ဘဲလေး ၊ တယော နဲ့ Street Dance ပေါင်းစပ်မှု High Strung (2016)

လောလောလတ်လတ် 2016 မှာ ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ Music နဲ့ အက တွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားတွေကြိုက်နှစ်သက်သူတွေ လက်မလွှတ်သင့်သလို အခြားရုပ်ရှင် ဝါသနာအိုးတွေ အတွက်လည်း ဒီဇာတ်ကားဟာ ကြည့်ရတာ တန်မယ့်ဇာတ်ကားပါ။

 

MV5BMTcyNTExMDE1OV5BMl5BanBnXkFtZTgwNzg3OTMwODE@._V1_

Ruby:

Ruby ဆိုတဲ့ ကောင်မလေး အနုပညာကျောင်းမှာ စကောလားရှစ်ရထားတဲ့ သူတစ်ယောက်ပါ။ သူက ဘဲလေးအကက ရာမှာ သိပ်ကိုကျွမ်းကျင်ပါတယ်။ စကောလားရှစ်ကျောင်းသူမို့ သူများတွေထက် ပိုကြိုးစားရပါတယ်။ ကျောင်း စစတက်ချင်း မှာပဲ သူ့ရဲ့ အခန်းဖော်ဟာလည်း ဘဲလေးအကကပြီး စကောလားရှစ်ရထားတဲ့ ကျောင်းသူမို့ ပထမဆုံးရက်မှာပဲ အချစ်ဆုံး သူငယ်ချင်းတွေ ဖြစ်ပါတယ်။MV5BYTYxNTZmYmEtZjNiNy00YmNkLWE1ZjctMGZmMzZkYWJlZTMzXkEyXkFqcGdeQXVyMTYzNTcwOQ@@._V1_SY1000_SX1437_AL_MV5BMzQ3ZTkzZDItNGFhOC00MDg4LTk0ZTYtY2ZmMDc1MjU5MTk1XkEyXkFqcGdeQXVyMTYzNTcwOQ@@._V1_SY1000_CR0,0,665,1000_AL_

Jonnie:

ဗြိသျှိကလာတဲ့ ဗြိသျှိလူမျိုးလူငယ်လေးပါ။ အမေရိကားမှာ နေထိုင်ခွင်းရဖို့ ကြိုးစားရင် သူ့အဖိုးပေးထားတဲ့ တယောလေးနဲ့ လမ်းမထက်မှာတယောတီးပြရင်း ပိုက်ဆံရှာတဲ့ လူငယ်တစ်ယောက်ပါ။ သူ့တယောပညာဟာလည်း အံ့မခန်းပေမယ့် ဘယ်ပြိုင်ပွဲမှ မဝင်ဘဲ လွတ်လပ်စွာ အနုပညာကို ခံစားတဲ့ လူငယ်တစ်ယောက်ပေါ့။ သူ Green Card လုပ်ခိုင်းတဲ့ ရှေ့နေ့က လိမ်လည်သွားတာနဲ့ နေထိုင်ခွင့်လည်းပျောက်ဆုံး ခိုးနေတဲ့ ဘဝရောက်နေပြီး သူနေတဲ့တိုက်ခန်းမှာ Street Dance ကတဲ့ လူငယ်တစ်ခုနဲ့ အတူနေထိုင်ပါတယ်။ တစ်ရက်မှာတော့ Ruby နဲ့ တွေ့ခဲ့ပါတယ်။MV5BNmZmM2JmNjItZjhkYi00ZTI1LTlmM2ItZGVkN2M3MWZiNjQ1XkEyXkFqcGdeQXVyMTYzNTcwOQ@@._V1_SY1000_CR0,0,1387,1000_AL_MV5BNzJkYmJlNGYtYTI1ZC00MDVhLThmNjEtNmM4YjUwMDM3Mjk2XkEyXkFqcGdeQXVyMTYzNTcwOQ@@._V1_SY1000_CR0,0,1084,1000_AL_

 

Ruby ကိုကူညီရင်း jonnie ရဲ့ တယောဟာ အခိုးခံခဲ့ရပါတယ်။ Ruby ဟာ jonnie ကို သူ့ကျောင်းက တယောကို ငှားပေးရင်း ကျောင်းက ကျင်းပတဲ့ တယောပြိုင်ပွဲကို ဝင်ပြိုင်ဖို့ပြောလာပါတယ်။ အနိုင်ရရှိရင် ပိုက်ဆံသာမက စကောလားရှစ်ပါ ရမှာမို့ပါ။ Ruby နဲ့ Jonnie ကြားမှာ ကျောင်းမှာအတော်ဆုံးဖြစ်တဲ့ Kyle ဆိုတဲ့ လူတစ်ယောက် ကြားဝင်လာတဲ့အခါ။ ရုပ်ရှင်ဇာတ်ကားကို ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားပါခင်ဗျာ။ တယောကို ပုံစံမျိုးစုံနဲ့ တီးခတ်သွားပီး ဘဲလေးအက နဲ့ street dance ပါ ပေါင်းစပ် ဖန်တီးထားတာ ရင်သပ်ရှုမောစရာပါ။

