတော့ နှယ်နှယ်ရရ မဟုတ်ဘူး။ အကုန် အရောရောအထွေးထွေးပေါ့။ အကာက များများ ။ အနှစ်က နည်းနည်း။

    တိုင်းပြည်ကလူတွေအားလုံးနီးပါးဟာ အဲဒီ အတုတွေနဲ့ ကြီးပြင်းလာတယ်။ အဲဒီ အတုတွေကို လုံးဝအထိမခံဘူး။ ဘုရားဟော ဇာတ်နိပါတ်တော် တစ်ပုဒ်လောက်ပဲ ဖတ်ကြည့်လေ။ ဖြစ်နိုင်လား မဖြစ်နိုင်ဘူးလားလို့။ ဒါပေမယ့် ဘုရားဟော ဓမ္မ ကျတော့ ထိပ်တန်းဖြစ်နေတယ်။

    လိုရင်းကတော့ လူ့ဘ၀ရယ်၊ လူသားရယ်ကို တန်ဖိုးထားတာ ပိုသဘောကျပါတယ်။ ဘယ်သူမှလည်း နိဗာန်ရောက်မှာ မှုတ်ဘဲနဲ့။ ဘာသာရေးကို ဆန့်ကျင်တာ မဟုတ်ပါဘူး။ ဘာသာရေး သိပ်မလုပ်စေချင်ဘူး။ လျှော့စေချင်ပါတယ်။

     ဘရိန်းဝပ်တယ်ဆိုတာက အတုတွေ ကို ယုံခိုင်းထားတာကို ပြောတာပါ

    လု  –  ဘာသာရေးကိုအရမ်းတဖက်စွန်းရောက်နေတာတော့မဟုတ်ပါဘူးးး ဘယ်အရာမှမမြဲဘူးဆိုတာကိုသိလာလေ တရားဘက်ကိုအာရုံရောက်လာလေပါပဲ ငါ စွဲမပြုတ်သေးတော့ တချို့ အစွန်းတွေတော့ငြိနေတုန်းပါပဲ

  • ဒီခေတ်အခါမှာ နိမ္ဗာန် ရောက်တဲ့သူ နည်းနိုင်ပေမယ့် ဘယ်သူမှမရောက်နိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး ။ ကြိုးစားရင်ဘယ်သူမဆိုရောက်န်ုင်ပါတယ်

     လူဆိုတာ ဒါန သီလ ဘာဝနာ တော့ လုပ်ရမှာပဲ အဲ့ဒါမှ လူဖြစ်ကျိုးနပ်မှာ လူဖြစ်လာတဲ့ ရည်ရွယ်ချက် က ဒါန သီလ ဘာဝနာ အားထုတ်ဖို့ ပဲ လို့ ယုံကြည်တယ် ။
     ဒါနဲ့ ဗုဒ္ဓဝါဒ အပေါ်မှာ အစ်မပြုံး ယုံကြည်လက်ခံထားတဲ့ အရိုးရှင်းဆုံးအရာ တခုလောက်ပြောပြပါလားး
  • မျှစ်  –  အနတ္တ ပါ။

     ဘ၀ပေးအသိကတော့ တရားမျှတမှု။

    တရားမျှတမှု မပါတဲ့ ဘယ်အရာမဆို အယုံအကြည် မရှိပါဘူး။ ကုသိုလ်ကောင်းမှုတွေ ဒါနတွေ ဘာမှ မယုံဘူး။ လူ့အခွင့်အရေးချိုးဖောက်ခံရလို့ ဆင်းရဲမွဲတေသွားတဲ့ လူတွေကို အလှူဒါနပြုတယ်။ စောင့်ရှောက်တယ် ဆိုတာ လူတစ်ယောက်ကို ခြေထောက်ရိုက်ချိုးပြီးမှ ချိုင်းထောက်လှူ တယ်လို့ သဘောပေါက်တယ်။ မဟုတ်မတရားလုပ်ထားတဲ့ ခရိုနီ တစ်ကောင်လောက်ကို တရားမျှတမှု ချိန်ခွင်ပေါ် မတင်နိုင်ဘဲနဲ့ ဆင်းရဲသားတွေ ပညာပေး ဒါနပြုတာကို အယုံအကြည်မရှိ။ ကျေးဇူးလည်း မတင်ပါဘူး။ တရားမျှတမှု သာလျှင် အကောင်းဆုံး လူ့ကျင့်ဝတ်လို့ ယုံပါတယ်။ ဒါန သီလ အယုံအကြည်မရှိ။

  • လု  –  တရားမျှတ မှု ဆိုတာကို ဗုဒ္ဓဟောခဲ့ပြီးသားပဲ အလယ်အလတ်လမ်းစဉ်ပဲ မဟုတ်ဘူးလား။  သီလ ဒါန ဆိုတာ ယုံကြည်ရတာထက် ကျင့်ကြံပွားများရမယ့်အရာပါ။

