Top (5) july 2016 Movie

အဝေးကြီးလိုသေးတဲ့ ရုပ်ရှင်ကားတွေကို မမျော်သေးခင် မကြာခင်ထွက်တော့မယ့် ရုပ်ရှင်ဇာတ်ကားအကြောင်းတွေနဲ့ ရင်ခုန်ချင်ပါတယ်။ အဲ့သည်အတွက် July 2016 မှာ ထွက်ရှိမယ့် ရုပ်ရှင်ကားတွေထဲက စောင့်ကြည့်ရမှာ တန်မယ့် ဇာတ်ကား (5)ကားကို ကျွန်တော် ရွေးချယ်ခဲ့ပါတယ်။ ကျွန်တော့်အကြိုက်ဖြစ်တဲ့အတွက် အချို့အကြိုက်နဲ့လည်း တူချင်မှ တူပါလိမ့်မယ်။

July 2016 မှာ ဇာတ်ကား (၂၀) ထွက်ရှိမှာပါ။ အဲ့သည်အထဲက ဆန်ကာတင် ထပ်ရွေးထုတ်ထားတာက ဒီမှာပါ။

  1. The BFG
  2. The Purge : Selection Year
  3. The Legend Of Tarzen
  4. The Secret Life Of Pet
  5. Star Trek Beyond (2016)
  6. Ice Age : Collision Course
  7. Light Out

(၇)ကားထွက်လာတဲ့ အထဲမှာ အားလုံးဟာ ဇာတ်ကားကောင်းတွေဖြစ်လာမှာ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကား (၇)ကားထဲက (၅)ကားဟာ သူ့ရဲ့ နောက်ခံဇာတ်ကြောင်းတွေဟာ လူတွေသိပြီး ဇာတ်ကားတွေရဲ့ အဆက်မို့ပါ။

ဇာတ်လမ်းအသစ်နဲ့ ဇာတ်ကား (၃)ကားသာ ပါဝင်လာခဲ့ပါတယ်။ အဲ့သည် (၃)ကားစလုံးကို Top (5)ထဲ ကျွန်တော် ထည့်သွင်းခဲ့ပါတယ်။ အဲသည် ဇာတ်ကား (၃)ကားကတော့

1.The BFG

2.Light Out

3. The Secret Life of Pet

The-BFG-2016

  1. The BFG

ဆိုဖီယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ Giant ဘီလူးကြီးတို့ရဲ့ ဇာတ်လမ်းအသစ်ပါ။ ဘီလူကြီးတွေထဲမှာမှ အကြင်နာတရားရှိတဲ့ ဘီလူကြီးတစ်ကောင်ရဲ့ သူမတို့ရဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းရဲ့ ထွေလာမှာ ကောင်မလေးဟာ ဘီလူးကြီးကို စကားတစ်ခွန်း ပြောတာကြည့်လိုက်ရပါတယ်။ “I call you BFG”  BFG ဆိုတဲ့ အဓိပ္ပာယ်ဟာ “Big Foot Giant ” လို့ ထင်မိတာပါ။ Disney ရဲ့ ထုံးစံအတိုင်း ပုံပြင်ဆန်ဆန် ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပရိတ်သတ်တွေကို ဆွဲဆောင်ဦးမှာပါ။ ကြည့်ရတာ စောင့်ရတာ တန်မယ့် ဇာတ်ကားမို့ Top (5) ထဲ Pick up လုပ်မိပါတယ်။maxresdefault

2. Light Out

Horror  သည်းထိတ်ရင်ဖို ဇာတ်ကား ပရိတ်သတ်အတွက် တကယ်ကောင်းမယ့် ဇာတ်ကားဆိုတာ ထွေလာကြည့်ရုံနဲ့ သိသာတာမို့ ဒီဇာတ်ကားကို Pick up လုပ်မိပါတယ်။

secret_life_of_pets-12

 

