ငယ်ငယ်တုန်းက ဇလင်းထမုံ

10338845_10201126423879138_3653549063687944557_nငယ်ငယ်တုန်းက ဇလင်းထမုံ ဇလုံထမင်း။ ဖေ့ဘွတ်မှာ ဇလုံထမင်းတွေတွေ့တော့ သတိရလာတယ်။ ဇလုံထမင်းကို သတိမရခင် မှတ်မှတ်ရရသတိရမိတာ စတီးလ်ပန်းကန်တွေ ငယ်ငယ်တုန်းကတော့ ကျမကွဲအောင်ကျွေးတာလေ။ ကိုယ်က ကလေးဆိုတော့ စတီးလ်ပန်းကန်ကို လှည့်လှည့်ပြီးစားတာ ပန်းကန်သွားရင် တစ်လုတ်၊ နောက်တစ်လုတ်မစားခင် ထပ်လှည့်နဲ့။ ဟိဟိ။

12592657_10201126423239122_265751457204124630_n

အခုတော့ စတီးလ်ပန်းကန် ဒါမှမဟုတ် စတီးလ်ဇလုံဆို မစားချင်တော့ စိတ်ထဲလည်း ဘာဖြစ်မှန်းမသိဘူး။ ကြွေပန်းကန် ကြွေပန်းကန်လုံး နဲ့ပဲ စားချင်တော့တယ်။ ခုတော်တော်များများဆို စတီးလ်ကို သုံးတဲ့ လူမျိုးတွေသာ တွင်တွင်ကျယ်ကျယ် သုံးတာ တွေ့သလားလို့ပါ။

12644946_10201126422679108_4154070341340184375_n

ဇလုံထမင်းအကြောင်း ပြန်လှည့်ရအောင်။ ဇလုံထမင်းနဲ့ သိပ်မဝေးခဲ့ပေမယ့် သိပ်တော့ မထိတွေ့ဖြစ်ဘူးဆို မှန်ပါတယ်။ ဇလုံထမင်း ဘယ်လိုဖြစ်လာသလဲတော့ သေချာမသိပေမယ့်။ ကျတော့်အနေနဲ့ ဇလုံထမင်း ဘယ်လိုဖြစ်ခဲ့လဲဆိုတော့ တွေးတော မှန်းဆ ရမ်းတုတ် ကြည့်လိုက်တယ်။ ဟိဟိ။

12650840_10201126422919114_4895486998824771634_n

ငယ်ငယ်တုန်းကတော့ ဟင်းအနှစ်ဆို သိပ်ကြိုက်တာလေ။ အဲ့တော့ ဘာဟင်းချက်ချက် အိုးမှာကပ်နေတဲ့ အနှစ်တွေနဲ့ ထမင်းကို ဟင်းအိုထဲထည့် ပြောင်အောင်နယ်ပြီး ဇလုံထဲထည့် ပြီးရင် ကိုယ်ကြိုက်တဲ့ ဟင်းပုံ အသီးအရွက်ထည့်ပြီးစားတာလဲ။ ဟင်းအိုးကပ် နယ်ရင်းကနေ ဇလုံထမင်းဆိုတာ ဖြစ်လာတာလား။ အခု ဇလုံထမင်းရောင်းတဲ့ဆိုင်လေးလည်း ပေါ်နေပြီဆိုတာတွေ့လိုက်တယ်။ ကျတော့်အနေနဲ့ကတော့ စတီးလ်ဇလုံကြီးနဲ့ ထည့်မယ့်အစား ကြွေဇလုံလေးဆို သန့်သန့်ခန့်ခန့်နဲ့ ပိုပြီးစားချင်စဖွယ်ဖြစ်မှာနော်။ ခုတော့ ဇလုံထမင်းတွေကြည့်ပြီး သွားရည်ကျပေမယ့် စတီးလ်ဇလုံတွေထက်စာရင် ကြွေဇလုံလေးတွေနဲ့ဆို ပိုမကောင်းဘူးရယ်လားလို့။

12661787_10201126423639132_8523130889059128240_n12654491_10201126423079118_1476713915879738657_n