MV5BYmJlZTY1ODItOTIyNi00OGMzLWE1MmEtM2EyMmM4ZmU2ODRlXkEyXkFqcGdeQXVyMTYzNTcwOQ@@._V1_SY1000_CR0,0,1502,1000_AL_

စာကြွင်း။ ။ မင်းသားလေး အရမ်းဆွဲဆောင်မှုရှိပါတယ်လို့။

လေးစားစွာဖြင့်

အောင်မိုးသူ

 

5 comments

  • Thint Aye Yeik

    June 28, 2016 at 11:19 am

    တာရာမင်းဝေရဲ့ အရှေ့မြို့ရိုးမှ မိုးရေးစက်များ ဆိုတဲ့ စာအုပ်ကို သိတယ်ဟုတ်။

    လူသား-ကချေသည်တစ်ယောက်နဲ့ စက်ရုပ်ကချေသည်တစ်ယောက် ယှဉ်ပြိုင်တဲ့ ဇာတ်လမ်းလေ…
    လူသားကချေသည်လေး ဂျူနိုက..စက်ရုပ်ကချေသည်ကို ယှဉ်ပြိုင်ဖို့…နောက်ဆုံးမှာ..သူ့ကိုယ်ခန္ဓာကို မီးကျွမ်းစေတဲ့ ကကွက်တစ်ခု တီထွင်ပြီး ကပြသွားတာ…။
    .ရေးထားတာ…သိပ်ကောင်းတယ်…။ ဖတ်ပြီးချိန်မှာ ..
    အနုပညာ ဆိုတာ..ကျိန်စာတစ်ခု…
    အနုပညာကိုမှ ချစ်မိတဲ့သူတွေဆိုတာ..ကျိန်စာကိုမှ မက်မောခုံမင်နေသူတွေ…ဆိုတဲ့အတွေး မဝင်ဘဲ မနေနိုင်ဘူး။

    အဲ့ဒီစာအုပ်ကို ရုပ်ရှင် ပြန်ရိုက်စေချင်တာ…။
    (စာအုပ်က မြန်မာဝတ္ထုလိုတော့ မြန်မာ ဆန်မနေဘူး။ တာရာမင်းဝေ ကိုယ်တိုင်ကလည်း ကိုယ်တိုင်ရေးလား…ဘာသာပြန်လား..သဲသဲကွဲကွဲ ပြောမထားဘူး။ ဆိုတော့ ကိုယ်တိုင်ရေး လို့တော့ ယူဆရတာပဲ။ ဒါမှမဟုတ်… နိုင်ငံခြား ရုပ်ရှင်အနေနဲ့… ရှိပြီးသားလား…)

    စိတ်ထဲမှာတော့… အဆို/အက အနုပညာလက်ရာတွေ တွေ့တိုင်း အဲ့ဒီစာအုပ်ကို ရုပ်ရှင်အဖြစ် မြင်နေချင်တော့တာပဲ။

    အခု မိုးမိုး ညွှန်းထားတဲ့ ကားလေးလည်း…ကြည့်ချင်စရာ။ အားရင်…ဒေါင်း ကြည့်ပါအုန်းမယ်။
    .
    .
    .
    .

    (စာကြွင်း ။ နိလိုတော့ …ဟိုမင်းသားလေးကို ကြွေနေပြီး…အဇမ်းဆွဲဆောင်မှု ရှိတာဖဲလို့…မပြောဘူး။)

    :k:

    • အောင် မိုးသူ

      June 28, 2016 at 12:19 pm

      ငါတော့ တာရာမင်းဝေစာအုပ်မဖတ်ဖူးဘူး။ ဇာတ်လမ်းလေးကောင်းလို့ဘာ မင်းသားလေး ဆွဲဆောင်မှုရှိတယ်လို့ ပြောတာ ရွာထဲက ရွာသူတွေအတွက်။

  • kai

    June 29, 2016 at 7:53 am

    ဘဲလေးအကက… မိန်းကလေးကောက်ကြောင်းတွေပေါ်တယ်..။
    မြန်မာအက က.. ဒီလောက်ပူအိုက်တဲ့ရာသီဥတုရှိတဲ့နိုင်ငံ.. ကောက်ကြောင်းတွေမြင်ရအောင်.. အကပညာထဲ.. အနုပညာထည့်…ထုတ်ပြပေမယ့်… အကဝတ်စုံ.. ဝတ်ထားချက်ကလုံခြုံလွန်းသမို့.. သိပ်မဟန်သေး…။

    အဲဒီ၂ခုကိုပေါင်းလိုက်နိုင်ရင်တော်တော်ကောင်းမှာ..။ :k:

  • မမချွိ

    June 30, 2016 at 12:49 pm

    မြူးဇစ်ကယ်ကို စကြည့်ဖို့ဆို သိပ်ပျင်းတယ်။
    ကောင်းမယ်လို့တော့ သေချာပါတယ်။
    🙂

Leave a Reply