CHEO ( Children Hospital East Ottawa)

hmeeJune 29, 20164min26920
ဆေးရုံ ဝင်ပေါက်မှာရှိတဲ့ လက်ဆေးဆပ်ပြာနဲ့ နှာခေါင်းအုပ်တာလေးတွေ ကလေး အတွက်တဘူး လူကြီးအတွက်တဘူး
ဆေးရုံ ဝင်ပေါက်မှာရှိတဲ့ လက်ဆေးဆပ်ပြာနဲ့ နှာခေါင်းအုပ်တာလေးတွေ ကလေး အတွက်တဘူး လူကြီးအတွက်တဘူး
အမှိုက်ပြစ်ဖို့။ အပေါ်က discovery ကို တလုံးခြင်း ဆေးရုံနဲ့ ပတ်သက်ြပြီးရှင်းပြထားတာ
အမှိုက်ပြစ်ဖို့။ အပေါ်က discovery ကို တလုံးခြင်း ဆေးရုံနဲ့ ပတ်သက်ြပြီးရှင်းပြထားတာ
လက်ဆေးဖို့နဲ့ နှာခေါင်းအုပ်လေးတွေ
လက်ဆေးဖို့နဲ့ နှာခေါင်းအုပ်လေးတွေ
ဓာတ်လှေကားတံခါးက ကလေးကြိုက်လေးတွေ
ဓာတ်လှေကားတံခါးက ကလေးကြိုက်လေးတွေ

20160607_110138

နံရံပေါ်က ခြေရာလေးတွေက ကိုယ်သွားရမဲ့ အခန်းကို ညွှန်တာပါ ( အဝါရောင် ဘဲခြေရာလေးတွေ နောက်ကိုလိုက်ရင် ဓာတ်မှန်ခန်းကို ရောက်ပါတယ်)
နံရံပေါ်က ခြေရာလေးတွေက ကိုယ်သွားရမဲ့ အခန်းကို ညွှန်တာပါ ( အဝါရောင် ဘဲခြေရာလေးတွေ နောက်ကိုလိုက်ရင် ဓာတ်မှန်ခန်းကို ရောက်ပါတယ်)

20160628_10073220160607_105910

ဓာတ်မှန်ရိုက်ဖို့ စောင့်ရတဲ့နေရာ ( ကလေးတွေ ရောင်စုံခြယ်ဖို့ ပုံပါစာရွက်နဲ့ ရောင်စုံတွေ ကောင်တာမှာ ခြင်း ၂ခြင်း အပြည့်)
ဓာတ်မှန်ရိုက်ဖို့ စောင့်ရတဲ့နေရာ ( ကလေးတွေ ရောင်စုံခြယ်ဖို့ ပုံပါစာရွက်နဲ့ ရောင်စုံတွေ ကောင်တာမှာ ခြင်း ၂ခြင်း အပြည့်)

20160607_101603

ကလေးတွေ အလှည့်ကျစောင့်နေတုန်း မပျင်းရအောင် သည်လို volunteer က စာဖတ်ပြသေးတယ်။
ကလေးတွေ အလှည့်ကျစောင့်နေတုန်း မပျင်းရအောင် သည်လို volunteer က စာဖတ်ပြသေးတယ်။

20160607_094547

နံရံပေါ်က ကလေးများရဲ့ သူရဲကောင်းများ
နံရံပေါ်က ကလေးများရဲ့ သူရဲကောင်းများ

20160607_105758

သည်လို ပန်းချီတွေက နေရာအနှံ ( ခွဲခန်းနံရံ မျက်နှာကျက်က ပန်းချီတွေ မရိုက်ခဲ့ရဘူး)
သည်လို ပန်းချီတွေက နေရာအနှံ ( ခွဲခန်းနံရံ မျက်နှာကျက်က ပန်းချီတွေ မရိုက်ခဲ့ရဘူး)

20160607_11011220160607_11004820160607_11011620160607_11293420160607_112923

ခေတ် အဆက်ဆက်က ဆရာဝန်ကြီးတွေ နာမည်တွေကို သည်လို ရေးထားတာ
ခေတ် အဆက်ဆက်က ဆရာဝန်ကြီးတွေ နာမည်တွေကို သည်လို ရေးထားတာ ။