    ဒါန သီလ ဆိုတာ ကိုတယောက်ချင်းစီက စောင့်ထိန်းသွားမယ် ဆိုရင် အစ်မ လိုချင် တဲ့ တရားမျှတမှု ရှိလာနိုင်တာပဲ အခြေခံသဘောတရားကို အရင်နားမလည်ထားရင် ကိုယ်ချင်းစာစိတ်တွေ ဖြစ်မလာနိုင်လောက်ဘူးလေ သူ့ အသတ် သတ်ရင် သူလည်းဆင်းရဲမယ် ကိုယ်အခုဘဝက ဥပဒေ အရ အရေးယူခံရမယ် နောင်ဘဝဆိုတာ ခနထားဦး ခုဘ ဝမှာတင် လက်ငင်းအကျိုးခံစားရတာပဲ ဒီလောက်အခြေခံ သီလသဘော တရားကိုနားမလည်ထားရင် လူသတ်ဖို့ လည်းဝန်မလေးတော့ဘူး ဒါန သီလ တွေ မရှိ လို့  ခေါင်းပုံဖြတ်တာ အကျင့်ပျက်ခြစားတယ် ဆိုတာတွေ ဖြစ်လာရတာ။

    တရားမျှမှု ကို လိုချင် ရင် ကိုယ်တိုင်ရော တရားသဖြင့် ကျင့်ကြံနေထိုင်ဖို့ တော့လို တယ် ကိုယ် လုပ် လို့ ကိုယ်ခံရတာ ဖြစ်ရတာ လို့  လက်ခံထားတယ်

    အပေါ်မှာ အစ်မပြုံးပြောတဲ့ ဘာသာရေးနဲ့ ခြိမ်းခြောက်တယ် ဆိုတာကို အကျယ် ပြန် ဆွေးနွေးချင်ပါတယ်။

    ဒါန သီလ ကို ဘာလို့ မယုံတာလဲ

    အဲဒါ ဗုဒ္ဓ ဘာသာနဲ့ ဆန့် ကျင်နေတာမဟုတ်ဘူးလားး

    ခရိုနီ နဲ့ အာ ဏာ ရှင်ကိုမုန်းတယ်။ တရားမျှတမှုကို လိုချင်တယ်။ မိရိုးဖလာ ယုံကြည်မှုကိုပြောင်းလဲ ပစ်ချင်တယ် ဒါက အစ်မပြုံး ရဲ့သဘောထားအကျဉ်းပဲ ဆိုပါစို့  အနတ္တ ကို ယုံကြည်တယ် လက်ခံထားတယ် ဆိုတာနဲ့ရောဆန့် ကျင်မနေဘူးလားးး အနတ္တ ဆို တာ အစိုးမရတာ ငါပိုင်မဟုတ်တာ ကို စွန့် လွှတ်တတ်ရမှာလေ ။ အားလုံးနဲ့ ဆိုင်တဲ့အရာကို ကိုယ်တယောက်တည်းနဲ့ ပြောင်းလဲပစ်ဖို့ ဆိုတာ မလွယ်တာထက် မဖြစ်နိုင်ဘူးးလေ အနတ္တ ရဲ့ သဘောတရားက အဲ့ဒါပဲ

    ဒါန သီလ ကို လက်မခံဘဲနဲ့ တရားမျှတမှုကိုလိုချင်လို့ မရဘူးး ကံ ကံရဲ့ အကျိုးကိုတော့ လက်ခံထားရမယ် ကောင်းတာတွေ လုပ်ထားရက်နဲ့ ဘာလို့ ဆင်းရဒုက္ခ ဖြစ်ရတာ ၊ မဟုတ်တာ လုပ်ပြီးချမ်းသာနေတဲ့ သူ တွေ ဒါတွေက အရင် ဘဝ တွေ က လုပ်ခဲ့တဲ့ ကံတွေ ကြောင့်ပဲ မဟုတ်လားးးလက်မခံလို့ ရဘူးး အကြောင်းရှိလို့ အကျိုးတရားတွေ ဖြစ်လာတာလေ

