သဘာဝတရားရိပ်သာ ဆရာတော်နှင့် တွေ့ဆုံခြင်း ( အင်တာဗျုး)

kaiJune 24, 20161min2087

DSC02036ရန်ကုန်တိုင်း၊ သံလျင်မြို့တွင်တည်ရှိသော သဘာဝတရားရိပ်သာတည်ထောင်သူနှင့် ပဓာန
နာယကဆရာတော်ဘဒ္ဒတ္တဦးဥတ္တမသာရသည် Los Angeles မြို့သို့ကြွရောက်လာပြီး ဒေါက်တာအောင်မျိုးသန့်၏ San Jose Yangon Dental Group တွင် တရားချီးမြှင့်၍ သွားဆေးကုသိုလ်ဒါနအလှူကိုလက်ခံစဉ် တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါသည်။ (ဒေါက်တာ အောင်မျိူးသန့်+ မဝေဝေလွင်၊ ဒေါက်တာဇော်မင်းလတ်+ဒေါက်တာညွန့်ညွန့်၊ သား Ryan တို့ိမိသားစုက ဆရာတော်ကို နဝကမ္မကုသိုလ်ပြုခဲ့ပါသည်။)
ဆရာတော်၏ကိုယ်ရေးအကျဉ်း
ဆရာတော်ကို ၁၉၆၉ခုနှစ်၊ အောက်တိုဘာ၂၆ရက်နေ့က ကသာမြို့တွင်ဖွားမြင်ခဲ့ပြီး သား၃ယောက်တွင်အကြီးဆုံးဖြစ်သည်။ အခြေခံပညာအလယ်တန်းကို ရန်ကုန်မြို့၊ ပုဇွန်တောင်(၄)နှင့် အခြေခံပညာအထက်တန်းကို ဗိုလ်တထောင်(၅)အခြေခံပညာအထက်တန်းကျောင်းတို့မှအောင်မြင်ခဲ့ပြီး ၁၉၉၂တွင်ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်စာ(ဂုဏ်ထူးတန်း)ဘွဲ့ကိုရရှိခဲ့သည်။ ၁၉၉၃မှ၁၉၉၉ခုနှစ်ထိ စတိုးဆိုင်ဖွင့်ပြီး မိသားစုကိုယ်ပိုင်စီးပွားရေးကို လုပ်ကိုင်ခဲ့သည်။ ၁၉၉၉တွင် မိုးကုတ်၅ရက်တရားစခန်းတွင် အချိန်ပိုင်းစတင်အားထုတ်ခဲ့ပြီး ဦးဘခင်ရိပ်သာ၊ ဦးဂိုအင်ဂါတရားစခန်းနှင့် မိုးကုတ်ဝိပဿနာအဖွဲ့ချုပ်၁ဝရက်တရားစခန်း၃ခုဝင်ခဲ့ကာ အိမ်တွင်လည်း တရားအားထုတ်ခဲ့သည်။ ၂၀၀ဝခုနှစ်မှစပြီးနေ့စဉ်ပုံမှန်တရားအားထုတ်ခဲ့ကာ ၂၀၀၂ခုနှစ်သီတင်းကျွတ်လပြည့်နေ့တွင် ရန်ကုန်မြို့၊ သိမ်ဖြူလမ်း၊ ဒေဝသာဂရရဟန္တာသိမ်ဖြူတော်ကြီးတွင် သာသနာ့ဘောင်သို့ဝင်ရောက်ခဲ့ပြီး ၅နှစ်ကြာသီတင်းသုံးခဲ့သည်။ ၂၀၀ရခုနှစ်တွင် ၄၅လမ်းတရားရိပ်သာအဖွဲ့တိုက်ခန်း၈ခန်းတွဲတွင် အခြားရဟန်းများနှင့်အတူ သီတင်းသုံးခဲ့ပြီး ၂၀၀၈ခုနှစ်မှစပြီး သံလျင်သဘာဝတရားရိပ်သာတွင် စတင်သီတင်းသုံးခဲ့သည်။

