ကိုယ့်ပေါင်ကိုယ်သာ ထောင်းပါတော့မည်..(၁)

ခရီးအစ……………………..

စိတ်ထဲ မရိုးမရွ ခုလုခုလုနဲ့….
ပြောချင်လိုက်တာနော်  … ပြောချင်လိုက်တာ…
ဒါပေသိ အခုတလော ဘယ်သူနဲ့မှ စကားပြောဘို့က မကြုံ..
ကိုချောနဲ့ကလဲ တစ်လောကမှ စိတ်တိုင်းကျမှာ လေပစ်ထားတာ..
ကိုမိုက်နဲ့ကလဲ တကူးတက မတွေ့ဖြစ်..
အခြားငယ်ပေါင်း ကြီးပေါင်းများနဲ့လဲ မိုးတစိမ့်စိမ့်မို့ ချိန်းဟဲ့ ဆုံဟဲ့မလုပ်ဖြစ်..
လုပ်ဖြစ်သည်ပဲထား… သူတို့စိတ်ဝင်စားတာက တမျိုး ကိုယ်ပြောချင်တာကတဘာသာ..

ဒီလို့နဲ့စဉ်းစားရင်း လူငယ်တစ်ယောက်ကို သတိရမိသည်
သူ့ခမျာ ဗုဒ္ဓဘာသာလဲဖြစ်ချင် ဗုဒ္ဓဘာသာထဲက အကြောင်းတွေကိုလဲ တစ်ခုမှ အစာမကြေ..
သူနဲ့ ပြောဖြစ်လိုက်မှဖြင့် တစ်စိတ်က တစ်အိတ်- လျှောမွေးကို ဗာရာဏသီချဲ့ပြီး
ဩကာသတပုဒ်ကို လဘက်ရည်ဆိုင် ခြောက်ခါထိုင်လောက်ရှင်းယူရသည်။
သူနဲ့ပြောချင်ရင်တော့ သူ့ကိုခေါ်လို့ ချိန်းလို့ မရ…
သူ့ဆီသွားရမည်…….
ဟုတ်သည်..
သူ့ဆီရောက်ဖို့ လွန်ခဲ့သော (၃၂)နှစ်ဆီ သွားရပါလိမ့်မည်…….။

……………………

သူ့နာမည်ရင်းကတော့ထားပါတော့..
သူ့နာမည်ပြောင် nick name တစ်ခုက  ဂျပန်ကြီး  ပါတဲ့..။
ဘယ်လို ဒီနာမည်ဖြစ်လာသလဲဆိုတော့..
အင်မတန်အရပ်ပုပြီး အင်မတန်လဲ ရက်စက်လို့ပါတဲ့….
တစ်နေ့သား နေ့လည်ခင်း  ပျင်းစရာကောင်းလှတဲ့ အချိန်မှာ
နဝဒေးဆောင် အခန်းကိုးက ကုတင်ပေါ်မှာ
သူ့ထက်အဆမတန်အားခွန်ဗလကြီးမားလှသူ သူငယ်ချင်းတစ်ဦးက
သူ့ကို နောက်ပြောင်ပြီး မလှုပ်နိုင်အောင် ဖမ်းချုပ်ဖိညှစ်ထားခဲ့သည်
ကံဆိုးသည်က သူ့လက်တစ်ဖက်က လွတ်နေပြီး အဲသည်လက်ရဲ့တကမ်းအကွာမှာလဲ
ခြင်ထောင်အပြဲကိုဖာသည့် တွယ်ချိတ်ကြီးကြီးတစ်ချောင်း ရှိနေခဲ့လေသည်…
ဂျနီဗာကွန်ဗင်းရှင်းကိုလိုက်နာသောအားဖြင့် သတိတော့ ပေးလိုက်ပါသေးသည်..
သို့ရာတွင် တဖက်သားက ညှိနှိုင်းမရအောင်တင်းမာနေသည်၏အဆုံး….
အဲသည်ချိတ်ကြီးကို လွတ်နေတဲ့လက်တဖက်နဲ့လှမ်းဖြုတ်ပြီး
မီတဲ့နေရာကို ချိတ်တဆုံးထိုးထည့်လိုက်သည်မှ ….. အစပြုကာ..
အမည်သညာ ခေါ်စရာကား     ဂျပန်ကြီး    ဟူသတတ်……။

အံမယ်…

နာမည်ကသာဂျပန်   ..    တွေးလိုက်မှဖြင့် ကွန်မြူနစ်လိုချည်း…
ပြောတော့ ဗုဒ္ဓဘာသာတဲ့… တက်လိုက်သမျှကွန်ပလိန်းတွေက တောင်ပုံယာပုံ
ကိုယ်သာဘုရားဆို သူ့ကို ပြန်အမ်းပြီးတောင် တခြားပြောင်းကိုးကွယ်ခိုင်းမိမလားပဲ..
နားလည်းထောင်ကြည့်ဦးပရိတ်သတ်…..
ဘုရားအလောင်းတောထွက်တော့ ဗိုလ်ခြေတစ်ထောင်ဖွင့်မှရတဲ့ မြို့တံခါးကြီး နတ်တို့တန်ခိုးနဲ့ အလိုလိုပွင့်သွားတယ်ဆိုတာကို ရယ်သွမ်းသွေးသည်
ရာဇဂြိုလ်မြို့မှာ လူဦးရေ ကိုးကုဋေရှိသည်ဆိုသည်ကို ဟာသလုပ်သည်
သီတင်းကျွတ်မှာ ဘုရားရှင် နတ်ပြည်က ရွှေစောင်းတန်းငွေစောင်းတန်းတွေနဲ့ ဆင်းလာသည်ဆိုတာကို
ခေါင်းတစ်ခါခါ..
ဝိသာခါ ကျောင်းအမကြီး ဆင်ပြောင်ငါးစီးအားရှိသည်ဆိုတာကို ချဉ်ပေါင်ငါးစီးဖြစ်မှာပါဟု ပြောင်သည်
ရှင်ဥပဂုတ်ကိုယ်တော် ဆွမ်းစားမလို့ မွန်းတည့်ခါနီးမို့ နေကိုရပ်ထားတယ်ဆိုတာကိုလဲ ပြသနာရှာလို့မဆုံး
လေးကျွန်းတမြင့်မိုရ် နတ်ပြည်ခြောက်ထပ်တွေကိုတော့  ငြင်းလို့မဆုံး..
ငရဲ နဲ့ အဝီစိ ကိုလဲ အလွတ်မပေး.. ကိုယ်နေခဲ့တဲ့နေရာတောင် မမှတ်မိတော့တာ..။
အရင်ခေတ်ကို ထားတော့ .
အခုခေတ်မှာကို သီရိလင်္ကာစွယ်တော်လဲမချန် မန်းစက်တော်ရာလဲ မလွတ်
သူ့အတွက်တော့ နေရာတကာ ဝေဖန်စရာချည်း ဖြစ်နေတော့သည်….