    အနတ္တ ကို ယုံကြည်ပြီး အတ္တတွေ ကို လိုချင်နေတာ တော့ အဓိပ္ပာယ်မရှိပါဘူးး

  • မျှစ်  –  လုလုနဲ့ စကားပြောရတာ အမတော့ အသိတွေ တိုးတယ်။ တကယ်။ မြန်မာတွေရဲ့ တကယ့်ဦးနှောက်ကို လှမ်းမြင်ရသလိုပဲမွဲတဲ့တိုင်းပြည်မှာ အလှူဒါန အများဆုံး လုပ်ကြတယ်တဲ့။ အလှူဒါန များလေ အဲတိုင်းပြည် မွဲလေပဲ။
  • လု  –  မြန်မာတွေရဲ့ ဦးနှောက်လည်းမဟုတ်ဘူး အစွန်းရောက်နေတဲ့ဘာသာရေးသမားရဲ့ ဦးနှောက်လည်းမဟုတ်ပါဘူး ဒါတွေက လူတိုင်းမှာ ရှိသင့်တဲ့ အတွေးပါ အညံ့စားဒါန လုပ်ရင်တော့ မွဲမှာသေချာတယ် အထက်တန်းစားဒါန လုပ်တတ်ဖို့ ပဲလိုတာပါ သူဌေးတွေ လုပ်တဲ့ဒါနကိုပဲ အထက်တန်းစားဒါနလို့ ပြောတာမဟုတ်ဘူး အမှားအမှန်ကိုဝေဖန်ခွဲခြားတတ်တဲ့ ပညာနဲ့ ဦးစီးပြီးလုပ်တဲ့ဒါနကို အထက်တန်းစားဒါနလို့ ခေါ်တာ ။ ဘုရားက အလှူဒါန လုပ်ရင် ဆင်းရဲလိမ့်မယ်လို့ မဟောခဲ့ဘူးး

    ဖြစ်လေရာဘဝမှာ ငတ်ပြတ်နေဖို့ ဒါနလုပ်ခိုင်းတာမဟုတ်ဘူးး ဒါနမပါ သံသရာလွန်စွာဆင်းရဲမည်တဲ့ ။ သံသရာမှာ ဆင်းရဲမှာကြောက်လို့ ဒါနလုပ်ကြတာ အလှူလုပ်လို့ ကုန်သွားတယ်ဆိုတာ အရမ်းကို သိမ်ဖျင်းတဲ့အတွေးပဲ အဲဒါ ဗုဒ္ဓဘာသာမဟုတ်ဘူး အတ္တဝါဒီတွေရဲ့ အတွေးပဲ လူမှုဆက်ဆံရေးမှာပေးကမ်းနိုင်ခြင်းက အောင်မြင်ခြင်းတစ်ပါးပဲ ကပ်စေးနဲ တဲ့သူတယောက်ကို ဘယ်သူမှပေါင်းချင်မှာ  မဟုတ်ဘူး အပေါ်ယံတော့ ပေါင်းလိမ့်မယ် ဒုက္ခရောက်ရင် အနားတောင်ကပ်မှာမဟုတ်ဘူး။

    မြန်မာတွေ ဒါနလုပ်တယ် ဆင်းရဲတယ် ဘာလို့ လဲ အပေါ်ယံ လူမြင်ကောင်းအောင်လုပ်ကြတာ လောဘတွေနဲ့ လုပ်ကြတာ တချို့ က သူတို့ ရှိတာကိုထုတ်ပြချင်လို့  အဲ့လိုအယောင်ဆောင်ဒါတွေ နာမည်ကြီးချင်လို့ လှူကြတယ် တကယ်လို အပ်တဲ့နေရာမှာမလှူတတ်ကြလို့ လှူသလောက်မွဲနေတာ ။လှူလို့ မွဲတာမဟုတ်ဘူးပညာဉာဏ်မပါလို့ မွဲကြတာ

  • မျှစ်  –  ဒါနကို အားပေးပါတယ်။ ဒါပေမယ့် အဲဒါ ဖြေရှင်းနည်း အစစ်အမှန်လို့ မယုံဘူး။ မြန်မာအတွေးဆိုတာက အဲဒီ ဒါနကို ပြောတာမဟုတ်။ လုလု ပြောတဲ့ – ကံ ကံရဲ့ အကျိုးကိုတော့ လက်ခံထားရမယ် ကောင်းတာတွေ လုပ်ထားရက်နဲ့ ဘာလို့ ဆင်းရဒုက္ခ ဖြစ်ရတာ ၊ မဟုတ်တာ လုပ်ပြီးချမ်းသာနေတဲ့ သူ တွေ ဒါတွေက အရင် ဘဝ တွေ က လုပ်ခဲ့တဲ့ ကံတွေ ကြောင့်ပဲ — အဲဒါကို ပြောတာ။အဲဒီအတွေးက လူများစုပဲ။ ဆင်းရဲ ဒုက္ခဖြစ်တာနဲ့ မဟုတ်တာ လုပ်ပြီး ချမ်းသာတာကို အမက အရင်ဘ၀က ကံကြောင့်လို့ကို မယုံတာ။  မဟုတ်တာ လုပ်တာဟာ လုပ်ခွင့်ပေးထားတဲ့အတွက်ကြောင့်။ လုပ်လို့ ရလို့ လုပ်တာ။ တရားမျှတမှု ရှိတဲ့တိုင်းပြည်မှာ မဟုတ်တာ လုပ်လို့ မရဘူး။ လူတွေ ဘာမှ ပြန်မတုံ့ပြန်နိုင်အောင် အတွေးအခေါ်ပိုင်းမှာ ဘာသာရေး တအားဖိထားတယ်။   ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုတာက စတဲ့ ၊ လက်တုန့်မပြန်ပါနဲ့ ဆိုတဲ့ အတွေးအထိ။ အဲဒါ ဘာသာရေးကလာတာ။ ဒါဆို ဘယ်မှာလဲ တရားမျှတမှု။   လှူခြင်း မလှူခြင်းဟာ ထားပါတော့။ ဘီလ်ဂိတ်တောင် တအားလှူနေတာ။
  • လု  –  အင်းးပြောရင်တော့ ရှည်တော့မယ်

