တောင်ရောက် မြောက်ရောက် ( ၂ )

ဗျတ်ဝိသားရွာနဲ ့ ကျောက်ပြားတောင် အကြောင်းဆက်လိုက်အုံးမယ်။
ကျောက်ပြားတောင်က ဗျတ်ဝိသားရွာအရှေ ့ဖက် သဲချောင်းကြီးကိုကျော်ပြီး မိုင်ဝက်လောက်အကွာမှာ ရှိတဲ ့ ပင်လယ်ရေမျက်နှာပြင် ၇၀ဝ လောက်မြင် ့တဲ ့တောင်ကုန်းတန်းရှည်တစ်ခုပါ။ သဲချောင်းကြီးလို ့ခေါ်ကြပေမယ် ့ တစ်နွေလုံးရေမပြတ်တဲ ့ ကျောက်ချောင်းကြီးပါ။

ကျောက်ပြားတောင်ပေါ်မှာ ကျောက်တုံးကြီးတွေ တစ်လုံးပေါ် တစ်လုံးဆင် ့ပြီးတည်နေတာ
ထူးထူးခြားခြားတွေ ့ရပါတယ်။ မြန်မာပြည်က ကျော်ကြားတဲ ့ ကျိုက်ထီးရိုးကျောက်တုံးလိုမျိုး ..
ဒီမှာက နယ်မြေ ဧရိယာကျဉ်းကျဉ်းမှာ ဒီလိုကျောက်တုံးကြီးတွေ သဘာဝအတိုင်း ဆင် ့နေတာ
၃ ခု တွေ ့ခဲ ့တယ်။
ဒေသခံတွေ အဆိုအရ စစ်ကြီးမတိုင်ခင်က ဒီနေရာတွေမှာ ဘုရားတွေတည်ခဲ ့ကြပြီး စည်ကားခဲ ့ပုံ
ရတယ်။ စစ်ပြီးနောက်ပိုင်းကျတော ့လည်း ပြည်တွင်းစစ် မငြိမ်မသက်တာတွေကြောင် ့ ဒီဒေသမှာ
ရွာတွေ မတည်နိုင်ပဲ ထားဝယ်-မြိတ် ကားလမ်းမကြီးဘေးမှာနေထိုင်ခဲ ့ကြရတယ်။
အပစ်အခတ်တွေ ငြိမ်းစဲလို ့ သူတို ့နေရာဟောင်း ရွာဟောင်းတွေဆီပြန်ပြောင်းရွေ ့ နေထိုင်ကြတာ
ဆယ်နှစ်ကျော်လောက်ပဲရှိပါသေးတယ်။ တနယ်လုံးက ကွမ်းသီး စိုက်ပျိုးကြပါတယ်။
ဒီရွာတွေဖက်သွားတဲ ့ ကားလမ်းက ထားဝယ် ကျောက်မီးသွေးထွက်တဲ ့နေရာသွားတဲ ့ လမ်းနဲ ့ အတူတူပါ။

ဗျတ်ဝိသားရွာအရှေ ့တောင်ဖက် ၂မိုင်လောက်မှာ ဗျတ်ဝိကြီးရွာရှိပါတယ်။ ဒေသခံတွေရဲ ့ ပါးစပ်ရာဇဝင်အရ ရှေးရှမ်းမင်းသား ဗျတ်ဝိကြီး ဗျတ်ဝိငယ် ညီနောင်တည်ခဲ ့တဲ ့မြို ့ ့။
အခုတိုင် မြေသားမြို ့ရိုးတွေက ထင်ထင်ရှားရှားတွေ ့နေရတုန်း။
ဒီဒေသက ချောင်းနာမည်တစ်ချို ့ကလည်း မြို ့ဟောင်းတည်ခဲ ့တာကို သက်သေပြနေသလိုရှိပါတယ်။