……..
အခုတော့ အချိန်တန်လေပြီ…
ဘုရားခေတ်တုန်းက တီထွေးကြီးထဲပါနေခဲ့တဲ့ကောင် …
ဝိမုတ္တိယုဂခေတ် နှစ်ငါးရာမှ ဖြူးဆရာတော်ရဲ့တပြည့် ဦးပါလေရာနဲ့တွေ့လေတော့မည်…။
သာဝကချွတ်မှကျွတ်မဲ့ကောင်ဆီ
ခရီးထွက်ဖို့ ခပ်သုတ်သုတ်ပြင်သည်..
ဗီရိုအံဆွဲနောက်ဆုံးမှာထည့်ထားတဲ့ ဂက်စ်မီးခြစ်အရွယ် ကာလခရီးသွားစက်ကလေးကို
ထုတ်ယူ ဖုန်သုတ်ပြီး မိုက်ကရိုယူအက်စ်ဘီကြိုးလေးနဲ့ အားပြန်သွင်းသည်..
ဗိုလ်ချုပ်ဈေးကိုသွားကာ ဆူဗီးနီးယားဆိုင်တွေမှ မူးစေ့မတ်စေ့ ငွေစက္ကူအဟောင်းတွေဝယ်ရသည်..
တက္ကနီကယ်ရှောခ့်မဖြစ်အောင်သတိထားတဲ့အနေနဲ့ ရှေးခေတ်သုံး ဓါတ်ဆီမီးခြစ်အဟောင်းလေး
ဘုရားဈေးတကာ ပတ်ရှာတာ ကံကောင်းစွာ မယ်လမုဘုရားမှာ ဝယ်လို့ရသွားသည်။
လက်ရှိလွယ်နေကျကြိုးသိုင်းအိတ်အစား လွယ်အိတ်ဖါးဖါးကြီးကြီးတစ်လုံးရှာဝယ်သည်..။
အကုန်စုံပြီဆိုတော့  သွေးကျဆေးနဲ့ ရေတစ်ခွက်အဝသောက်ပြီး
အရင်မှားရောက်ဖူးတဲ့ ဖွတ်ဂြိုလ်ကိုပြန်မရောက်ရအောင် သတိကြီးစွာထားလို့
ခရီးသွားစက်ကလေးကို ဆက်တင်ချိန်သည်..

..
၁၉၈၄  ခုနှစ်
ဧပြီလဆန်း ၁ ရက် တနင်္ဂနွေ ၁၃းဝ၀
မြန်မာ၊ ရန်ကုန်၊ ကမာရွတ်၊ ဘီအီးဒီကင်တင်းအနီး

………. ဂျောက် !!!!! 
..

ဦးဦးပါလေရာ

..

36 comments

  • ခင်ဇော်

    June 19, 2016 at 4:42 pm

    လိုက်ခဲ့ ပါ့မယ် ဥဥပါ..

    တစ်ခုပြောရရင်
    ဗုဒ္ဓဘာသာမှာ မှားးနေတယ် လို့ထောက်ပြတိုင်းးး
    အဲလို အကာပိုင်းးတွေ ကို ချည်းး ဖြစ်နေတတ်ပြီးးး
    အနှစ်ပိုင်းးအတွက် ကိုယ်တိုင် ကျင့်ကြံလိုက်နာပြီးး မှားးပါတယ် လိုပါတယ် လို့ ထောက်ပြတဲ့ သူတွေ မတွေ့ရတာပဲ…
    ???
    ဆိုတော့ …..
    စောင့်ဖတ်ပါ့မယ် ခညာ…
    ??

    • ဦးဦးပါလေရာ

      June 19, 2016 at 9:29 pm

      အနှစ်ပိုင်းကိုတော့ ကိုယ်တိုင်မကျင့်ကြံမှသာ မှားတယ်လို့ ပြောနိုင်မှာထင်တယ် ..

  • မြစပဲရိုး

    June 19, 2016 at 5:32 pm

    ကြုံတုန်း မှာဗျစီ။
    ဘီအီးဒီကင်တင်းအနီး ပြန်ရောက် ခဲ့ ရင် ပုဇွန်ခွက်ကြော်သုတ် လေး ဆွဲခဲ့စမ်းပါ ကိုပါ။
    တစ်တို့ နှစ်တို့ မက တစ်ပန်းကန်လုံး တီး မှာ။ 😉

    • ဦးဦးပါလေရာ

      June 19, 2016 at 9:32 pm

      ဟိုတစ်လောကတောင်ရောက်သေးတယ်
      ဘီအီးဒီကင်တင်းက နေရာတော့ ရွှေ့သွားတယ်
      အရင်ဆိုင် အရင်လူတွေပဲ ..
      ပုဇွန်ခွက်ကြော်သုတ်နဲ့ ရေခဲသုတ်နာမည်ကြီးတဲ့ ဦးတင်ဝင်းလဲ အခုထိရှိတယ်
      အခုထိကိုယ်တိုင် နဲနဲ လုပ်နေတုန်း…

  • တစ်ခါသား ကျောက်ကွင်းအရေးတော်ပုံဖတ်တော့ အဲဒီထဲက စာသားလေးတစ်ခုကို သတိရမိနေတယ် . . . . တစ်ဖက်က ပြောတယ် . . . ဘုရားက ဝါဆိုလပြည့်နေ့မှာ ပဋိသန္ဓေတည်တယ်ဆိုတော့ ဘုရားရဲ့မိဘတွေက အခါကြီးရက်ကြီးမရှောင် သံဝါသပြုကြတာလားတဲ့ . .