Q: ဆရာတော်ဦးစီးတည်ထောင်တဲ့ သဘာဝတရားရိပ်သာ စတင်ထူထောင်ဖြစ်ခဲ့ချိန်နဲ့ သဘာဝတရားရိပ်သာအကြောင်းနဲ့ လောလောဆယ်နေထိုင်သူဦးရေ ကိုရှင်းပြပေးပါ။
သဘာဝတရားရိပ်သာကို ၂၀၀၈ခုနှစ်မှာ ဦးကျော်အေး+ဒေါ်ခင်ဆွေဦးက မြေ၃ဧက မတည်ပေးပြီး  မြေလှူတဲ့အလှူရှင်တွေ၊ သံလျက်နယ်ခံတွေရဲ့ကောင်းမှုနဲ့စတင်တည် ထောင်ဖြစ်ခဲ့ပါတယ်။ ဘိုးဘွား၈၀ဝကျော်၊ သံဃာ၄၀၀(ဂီလာနသံဃာ၈ဝအပါအဝင်)၊ သီလရှင်၃၀ဝကျော်နဲ့ ဆောက်လုပ်ရေးဝန်ထမ်းမိသားစု၊ သဘာဝတရားရိပ်သာကလက်ခံ ထားသူမိသားစုပေါင်း၄၀ဝနဲ့ ယောဂီတွေအပါအဝင် လူပေါင်းက ၂၁၀ဝကျော်နေ ထိုင်ကြပါတယ်။ ယခုလက်ရှိမြေဧက၅ဝကျော်အကျယ်ရှိပါတယ်။ မလေးရှားမှာ ပြစ်ဒဏ်ကျ ခံပြီးလောလောဆယ် ပြန်လွတ်လာလို့ မြန်မာပြည်ပြန်လာမယ့် မြန်မာလူမျိုး၃၀ဝကျော်ကို လေယာဉ်ခမတတ်နိုင်တဲ့အတွက် ဆရာတော်တို့က လေယာဉ်ပျံလက်မှတ်လှူဒါန်းပေးပြီး ဒီရောက်လာလို့ နေရေးထိုင်ရေးအဆင်မပြေရင်လည်း ကူညီဖို့စီစဉ်နေပါတယ်။
Q: သဘာဝတရားရိပ်သာမှာ ခိုလှုံချင်တဲ့သူတွေက ဗုဒ္ဓဘာသာဘုန်းကြီး၊ သီလရှင်၊ ယောဂီဖြစ်ဖို့လိုပါသလား။ သက်ကြီးရွယ်အိုဖြစ်ဖို့လိုပါသလား။
သဘာဝတရားရိပ်သာဟာ လူမျိုး၊ ဘာသာ၊ အသက်အရွယ်မခွဲခြားဘဲ ဒုက္ခတွေ့သူများကို ခိုလှုံရာကူညီဖို့ဖြစ်ပါတယ်။ ဘယ်လိုလူတွေလာသလဲဆိုရင် မြန်မာပြည်အရပ်ရပ်က ပရဟိတအဖွဲ့တွေကနေ လာပို့တဲ့ နေဖို့အခက်ခဲရှိသူတွေ၊ အထီးကျန်သူတွေ၊ ဆေးလူမှုဆက်ဆံရေးအဖွဲ့ကနေလာပို့ပေးတဲ့ ဆေးရုံတွေမှာဆေးကုပြီး ဆေးဆက်မကုနိုင်သူတွေ၊ ပြန်စရာနေရာမရှိသူတွေ၊ မိသားစုကမစောင့်ရှောက်နိုင်တဲ့သက်ကြီးရွယ်အိုတွေကို လက်ခံစောင့်ရှောက်ပေးပါတယ်။ ဗုဒ္ဓဘာသာမှမဟုတ်ဘူး ခရစ်ယာန်၊ အစ္စလမ်နဲ့ ဘာသာမဲ့သူတွေလည်း သဘာဝတရားရိပ်သာမှာ နေထိုင် နေကြ ပါတယ်။ မြန်မာပြည်လာလည်ပြီး တည်းခိုခန်းမတည်းချင်သူတွေ
အတွက်လည်း သဘာဝတရား ရိပ်သာမှာ ခေတ္တလာရောက်နေ ထိုင်ကြပါတယ်။ သဘာဝ တရားရိပ်သာဟာ လူသားတွေရဲ့စိတ်ပိုင်း
ဆိုင်ရာလိုအပ်ချက်တွေကိုပါ အတတ်နိုင်ဆုံးဖြည့်စွမ်းကူညီပါတယ်။
ဒုက္ခရောက်နေသူတွေ ကိုယ်လက်အင်္ဂါချို့တဲ့သူတွေ၊စိတ်ဝေဒနာရှင်တွေ ကို ကူညီ စောင့်ရှောက်တယ်။ လောလောဆယ် မြန်မာပြည်
အနှံ့မှာ သဘာဝတရားရိပ်သာပေါင်း၃ဝကျော်စတင်သက်ဝင်လှုပ်ရှားနေပါပြီ။
Q: သဘာဝတရားရိပ်သာကိုတည်ထောင်ဖြစ်တဲ့ ဆရာတော်ရဲ့ ရည်ရွယ်ချက်က။
ဆရာတော်က ဘုန်းကြီးဝတ်လိုက်တဲ့အခါ ဘုန်းကြီးတွေ နာမကျန်းဖြစ်ရင် ပြုစုနိုင်သူကရှားတာကို တွေ့ခဲ့ရတယ်။ သီလရှင်တွေ၊ ယောဂီတွေလည်း ထို့အတူပဲပေါ့။ ဝါတွင်းဆို ဘုန်းကြီး၊ သီလရှင်တွေသီတင်းသုံးရတာ အခက်အခဲရှိတယ်။ လူတွေမှာလည်း ဒီလိုပဲ။ သက်ကြီးရွယ်အိုတွေကို ပြုစုမယ့်သူတွေက ရှားတယ်။ ဘုန်းကြီးလောကမှာဆို စာသင်သားဆိုလဲ စာတော်မှချောချောမွေ့မွေ့ရှိတယ်လေ။ စာမတော်သူ၊ မကျန်းမာသူ၊ သက်ကြီးရွယ်အိုတွေအတွက်ဆို အဆင်မပြေဘူး။ သဘာဝတရား ရိပ်သာက ဂီလာနနဲ့သက်ကြီးရွယ်အိုများအတွက်လိုအပ်ချက်ကိုဖြည့်ပေးချင်တယ်။ တရားရိပ်သာဆိုတော့ အားလုံးနဲ့ဆိုင်တယ်။ ဘုန်းကြီးနဲ့လူမခွဲခြားဘူး။ သူတို့အတွက်နေစရာပေးချင်၊ စောင့်ရှောက်ချင်တယ်။