        အစ်မ အဓိက ပြောချင်တာက နိုင်ငံရေး ဖိနှပ် ချုပ်ချယ်မှုလားး

  • မျှစ်  –  လူတွေ ခေါင်းပြောင်းမှ နိုငိငံရေးပြောင်းသတဲ့

  • လု  –  ချမ်းသာ ဖို့ ဆိုရင် ကံဉာဏ် ဝီရိယ လိုတယ်

  • မျှစ်  –  အဲဒီမှာ ဥာဏ်

  • လု  –  ဉာဏ်အကြောင်းပြောကြတာပေါ့

  • မျှစ်  –  အမတို့ ဗုဒ်ဓ ဘာသာက ဥာဏ်သမားအတွက်ပဲ။

     ဥာဏ်ရည်မြင့်မှ ဗုဒ်ဒဘာသာဖြစ်တယ်။
     ဒါပေမယ့် ဘာသာကို ကွယ်ထားတဲ့ အတွေးတွေ များလွန်းတယ်။ ကလေးတစ်ယောက် ၅နှစ်လောက် ဆိုရင် အဲဒီအရွယ်မှာ သင်ပေးထားတာက ဘ၇ိန်းဝပ်ပဲ။ တစ်သက်လုံး မပျောက်ဘူး
     ဘာတွေသင်လဲဆိုရင် မဟုတ်တာတွေချည်းပဲ
  • လု  –  ဘယ်လိုဟာလဲ တခုလောက် ပြောပြပါလားး

  • မျှစ်  –  ဘုရားဟော နိပါတ်တော် ဘယ်ဟာမဆို တစ်ခုမှ ဖြစ်နိုင်ချေ မရှိဘူး

  • လု  –  အစ်မ က ဗုဒ္ဓဘာသာအစစ်လားး

     စိတ်ထဲတမျိုးဖြစ်နေလို့ ပါ
  • မျှစ်  –  အမက ဗုဒ္ဒဘာသာ သိပ်စစ်တာပေါ့။

    ဥပမာ မြတ်စွာဘုရားဟာ ဘယ်ပြည်ကို နောက်တော်ပါ ရဟန်း ၅၀၀ နဲ့ကြွတယ် ဆိုကတည်းက ဖြစ်နိုင်ချေ မရှိဘူး။  အဲခေတ်က ကိန်း ဂဏန်း အရေအတွက် မပေါ်သေးဘူး

  • လု  –   မှားတယ်။   ယူဇနာ အသင်္ချေ တွေ ဘုရားဟောခဲ့တာ

     အဲ့ဒါ ကိန်း ပဲ။
  • မျှစ်  –  အကုန်လုံး ဘာလာလာ ၅၀၀ ချည်းပဲ

  • လု  –  ဒါက ပြန်ဆိုသူရဲ့ အမှားဖြစ်နိုင်ပါတယ်

    ဘုရားတပါးတည်းကြွတာတွေလည်းရှိပါတယ်

     ကြည်ညိုလွန်းတော့ အမွှန်းတင်ပြောကြတာပါ။
  • မျှစ်  –  သီလနဲ့ပတ်သက်ရင်လည်း အမ သိပ်လက်သင့်ခံလို့ မရဘူး။ စားတဲ့လူရှိလို့ သတ်တဲ့လူ ရှိတယ်။ ဒါပေမယ့် သတ်တဲ့လူကပဲ ပါဏာတိပါတာကံ ထိုက်သွားတယ်။

     သူ့အသက်သတ်တာ တကယ်ပဲ အပြစ်ရှိတယ်ဆိုရင် ယုံရင် သတ်သတ်လွတ် စားရုံပါပဲ။ ဒီကတည်းက ဒီသီလက မတရားဘူး
  • လု  –  စားတဲ့သူလည်း တဏှာနဲ့ စားရင်ဖြစ်တယ်လေ

     ဘုရားကသတ်သတ်လွတ်စားဖို့ မပြောခဲ့ဘူး
  • မျှစ်  –  အင်းလေ အဲဒါကြောင်ပေါ့့ သတ်သတ်လွတ်တော့ မစားခိုင်းဘဲနဲ့ သတ်တာကျတော့ အပြစ်ရှိသတဲ့