လေးစားစွာဖြင့်

အောင်မိုးသူ

20 comments

  • ခင်ဇော်

    June 15, 2016 at 4:13 pm

    ဇလုံနဲ့ စားနေပုံထဲတော့ ကိုရီးရားတွေ ညဘက် ထမင်းအေးအေးထဲကို
    ကင်ချိတွေထည့်ပြီး နယ် တစ်ယောက်တစ်လုပ်စားတာမြင်တိုင်း အိမ်ကို သတိရတယ်။
    မောင်နှမ ဝမ်းကွဲ ၈ ယောက်စုံရင် ထမင်းကို တစ်ယောက်တစ်ပေါက်စားလွန်းလို့ အမေ တစ်ယောက်ယောက်က ဇလုံကြီးထဲ ကြက်ဥပြုတ်တွေခြေ ဆီဆားထည့် မြေပဲလှော်ဖြူးပြီး တစ်ယောက်တစ်လုပ်ခွံ့တာကို မှတ်မိတယ်။

    အဲလို မရွံတတ်တဲ့ မောင်နှမ သူငယ်ချင်းနဲ့ သွားစားရရင် ကောင်းမယ်နော်။

    ဇလုံထမင်း ဆိုတာ ပုံစား ရာက စတယ်လို့ထင်တယ်။
    ထမင်းစားပွဲမှာ မထိုင်အားရင် ဇလုံထဲ ထမင်းထည့် ရှိတဲ့ ဟင်းတွေ စုပုံပြီး အမြန်စားရတာက များ စ လေသလား

    🙂

    • အောင် မိုးသူ

      June 15, 2016 at 4:25 pm

      မောင်နှမတွေ သူငယ်ချင်းတွေနဲ့ စားတာ မရွံပါဘူး။ စတီးလ်နဲ့စားတာကို မစားတတ်တာ။ ကြွေဇလုံလေးနဲ့ဆို ဘယ်လောက် ကောင်းမလဲနော်။

  • kai

    June 15, 2016 at 5:19 pm

    နန်းတော်ရှေ့ဆရာတင်ရဲ့.. အသက်ရှည်ရှည် ခင်ခင်မင်မင်၊ လက်ရေတပြင်စီး၊ သီချင်းအရ… မြန်မာတွေ နှီးဒေါင်းလန်းတွေနဲ့ထမင်းစားတာမှာ.. လက်တွေနဲ့နှိုက်တာမို့.. တယောက်လက်ကစီးကျရတဲ့…ဟင်းရည်ဟာ..ဟိုမှာဖက်တယောက်လည်း သွားရည်တွေနဲ့လုံးထွေးစားရတာပေါ့..။
    မိသားစု.. မိတ်ဆွေတွေ.. ချစ်ချစ်ခင်ခင်နေကြတာကို ရည်ညွှန်းတာ..။

    ဒီခေတ်တော့.. အဲလိုလုပ်ရင်.. ရွံတာမရွံတာဘေးချိပ်.. ဘီပိုး..စီပိုး..တီဘီတွေ ပါတ်လည်ရိုက်ကုန်မလားပဲ…။

    ဘာပဲဖြစ်ဖြစ်… ပုံနံပါတ်၂ က.. ဇလုံစာလေးတော့ (ဘာဇလုံနဲ့လာလာ) စားချင်သား…။ :k:

      • kai

        June 16, 2016 at 11:08 am

        ဘီပိုးက ကာကွယ်ဆေးရှိတယ်.. ဖြစ်ရင်ပျောက်အောင်ကုမရတဲ့..။
        စီပိုးက.. ကာကွယ်ဆေးမရှိ.. ဖြစ်ရင် ပျောက်အောင်ကုလို့ရပြီတဲ့…။
        ဘယ်ဟာ ပေါက်ကြိုသလဲ…။ :k:

        • အောင် မိုးသူ

          June 16, 2016 at 1:03 pm

          ကျတော်က ဘီပိုး အန်တီဘော်ဒီ အော်တိုပေါ်ပြီးသား 🙂

        • kai

          June 16, 2016 at 1:55 pm

          ကံကောင်းတာပေါ့..။ ကျုပ်မှာဖြင့်..အန်တိုင်ပေါ်ဖို့အရေး အတွဲလိုက် ၂ခါထောင်ထိုးရတယ်..။

  • Thint Aye Yeik

    June 15, 2016 at 5:40 pm

    မငီးးးးး ရုံးက ပြန်ခါနီးမှ ဝင်ကြည့်လိုက်တာ ။ ဗိုက်ဆာလိုက်တာ… ဂွီ….ဂလွီ….

    :mrgreen:

  • အိမ်မှာဆို အဖေနဲ့ မောင်လေးက အဲဒီလို သိပ်စားတာ . . . ကိုယ်တွေက ချဉ်ပေါင်ဟင်းချက်တဲ့နေ့လောက်က လွဲရင် သိပ်မစားဖြစ်ဘူး . . . ဟိ . . . မစားတတ်ဘူးလို့ ဆိုရမလားပဲ . . .