Q: သဘာဝတရားရိပ်သာမှာ ကြုံတွေ့ရတဲ့အခက်အခဲနဲ့ လူမှုရေး ပဋိပက္ခတွေကိုရော ဘယ်လိုဖြေရှင်းခဲ့ပါသလဲ။
လူတွေကို လက်ခံပေးတဲ့အခါမှာ လူတင်မကဘူး။ ပြဿနာတွေ လည်း တွဲပါလာတတ်တာပဲလေ။ ဘုန်းကြီးတွေဆိုလည်း အာဂန္တုဆို ကျောင်းတိုင်းက လက်မခံရဲတာ လက်မခံရဲတဲ့အကြောင်းရှိတယ်။ မကောင်းတဲ့သူကြောင့် ကိုယ်ကျောင်းပါဒုက္ခရောက်မှာစိုးလို့လက်မခံတာ။ ကောင်းတဲ့သူတွေပါ ဘာမှန်းမသိတော့ လက်မခံရဲဘူးပေါ့။ သဘာဝတရားရိပ်သာကကျ ဘယ်သူ့မဆိုလက်ခံရဲတယ်။
တခုခုဖြစ်လို့ဆုံးရှုံးမယ်ဆို မြေတခုပဲဆုံးရှုံးစရာရှိတာလေ။ ဆရာတော် ၂၀၀၉ထဲက နိုင်ငံခြားထွက်တာ။ နိုင်ငံခြားထွက်တဲ့ အခါတိုင်း တရားရိပ်သာမှာ ပြဿနာတွေတက်တယ်။ပြဿနာ အခက်အခဲကပေါင်းစုံပေမယ့် နဂိုစဖွင့်ထဲက ပိတ်ဖို့ဖွင့်တာမှ မဟုတ်တာ။ မပြိုကွဲအောင် ဘုန်းကြီးတို့အတတ်နိုင်ဆုံးကြိုးစားတယ်။ မအောင်မြင်လို့မဖြစ်ဖူးဆိုတဲ့ယုံကြည်ချက်ကိုထားတယ်။ ကိုယ်က ဒုက္ခရောက်
တဲ့သူကို ကူညီတာ။ အခြေ အနေက မဖြစ်မနေဆိုတာ ဖြစ်သွားတယ်။ ကိုယ့်ကိုမှီခိုနေတဲ့သူကတအားများတော့  လက်ခံရင်းလက်ခံရင်းနဲ့ နောက်ဆုတ်လို့မရတဲ့အခြေအနေကိုဖြစ်သွားတယ်။ စိတ်ဖောက်နေသူတွေဆိုလည်း သည်းခံတယ်။ တွဲခေါ်တယ်။ Control မလုပ်ဘူး။ အချိန်တန်တဲ့အခါ သူတို့သဘောပေါက်လာတယ်။ သည်းခံခြင်းရဲ့အကျိုးကျေးဇူးပေါ့။
Q: သဘာဝတရားရိပ်သာမှာ ဘတ်ဂျက်အခက်အခဲကြုံတွေ့ရမှုတွေကရော။
၂၀၁၄ခုနှစ်အရင်က ရိပ်သာမှာ မနိုင်မနင်းဝန်တွေပိနေတယ်။ မှီခိုသူတွေအများကြီးနဲ့ အလှူငွေဘယ်လောက်ရရ မလောက်ဘူး။
စားစရာမလောက်ငှမှုပြဿနာတွေကြုံခဲ့ရတယ်။ဒီလိုပြဿနာမျိုးစုံကြားထဲ၊ နေရာ မရှိတဲ့ကြားထဲ၊ စားစရာမရှိတဲ့ကြားထဲ နှစ်ရှည်လများဒုက္ခကို ကိုယ်တင်မက လူတွေရော၊ ယောဂီတွေပါ ခံနိုင်သွားတယ်။ ၂၀၁၄၊ စက်တင်ဘာမှာ ကံကြမ္မာက ပြောင်းသွား တယ်။ မီဒီယာတွေမှာ သဘာဝတရားရိပ်သာအကြောင်းရေးထားတာပါသွားပြီး အလှူရှင်တွေ ရောက်လာကြတယ်။ အကြွေးတွေ တောင် တော်တော်ကျေသွားတယ်။
Q: ဆရာတော်အခုလို တရားရိပ်သာမှာမှီတင်းနေထိုင် နေတဲ့သူပေါင်းများစွာကို စီမံခန့်ခွဲနိုင်တာ ဆရာတော်လူဝတ် ဘဝမှာနေထိုင်စဉ်က စီးပွားရေးလုပ်ခဲ့တဲ့အတွေ့အကြုံနဲ့ရောဆိုင်တယ်လို့ ထင်ပါလား။
ဆရာတော်က ပညာသင်ခဲ့တဲ့နှစ် ကျောင်းပိတ်တာနဲ့ဘာနဲ့ နှစ်၂ဝကျော်၊ ဝန်ထမ်းပေါင်း၁၀ဝကျော်ကိုအုပ်ချုပ်ခဲ့တဲ့ စီးပွားရေး