  • လု  –  သက်သက်လွတ်စားတိုင်းကောင်းတာမဟုတ်ဘူး

     မြင်သားကြားသား မစားနဲ့ လို့ ပြောတာ
  • မျှစ်  –  ဒါတွေကို အမက ဘုရားဟောလို့ကို မယုံတာ။ လူတွေဟာ လူ့ဦးနှောက်ရဲ့ ကလီကမာနိုင်မှုအတိုင်း ကိုယ့်ဘက်ကိုယ်ယက်ပြီး တွေးထားကြတာ

  • လု  –  ဒါဆို သီလကိုအစ်မ လုံးဝလက်မခံနိုင်ဘူးပေါ့

    မျှစ်  –  မခံဘူး

  • လု  –  အစ်မ သေချာမလေ့လာသေးလို့ ပါ

  • မျှစ်  –  မပြည့်စုံတော့တဲ့ သီလ

     ထားပါလေ သီလတွေ ဘာဝနာတွေ အဲဒါတွေက တိုင်းပြည်အတွက် ဘာမှ မကောင်းဘူး။ လူဆိုးလူယုတ်တွေ ပိုပြီး ထကြွသောင်းကျန်းလို့ ကောင်းသေးတယ်
  • လု  –  အစ်မ တဖက်စွန်းရောက်နေတယ်လို့ ထင်တယ်

  • မျှစ်  –  အစွန်းရောက်တာက ဗုဒ်ဓဘာသာတွေ၊ မွတ်စလင်တွေ။ အဲဒီတိုင်းပြည်တွေ မှာ တစ်တိုင်းပြည်မှ ဒီမိုရဲ့ အရသာစစ်စစ် မရှိဘူး။   အမက ဘာသာရေးကို ဘ၀ရဲ့ တစိတ်တပိုင်းအဖြစ်ပဲ ထားတော့တာ

  • လု  –  လုလု က အကောင်းဆုံးဘာသာကိုရွေးထားတာ ပါ လူပြောသူပြောနဲ့ ယုံထားတာမဟုတ်ဘူးလေ

  •  မျှစ်  –  သိသားပဲ။ ဒါပေမယ့် အနှစ်ကိုပဲ လုပ်လေ။
     ဗုဒ်ဓဘာသာစစ်စစ် နိုင်ငံ မြန်မာပဲ ရှိတော့တာ
     ဒီတိုင်းပြည်ဟာ ကမ္လာ့အဆင်းရဲဆုံးထဲမှာ ပါနေတယ်။ အာဏာရှင်စနစ် သက်ဆိုးအရှည်ဆုံး ထဲမှာ ပါတယ်။
     လူတွေဟာ ကိုယ်နဲ့တန်တဲ့ အစိုးရကို ရမယ်လေ။ ကိုယ်ခေါင်းပြောင်းမှ အကုန်ပြောင်းတာ
     အာဏာရှင်စနစ် ဒီလောက်တောင် သက်ဆိုးရှည်ခဲ့တာ လူတွေရဲ့ ပဓာနကျတဲ့ အတွေးအခေါ်ကြောင့်လို့ အိုဝဲ ရဲ့ သီဝရီ အရ ကောက်ယူလို့ ရတယ်
  • လု  –  အနှစ် ဆိုတာ ဘာလဲ

     အာဏာရှင်စနစ် သက်ဆိုးရှည် တာ ဘာသာရေးအစွန်းရောက်တွေကြောင့်ပါ
     ဗုဒ္ဓဘာသာက အစွန်းလွတ်ပါတယ် တရားကြောင့်မဟုတ်ဘူး လူ ကြောင့်ပါ
  • မျှစ်  –  ဒါဆို တစ်တိုင်းပြည်လုံးနီးပါး အစွန်းရောက်နေတာပေါ့

  • လု  –   ပြည့်တဲ့အိုးက ဘောင်မခတ် ဘူးဆိုသလိုပဲ လေ တရားကိုအတွင်းအနှစ်ထိသိတဲ့သူက အာဏာရှင်တွေ ခရိုနီတွေ နိုင်ငံရေးတွေ စိတ်မဝင်စားတော့ဘူး

     သူ့ အတွက် လိုရင်းကိုပဲသွားမှာ
  • မျှစ်  –  ဒီဘာသာက ဒါနပိုင်း၊ သီလပိုင်း ၊ ၀ိနည်းပိုင်း ခေတ်နဲ့အညီ ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ မဟုတ်ရင် ပြတ်ကျန်ပဲ