3. The Secret Life of Pet

ဇာတ်လမ်းအသစ်နဲ့ animation ဇာတ်ကားမို့ ဒီကားကို Top (5) ထဲ ထည့်မိပြန်ပါတယ်။ Creater ကလည်း Minions , Ice Age တို့ရဲ့ ဖန်တီးသူမို့ မကောင်းမှာ မပူရတော့ပါဘူး

timthumb.php

4. The Legend Of Tarzen

Disney က Jungle Book ဇာတ်ကားထွက်ရှိပြီးမှာတော့ Warner Bros က The Legend Of Tarzen ဇာတ်ကားဟာ ထွက်ရှိလာတော့မှာပါ။ Jungle Book နဲ့ မဆက်စပ်ပေမယ့် ကျောရိုးအနည်းငယ်လောက်တော့ တူမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း မတူတဲ့ အရသာပေးမယ်ဆိုတာ သိမှာမို့ Top (5) ထဲ pick up လုပ်မိပါတယ်။

The-Purge-LineUp-1Sheet-UK

5. The Purge : Selection Year

နောက်ဆုံး တစ်ကားကိုရွေးဖို့ အတော်လေးစဉ်းစားခဲ့ပါတယ်။ ဒီဇာတ်ကားသာ မရွေးရင် Ice Age ကိုရွေးမှာပါ။ ကျွန်တော့်အတွက်တော့ Ice Age ဟာ ဇာတ်ကားပေါင်း အမြောက်အများ ထွက်ခဲ့ပြီးပြီမို့ အနည်းငယ်ရိုးအီနေပါပြီ။ တစ်ကားနဲ့တစ်ကား လူတွေရဲ့ စိတ်နဲ့အယူအဆတွေကို ပေါင်းစပ်ဖော်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား The Purge ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ The Purge : Selection year ကို Top (5) ထဲ ထည့်မိပြန်ပါတော့တယ်။

 

july မှာ ထွက်ရှိမယ့် ဇာတ်ကားကောင်းတွေထဲက ကျွန်တော်ရွေးချယ်ထားတဲ့ Top (5)

ပါ။ ကြည့်ရတာနဲ့ အချိန်ကုန်တာနဲ့ တန်ရစေမယ့်လို့ အာမခံပါတယ်။

 

လေးစားစွာဖြင့်

အောင်မိုးသူ

10 comments

  • kai

    June 23, 2016 at 11:43 am

    သာမန်အားဖြင့်… အမေရိကားရဲ့နွေရာသီ ကျောင်းပိတ်ရက်တွေဖြစ်တဲ့.. ဇူလိုင်မှာ ကားအကောင်းစားတွေ စုပြုံတင်တယ်..။
    ရာသီဥတုပူတာမို့.. အဲယားကွန်းရှိတဲ့.. ရုံတွေလူပြည့်တာကိုး..။

      • kai

        June 23, 2016 at 1:44 pm

        အမေရိကန်တွေ.. ရုပ်ရှင်ရုံမှာ သွားကြည့်နှုန်း သိရင်အံ့ဩသွားမယ်..။
        တန်းစီနေတာ.. တန်းအရှည်ကြီး..။
        ကြည့်ချင်တဲ့ကားဆို.. နာရီနဲ့ချီစောင့်ပြီး ကြည့်ကြတာ…။

        • အောင် မိုးသူ

          June 23, 2016 at 4:20 pm

          ဒီမှာလည်း ကြည့်ကြပါတယ် သူကြီးရဲ့။ ဟိုမှာတော့ ပိုတိုးတက်တာပေါ့နော်။

  • ခင်ဇော်

    June 24, 2016 at 12:16 pm

    တစ်ကားမှ မမက်မောမိသေးးး
    ဟိ။

    Recommendation များမှပဲ ကြည့်တော့မယ်။
    :k:

  • တောတွင်းပျော်

    June 24, 2016 at 11:59 pm

    ဟိုတုန်းကလို ့ ဗွီဒီယိုရုံခေတ်မျိုးသာဆို
    ဆရာမိုးကို
    တံခါးစောင် ့ ဇာတ်လမ်းကြော်ငြာပေးသူ အနေနဲ ့ ငှားချင်ပါတယ်
    :k:

Leave a Reply