ရင်ဖွင့်ချင်သှ် မန်းဂဇက်ဆီ

Foolish GirlJune 22, 20161min19014

#လောကကြီးမှာ နေထိုင်နေတဲ့သူတွေရဲ့ဘဝမှာ များသောအားဖြင့် ရတာမလို လိုတာမရ ၊ ဒါဆို လိုတာမရလို့ ထိုင်ပြီးစိတ်ညစ်နေရမှာလား နိုး မဟုတ်ဘူး ၊ ရတာနဲ့ ဘယ်လိုအကောင်းဆုံးရှေ့ဆက်မလဲဆိုတာတွေးပြီး နေထိုင်သွားရမှာ ၊ တကယ်လို့ လိုချင်တာရခဲ့ရင်လည်း နောက်ထပ်လိုချင်တာတွေကထပ်ထပ်ပြီးပေါ်လာဦးမှာဘဲ ၊ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေ ၊ လောဘသားကောင်တွေလေ
ဒီတော့လိုချင်တာလေးတစ်ခုမရတာနဲ့ လောကကြီးကိုအရွဲ့တိုက် ထိုင်ပြီးစိတ်ညစ်နေရင် ၊ တကယ်တမ်း ကိုယ်ကနစ်နာနေတာ ဘယ်သူလဲ ကိုယ်ကိုယ်တိုင်ပါပဲ ။

#တခါတလေတော့လည်း နေရိပ်အလာ နေပူကစောင့် ဖို့ကို မစောင့်နိုင်ဘူး ၊ မစောင့်နိုင်လို့ နေရိပ်လိုက်ရှာနေလားဆိုတော့ မရှာဘူး ၊ စောင့်နေရကို မြည်တွန်တောက်တီးနေတတ်ကြတယ်။ နေရိပ်မလာခင် နေပူမှာစောင့်ရင်း ဘာတွေလုပ်လို့ရမလဲဆိုပြီး ရှာဖွေနေသင့်တယ် လသာတုန်းဗိုင်းငင် ဆိုသလို နေပူနေတဲ့အခွင့်အရေးကိုရအောင်ယူတတ်ရမှာ။

#တစ်ချိန်ကချမ်းသာခဲ့တယ် တစ်စုံတစ်ဦးရဲ့ ပယောဂတွေနဲ့ဆင်းရဲသွားတယ်ဆိုပါစို့ ၊ ဘာလုပ်မှာလဲ? ၊

၁) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး ဘဝမှာအခက်အခဲကြုံတိုင်း သူ့ကို ကျိန်ဆဲမယ်

၂) ထင်းခွေမကြုံရေခပ်ကြုံမယ် လို့တွေးပြီးတေးထားမယ်

၃) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး မခံချင်စိတ်နဲ့ကြိုးစားမယ်

၄) အဲဒီတစ်စုံတစ်ဦးကို ဘာမှတုံ့ပြန်ခြင်းမပြုဘဲ ဆုတောင်းမေတ္တာပို့ပေးမယ်၊ ကိုယ့်ဘဝ ကိုယ်လည်းအရင်ကထက်သာအောင်နှစ်ဆ ကြိုးစားလိုက်မယ်

#လောကကြီးမှာ နေထိုင်နေစဉ်တော့ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက် နဲ့နေ့စဉ်ကြုံတွေ့နေရမှာဘဲ ၊ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက် ပဲအချိန်တန်ငြိမ်သွားလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့၊ လူတွေက ကောင်းတာလုပ်ရင်သာမမှတ်မိကြတာ မကောင်းတာလုပ်မိရင် အရမ်းမှတ်ဉာဏ်ကောင်းကြတယ်၊ စကားပုံထဲကလို ခုနှစ်ရက်အတွင်းပဲ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲလုပ်ချင်တာလုပ်တာက ဟော့ဖြစ်နေမယ် အေး ဒါပေမယ့်တစ်ချိန်ချိန်မှာ အဲဒီအရာက ကိုယ့်ရဲ့ Report Card လိုသေတဲ့အထိ ပါလာမှာ။