    အဲဒီအချိန်မှာ ကိုယ်တွေးလိုက်မိတာက အဲဒီခေတ်က ဘုရားတောင် ခုမှဖွားမြင်တဲ့အချိန်မှာ ဝါဆိုလပြည့်နေ့ကို အခါကြီးရက်ကြီးလို့မှ မသတ်မှတ်သေးတာလို့ တွေးပြီး ပြန်ချေမိတယ် . . .

    ဒါပေမယ့် ဆရာတော်ဘက်က ပြန်ပြောတာက ဘုရားရဲ့ တရားကိုပဲ ဝေဖန်ပါတဲ့ . . . ဒီလို အဋ္ဌကထာဆရာတွေရေးတဲ့ အကြောင်းအရာတွေကို ထည့်မပြောပါနဲ့လို့ ပြန်ပြောတယ် . . . စကားလုံးတွေကို သေချာမမှတ်မိပေမယ့် အဲဒီသဘောပဲ . .

    ဘာကိုမှ မရည်ရွယ်ပါဘူး . . . တိုက်ဆိုင်လို့ အကြောင်းအရာကို ပြောပြတာ သက်သက်ပါလို့ . . .

    • ဦးဦးပါလေရာ

      June 19, 2016 at 11:00 pm

      ဦးပါလဲ ကြုံလို့ (ကြုံခဲတယ်) အဲသည်အဆိုကို ပြန်ပြောချင်တယ်-
      ..
      ၁- ပဋိသန္ဓေအားလုံးနီးပါး အများစုက သံဝါသပြုပြီး ၂၄ နာရီနဲ့ ၉၆ နာရီကြားမှာ တည်တာဖြစ်တယ်..။
      ၂- ဘုရားအလောင်းပဋိသန္ဓေတည်တဲ့နေ့ဟာလဲ ဘုရားဖြစ်ပြီးမှသာ အခါကြီးရက်ကြီး စာရင်းစဝင်တာဖြစ်တယ်။
      ၃- အရေးအကြီးဆုံးကတော့ သံဝါသပြုတာကို ယုတ်မာ ညစ်ညမ်းတယ်လို့ ယူတဲ့အယူဟာ မူရင်းက ဟိန္ဒူဇတ်မြင့်တွေအတွက် ယူတဲ့အယူသာဖြစ်တယ်။ ဗုဒ္ဓအဆုံးအမအရ – သာမန်ရိုးရိုးလူတွေအတွက် သံဝါသပြုတာကို ညစ်ညမ်းတဲ့ မပြုသင့်တဲ့ မကောင်းတဲ့ အပြစ်တင်ဖွယ်အရာလို့ တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ရော မတွေ့ရပါ။
      နိဗ္ဗာန်ရည်မှန်း တရားကျင့်သုံးသူတွေ(ရဟန်းတွေ)အတွက်သာ
      ဆို က တီး ကြည့် စား သောက် ထိတွေ့ စတဲ့ ကာမဂုဏ်လိုက်စားခြင်းတွေအားလုံးဟာ
      ဟီနော၊ ဂမ္ဗော ၊ပေါထုဇ္ဇနိကော၊ အနရိယော၊ အနတ္တသံဟိတော – လို့
      စုပေါင်းပြီး ဟောထားတာရှိတယ်။

      • Karma ဆိုတာ ဟိန္ဒူတွေရဲ့ ကိုးကွယ်မှုများလားလို့ . . . ဦးပါပြောတာ ဇာတ်မြင့်တွေသီးသန့်လား . . .

        • ဦးဦးပါလေရာ

          June 20, 2016 at 6:42 am

          သင်္ကြန်စာကိုကြည့်လေ..
          ဟိန္ဒူဘာသာဆိုတာ တစ်ကြောင်းထဲသွားတာမျိုးမဟုတ်ဘူး သမီးရဲ့
          စုံတကာစေ့ ရောပြွန်းနေပြီး အယူတွေကနေ ဓလေ့ထုံးတမ်းတွေဖြစ် ဓလေ့ထုံးတမ်းတွေကနေ အယူတွေပြန်ဖြစ်နဲ့ ပတ်လည်ရိုက်နေတာ
          စိတ်ဝင်စားဖို့လဲကောင်းတယ် သဘောကျဖို့လဲကောင်းတယ်
          လောကကြီးမှာ ရှိတဲ့အရာတွေကို ဘုရားတွေလုပ်လိုက်တယ်လို့ ကိုယ့်အတွေးနဲ့ကိုယ် ကောက်ချက်ချမိတယ်။

          ဗိဿနိုးနဲ့ သျှီဝ
          ယင် နဲ့ ယန်
          ဘုရားနဲ့ မာန်နတ်
          အင်း……

        • kai

          June 20, 2016 at 6:57 am

          ဟိန္ဒူရဲ့ ပုရာမ်ထဲမှာပဲ.. ဟိန္ဒူကိုးကွယ်သူတယောက်ဟာ.. နောက်ကမုန်ယိုနေတဲ့ဆင်လိုက်လို့…ပြေးရင်းရှေ့က ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းထဲဝင်ပြေးရင် လွတ်မယ်ဆိုရင်တောင်.. ဝင်မပြေးပဲ.. အသေခံရမယ်လို့ ရေးထားခဲ့တယ်မှတ်ဖူးတယ်..။
          တပြိုင်ထဲ..
          ဂေါတမဗုဒ္ဓက.. ဗြိဿနိုးနတ်မင်းကြီးရဲ့ ၉ပါးမြောက် လူဝင်စားဖြစ်နေပြန်ရော…။

          ဘာပဲပြောပြော.. အမဲသားမစားတာကစလို့.. သက်သတ်လွတ်.. နတ်တွေ.. ရုပ်ထုတွေကိုးကွယ်မှုအဆုံး.. ဝိပဿနာ..ဆုတောင်း.. မြန်မာထေရာဝါဒဟာ.. ဟိန္ဒူ၈၀%မက ဝင်ရောသမမွှေနေတယ်လို့.. ယုံကြည်တယ်..။
          ဥုံ … Brahma, Vishnu , Shiva :k:

        • အခုနောက်ပိုင်းဆို ဘုရားတောင် တကူးတကမသွားဖြစ်.. အခါကြီးရက်ကြီးဆို ဘုရားသွားတာရှောင်တယ်.. ဘုရားမှာလည်း အောင်မြေတွေ ဂြိုလ်တိုင်တွေ ဘယ်တော့မှ မရှိခိုးဖြစ်ဘူး… တစ်နေရာမှာ အေးအေးဆေးဆေးနေပြီး စိတ်အေးချမ်းအောင် လုုပ်တယ်.. ဒီလောက်ပါပဲ… မြတ်စွာဘုရားကိုလည်း လူသားတစ်ယောက်အနေနဲ့ပဲ ယုံကြည်သက်ဝင်တယ်.. ဘုရားသည် တန်ခို်းရှင်မဟုတ်.. 🙂