လုပ်သက်ရနှစ်အတွေ့အကြုံရှိခဲ့တယ်။ စီးပွားရေးလုပ်စဉ်က ကိုယ့်ကိုဘယ်သူတွေကဘယ်လိုဒုက္ခပေးမယ်။ ဘယ်လိုကာကွယ်
ရမယ်ဆိုတာကို သိခဲ့တယ်။ ဒါပေမယ့် ဒါတွေကို သဘာဝတရားရိပ်သာအခက်အခဲအတွက် အသုံးမချခဲ့ဘူး။ ဆရာတော်က
လူဝတ်ဘဝမှာနေစဉ်က အနောက်တိုင်း ဘာသာပြန် စာပေတွေလည်း ဖတ်တယ်။ ကြုံလာသမျှအခက် အခဲတွေအတွက် တရားသာ
အားကိုးတယ်။ ကိုယ့်ကိုကိုယ်အားကိုးတယ်ဆိုတာက အကန့်အသတ်ရှိတယ်။ ရေရှည်မှာမရဘူး။ တရားသာအားကိုးရာလို့မှတ်တယ်။ ကိုယ့်စေတနာကိုယ်လည်း ယုံတယ်။
Q: သဘာဝတရားရိပ်သာမှာနေထိုင်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကရော။
လောလောဆယ် သူနာပြုဆရာမ၃ဦးရှိပါတယ်။ စေတနာဆရာဝန်အဖွဲ့ကတောပ အပတ်စဉ်လာရောက်ကြည့်ရှုပေးပါတယ်။ လူမမာက ၆၀ဝကျော်ရှိနေတယ်။ ကျောင်းက အမျိုးသမီး၃ဦးကိုလည်း ကျောင်းပြင်ပမှာ ပိုက်ဆံပေးတက်ရတဲ့သူနာပြုဆရာမသင်တန်းကို သင်တန်းကြေးပေးပြီး တက်ခိုင်းပါတယ်။ Ambulance က ၃စီးရှိတယ်။ ကျန်းမာရေးအတွက်ဆရာတော်လောလောဆယ် “သဘာဝတရားဆေးရုံ” ကိုဆောက်နေတာ ၄ထပ်ပြီးသွားပါပြီ။ သဘာဝတရားဆေးရုံဆရာဝန်အဖွဲ့ကနေ ရိပ်သာက ဂီလာန
၆၀ဝကျော်အပြင် ပြင်ပကလူမမာတွေကိုပါလက်ခံကုသပေးမှာပါ။ ပြည်သူ့ဆေးရုံ၆ထပ်ဆေးရုံဖြစ်ဖို့လည်းကြိုးစားနေပါတယ်။
Q:ဆရာတော်တို့သဘာဝတရားရိပ်သာအတွက် လောလောဆယ်အဓိကလိုအပ်နေတဲ့အခက်အခဲကို ပြောပြပါဘုရား။ ပြည်တွင်း၊ ပြည်ပစေတနာရှင်များ ဝိုင်းဝန်းလှူဒါန်းပေးနိုင်အောင်ပါ။
အဓိကလိုအပ်နေတာက အဆောက်အဦးတွေပါပဲ။ လူမမာ၊ ဘုန်းကြီး၊ သီလရှင်များနေ့စဉ်များပြားလာတဲ့အတွက် နေရေးပြဿနာက ရှိနေပါတယ်။ ခုနက သဘာဝဆေးရုံအတွက် အခုဆို စက်ပစ္စည်းများတပ်ဆင်နေပါတယ်။ ဆေးရုံသုံးပစ္စည်းနဲ့ ရောဂါစိစစ်ရေး ကိရိယာများလည်း အဓိကလိုအပ်ပါတယ်။ ဆေးဝါးတွေက လိုအပ်ပေမယ့် သွင်းဖို့ပြုဖို့က ပြဿနာကရှိနေဦးမယ်ထင်တယ်။ ပြည်ပက ဆရာဝန်များလည်း ပြည်တွင်းကဆရာဝန်များနဲ့ ပူးပေါင်းပါဝင်ပြီး ကူညီစေဖို့ ဆရာတော်က မေတ္တာရပ်ခံချင်ပါတယ်။ ဆရာတော်က အခု U.S. မှာလည်း တရားထိုင်ဖို့အခက်အခဲရှိသူတွေ၊ သက်ကြီးရွယ်အိုတွေအတွက်ရည်ရွယ်ပြီး တရားစခန်းထူထောင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။
Q: မြန်မာ့ဂဇက်ကနေတဆင့် စာဖတ်ပရိသတ်တွေကို ဆရာတော်ဟောချင်တဲ့တရားချီးမြှင့်ပေးပါ။
လောကမှာ ဘာကိုပဲလုပ်လုပ်အောင်မြင်အောင် တရားကိုအား ကိုးကြပါ။ တရားအားကိုးတယ်ဆိုတာဘာလဲဆိုရင် လောဘ၊
ဒေါသ၊ မောဟ ကင်းအောင်နေထိုင်တာပါပဲ။ စိတ်ရှည်သည်းခံသင့်တဲ့ အရာကိုသည်းညည်းခံပါ။ လောဘ၊ ဒေါသ၊ မောဟတွေကို ရှေ့မရောက်ပါစေနဲ့။ ကိုယ့်ကိုကိုယ်အားကိုးတာကအကန့်အသတ်ရှိ ပါတယ်။ တရားအားကိုးတဲ့သူဟာ အောင်မြင်မှုကို မလွဲမသွေရမှာပါပဲ။