  • လု  –  အဲ့ဒါ မဟာယာန ပဲ

     ဘုရားစကားက ခေတ်နဲ့ အချိန်ဘယ်လောက်ပြောင်းပြောင်းမှန်တယ်
     ဘုရားချမှတ်ထားတဲ့လမ်းစဉ် ကိုပြောင်းချင်တယ်ဆိုရင် ဘုရားထက် ပညာဉာဏ် ပြည့်ဝနေဖို့ တော့ လိုလိမ့်မယ်
  • မျှစ်  –  အဲဒါတွေက ဘုရားချမှတ်ထားတယ်လို့ ဘယ်မှာ သက်သေရှိလဲ

  • လု  –  ပုထုဇဉ် အတွေးလောက်နဲ့ တော့ ဘုရားလမ်းစဉ်ကို ဖြုတ်တာ ဖျက်တာ တွေ လုပ်ဖို့ မပြောနဲ့ တွေးတောင်မတွေးသင့်ဘူး။  လူတွေ လက်ချက်ပါ

  •  မျှစ်  –  အဲဒီမှာ အာဏာရှင်စနစ်ပဲ။ တွေးတောင် မတွေးသင့်ဘူး ဆိုတာ
  • လု  –  မှားတယ်

  • မျှစ်  –  အာဏာရှင်စနစ်ဟာ အတွေးကို သတ်တာ

     စိတ်နဲ့ ပြစ်မှားလို့ကို မရဘူး။ အဲဒါ ကွန်မြူနစ် တွေရဲ့ အာဏာရှင် စနစ်
  • လု  –  ဗုဒ္ဓ ရဲ့ အနှစ် သာရ မှာ အာဏာရှင်စနစ်မပါဘူး

  • မျှစ်  –  စိတ်နဲ့ပြစ်မှားတာတောင် အပြစ်ရှိသတဲ့။ အဲဒါ အာဏာရှင်စနစ်ရဲ့ သွေးကြော

  • လု  –  အာဏာရှင်ကိုမုန်းတိုင်း တရားကို ထိခိုက်နေတာတော့ မကောင်းဘူးနော် တလမ်းစီပဲ

    အခုဆုံနေတဲ့သူတွေက ဘုရားချွတ်လို့ မရလို့ ကျန်ခဲ့တဲ့သူတွေ။  လူမိုက်တွေပေါ့

    မျှစ်  –   အမတို့ ပြောနေကြတာမှာ ကွင်းဆက်ပြတ်နေတာက အာဏာရှင်စနစ် ဖွဲ့စည်းပုံ ပျောက်နေတဲ့အကွက်။  အာဏာရှင်စနစ်ဆိုတာ လူတစ်စု လက်နက်အားကိုးနဲ့ တက်အုပ်ချုပ်ရုံနဲ့ အဓွန့်မရှည်ဘူး။ အာဏာရှင်စနစ်ဆိုတာ သစ်ပင်တစ်ပင် ရှင်သန်သလိုပဲ။ သစ်ပင် ရှင်သန်ဖို့ လေ၊ ရေ၊ မြေ၊ နေအလင်းရောင် တို့ လိုအပ်တယ်။ တစ်ခုခု ချို့တဲ့ရင် အပင် အသက်မရှင်ဘူး။  အာဏာရှင်စနစ်မှာလည်း အခြေခံလိုအပ်ချက်ရှိတယ်။ လက်နက် အားကိုး၊ ထောက်လှန်းရေး၊ မတရား ညှင်းပန်းနှိပ်စက်မှု၊ ဒီ့အပြင် အခရာအကျဆုံး အတုပြုလုပ်မှု။

  • အတုပြုလုပ်မှုဆိုတာ တိုင်းသူပြည်သားတွေရဲ့ ဦးနှောက်ကို လှည့်စားတာ၊ သိပ်ပံပညာရပ်တွေ မိုးပျံလို့ ရတယ်၊ ဒါပေမယ့် ယုံကြည်မှုမှာ အတုပဲ ဖြစ်ရမယ်။ ဘရိန်းဝပ်တာကို ပြောတာ ညီမ။ ငယ်ငယ်ကလေးထဲက ပါတီရဲ့ အတွေးအခေါ်တွေကို ထည့်သွင်းထားတာမျိုး။ တစ်ခုခု ကြံကြီးစည်ရာကို ယုံခိုင်းထားတာမျိုး။ အဲဒီ အတုပြုလုပ်မှုဟာ ဘယ်လောက်အထိ အခရာကျသလဲဆိုရင် အာဏာရှင် လူပုဂ္ဂိုလ်တောင် ရှိစရာ မလိုဘူး။ အုပ်ချုပ်တဲ့လူ ရှိစရာ မလိုဘဲနဲ့ကို တိုင်းပြည်ကို အာဏာရှင်စနစ်နဲ့ အုပ်ချုပ်လို့ ရတယ်။