  • Thint Aye Yeik

    June 19, 2016 at 10:46 pm

    ဘာသာရေးဆိုတဲ့အပိုင်းနဲ့ပတ်သက်ရင်
    ကျနော်ကတော့ အခု ”နားထောင်တဲ့ခေတ်”ထဲမှာ
    ဦးပါတို့ အရွယ်တွေ ပြောတာကို ပို နားထောင် မှတ်သားရမယ့်ခေတ်။
    ဦးပါတို့အရွယ်ရောက်မှ ပြန်ပြော ဆွေးနွေးမယ့်ခေတ်ကို ရောက်မယ်ထင့်
    အလှမ်းဝေးသေးလို့။

    လိုက်ပါ ဖတ်မှတ်မည် ဖြစ်ပါကြောင်းးး

    😆

    • ဦးဦးပါလေရာ

      June 19, 2016 at 11:03 pm

      မဟုတ်ဘူး…
      လူငယ်ရဲ့အမြင်က အရေးကြီးတယ်
      လူငယ်က အညစ်အကြေးနည်းတယ် မောင်ရင်ရဲ့..

      • ဝင့်ပြုံးမြင့်

        June 20, 2016 at 12:09 am

        ဒီတစ်ချက်တော့ ကြိုက်သွားပြီ။ လူငယ်က အညစ်အကြေးနည်းတယ်။

        • ဂျက်စပဲရိုး

          June 20, 2016 at 9:04 am

          ခု နောက်ပိုင်းမတော့ အဲ့ဒီ ဘုရားဟော ဇာတ်တော် တို့ ငါးရာ့ငါးဆယ် တို့ တန်ခိုးပြခန်းတို့ ဘာကြီးက ဘယ်လို ဖြစ်သွားတယ်တို့ကို အတည် မယူဘဲ ပုံပြင် လိုပဲ သဘောထားတော့တယ်။
          သင်ခန်းစာ ယူစရာ ရှိ ယူတာပေါ့။
          အဓိကကတော့ စိတ်အေးချမ်းဖို့ကိုလဲ လိုက်ရှာနေတော့တာ။ း)

        • ဇာတ်တော်တွေကို ပုံပြင်လို သဘောထားတယ်..အဲဒီအချက်ကို ထောက်ခံပါတယ်.. ကလေးဘဝမှာ ဇာတ်တော်တွေ ဗုဒ္ဓဝင်တွေနဲ့ ကြီးပြင်းခဲ့ရတာ အများကြီး အကျိုးရှိပါတယ်.. မနေ့က အဖြစ်လေးတစ်ခု.. မိသားစုတစ်ခုမှ သမီးလေးက ၂ နှစ်လောက်ပဲ ရှိသေးတယ်.. အဖေကို ပြောတယ်.. လက သမီးကို လိုက်နေတယ်နော် . ဘာလို့လဲတဲ့.. အဖေက ပြန်ဖြေတယ်.. လက လိမ်မာတဲ့ကလေးတွေနောက်ကို လိုက်တယ်တဲ့…ကလေးအတွက်တော့ ဒါက သဘောကျစရာအဖြေပဲ.. ကြီးလာရင် သူ့ဘာသာသူ သဘောပေါက်လာမှပေါ့.. ဇာတ်တော်တွေ ဗုဒ္ဓဝင်တွေကို လူကြီးတွေအနေနဲ့ လက်မခံနိုင်ရင်တောင် ကလေးတွေအနေနဲ့တော့ ရင်းနှီးနေသင့်တယ် ထင်တာပဲ..

  • ဂျစ်စူ

    June 20, 2016 at 12:43 am

    အူးလေးတို့ဖာသာ ကြိုက်ရာ ဘာသာ ကိုးကွယ်ဗျာ
    ကြုတ်ကတော့
    ကောင်းတယ်လဲ မပြောဘူး
    ဆိုးတယ်လဲ မဝေဖန်ဘူး
    လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတာပဲ
    ဟုတ်ဘူးလား

    တစ်ခုရှိတယ်
    ဗုဒ္ဓပြောတဲ့ ကံ ကံရဲ့ အကျိုးကိုယုံတယ်
    မှားရင် ခံ
    မှန်ရင် စံပဲ
    လေထိုး လေလျော်မဟုတ်ဘူး
    ကြိုက်တယ်
    ကျုပ်အပြစ် သူများ လွှဲပေးလို့မရသလို
    သူများအပြစ်လဲ သဘောကောင်းစွာ
    လျှော်ပေးမှာ မဟုတ်ဘူး
    ရှင်းတယ်

    အကျင့်ပျက် သတ်ဖြတ် ဆင်းရဲ မွဲတေတာတွေနဲ့တော့
    ဘာသာရေးကို
    ဆွဲမထည့်နဲ့
    အူမ. တောင်တဲ့ တနေ့
    သီလ စောင့်ကြလိမ့်မယ်
    အူမတောင့်ဖို့အတွက် အစိုးရမှာ တာဝန်ရှိတယ်
    အငြိမ်းချမ်းဆုံးနဲ့ အဆင်ပြေဆုံးနည်းကို သုံးပြီး
    ဖြေရှင်းပေးနေတယ်လို့ မြင်တယ်

    ပြည်သူတွေ ဆင်းရဲတာ ဘာသာရေးကြောင့်မဟုတ်ဘူး
    နိုင်ငံနဲ့ ပြည်သူ့အပေါ် ဂုတ်ခွထိုင်
    သွေးစုတ်သွားကြပြီး အရိုးကျန်မှ ထားခဲ့တဲ့ သွေးစုတ် ဖွတ်ကောင် အစိုးရကြောင့်