ဆရာတော်သွားသန့်စင်နေစဉ်မှာ ဆရာတော်နဲ့အတူ U.S. ခရီးမှာအတူုလိုက်ပါလာတဲ့သီလရှင်၂ပါးထဲက ဆရာလေး ဒေါ်ဝံသပါလီက ဆရာတော်ထူထောင်ခဲ့တဲ့ “၁၅ပေစေတနာရွာ” နဲ့ အခြားပရဟိတလုပ်ငန်းတွေအကြောင်း ပြောပြပါတယ်။
” ဆရာတော်က သူပိုင်တဲ့ဧက၂ဝလယ်မြေတွေကို သံလျင်မှာ နေထိုင်စရာမရှိတဲ့မိသားစု၃၀၀ဝကျော်၊ လူပေါင်း၁သောင်းကျော် ကို ၁၅ပေပတ်လည်နေရာပေးပြီး ၂၀၀၄ခုနှစ်ကနေစပြီး လှူဒါန်းနေထိုင်စေခဲ့ပါတယ်။ တဲတလုံးကို ကျပ်၃သိန်းခန့်ကျပါတယ်။ ဓမ္မာရုံ၊ လမ်း၊ အဝီစိတွင်း၊ ရေသန့်စက်၊ ဆေးပေးခန်း၊ အချိန်ပိုင်းလျှပ်စစ်မီးတွေပေးပြီး ရွာတည်ပေးခဲ့တယ်။ ကလေး၇၀၀
အတွက် ရတန်းအထိပညာသင်နိုင်တဲ့ သက်ကယ်မိုးထရံကာ ဘကကျောင်းကိုဆောက်ပေးပြီး ဆရာမ၉ဦးနဲ့ စေတနာဝန်
ထမ်းတွေက စာသင်ပေးပါတယ်။ ဒီနှစ်မှာ နောက်ထပ်ကျောင်းသား၄၀ဝကျော်ထပ်တိုးမှာဖြစ်လို့ ဆရာတော်က ၃ထပ်ကျောင်းဆောက်ဖို့ စီစဉ်နေလို့ အလှူရှင်တွေလိုအပ်နေပါတယ်။ လှည်းကူးမှာလည်း  “သစ်နေပင်စေတနာရွာ”ဆိုပြီး ဧက၃၀ဝကျော်ကို လှူဒါန်းထားပါတယ်။ အဲ့ဒီ့မှာတော့ မိသားစုတစုကို ပေ၂၀၊ ပေ၃ဝပတ်လည်ပေးထားပါတယ်။ ဘေးမဲ့တောလည်း တည်ဆောက်
ထားပြီး ဝက်ဝံ၊ ယုန်၊ နွား၊ ခွေး၊ ကြောင်တွေနေဖို့ လှူထားပါတယ်။ လှည်းကူးမှာဆို ခွေးတွေကိုမမွေးနိုင်တော့သူတွေအတွက်
ဧက၂ဝကျော်ကို ခွေးမွေးဖို့ လှူထားပါတယ်။ သဘာဝတရားရိပ်သာအနေနဲ့ မြန်မာပြည်အနှံ့လောလောဆယ်စတင်နေပြီဖြစ်တဲ့
နေရာ၃ဝကျော်မှာ ပုပ္ပါး၊ မိုးကုတ်၊ နန့်ဆမ်က တရားစခန်းတွေက လူတွေတော်တော်သိနေကြပါပြီ။ ကျိုင်းတုံတာချိီလိတ်လမ်းပေါ်မှာ ကားဆီပြတ်သူ၊ အစာရေစာပြတ်သူတွေအတွက် နန့်ဆမ်က ကုသိုလ်ဘက်တရားရိပ်သာက ကူညီပေးနေပါတယ်။ ဗမာ
စကားမပြောတတ်တဲ့တိုင်းရင်သားကလေးတရာကျော်ကိုတာဝန်ယူစောင့်ရှောက်နေပါတယ်။ သံလျင်သဘာဝရိပ်သာမှာ ကွန်ပြူတာ၊ အင်္ဂလိပ်စာနဲ့ ဆံပင်ညှပ်၊ အကျီင်္ချုပ်အစရှိတဲ့ အသက်မွေးဝမ်းကြောင်းပညာများကိုလည်း ပညာဒါနပြုဖွင့်လှစ်ပေးလျက်ရှိပါတယ်။ ရိပ်သာမှာနေထိုင်တဲ့လူပေါင်း၂၀၀ဝကျော်ထဲက ပညာရှင်လူငယ်တွေကရော၊ ပြင်ပကပညာရှင်တွေကပါ သင်တန်းပို့ချပေးပါတယ်။” လို့မြန်မာ့ဂဇက်ကိုပြောကြားခဲ့ပါတယ်။ ဆရာလေး ဒေါ်ဝံသပါလီကဟာ ကိုရီးယားမှာ ၂၀၀၆ခုနှစ်က ၂၀၁ဝခုနှစ်ထိ သီတင်းသုံးခဲ့ပြီး သက်တော်၄၃နှစ်၊ ဝါတော်၁၉ဝါရှိပါပြီ။ တောင်ကြီးဇာတိဖြစ်ပြီး ဘွဲ့ရပြီးမှ သီလရှင်ဝတ်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