  • ဝင့်ပြုံးမြင့်

    June 15, 2016 at 8:44 pm

    နံပါတ် ၃ စားချင်တယ်။ မျှစ်နုနုလေး တွေ ကြိုက်လို့

  • ဂျစ်စူ

    June 15, 2016 at 8:49 pm

    ဇလုံထဲထည့်
    လက်နဲ့
    နယ်ဖက်စားတဲ့အခါတိုင်း
    စားလို့ ဝင်သဗျာ
    ခုတော့
    စားပြီးမှ ကြည့်မိသမို့
    အစား စောလိုက်လေခြင်း
    😳

  • မြစပဲရိုး

    June 16, 2016 at 4:22 am

    စတီး ပစ္စည်း တွေ က ဆေးကြောပြီး အသေအချာ ရေခြောက်အောင် မသုတ်ပေးရင် ရေကွက်ရာ တွေ နဲ့ ရုပ်ဆိုး။
    ဒါကြောင့် အရီး လဲ မကြိုက်။ ကြွေတွေ က သုတ်မပေးလဲ သူ့ဟာသူ ပြောင်နေရော။
    အရင် မဆလာအချိန်တုန်း က ကြွေရည်သုတ် ဇလုံ၊ ပန်းကန်၊ ချိုင့်၊ မတ်ခွက် တွေ လှသား။ မြန်မာပြည် ဖြစ်နော။
    ကြွေရည်ကွာ ရင်တော့ သုံးမကောင်းတော့ဘူးပေါ့။

    အားလုံး စားချင်စရာတွေ။ ကြက်သွန်နီ အလုံးလိုက် က တော့ ထူးဆန်းသလိုဘဲ။

  • ဂျက်စပဲရိုး

    June 16, 2016 at 10:16 am

    အဲဒီ ဇလုံ ထမင်း နဲ့ပဲ ကြီးလာရတာ။
    ငယ်ငယ်ထဲက အပျင်းက တစ် လေ တော့
    ထမင်းကို ပန်းကန်ထဲခူး ဟင်းပန်းကန်တွေ ဘာတွေ နဲ့ ခပ်စားရတာ မစားချင်လို့ ဆိုပြီး
    အကြီး (အမေ့ အမ ကြီးဒေါ်) က ဇလုံထဲ ထမင်းတွေ ထည့် ဟင်းအနှစ် ဟင်းရည် ငပိရည် တွေ နဲ့ နယ်ဖတ်ပေး ပြီးတော့မှ အသားဖတ်လေးတွေကို သက်သက် ထည့်ပေးတာကို စားလာခဲ့တာ။
    ပြီးတော့ မိသားစု နဲ့ မစားဘဲ ကိုယ့်ဖာသာ ကိုယ် စာအုပ်ဖတ်ရင်း ရုပ်ရှင်ကြည့်ရင်း စားချင်တာကြောင့်လဲ ပါတယ်။
    ထမင်းဝိုင်းမှာ မထိုင်ဘဲနဲ့ ဟင်းတွေ အကုန် ပန်းကန်ထဲထည့် နယ်ဖတ်ပြီးတော့ အိမ်ရှေ့မှာ စာတစ်အုပ် နဲ့ စားနေကြကိုး။

    ရင်နာ စရာ တစ်ခုကတော့ မနှစ်က အိမ်ပြန်တော့ အိမ်က ခွေး ၂ ကောင် ဖို့ ဇလုံ အသစ်လေးတွေ ဝယ်ပြီး ထမင်း ကျွေးတယ် တဲ့။

    သား ဇလုံ ကော ဆိုတော့ အဲ့ဒါတော့ အရင် အဟောင်းပဲတဲ့
    အာ့နဲ့ပဲ စားတဲ့…

    ဟီးဟီးဟီး 😛 😛 😛

  • Foolish Girl

    June 16, 2016 at 2:21 pm

    ငယ်ငယ်တုန်းကအိမ်ဘေးကသူငယ်ချင်းတွေနဲ့သွားဆော့ရင်း
    အဲဒီအိမ်ကအန်တီကြီင်္းက သူတို့သားသမီးတွေနဲ့အတူတူ
    စတီးဇလုံကြီးထဲထမင်းတွေထည့်ဟင်းတွေနဲ့ရောနယ်ပြီး
    တစ်ယောက်တလှည့်ခွံကျွေးတာတော့စားခဲ့ဖူးတယ်။

  • ဦးကြောင်ကြီး

    June 17, 2016 at 9:51 am

    လဖက်ထမင်း စားခြင်တယ်။။။

Leave a Reply