လမ်းပြချင်သောလမ်းပျောက်သူ

အေတြးေလးJune 16, 20161min994

ဆန္ဒနဲ့ဘဝထပ်တူကျရင်
အညတရဆိုတာဘယ်ရှိပါ့မလဲ
ကိုယ့်လိပ်ပြာကိုယ်တောင်
မနည်းလုံအောင်ထိန်းတဲ့လောကမှာ
ခဏခဏအမှားတွေလည်းများခဲ့လေရဲ့။
မကြားတကြားပုတ်ခတ်မှုတွေကြားလည်း
အမှားမှားအယွင်းယွင်းလဲပြိုဖူးတယ်
ဘဝဟာခဏဆိုတာလည်းသိရဲ့
ထိုခဏဆိုတဲ့အရာတွေကြားထဲ . . .
ကြုံဖူးပါရဲ့ . . .    
တစ်ဘဝစာလို့ယူဆထားပေမယ့်
ခဏလေးနဲ့နှုတ်ဆက်ရတဲ့အခိုက်အတန့်တွေ
ဝေးကွာမှုတွေကိုတော့ခြေရာကောက်မနေတော့ပါဘူး
တွေးနေတာတစ်ခုက . .အတ္တတွေရဲ့အထုပ္ပတ္တိ
ဟုတ်တိပတ်တိတွေးကြည့်တော့ . . .
အတ္တဆိုတာ တခါတခါ တော့ချိုမြိန်တတ်တာပဲလေ
ဘဝဆိုတဲ့ဝေါ ဟာရကြား  ..
ဖြစ်သင့်တာတွေရွေးချယ်ကြတဲ့လောကမှာ
ဖြစ်ချင်တာတွေကပျက်ရယ်ပြုခြင်းခံကြရတယ်။
ဆန္ဒဆိုတာ အိပ်မက်ဖြစ်နေရင်တောင်
အိပ်မက်မက်နေသရွေ့ဆန္ဒတွေအသက်ရှင်မယ်။
စိတ်ဟာ ကိုယ်မဟုတ်တော့
လျှောက်ချင်တဲ့လမ်းကစမ်းတဝါးဝါး
တခမ်းတနားမရှိတဲ့ ဘဝတွေကိုလည်း
ပန်းများလို လန်းဆန်းစေချင် .. . . .
လမ်းမှားတွေကိုမလျှောက်မိဖို့လည်း
ဆုတောင်းပေးမိရဲ့ . . .
တစ်ခါတစ်ခါတော့  . . . .
ကိုယ်လျှောက်နေတဲ့လမ်း ကိုယ်
မှား၏မှန်၏ခွဲခြားမရသေးတာလည်း
ကိုယ်တိုင်မေ့လျော့ထားခဲ့ချင်လေရဲ့   . .။

အတွေးလေး( ပြင်ဦးလွင်)
၁၆.၆.၂၀၁၆

4 comments

  • ဦးကြောင်ကြီး

    June 17, 2016 at 9:54 am

    ပြင်အူးလွင်
    ခင်ထူးအင်
    လွင်ဖူးကြင်
    ရှင်ဘူးစင်။။

  • ဝင့်ပြုံးမြင့်

    June 18, 2016 at 2:22 pm

    ဥပဒေမေဂျာ တက်မယ့်လူဆိုတော့ နောင် ပြောစရာတွေ အများကြီး တွေ့လာမှာ။ ရေးလို့တောင် နိုင်မှာ မဟုတ်ဘူး။ ဥပဒေမေဂျာသမားအတွက် ဒီရွာဟာ ရှယ်ဖြစ်လာလိမ့်မယ်။

  • Thint Aye Yeik

    June 18, 2016 at 5:24 pm

    ခံစားချက်တွေ ပေါက်ထွက်လာတော့လည်း ကဗျာတွေ စာတွေ ချရေးမိတယ်ပေါ့

    ဖတ်သွားပါကြောင်း
    မကြာမကြာ ပြန်ပေါ်လာစေချင်ပါကြောင်းး

    :k:

  • ဂျစ်စူ

    June 19, 2016 at 1:28 pm

    ဘာဘဲလိုလို
    ရန်ဂုန် လမ်းညွှန်မှာ စိတယ်
    ဗျဲု

Leave a Reply