အနည်ထမြို ့

ဆိုင်းဘုတ်တွေသာ
ယိမ်းထိုးကခုန်နေကြတဲ ့ မြို ့ကလေးက
ရောဂါအစုံစုံကို
ဆေးတစ်ဖုံနဲ ့ ပျောက်စေမတဲ ့လေ …

အကျရည်တစ်ခွက်နဲ ့
လွတ်လပ်စွာ အနည်ထိုင်တတ်ခဲ ့သူတွေ
ခုတော ့လည်း …
Ready made တွေကြား
အိပ်မက်တွေက ယက်ကန်ယက်ကန် …

အောက်ဈေးမိခဲ ့သတဲ ့ …
လူရွှင်တော်တစ်ချို ့ဟာ
ပြက်လုံးဟောင်းတွေ ပြန်လည်ဆန်းသစ်ဖို ့
သချင်္ာဘုတ်အုပ်ကိုင်ရင်း
ငိုက်မြည်းနေကြပြန်ရော …

စီးကရက်ငွေ ့နဲ ့အတူ
ဖောင်းပွစကားလုံးတွေ ရောယှက်မိတော ့
ဟို …
ဂျော်ကာကြီးခမျာ
ဟန်ဆောင်ကလေးမှ မလုပ်တတ်
သံလွင်ခက်ကို ဘေးချ
ငုတ်တုတ် ထိုင်မေ ့သွားရှာတယ် …

ဒါနဲ ့များတောင်
Camera မကောင်းခဲ ့ရလို ့
သရုပ်ဆောင် ညံ ့ခဲ ့တာဖြစ်ပါကြောင်း
မျက်နှာချိုသွေးရင်း
ကိုယ် ့ကိုကိုယ်များ နှစ်သိမ် ့လိုက်ကြပါသေး …

9 comments

  • kai

    June 23, 2016 at 3:48 pm

    ဗျို့.. ဒီမှာ..
    နောက်ပိုင်းအနည်တွေပါသောက်ဖြစ်တယ်..။ :k:

    • တောတွင်းပျော်

      June 23, 2016 at 8:03 pm

      ဗိုက်နာနေပါအုံးမယ် သဂျီး 🙁

    • တောတွင်းပျော်

      June 23, 2016 at 8:05 pm

      ပါဝါတိုးကြည် ့ရတာပေါ ့ကွယ် :k:

  • Thint Aye Yeik

    June 24, 2016 at 1:06 pm

    အမှန်တော့. . .သူတို့ဟာ. . .
    မိတ်ကပ်မကောင်းလို့ သရုပ်ဆောင် ညံ့သွားရတာသာဖြစ်တယ်

    ငင်
    အနော် ဘာတွေ ဝင်ပြောမိပါလိမ့်။
    ကဗျာဖတ်ပြီး မူးတူးမူးတူးနဲ့

    :k:

    • တောတွင်းပျော်

      June 24, 2016 at 9:33 pm

      အဲဒါပါပဲဗျာ …
      ကဗျာဆိုတာ
      စကားမစပ် သင် ့အေးရိပ်က မိတ်ကပ်ပညာရှင်များလား 🙂

      • Thint Aye Yeik

        June 24, 2016 at 9:54 pm

        .မြင်ဖူးလား
        စကားလုံးတွေ
        ဘာသာစကား အက္ခရာတွေကို မိတ်ကပ်လိမ်းပေးသူ

        :k:

  • ဂျစ်စူ

    June 24, 2016 at 10:51 pm

    အံ့ရော အံ့ရော
    နားလည်သလို မလည်သလိုနဲ့ ဝင်ဖောကြည့်တာ ☺

    • တောတွင်းပျော်

      June 25, 2016 at 10:54 am

      ကဂျစ်စူလည်း အနည်ထသွားတယ်ဟုတ် :k:

Leave a Reply