  • လက်နက်ရယ်၊ ထောက်လှန်းရေးရယ်၊ ညှင်းပန်းနှိပ်စက်မှုရယ်၊ အတုပြုလုပ်မှုရယ် ဒါတွေ ရှိရင် အခြေခံလိုအပ်ချက် ပြည့်စုံတယ်။ ဒါတွေ မပြည့်စုံရင် အာဏာရှင်စနစ် မရှင်သန်ဘူး။

    ဒါဆိုရင် မြန်မာပြည်မှာ လွတ်လပ်ရေးရကတည်းက ဒီကနေ့အထိ အာဏာရှင်စနစ် တည်တံ့နေတာ ဘာဖြစ်လို့လဲ။ နှစ်ပေါင်းများစွာ ဒီစနစ် တည်တံ့ခဲ့တာမှာ စောစောက ပြောတဲ့ အခြေခံလိုအပ် ချက် တွေ ပြည့်စုံနေလို့ပါပဲ။ လက်နက်ရယ်၊ နှိပ်စက်မှုရယ်၊ ထောက်လှန်းရေး ရယ် ရှိတာ ထင်သာမြင်သာတယ်။ အတုပြုလုပ်မှုက ဘယ်မှာလဲ။

     လူတွေ ကို မျက်စိပိတ် နားပိတ် ပါးစပ်ပိတ် ခဲ့တာ အတု ပြုလုပ်မှုထဲမှာ အကျုံး ၀င်တယ်။
     အခု ဒီအတု ပြုလုပ်မှု မရှိတော့ဘူး။ လက်နက်ရယ်၊ ညှင်းပန်းနှိပ်စက်မှုရယ်၊ ထောက်လှန်းရေးရယ် ဒါတွေလည်း အ ခု မရှိတော့ဘူး။ ဒါဆိုရင် ဒီတိုင်းပြည် ဒီမို ရပြီပေါ့။ အခု အမတို့ တိုင်းပြည်က ဒီမိုလား။ အမည်နာမအရတော့ ဒီမိုပဲ။
  • အနှစ်သာရပိုင်းမှာကတော့ စစ်ရာဇ၀တ်ကောင်တွေ အေးအေးဆေးဆေး လမ်းသလားနေလို့ ရတဲ့ တိုင်းပြည်ဟာ ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်လား။
  • လု  –  လွတ်လပ်ရေးရကတည်းက ချက်ခြင်းဆိုသလို ဦးနေဝင်းလက်ထဲရောက်ခဲ့ ရတယ် လက်နတ် အားကိုးနဲ့ 

  • မျှစ်  –  တိုင်းပြည်ရဲ့ အကြီးမားဆုံး အင်အားက စစ်တပ်ရဲ့ လက်နက် မဟုတ်။ ပြည်သူ ပါတဲ့
  • လု  –  ပြည်သူကို လှုပ်မရအောင်လုပ်ထားခဲ့တာ။  တခွန်းမှမဟရဲအောင်လုပ်ခဲ့တာ

  • မျှစ်  –  ပြည်သူ့အင်အား ဘယ်လောက်ကြီးသလဲဆိုရင် ခုပဲ စစ်ကောင်တွေကို ကန်ချလိုက်ပြီလေ။

    ဒါပေမယ့် ပြည်သူတွေရဲ့ ဘာသာရေးဆိုင်ရာ အတွေးအခေါ်က သက်ရောက်မှု သိပ်ကြီးတယ်။ ဒါကြောင့် စစ်ကောင်တွေ အေးဆေး လမ်းသလားလို့ ရနေတာ။

  • ပြည်သူကိုက လိုလားရင် လိုလားတဲ့အတိုင်း ဖြစ်ပေးရတယ်။ ပြည်သူ့အင်အား အကြီးဆုံးမို့။

    ဒီတိုင်းပြည်မှာ ခုပဲကြည့် လက်တုံ့ပြန်တာကို မ ထောက်ခံတဲ့လူ ဘယ်နှရာခိုင်နှုန်း ရှိမလဲ။ ၉၉ လောက်ရှိမယ်။ ဒီတော့ ပြည်သူ့ဆန္ဒအတိုင်း ဖြစ်ရတာပဲ။

    ဒါကြောင့်မို့ တိုင်းပြည်ဟာ ကိုယ်နဲ့တန်တဲ့ အစိုးရပဲ ရတယ်လို့ပြောတာ

     ဘာသာတရားကိုင်းရှိုင်းတဲ့ တိုင်းပြည်မှာပဲ ခုလို မဟုတ်တာကို လုပ်လို့ရတာ။
  • လု  –   နောက်ကြောင်းပြန်နေရင် ရှေ့ မရောက်တော့ဘူးလေ လုပ်စရာတွေက အများကြီး အဲ့လိုအဖြစ်တွေ နောက်မရှိအောင် ကာကွယ်ထားဖို့ ပဲလိုတာပေါ့

