” မဲ့ “

IMG_2629“မဲ့”

ဘဝအထွေထွေမှာ
တချို့က
နေစရာမဲ့ တယ်။
တစ်ချို့ က
စားစရာမဲ့တယ်။
တစ်ချို့က
အသပြာမဲ့တယ်။
တစ်ချို့က
ဂုဏ်မဲ့တယ်။
တစ်ချို့က
သိက္ခာမဲ့တယ်။
တချို့က
အရှက်မဲ့တယ်။
တစ်ချို့က
သစ္စာမဲ့တယ်
တစ်ချို့က
ခံစားချက်မဲ့တယ်။
တစ်ချို့က
ကိုယ်ချင်းစာတရားမဲ့တယ်။
တစ်ချိိုက
ကိုးကွယ်ရာမဲ့တယ်၊
တစ်ချို့က
အတွေးအခေါ်မဲ့တယ်
တစ်ချို့က
အဆင်ခြင်မဲ့တယ်
တစ်ချို့က
အကြောက်တရားမဲ့တယ်

တစ်ချို့က
………….
တစ်ချို့က
………………
သူများတွေကိုသာစဉ်းစား
ငါကိုယ်တိုင်ကရော
ဘာတွေများမဲ့နေသလဲ
တွေးရင်းတွေးရင်း
မူးချာပါတ်ချာလည်။

ကိုပေါက်လက်ဆောင်အတွေးစဉ်
၂၅၆၁၆

6 comments

  • ဂျစ်စူ

    June 26, 2016 at 8:34 am

    မဲ့မနေနဲ့
    ရယ်နေ

    ရယ်သောသူ အတက်ရှည်သဒဲ့ ကောင်လေးရဲ့

    ဝက်ဟက်ဟက်ဟက်

  • Thint Aye Yeik

    June 26, 2016 at 11:59 am

    သူ့စာဖတ်ပြီး
    ကိုယ့်ခန္ဓာနဲ့စိတ်ကို ပြန်ကြည့်မိ

  • ဝင့်ပြုံးမြင့်

    June 26, 2016 at 2:13 pm

    ဓာတ်ပုံက စိတ်ဝင်စားဖို့ကောင်းတယ်။

  • uncle gyi

    June 27, 2016 at 4:06 pm

    ဘာပြောပြောမဲ့်တယ်ဆိုမကောင်း

Leave a Reply