    ဒါဘဲ

    • kai

      June 20, 2016 at 2:47 am

      အဲဒါကြောင့်ထင်တယ်…
      စစ်အစိုးရများ.. လူထုကိုလုပ်ထည့်လိုက်သမျှ.. လူတွေခမြာ..ဘဝတွေမွမွကြေလို့..။
      သူတို့ကျ… ကောင်းစားလိုက်သမှ.. ဘုန်းကြီးလို့အသက်တွေရှည်….။
      အင်း..
      မကောင်းတာတွေလုပ်လို့… ကောင်းတာတွေရသွားတဲ့အကျိုးတွေ..။
      မကောင်းတာတွေလုပ်လို့.. ကောင်းသူတွေခံလိုက်ရတာတွေ..။ :k:

      • မြစပဲရိုး

        June 20, 2016 at 4:32 am

        သူတို့ တွေ စိတ်အင်မတန်ချမ်းသာ အေးချမ်း နေတယ်လို့များ ထင်သလား သူကြီးမင်းရယ်။
        သွားမေးကြည့်လေ။
        ကြောင့်ကျစိုးရိမ်နေမှု တွေ နဲ့ အိပ်စက်နေရတဲ့ ည တွေ ဘယ်လောက်များနေသလဲလို့။
        မတရားတဲ့ ငွေကြေးဥစ္စာ တွေ နဲ့ စိတ်လွတ်လပ်ပျော်ရွှင်ခြင်း ကို လဲ နေကြတာ အင်မတန် သနားဖို့ ကောင်းတာပါ။
        တကယ်ဘဲ ဗုဒ္ဓကျင့်စဉ် ကို နည်းမှန်မှန် နဲ့လိုက်နာကျင့်ကြံနိုင်ရင် သူတို့ ဒီလို ဝဋ်ဒုက္ခဆင်းရဲ တွေ ခံကြရမှာ မဟုတ်ပါ။
        အခုတော့ ကြောက်လန့်ခြင်း၊ စိုးရိမ်ခြင်း၊ ဝန်တိုခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း တရား တွေ နဲ့ လုံးချာလည်လိုက် နေကြတာ ယူတတ်ရင် သံဝေဂ ရစရာပါ။
        အဲဒါတွေ က နေ လွတ်ကင်း ပြီး ငြိမ်းချမ်းဖို့ရာ အဲဒါတွေကို လွှတ်ချ လိုက်ရမှာ။
        အဲဒီ ပူလောင်မှု တွေ ကို ဘဲ ကြိုက်နေရင်တော့လဲ တစ်မျိုးပေါ့။

        • kai

          June 20, 2016 at 5:44 am

          ဟီး..
          ဘီလီယံနာတွေ.. မီလီယံနာတွေ..
          သူတို့တွေ.. စိတ်မချမ်းသာ.. ကြောင့်ကျစိုးရိမ်နေမှု တွေ နဲ့ အိပ်စက်နေရတဲ့ ည တွေ ဘယ်လောက်များနေသလဲလို့.. လို့.. လို့စ်…လို့စ်စ်စ်စ်… ပြောပြောနေကြတာကြားတော့.. ရယ်(ရီ) ချင်မိတယ်.. အရီးလတ်ရယ်..။

          ကိုယ်ချင်းရယ်မှ မစာနာ..။ 😥

          မီလီယံမနာပါနဲ့ဦး.. ဒေါ်လာ ၁သိန်းပဲ (မသုံးပါနဲ့ဦး).. လက်နဲ့ထိပြီး.. အိပ်ယာဘေးထားလို့.. တညအိပ်ကြည့်ဦး..။
          နတ်ပြည်… နတ်ပြည်.. အိပ်မက်လှလှများနဲ့.. နတ်ပြည်…။ :k:

        • မြစပဲရိုး

          June 20, 2016 at 1:16 pm

          ကိုယ့်ထူးကိုယ်ချွန် သူဌေးများ ကို မပြောပါ သူကြီး ရယ်။
          ကိုယ့်ရွှေပြည်ထဲ က အလီဘာဘာ များ ကို ညွန်းပါတယ်။
          မျောက်မီးခဲကိုင် လိုဖြစ်နေတာ မမြင်ဘူးလား။
          ပုံမှန် သာဆို ဒီလောက် ချမ်းသာနေမှ ဆယ်သက်စားမကုန် တဲ့ စည်းစိမ်တွေ နဲ့ အေးချမ်းစွာ ဇိမ်ရှိရှိ ပျော်ပျော်ကြီး နေလိုက်တော့မပေါ့။ 🙄

        • ဂျစ်စူ

          June 20, 2016 at 9:47 am

          တချိန်က ပြုဖူးတဲ့
          ကောင်းကျိုးရဲ့ ရလာဒ်တွေလို့
          မြင်ပါတယ်
          ချိန်တန် အငွေ့ပျယ်သွားမှာပါ
          လက်ရှိမှာတောင်
          ရတနာထုတ်ပိုက်ပြီး
          ခိုးကြောင်ခိုး
          စားသုံးနေရတာ မဟုတ်လားဗျာ
          မသေခင် ထမင်း ၃နပ်အပြင် ထည့်သွားလို့မရပါဘူး
          စားပါစေ ဘလောက်စားနိုင်မှာလဲ
          နေပစေ မသေခင်လေး
          ချမ်းသာ လှပခြင်းတွေ ခွန်အားတွေ
          ဗုဒ္ဓတရားအောက် ပြားပြားမှောက်ကြမှာ ဧကန်ပါ
          လူတွေ
          အသိပညာ ဝမ်းစာ ဖူလုံ ကြွယ်ဝလာတဲ့တနေ့
          ဒါန သီလ ဘာဝနာ တွေလည်း တိုးလာပြီး
          ဘာသာရဲ့ ဂုဏ်မြင့်လာမယ်လို့
          ခံယူထားပါတယ်
          ဒီလို ဖြစ်ဖို့ အစိုးရဆီ တာဝန်ရှိတယ်

          တိုးတက်ပြီး နိုင်ငံတခုကို
          သုတေသန လုပ်ကြည့်ချငိတယ်
          ပြင်ပလောကနဲ့ အဆက်ဖြတ်
          စီးပွားပိတ်
          ရေမီး အစိုးမရ
          ဗိုက် မဝ တဝ
          ပညာ အသုံးလုံးကြေယုံ
          အခွင့်ရေး လွပ်လပ်ရေး ထအော်ရင်
          အော်တဲ့ ပါးစပ် မစားနိုင်အောင်
          အပ်နဲ့ ချုပ်ပြ
          ခုခံရင် မသေမချင်း
          သရေဂွင်းနဲ့ ပစ်
          အာခံမယ် သံသယရှိရင်
          ကုန်းကုန်းတွေ လုပ်ပစ်
          ဖုန်းတခါပြောချင် ကျွန် တနှစ်ခံ
          အင်တနက်ပွတ်ချင် 1MB ကို ကျွန် တလ