  • မျှစ်  –  မရနိုင်ဘူး လုလု။ F=ma လိုပဲ။ အီကွေးရှင်းတစ်ကြောင်းလို တိကျသေချာတဲ့ သီဝရီ။ လူတွေ ခေါင်းမပြောင်းရင် ဘာမှ မပြောင်းဘူး။

     ဒီဘာသာရေးက အစစ်ဆိုတာ ဗုဒ်ဓဘာသာဝင်တိုင်း သိတယ်။ အနှစ်ပိုင်းမှာ အစစ်။
     အပေါ်ယံအကာ ကနေ ဆွဲယူလာတဲ့ အတွေးအခေါ်တွေကတော့ လူတွေကို သိပ်လွှမ်းမိုးတယ်

     ပြုသူအသစ် ဖြစ်သူအဟောင်းတွေ။ အတိတ်ကံကို အလွန်အမင်း ပုံချတာတွေ။ အဲဒါတွေ
     ဥပမာ ဝေသန္တရာ ဇာတ်ဆိုပါတော

    တိုင်းပြည်နဲ့ သက်ဆိုင်တဲ့ ဆင်ဖြူတော်ကို ဘုရင်က ပေးပစ်လိုက်တယ်။ ဒါ အလွဲသုံးစားမှု။ မိန်းမနဲ့ ကလေးတွေကို ပေးပစ်လိုက်တယ်။ ဒါ အလှူ ဒါန မဟုတ်။ ရက်စက်မှု။ လူကုန်ကူးမှု

     တေမိဇာတ်၊ နေမိဇာတ် ဘာမှ ကို အဓိပ်ပါယ် မရှိ။ ဘုရားဟော ဆိုတာ မယုံပါဘူး။ လူတွေ လျှောက်ရေးထားတာ
  • လု —   နောက်တမျိုးအဓိပ္ပာယ်က လူအများကိုကယ်ချင်လို့ ပါရမီတခုကို ရင်ကွဲခံပြီးဖြည့်ရတာလေ

  • မျှစ်  –  အမတို့ အာလူးဖုတ်တာ ကျက်မယ် မထင်ဘူးနော်။

  • လု  –  ဘယ်တော့မှမကျက်နိုင်ဘူး

     အမြင်မတူတဲ့သူနှစ်ယောက်ဖုတ်တာပဲ မီးများတယ် မီးနဲတယ်နဲ့ မကျက်တော့ဘူး

    အရူးတကာ့ အရူးထဲမှာ အာဏာရူးက ချွတ်ရအခက်ဆုံးတဲ့။ အိမ်ထောင်ဦးစီးး ဆယ်အိမ်မှူး အလုပ်ရှင် ဌာနမှူး အဲ့ဒါတွေ အကုန်လုံးကအာဏာအနဲအများပေါ်မူတည်ပြီး မသိမသာ ရူးကြသေးတာပဲ ။ ခေတ်တွေ စနစ်တွေ ဘယ်လောက်ပြောင်းပြောင်းအာဏာရှင်တွေ အာဏာရူးတွေ ရှိနေမှာပဲ်

    ဗုဒ္ဓဘာသာဆိုတာ အာဏာရှင်တွေ ပပျောက်အောင်လုပ်ပေးတာ မွေးထုတ်ပေးနေတာမဟုတ်ဘူးးး။ ငရဲ ရှိလို့  ရှိတယ် ပြောထားတာကို ခြိမ်းခြောက်တယ်လို့ မထင်ဘူးး။ မယုံလို့ ပြစ်မှားစော်ကားမိရင် ကိုယ်ပဲခံရမှာ ။ အဲ့လိုမဖြစ်အောင် ကြိုတင်ကာကွယ်ခိုင်းတာလို့ ပဲထင်တယ် ။ ဒါကို အခွင့်ကောင်းယူပြီးလုပ်စားနေတဲ့သူတွေလည်းရှိမှာပဲ အဲ့ဒါ သူတို့ အပိုင်း အဓိက က ကိုယ်မှာ အမှားအမှန်ဝေဖန်ခွဲခြားတတ်တဲ့ ပညာရှိနေဖို့ ပဲ လိုတယ် ။ ဗုဒ္ဓဘာသာဆိုတာ သီလ တရားကိုအခြေခံထားတော့ သီလ ကို လက်မခံနိုင်ဘူးဆိုရင် ဗုဒ္ဓဘာသာ မဖြစ်နိုင်ဘူး ။ အမည်ခံပဲ ဖြစ်လိမ့်မယ် ။ အခြေခံတရားကိုမစောင့်ထိန်းနိုင်ရင် အာဏာရှင်တွေ ပိုင်းလုံးတွေ ခေါင်းပုံဖြတ်တာတွေ သူခိုးဂျပိုးတွေ လူသတ်သမားတွေရှိနေဦးမှာပဲ ။

About ၀င့်ပြုံးမြင့်

wintpyone myint has written 59 post in this Website..

IN LOVE I TRUST.