ဟမ်းဘုတ်ချောင်း ( ဟင်းပုပ်ချောင်း )
ရှေးက ထမင်းသိုး ဟင်းသိုး ( ထမင်းပုပ် ဟင်းပုပ် ) စွန် ့ပစ်ရာချောင်း
ချေးချောင်း … စစ်မှုထမ်းတွေရဲ ့ မစင်စွန် ့နောက်ဖေးသွားရာချောင်း
ဒီဒေသက ဘုရားပြို ဘုရားပျက်က အုတ်တွေမှာ ရှမ်းစာတွေနဲ ့ ရေးထားတာတွေရှိတယ်ဆိုတယ်။
တောတွင်းပျော်ကတော ့ မတွေ ့ခဲ ့ပါဘူး။
နောက်ပြီး စစ်တပ် ( အင်္ဂလိပ်လား / ဂျပန်လား မသိရ ) တပ်ချရာ ကွန်ကရစ်မီးဖိုနေရာ
စစ်တပ်မြင်းတွေ ထားရာနေရာတွေကိုလည်း ဒေသခံတွေက လိုက်ပြပေးပါတယ်။
ကျနော် ့အမြင်နဲကတော ့ ့ ဒီဒေသကို ရှေးဟောင်းသမိုင်းပညာရှင်တွေ သွားရောက်လေ ့လာဖော်
ထုတ်သင် ့တယ်လို ့မြင်ပါတယ်။
ကျောက်ပြားတောင်ဆိုလည်း ခုချိန်ထိ လူသူအထိအတွေ ့ ပြုပြင်မှုနည်းသေးတာကြောင် ့ အပန်းဖြေ
လေ ့လာရေးခရီးအနေနဲ ့လည်း သွားသင် ့တဲ ့ဒေသတစ်ခုလို ့မြင်ပါတယ်။

ဒီရွာက ဘုရားဒကာကြီးတွေကို မေးမြန်းကြည် ့တာ လာရောက်လည်ပတ်တဲ ့သူ မဆိုစလောက်သာရှိတဲ ့အကြောင်း ဒီဒေသအကြောင်းကို ထားဝယ်က လူအတော်များများကတောင် မသိသေးတဲ ့
အကြောင်းပြောပါတယ်။
သွားရောက်လည်ပတ်သူတွေရှိမယ်ဆိုရင်လည်း နေထိုင်တည်းခို စားသောက်တာ အဆင်ပြေအောင်
သူတို ့က စီစဉ်ပေးတဲ ့ အကြောင်းပြောပါတယ်။

ကျောက်ပြားတောင် ရန်အောင်မြင်စေတီ
ကျောက်ပြားတောင် ရန်အောင်မြင်စေတီ
ကျောက်ပြားတောင်ပေါ်မှ အမည်မသိ ဘုရား
ကျောက်ပြားတောင်ပေါ်မှ အမည်မသိ ဘုရား
ကျောက်ပြားတောင်ပေါ်မှ ကျောက်ချိတ်ကျောက်တုံး
ကျောက်ပြားတောင်ပေါ်မှ ကျောက်ချိတ်ကျောက်တုံး
ကျောက်ချိတ် အောက်ခြေ ၁
ကျောက်ချိတ် အောက်ခြေ ၁
ကျောက်ချိတ် အောက်ခြေ ၂
ကျောက်ချိတ် အောက်ခြေ ၂
တောင်ပေါ်က နမိတ်ကြီး ၄ပါး ရှေးလက်ရာ
တောင်ပေါ်က
နမိတ်ကြီး ၄ပါး
ရှေးလက်ရာ
တောင်ပေါ်မှမြင်ကွင်း ၁
တောင်ပေါ်မှမြင်ကွင်း ၁
တောင်ပေါ်မှမြင်ကွင်း ၂
တောင်ပေါ်မှမြင်ကွင်း ၂

13 comments

  • Thint Aye Yeik

    June 28, 2016 at 2:56 pm

    အဲ့လို အရောက်အပေါက်နည်းတဲ့နေရာတွေကို သွားချင်တာ
    လူရှုပ်ရှုပ်နေရာတွေထက် ဒီလို လူသူအရောက်အပေါက်နည်းတဲ့နေရာတွေကို ပို စိတ်ဝင်စားနေတာ
    ဖြစ်နိုင်မယ်ဆိုရင် သွားချင်တယ်
    (စာကြွင်း။ ဖွေးဖွေးနဲ့အတူ ညအိပ်ညနေ)
    :k:

    • တောတွင်းပျော်

      June 28, 2016 at 8:17 pm

      ဖွေးဖွေးကပြောတယ်
      ဆိတ်ငြိမ်တဲ ့ အရပ်ဆို
      ကိုကိုတောတွင်းပျော်နဲ ့ပဲ လိုက်ရဲတယ်တဲ ့ :k:

  • အောင် မိုးသူ

    June 28, 2016 at 3:22 pm

    အဲ့လိုနေရာတွေ ဘယ်လိုအကြောင်းကြောင့် ရောက်သွားတယ်ဆိုတာ လင်းစမ်းပါဦး။

    • တောတွင်းပျော်

      June 28, 2016 at 8:17 pm

      လာပင် ့ကြလို ့ 🙁

  • ဦးကျောက်ခဲ

    June 28, 2016 at 4:11 pm

    ကျိုက်ထီးရိုးနဲ့ အဲသည့်တကြောက ကျောက်တုံးတွေအကြောင်း ဘူမိဗေဒအမြင်အရပြောရရင် ကျုပ်ကို ရွာပြင်ထုတ်ပြီး ဂဲနဲ့ ထုကြမယ်ထင်ရဲ့ ။ ပင်လယ်ထဲက ဆယ်လာတာမဟုတ်တဲ့ တိုးထွက်မီးသင့်ကျောက် လက်ကျန် Balancing Stone တွေ ။ အမေဂျီးကားမှာ အများကြီး ….
    တိန်… ဘာတွေပြောမိမှန်းမသိ… ခွိ :k:

    • တောတွင်းပျော်

      June 28, 2016 at 8:22 pm

      သဘာဝဘူမိရဲ ့ ရှားရှားပါးပါး အဆန်းတကျယ်တည်နေမှုက
      လူသားတွေရဲ ့ သဒ္ဓါနဲ ့ ကွန် ့မြူးတတ်တဲ ့ အနုပညာကြောင် ့
      ဖယောင်းတိုင်နဲ ့ အမွှေးတိုင်တွေက အလိုလိုပေါက်လာတတ်တယ် …
      တိန်! ..
      အနော်လည်း ဘာဒွေ ပြောမိနေပါလိမ် ့ :k:

    • ဦးကြောင်ကြီး

      June 29, 2016 at 9:32 am

      ကြောက်ဆရာဂ ျီး…

  • ဂျစ်စူ

    June 28, 2016 at 8:06 pm

    ရှားပါး မြင်ကွင်းတွေ ဗဲထီးဂွတ် တိုင်းကျူး

    • တောတွင်းပျော်

      June 28, 2016 at 8:28 pm

      ဒီဖက်က လူအသွားအလာနည်းသေးတယ်ခင်မျ။
      ဒါကြောင် ့ မီဒီယာတွေမှာ သိပ်မတင်ကြသေးတာ ..

  • kai

    June 29, 2016 at 5:25 pm

    ဇူလိုင်လထဲ.. မိုင် ၂၂၀ဝကျော်ခရီးကားမောင်းဖို့အကြံထုတ်ထားတယ်…။
    ဓာတ်ပုံတွေတင်ဦးမလား…. လို့..။ :k:

    • တောတွင်းပျော်

      June 29, 2016 at 8:08 pm

      တင်ပါ သဂျီး ..
      ဖြစ်နိုင်ရင် ရှေးဟောင်းနဲ ့ ပတ်သက်တာတွေ ရိုက်တင်ပေး။
      ကိုယ်တိုင်မောင်းရင်းဆိုရင် သိပ်အဆင်မပြေဘူး
      ၂ယောက်လောက်မှ။

  • ခင်ဇော်

    June 30, 2016 at 12:44 pm

    ကွကိုယ်ဆို ဒီ တစ်သက်သွားမှာ ရောက်မှာ မဟုတ်လို့ မြင်ရမှာ မဟုတ်တဲ့ မြင်ကွင်းတွေ အတွက် ကျေးဇူးပါ ကိုကိုတော

    :mrgreenn:

    • တောတွင်းပျော်

      June 30, 2016 at 7:46 pm

      ကိုကိုတော 🙁 hmm..
      ကိုကိုတောတွင်းပျော်လို ့ အပြည် ့အစုံခေါ်မှ နားဝင်ချိုသေး :k:
      ——–
      ခုနောက်ပိုင်း သွားရလာရသိပ်မခက်တော ့ပါဘူး..
      နယ်မြေအသစ်တစ်ခုလို စိမ်းနေသေးလို ့ လူတွေမရောက်ကြသေးတာပါ
      မမချွိ

Leave a Reply