          အဲသလိုဘွနဲ့
          နှစ်ငါးဆယ် မနေပါနဲ့
          ငါးနှစ်လောက်နေကြည့်ပါလား

          နေပြီး ရလာဒ်က ဘာဖြစ်မယ်ထင်လဲ
          အဲဒီရလာဒ်က ဘသူ့ကြောင့်ဖြစ်မလဲ

          ရှင်းရှင်းပြောမယ်
          ဦးဏှောက် ရှိတဲ့ အစိုးရ နောက် နှစ်ငါးဆယ် ဆက်
          အုပ်ချုပ်
          အဲဒီချိန်ထိ
          လူတွေ
          ဒီလို ဂျွတ်ပလွတ် စိတ်ဓာတ်နဲ့
          အဆင့်မဲ့နေကြတုန်းဆို
          ကျုပ်ပါး ကို
          တစ်ယောက် အချက် ငါးဆယ် လာရိုက်
          ဒါပဲ
          ကိုယ်တွေက အာမခံ ရဲတယ်
          ရဲဆို
          အိုက်ချိန် သေလောက်ပြီ
          ဒါပေမဲ့
          မပူနဲ့
          ရိုက်လို့ရအောင် ဓာတ်ပုုံထားခဲ့မယ်

        • ပိုက်ဆံကတော့ ရှိချင်တာပဲ… လိုချင်တာတွေ မဝယ်ရတိုင်း… သုံးချင်သလို မသုံးရတိုင်း စိတ်ညစ်တာလည်း အမှန်ပဲ.. ဒါပေမယ့် လစာထုတ်လာတဲ့ရက်များဆို ကားစီးရင်း လမ်းသွားရင်း ကိုယ့်အိတ်လေးကို ဂရုစိုက်နေရတာ အမောပဲ.. ဘုရားသွားရင်တောင် အိတ်ကို ဘေးချပြီး ဘုရားရှိခိုးရတာ စိုးရိမ်စိတ်ကလေးနဲ့… ခရီးထွက်ပြီး အိမ်တံခါးအလုံပိတ်သွားရင်တောင် မတော်တဆ မီးဘေးရေဘေးဆို ငါ့ certificate လေးတွေများ ပါသွားလေမလားဆိုပြီး တွေးပူနေရတာ… ငှယ်.. ပိုင်ဆိုုင်တာများရင် ပိုပူလောင်သလို.. ဟိဟိ

        • kai

          June 20, 2016 at 4:48 pm

          အင်း..
          …. စစ်ဘိုကြီးတွေခင်ဗျ..။
          .. မျောက်မီးခဲကိုင်ထားပြီး.. ကြောင့်ကျစိုးရိမ်နေမှု တွေ နဲ့ အိပ်စက်နေရတဲ့ ည တွေ နဲ့လို့.. ဆိုနေကြသဗျ…။
          ကိုယ်ထင်ပြလိုက်ပါဦး…။
          ဘလူးလေဘယ်လေးနဲ့… :k:

        • ဂျစ်စူ

          June 20, 2016 at 5:02 pm

          ဖားစား ခိုးသောက် ဘလူးလေဘယ် တစ်လုံးလောက်ကတော့
          သမ္မာအာဇီဝ ချွေးနည်းစာနဲ့ရတဲ့
          ပဲခြမ်းသုပ် တပွဲနဲ့ ဘီအီးတစ်စိတ် တည်ခင်းတာလောက်
          မတင့်တည်ပါဘူး

          မသဒါရေစာ တွေဆိုတာ
          လူတိုင်းသိတယ်
          ရှက်တတ်တဲ့လူဆို
          မှတ်ချက်တခု ဖတ်မိယုံနဲ့
          ချီးစိမ်းပါ အန်သွားမယ် မာမူခိုင်

          ဥပဒေ မရှိဘူးပြောကြည့်လိုက်
          စအိုပါ တုတ်ထိုး ကလော်ခံရမှာ
          ပြောရင်း ဒေါကီးတယ်
          စိတ်ထိန်းမှ
          အောမဝေါဖော

        • မြစပဲရိုး

          June 20, 2016 at 6:02 pm

          အဲဒီလို ငြိမ့်နေစေချင်တာ မငြိမ့်ဘဲ
          လက်ရှိမှာ မင်းသားကြီး မလုပ်ရတော့ ပတ်မကြီး ဖောက်ဖို့ ကြံနေသူတွေ ရှိနေလို့ ရှင့်။
          အမှန်တော့ သူတို့ အရှုပ် တွေ ကို နောက်ကြောင်းမအေးနေတာ။
          အခု ပင်လုံညီလာခံ က နေ ငြိမ်းချမ်းရေးရသွားမှာ မနာစိတ်များနေသူတွေ အကြောင်း၊
          ရပ်ဝေး ဘဏ်ထဲက ငွေတွေ ကို ဟိုဟိုဒီဒီ နည်းစုံသုံး လိုက်ပြောင်းနေသူတွေအကြောင်း။
          ဟိုးအရင်က လောဘသိပ်မတက်ဖို့ အချင်းချင်း သတိပေးရင်း အပြိုင် နှိုက်ခဲ့ပြီး အခုမှ ဟိုလူဒီလူ အပြစ်ဖို့ နေသူများအကြောင်း။
          ဒီလူတွေ စခန်း မသိမ်းနိုင်သေးလို့ ခက်နေတာ။
          ဘာသာရေး၊ လူမျိုးရေး မှိုင်း တွေ က လဲ တိုက်ပါများတော့ လူတွေမှာ immune ဖြစ် ယဉ်နေတော့ အဲဒါတွေကလဲ ကောင်းကောင်း သုံးမရတော့။
          ဒီတော့ နောက်ထပ် ကလိမ်ကကျစ် ဇာတ်များ လာဦးမှာပါ။
          သူခိုး မဟုတ်သူများ အားလုံး သတိနဲ့ သာ အချင်းချင်း စည်းရုံး လက်တွဲထားကြဖို့သာပါဘဲ။