ဆရာတော်နဲ့အတူ U.S.ကို ကြွလာတဲ့နောက် သီလရှင်တပါးကတော့ အီတာလျံလူမျိုး ဆရာလေးဒေါ်ခေမာစာရီ( Khema Cari) ဖြစ်ပါတယ်။ သူဟာ လူဝတ်ကြောင်ဘဝမှာ မပျော်ပိုက်ဘဲ ၂၀၀၄မှာ ထိုင်းနိုင်ငံကိုသွားရောက်ပြီးဗုဒ္ဓဘာသာ လေ့လာရာကနေ မြန်မာနိုင်ငံဟာဗုဒ္ဓဘာသာထွန်းကားရာနိုင်ငံဖြစ်တယ်လို့သိရတဲ့အတွက် ၂၀၀၅၊ ဇန်နဝါရီမှာ မြန်မာပြည်ကိုပထမဆုံးအကြိမ်ကြွရောက်ကာ ဒီဇင်ဘာမှာ ပဲခူး၊ မုံလည်ဆရာတော်ဘုရားကြီး ကောင်းမှုနှင့် သီလရှင်ဘဝကို တနှစ်ခံယူခဲ့ပါတယ်။

အီတလီကိုပြန်သွားပြီး ၂၀၀ရခုနှစ်မှာ မြန်မာပြည်ကိုပြန်လာတဲ့အခါ သင်္ကန်းရောင် တော်လှန်ရေးကြောင့် မြန်မာပြည်ထဲဝင်ခွင့်
မရခဲ့ဘဲအိန္ဒိယကိုသွားခဲ့၍ ၂၀၁ဝမှ မြန်မာပြည်ပြန်ခွင့်ရခဲ့ပါတယ်။ ၂၀၁ဝမှာ မုံလယ်ဆရာတော်ပျံလွန်တော်မူပြီး နောက်၂၀၁၂ ဇန်နဝါရီလမှာ သဘာဝတရားရိပ်သာကို ရောက်ရှိလို့ယခုထက်ထိ သီတင်းသုံးနေဆဲဖြစ်ပါတယ်။ ဆရာလေးက လူ့ဘဝက တကယ်ဆန်းကြယ်ပြီး ဘဝမှာဘယ်လိုမှ မထင်မှတ် ထားတဲ့နေရာမှာ အခြေချနေထိုင်ဖြစ်ခဲ့ပေမယ့် စိတ်ငြိမ်းချမ်းမှုအစစ်အမှန်ကိုတွေ့ရှိရကြောင်း မိန့်ကြားပါတယ်။