#တခါတလေကျပြန်တော့ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့အခြေအနေမျိုးလည်းကြုံရမှာဘဲ ၊ ဘာလို့လည်းဆိုတော့ တို့တွေအားလုံးက လူသားတွေမို့လား၊ လူဆိုတာမျိုးကလည်း ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့တတ်တဲ့သဘောကလည်းရှိတော့ တခါတလေတော့ လည်းပြောင်းလဲခြင်းက ကောင်းပေမယ့်တစ်ခါတစ်လေတော့လည်း  သေချင်တဲ့ကျား၊ တောပြောင်း ဖြစ်တာပေါ့၊ ဒီတော့ ဉာဏ်လေးတော့ယှဉ်ပြီးစဉ်းစားဖို့တော့ လိုအပ်တာပေါ့၊

#တခါတလေကျပြန်တော့ ဆိုင်ကော်လို့ခြုံပေါ်ရောက် ရပြန်၊  ဆိုင်ကော်လို့ခြုံပေါ်ရောက် တာကိုယ့်ကို ကို မသိပါပဲ၊ ကိုယ်ဘဝကိုယ်မေ့ ပြီး ကိုယ့်ကို ကိုယ်အထင်တွေကြီး ဖင်မနိုင်ဘဲပဲကြီးဟင်းစား တတ်ကြပြန်ရော

#အတ္တစိတ်ဖုံးနေတဲ့လူတွေများ တကယ်ကြောက်စရာ၊ ကိုယ်လုပ်တာမှအမှန်၊ သူများအတွေးကို သူတကယ်မတွေးပေးမယ့် ကိုယ်ကဝင်တွေးပြီး ကိုယ်တွေးတာမှန်တယ်ထင် ကိုယ့်အထင်နဲ့ ကိုယ့်ကိုကိုချည်နှောင်၊ ကိုယ့်အမှားကို မြင်တဲ့သူတွေက အကြံဉာဏ်ပေးရင်လည်း ဆရာလုပ်တယ်ထင်တယ် ၊ တစ်ခါတလေကိုကိုယ်တိုင် က လွဲမှားနေတာသိနေရင်တောင် တစ်ခြားသူတွေမြင်နေတဲ့အမြင်တွေကို လက်ခံလိုက်သလိုဖြစ်မှာစိုးရိမ်တဲ့အတွက် ပြုပြင်လိုစိတ်မထားတတ်ကြဘူး၊

#တစ်ဦးမေတ္တာတစ်ဦးမှာ တဲ့ မေတ္တာထားဖို့ ဘာသာတရားတိုင်းကသွန်သင်တယ် ဒါပေမယ့် ကိုယ့်အတ္တတွေနဲ့ သူသာ တယ် ကိုယ်သာ တယ်နှိုင်းယှဉ်ကြတယ် ၊ ပဋိပခတွေဖြစ်တယ်၊ သေချာတယ်အဲဒီ ပဋိပခတွေကိုမီးမွှေးတဲ့သူက သူရပ်တည်နေတဲ့ ဘာသာတရားကို အမှန်တကယ် ကိုင်းရှိုင်းမှုမရှိလို့

 

14 comments

  • kai

    June 22, 2016 at 2:42 pm

    အဲဒီဘာသာတရားဆိုတာတွေကို.. မေ့ထားလိုက်..။
    ဘိုးတော်ဘုရားလေးဖက်ထောက်ခေတ်က.. ရှေးစကားပုံတွေလည်း.. ပစ်ထားလိုက်…။
    အနှစ်၁၀၀ဝ တွင်းဆွေးကြီးထဲကထွက်.. အပြင်လောကကြီးကိုကြည့်.. လေဝဝရူ…။
    ကောင်းတဲ့လောကသစ်ကို မြင်ရလိမ့်မယ်..။ :k:

  • Tawwin Pan

    June 22, 2016 at 3:58 pm

    ထင်းခွေမကြုံရေခပ်ကြုံမယ် ဆိုပြီး အငြိုးတွေနဲ့ပြောတာကြုံဖူးတယ်
    ဒါပေမယ့် ကိုယ့်ဘက်က သူ့ကို နစ်နာအောင် မဟုတ်တာတခုမှ မလုပ်ခဲ့လေတော့ မကြောက်ရေးချမကြောက်ရယ်………

    • kai

      June 22, 2016 at 5:08 pm

      မိုဒယ်မြင့်သွားအောင်..
      “အလှပြင်ဆိုင်မှာမကြုံ.. ကြေးအိုးဆိုင်မှာကြုံမယ်”ဆိုပြီး ပြောကြည့်ပါလားဟင်င်င်….
      နောက်တာနော.. :k:

  • pho chut

    June 22, 2016 at 9:22 pm

    ရှင်​ကြီး ကျားထက်​ မဆိုးပါဘု

    • ဝင့်ပြုံးမြင့်

      June 22, 2016 at 11:55 pm

      ရွာသားအသစ်ပေါ့နော်။ ကြိုဆိုပါတယ် ။ မန်းဂဇက်မှာ လူတော်တွေချည်းနေတယ်။ ရွာထဲမှာ ပျော်ရမှာပါ ကဖိုးချွတ်ရေ

      • pho chut

        June 23, 2016 at 3:31 pm

        မသစ်​ပါဘူးဗျာ ​နိဂိမိ၇ရ ပါ ရွာထဲကို မဝင်​တာ နှစ်​နဲ့ချီ​နေ​တော့ ညက ပြန်​ဝင်​ကြည်​့တာ အရင်​က အိုင်​ဒီ ပါစ်​​ဝေါ့ နဲ့ ဝင်​မရလို့ fb နဲ့ ဝင်​လိုက်​တာ ဘယ်​့နှယ်​ ဖြစ်​ပြီး Pho Chut လို့ သူ့ အလိုလို ​ပေါ်လာမှန်​းမသိဘူး

        • kai

          June 23, 2016 at 3:38 pm

          အဟမ်း..
          ဖိုးခြောက်ဆိုတော့..ဘာများလည်းလို့..။ Welcome back!
          .. အီးမေလ်းနဲ့Lost your Password လုပ်လိုက်ရင်.. ပြန်ရပါတယ်..။
          ကျုပ်ပဲလုပ်ပေးလိုက်တယ်..။ အီးမေးလ်စစ်ကြည့်ပါ..။ Spam ထဲပါစစ်ပါ..။

  • ဦးကြောင်ကြီး

    June 23, 2016 at 8:10 am

    ဖူးလစ်ရှ်ဂဲကို မူးယစ်စွဲနေပြီ ဒူးဆစ်လဲလို့ ထူးkissချွဲပါရစေ…

    • Foolish Girl

      June 23, 2016 at 11:21 am

      ဦးကြောင်ကြီး မူးအောင်တီး ထူးအောင်ကြီးတဲ့ ဟောဒီက ပဲပြုပ်………………………. 😛

  • အောင် မိုးသူ

    June 23, 2016 at 9:16 am

    ရွှေနားကပ် အရောင်နဲ့ ပါးသိပ်မပြောင်နဲ့အေ….
    ဘဝအနေစုတ်ပေမယ့် ရွှေထုပ်တဲ့မြပုဝါပါအေ

  • Thint Aye Yeik

    June 24, 2016 at 1:28 pm

    ဆယ်ရက်တရားစခန်းထဲ ကတုံး တုံးပြီး ဝင်တုန်းက
    ကတုံးတွေ အချင်းချင်း မတည့်ပဲ
    သင်္ကန်း လုတာ မြင်ဖူးတယ်။
    ငါ့သင်္ကန်းက အသားကောင်းတယ် သူ့သင်္ကန်းနဲ့မှားတယ် မလိုချင်ဘူးဆိုပြီး ထ ဖြစ်ကြတာ။
    ကြည့်လိုက်တော့ ကိုယ်တော်တွေ ခေါင်းတုံးတွေ။
    :k:

    ကိုယ်ကလည်း ဘာထူးလဲ ကတုံးပဲ။
    ဒါမယ့် အိန္ဒြေနဲ့သိက္ခာနဲ့ နေတဲ့ကိုယ်တော် ဆိုတဲ့အထာနဲ့ စိတ်ထဲကပဲ ကြိတ် ရီနေတာပေါ့။
    ခွိ

    အိုဘယ့် ဘာသာတရားအဆုံးအမထဲက ကိုယ်တော်များ
    (ကိုယ်ကအစ)

  • ဂျစ်စူ

    June 26, 2016 at 12:51 pm

    လူနေခြုံကြား စိတ်နေဘုံဖျားတဲ့ဗျ
    နေတတ်ရင်ကျေနပ်စရာကြီးပါ
    မနေတတ်ရင် ပင်ဗန်းလိမ်မယ်

Leave a Reply