      • ပျင်းတကာ့ ထိပ်ခေါင်တင်

        June 20, 2016 at 11:41 am

        သဂျီးက ချက်ချင်းလက်ငင်းပဲ ကြည့်တာကိုးဗျ..
        ကံ၁ခုအကျိုးပေးဖို့ဆိုတာ အလုပ်လိုတယ် အချိန်လိုတယ်။ ချက်ချင်းအကျိုးမပေးဘူး…
        ခုလုပ်ထားပြီဆို လုပ်ထားတဲ့ကံအလျောက် တချိန်အကျိုးကိုပေးမှာ..
        သဂျီးသာ ဝါသနာပါရင် စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့လိုတယ်

        • kai

          June 20, 2016 at 4:45 pm

          အချိန်ဘယ်လောက်စောင့်ရမှာလဲဟင်င်…
          တလလား.. တနှစ်လား.. ၁ဝနှစ်လား.. အနှစ်၅ဝလား..။ အနှစ်၁၀ဝလား..။
          ၁ထောင်လား.. ၁သောင်းလား.. ၁သိန်းလား.. တကမ္ဘာလား..။
          ဘာမှသေသေချာချာရေရေရာရာမသိတာကို.. စောင့်နေရင်းသာ…. ဘုရားအဆူဆူပွင့်တော်မူမယ်..။
          အဖြေကထွက်မလာ…။ :k:

  • မြစပဲရိုး

    June 20, 2016 at 1:43 pm

    ဒီနေ့ နယုန်လပြည့်။
    လပြည့်ဆို အိမ်မှာ ဘုရားကိုးဆူလို ကပ်စေချင်တဲ့ တစ်ဖက်အမေ စိတ်ချမ်းသာအောင် ကပ်ကပ်ပေးတာ နှစ်ချီနေပါပေါ့။
    ပြီးတော့ ဆွမ်းတော်ခွက်တွေ ကို ဓာတ်ပုံရိုက်ပို့ပေါ့။
    ဖားတာ မဟုတ်။ သူကို စိတ်ချမ်းသာစေလိုတဲ့ စိတ်တစ်ခုပါဘဲ။

    တစ်ချို့ အရာ တွေက လူလူချင်း ဆက်ဆံရေးမှာ မေတ္တာပေါင်းကူးဖြစ်ဖို့ အပန်းမကြီး ရင် မလုပ်နိုင်စရာမရှိပါ။
    အဲဒီအတွက် ကိုယ့်မှာလဲ အကျိုးမယုတ်ပါ။
    ဘေးက ကိုယ်တော်ကလဲ သူ့အမေလုပ်တာ ကို မယုံသလို လှောင်ချင်လှောင်မယ်။
    သူ့အမေဖြစ်ချင်တာ ကို လုပ်ပေးနေတဲ့ သမီး အစစ် မဟုတ်သူ ကို မလှောင် တဲ့ အပြင် ပီတိဖြစ်လို့။
    ဒီလို နဲ့ စိတ်ဓာတ်ချင်း ပိုနီးသွားစေတာ တော့ အသေအချာပါ။
    အဲဒီ ကနေ မေတ္တာဖြစ်စေပါတယ်။

    ရှေ့ကို မမြင်နိုင်တဲ့ လောကကြီး ထဲ ရပ်တည်နိုင်ဖို့ စိတ်ခွန်အား ဆိုတာ ဘယ်က ဘယ်လိုယူယူ သူများတွေ ကို မထိခိုက်သမျှ အဆင်ပြေသလို ယူ ကြရမှာပါဘဲ။
    ဒါမှလဲ လူ နဲ့ လူ့ပါတ်ဝန်းကျင်မှာ အဆင်ပြေပြေ စိတ်ချမ်းသာသာ နေနိုင်တော့မပေါ့။

  • uncle gyi

    June 21, 2016 at 9:21 am

    ကောင်းတာလုပ်လို့ကောင်းက ျိုးပေးမဲ့အခ ျိန်ဘယ်အခ ျိန်လဲမသိပေမဲ့
    ကောင်းတာလုပ်လို့ကိုယ့်စိတ်ကိုယ်လုံခြုံအေးခ ျမ်းပါတယ်
    ဘယ်သူ့ကိုမှဘယ်အရာကိုမှကြောက်ခြင်းကင်းပါတယ်
    ဒါကလက်တွေ့ရတဲ့အက ျိုးပေါ့သူကြီးရယ်

    • kai

      June 21, 2016 at 10:21 am

      ကောင်းတာလုပ်ရင်.. ကောင်းတာဖြစ်မယ်ဆိုတာ.. တော်တော်အူကြောင်ကြောင်နိုင်တာကိုပြောချင်သွားတာပါ…။
      ဘယ်နှာ.. လုပ်တော့ကိုယ်… ဖြစ်တော့.. သူများ… ဖြစ်တာမျိုးကြီး..။
      ကံ-ကံအကျိုးအရ.. ကိုယ်ကလုပ်တယ်..။ အဖြစ်တခုဖြစ်တယ်..။ အဲဒီအဖြစ်က.. ကိုယ်လုပ်တာကြောင့်ဖြစ်တဲ့အဖြစ်.။ အဲဒီအဖြစ်က.. ကိုယ့်အတွက်ကောင်းရမယ်လို့.. သတ်မှတ်ထားသလိုကြီး..။ အဲဒီအဖြစ်ကြောင့် ဘဝပျက်…ဒုက္ခရောက်တာတွေရှိတာ/မရှိတာ.. ဥပေက္ခာထား… အတ္တတင်ပြောတဲ့…စကား..။
      တကယ်က.. ကောင်းတာ(လို့) ကိုယ်ထင်တာလုပ်ရင်.. ဖြစ်ချင်တာဖြစ်မှာပဲ…။
      ဒါပေမယ့် ကိုယ်က…ကောင်းတာလုပ်တယ်ထင်လို့.. ကိုယ့်စိတ်ကိုယ်လုံခြုံအေးခ ျမ်းသွားတာကတော့ သေချာ..။

      ဒီလိုလက်တွေ့ကျတာကို ထောက်ခံပါကြောင်း..။ :k:

  • ဘာမှဝင်မပြောသေးဘူး…ဖတ်နေတုန်းပဲ..ဇတ်လမ်းဆုံးမှပြောတော့မယ်
    .၁၉၈၄ ဆိုတော့ ကျုပ်လည်းကျောင်းတက်တုန်းပဲ..ဆိုတော့….
    .ဧပြီလဆန်း ၁ ရက် တနင်္ဂနွေ ၁၃းဝ၀
    မြန်မာ၊ ရန်ကုန်၊ ကမာရွတ်၊ ဘီအီးဒီကင်တင်းအနီးကိုလာတွေ့အုံးမယ်…
    .လွယ်အိတ်ဘုထုံး၊ ဆံပင်ဘုတ်သိုက်၊ စစ်အင်းကျီနဲ့…နွားတံဆိပ်ဆေးပေါ့လိပ်တိုကိုက်ထားရင်၏
    .ကျုပ်ပဲဗျ..လှမ်းခေါ်နော :))

    • ဦးကြောင်ကြီး

      June 21, 2016 at 12:08 pm

      မေမေဘယ်မှာရဲ…

  • ဦးကြောင်ကြီး

    June 21, 2016 at 12:16 pm

    အသိဆိုတာ အကြောင်းအရာ တခုထဲကိုပဲ အဆင့်ဆင့် ရှိတယ်။ အလွယ်ဆုံး ဥပမာပေးရရင် ငယ်သာအဓိကဆိုတဲ့ အသိ ပညာနည်းသူမှာ ရှိတယ်၊ ပညာ တတ်လာတော့ အတွေ့အကြုံစုံလာတော့ အရောင်တွေပြောင်း အသိတွေ အဆင့်ဆင့်တက် (ဘီလ ျံနာ ဖြစ်ဖြစ်၊ ပီအိပ်ချ်ဒီ နှစ်ထပ်ကွမ်းရရ) နောက်ဆုံးတော့ ငွေသာအရေးအကြီးဆုံး ကိန်းပြန်ဆိုက်တယ်။ ဘယ်လောက် လာဘ်တွေ့က ျက ျ၊ ဝိပသနာလိုက်လိုက် (သညာအသိကေ ျာ်ခဲ့ရင်ပေါ့လေ) ပြန်ချုပ်ရင် စာကို မကေ ျာ်နိုင်တာ တွေ့ရတယ်။ အသိတွေ ပြောင်းပုံပြောတာနော ်.. စာသမားမှန်တယ် ပြောတာမဟုတ်…။ ပြင်ညာရှိ ငပိက ျစ်ခဲမို့ သတိပေးတာပါလှေ…

    ခြစ်ခြင်းမြှားစွာဖြင့်..
    အူးပါလေလှ ျာ၏
    ကြောင်သာမှတ်

  • ဝင့်ပြုံးမြင့်

    June 22, 2016 at 1:46 pm

    ဘာသာရေးသဘောကို လက်တွေ့ဘဝထဲ ယူမယ်ဆိုရင်— ဥပမာ တရားသူကြီးက အမှုကို မမှန်မကန် ဆုံးဖြတ်ပြီး နစ်နာသွားသူဘက်ကို “ပြုသူအသစ် ဖြစ်သူအဟောင်း” “ဝဋ်ဆိုတာ မနေပါဘူး” စသဖြင့် ပြောလိုက်ရင် ဘာဖြစ်သွားမလဲ။ ပြစ်ဒဏ်သင့်ရမယ့်လူကလည်း သူပြစ်ဒဏ်မခံရလို့ တရားသူကြီးကို ကျေးဇူးတင်မယ် မှတ်သလား။ ငါကွ ဆိုပြီး ပိုတောင် ထောင်လွှား၊ ပိုတောင် မဟုတ်တာ လုပ်ဦးမယ်။ စိန်သဌေး ငွေသဌေး ဘီလီယံနာ ဗိုလ်ချုပ်ကြီးများ စိတ်လက် ချမ်းသာတာမှ ဟိုဘက်တောင် လွန်နေပါသေးတယ်။ သူတို့ကိုယ် သူတို့တော့ သူတော်ကောင်း။ နောင်ဘဝအရေး တွေးလို့ စိတ်ဆင်းရဲဖို့ နေနေသာသာ ဘုရားဆုတောင် ပန်နေကြဦးမယ်။ မဟုတ်တဲ့လူတွေက ကိုယ့်ကိုယ်ကိုယ် သူတော်ကောင်း အထင်ဆုံးပဲ။

    • ဦးဦးပါလေရာ

      June 28, 2016 at 2:36 pm

      လောကကြီးက အားကြီးသူက အနိုင်ယူ အားနည်းသူက အနိုင်ကျင့်ခံနစ်နာရတဲ့အဖြစ်တွေပဲ
      နေရာတကာထပ်တလဲလဲ ဖြစ်နေတာပါ..။
      လောကသဘောကတော့ တရားမျှတမှု့ဆိုတာ မရှိပါဘူး…
      တရားမျှတမှု့ဆိုတာက လူတွေက ကိုယ်ဖြစ်ချင်တာကိုမူတည် တည်ဆောက်ထားတဲ့ အရာပါ..
      တည်ဆောက်နိုင်သရွေ့ လူအများစု သက်သာရာရတာပါပဲ..
      တရားသူကြီးက အမှုကို မမှန်မကန် ဆုံးဖြတ်ပြီး နစ်နာသွားသူဘက်ကို
      “ပြုသူအသစ် ဖြစ်သူအဟောင်း” “ဝဋ်ဆိုတာ မနေပါဘူး” စသဖြင့် ပြောလိုက်ရင်
      နစ်နာသူက အဲသလိုတကယ်ယုံရင် စိတ်သက်သာရာတော့ နဲနဲရပါတယ်..။
      တခြားဘာသာတွေမှာလဲ အဲသည်သဘောပါပဲ..
      နစ်နာပြီးသားကတော့ နစ်နာပြီးသားပါပဲ… ဘာမှပိုမကောင်းလာပါဘူး..

      • kai

        June 30, 2016 at 6:54 pm

        ဒီအပြောကတော့… ဘာသာတရားသမားတွေကို.. မှတ်ကရောလို့.. ပြောလိုက်သလိုပါပဲ..။
        ဘုန်းကြီးတွေက.. လူတွေကို စိတ်ဖြေသိမ့်ပေးဖို့.. လုပ်စားနေတယ်လို့ပေါ်လွင်နေသလိုပါပဲ..။
        သိပ်တော့ မဟုတ်သေးလို့ထင်သဗျ..။ 😥

Leave a Reply