7 comments

  • ဂျစ်စူ

    June 24, 2016 at 9:25 pm

    မရောက်ဖူးဘူး ရိပ်သာကို
    ဒုက္ခရောက်နေတာတွေပါ
    လာပို့တယ်ဆိုတော့
    အစိုးရတာဝန်ပါ ဖဲ့ယူနေရသလိုပဲလို့
    မြင်တယ်

    ဒုက္ခတွေရောက်ကြလွန်းလို့
    မနေနနိုင်တဲ့ ပြည်သူတွေ
    ပရဟိတတွေ ထထလုပ်ကြရတယ်

    ပရဟိတသမားတွေကို
    ရေလည်လေးစားတယ်

    အတ္တဟိတ သမားတွေကိုတော့
    ဒုက္ခသည်တွေ ပါတဲ့ချီး ကျွေး ချင်တယ်

    ရိုင်းသွားရင်တော့ ခွလွှတ်
    အများပိုင်ကို တဦးပိုင် တစ်မိသားစုပိုင် ထည့်သွားတဲ့
    အတ္တပုဂိ္ဂုလ်ဒွေကိုပြောဒါ

  • မြစပဲရိုး

    June 25, 2016 at 3:14 am

    ဆရာတော် ကို ဘုန်းကြီး တွေ ဆိုတာ အာဏာရှင်တွေပါ လို့ ပြောကြည့်ပါလား။
    ပြောရဲလား။
    မပြောရဲဘူးမဟုတ်လား?
    တကယ်တော့ ရှင်ဟာ လေ နဲ့ ဟန်လုပ်ပြနေတာ ပါဘဲ သူကြီးမင်းရယ်။ 😉

    • ဂျစ်စူ

      June 25, 2016 at 9:53 am

      သဂျီးလား ပြောရဲမှာ

    • မမချွိ

      June 30, 2016 at 1:00 pm

      မထင်ဟင်ဟင်ဟင်ဟင်

      :mrgreenn:

    • kai

      July 3, 2016 at 1:52 pm

      တရက်ကတင်.. ဘုန်းကြီးသွားဖူးတယ်ဆိုပြီး.. ဖူးသူ(ဆိုသော)သူကိုယ်တိုင်က.. အခန်းထဲငုတ်တုတ်ထိုင်.. ဘုန်းကြီးမျက်နှာကြည့်.. (အဖူးခံသည်ဆိုသော) ဘုန်းကြီးကလည်း ဟိုကြည့်ဒီကြည့်..အသက်မှမထောက်ရပဲ.. လာကြည့်သူတွေအတွက် အချိန်ပေး ထိုင်ပေးနေရ..။
      .. အချိန်တန်.. ထိုင်ကန်တော့ ပြန်လာရတဲ့.. ဘုန်းကြီးဖူးတောလားကို.. ဖဘထဲဖတ်လိုက်ရတယ်..။
      နာမယ်ကြီးဆတော်ကြီးကို.. မျက်နှာသွားကြည့်… လူအကျိုးရှိသလားပေါ့..။

      ဆိုတော့..
      ကျုပ်ကတော့ အခြေအနေအချိန်အခါကြည့်ပြီး.. မေး.. အဲ.. အဲ.. တရားလျှောက်သဗျ..။
      ဘယ်အထိလောက်မေးသလဲဆိုရင်.. နှလုံးအစားထိုးလဲတာတို့.. အသက်တည်ရာတို့.. နိဗ္ဗာန်ကို.. ရဟန္တာလို့သမုတ်ခံရတဲ့ဆတော်ကြီးတွေတောင်.. တပါးနဲ့ပါးမတူအောင်ဖွင့်ကြတာတို့.. ဝိပဿနာဘာလဲဘယ်လဲတို့.. မဟာယာန.. ထေရဝါဒ… ဇင်.. အစ္စလမ်.. ဂျိန်း.. ခရစ်ယန်အကြောင်း.. တို့.. လှည့်ပါတ်အကုန်မေးတာ…။
      ကျုပ်ဖတ်ထားတဲ့စာတွေ.. ပါတ်ထားတဲ့နိုင်ငံဒေသတွေ.. မေးခဲ့ဖူးတဲ့သူတွေ….. ထိုင်နေတဲ့အနှစ်၃ဝမက.. တရားထိုင်သက်နဲ့ “စက်”ရင်.. တထိုင်ထဲနဲ့.. ဘယ်သူ.. ဘာကောင်.. တန်းပေါ်တာပဲ..။

      အဲလောက်ပဲပြောထားချင်.. :k:

  • ဦးကြောင်ကြီး

    June 25, 2016 at 10:52 am

    မာမွပ်ခိုမ် နတ်ပြည်ရောက်အူးမယ်….။ အသူလှ ျာနတ်ပြည်မှာ ရှက်ကီထုလို့ရတယ်.. ဧဲဂိုသွား။။။

  • Thint Aye Yeik

    June 26, 2016 at 12:25 pm

    တရားကို အားကိုး တဲ့။

    တရားကို အားကိုးဖို့ အရင်ဆုံး ကိုယ့်ကိုယ်ကို အားကိုးပါရစေဦး
    (တရားစာအုပ်ဖတ်ဖို့ ကိုယ့်မျက်စိ ကိုယ်အားကိုး/ကိုယ့်မှတ်ဉာဏ် ကိုယ်အားကိုး/
    တရားနဲ့အညီ နေထိုင်ပြုမူ ပြောဆိုဖို့ ကိုယ့်စိတ်နဲ့ကိုယ့်ခန္ဓာကို ကိုယ်အားကိုး/
    တရားထိုင်ဖို့ တရားမှတ်ဖို့လည်း ကိုယ့်ခြေ ကိုယ့်လက် ကိုယ့်ခါး ကိုယ့်အား ကိုယ်အားကိုးပါရစေဘုရာ့)

    :k:

Leave a Reply