 

စိတ်လက်ပေါ့ပါး ဆော့ကစား
စိတ်လက်ပေါ့ပါး ဆော့ကစား

 

 

နားနေဆောင်လား ဆေးရုံလား
နားနေဆောင်လား ဆေးရုံလား

 

 

 

 

 

20 comments

  • kai

    June 30, 2016 at 3:25 am

    ကနေဒါကျန်းမာရေးစောင့်ရှောက်မှုက အမေရိကားထက်သာတယ်လို့.. ပြောကြတယ်..။
    ဒီပုံတွေကြည့်လိုက်ရင်ပိုသိသာသဗျ..။

    အမေရိကားကလေးဆေးရုံ(အများစု)တွေ.. အဲလောက်မရှိ/မကောင်း..။

    • kai

      June 30, 2016 at 6:55 pm

      ဆက်ပြောရရင်.. သမီးမွေးတော့.. ဆေးရုံက.. ဒစ်စနေကလှူထားတဲ့.. မတည်ငွေတွေနဲ့ပြင်ဆင်ထားတဲ့.. ဆေးရုံ…။
      ကနေဒါက ကလေးဆေးရုံလောက်… ပုံတွေအရုပ်တွေမရှိ…။

      • hmee

        June 30, 2016 at 8:11 pm

        ခွဲခန်း နံရံနဲ့ မျက်နှာကျက်က ပုံတွေ မရိုက်ခဲ့ရဘူး။ ခွဲခန်း အဝင်ဝမှာ ကလေးစီးကား ၃၊၄ စီးရပ်ထားတယ်။ ခွဲခန်းထဲ ကားစီးပြီး ဝင်ချင်လည်းရတယ်။ ကလေးတွေကို တော်တော် ဂရုစိုက်တယ်။ စာလည်းရေးထားတယ် မနက်ဖြန်လောက် တင်ဖြစ်မယ် သဂျီး။

  • nozomi

    June 30, 2016 at 8:50 am

    ဒါမျိုး လုပ်ထားရင် ကလေးတွေ ဆေးရုံသွားဘို့ ကြောက်မနေတော့ပဲ
    ကစားကွင်းသွားရသလို စိတ်လက်ပေါ့ပါးနေမှာပေါ့

    ဒီမှာလဲ ချက်ချင်းတော့ အားလုံးတူအောင် လုပ်နိုင်ဘို့မလွယ်
    ပုဂ္ဂလိက အစိုးရ ကလေးဆေးရုံးတွေ အိုင်ဒီယာကို အတုခိုးရင်း လုပ်နိုင်တာလေးတွေ တဆင့်ချင်း လုပ်သွားသင့်တယ်

    • hmee

      June 30, 2016 at 8:14 pm

      ဆေးရုံ အနံအသက်မရတာ အကြိုက်ဆုံး။ ဆရာဝန်တွေ လူနာကြည့်ပြီးရင် အဝင်ဝမှာ အရုပ်ခြင်းရှိတယ်။ နှစ်သက်ရာ ယူလို့ရတယ်။ ဆေးရုံကို ကြောက်ဖို့ အသာထား နောက်တခါလာရင် ဘာအရုပ်ယူမယ်တောင် နှစ်ယောက်သား တိုင်ပင်နေတယ်။

  • Thint Aye Yeik

    June 30, 2016 at 9:05 am

    အသက် ၂၉ နားနီးလာတဲ့အထိ… ရောဂါကြီးကြီးမားမား မဖြစ်ဖူးတော့…ဆေးရုံဆေးခန်းကို သေချာ မရောက်ဖူး..။
    :k:
    မိန်းမကလည်း မရသေးတော့ ကလေးလည်း မရှိသေး။ ကလေးဆေးရုံဆိုတာလည်း ဝေလာဝေး။
    :k:

    အခုခေတ်… ပုဂ္ဂလိက အထူးကုဆိုတဲ့ ဆေးရုံကြီးတွေကတော့ ဟိုတယ်တမျှ သားနားနေသလားလို့..။ ဈေးနှုန်းကလည်း အခန်းခတင် ဟိုတယ်တမျှ… ။

    .ပြည်ထောင်စုရိပ်သာလမ်းမှာ ရှိတဲ့ အစိုးရ ကလေးဆေးရုံတော့… တခါမှ ဝင် မကြည့်ဖူးခဲ့။
    အဲ့နားက တရုတ်သံရုံးနဲ့ တရုတ်ယဉ်ကျေးမှုဌာနကို ဟိုစဉ်ကတည်းက အမြဲလိုလို…သွားနေပေမယ့်… ဝင်ကြည့်ရကောင်းမှန်းမသိသေး။
    အခု ပိုစ့် ဝင်ကြည့်ပြီးချိန်မှာတော့ ပြည်ထောင်စုရိပ်သာလမ်း-ကလေးဆေးရုံထဲရယ်…
    ရန်ကင်းက ကလေးဆေးရုံဆိုတာရယ်ထဲ… တခါလောက် ဝင်စပ်စုဦးမှ …လို့…အတွေးပေါ် …

    😆

    • hmee

      June 30, 2016 at 8:17 pm

      ဆက်ဆက်ကို ပြင်ခိုင်းထားတဲ့ နှစ်ပုံထည့်ပေးပါလား။ အိမ်ကြီးရျင် ဖုံးနဲ့ရိုက်ထားလို့ အမ တင်တာ မရဘူး။

      • Thint Aye Yeik

        July 1, 2016 at 9:20 am

        ထည့်လိုက်ပြီ တီတီမှီ..

        စကားဇွတ်စပ်…..
        တီတီမှီ့ ညီမတော် ပုံလေးတွေလည်း တင်ပေးပါအုန်း ။

        :k:

    • hmee

      June 30, 2016 at 8:20 pm

      ဆေးရုံက တရက်ပဲ တက်ခိုင်းလို့ သူကပျော်ပြီး နေချင်သေးတာ။ တီဗွီက ကိုယ့်ကုတင်နဲ့ကို တယောက်တလုံး ကိုယ်ကြည့်ချင်တာ ကြည့်လို့ရတော့ ကောင်းတဲ့လက်နဲ့ ဟိုနှိပ် သည်နှိပ် ကြည့်တာ။

  • ဦးကျောက်ခဲ

    June 30, 2016 at 9:54 am

    ဒီက ဆေးရုံတိုင်းမှာတော့ Child Ward ရှိပါတယ် ၊ ကလေးဆေးရုံဆိုပြီး အစိုးရက သတ်မှတ်ဖွင့်ထားတာကတော့ မရှိသေးဘူး (ဆောက်လက်စက မပြီးသေး) ။ ကာကွယ်ဆေးနဲ့ ပုံမှန်စစ်ဆေးမှုကို မြို့နယ်တိုင်းမှာရှိတဲ့ ” မိခင်နဲ့ ကလေးစောင့်လျှောက်မှုဋ္ဌာန MCHC ” က လုပ်ပေးပါတယ် ။ ဓာတ်ပုံရိုက်ခွင့်မရှိလို့ မရိုက်ခဲ့ရဘူး မမှီရေ…

    • hmee

      June 30, 2016 at 8:26 pm

      ့မြို့နယ်တိုင်းမှာလည်း မိခင်နဲ့ ကလေး ဌါနရှိတယ်။ ကျန်းမာရေး ကတ်ရှိသူတိုင်း အလကား။ ကျွန်မတို့က ဝန်ထမ်းမို့ မရဘူး။ ရုံးပိုင် ဆရာဝန်နဲ့ပဲ ပြရတယ်။ အရေးပေါ်မို့သာ ဆေးရုံရောက်ရတာ။ ကျောင်းလည်း တလတခါ ဆေးလာစစ်တယ်။ တမျိုးပြီးတမျိုးပဲ။ ဆံပင်တောင်စစ်တယ်။ ညီမလေး တယောက်က သည်မှာကလေးမွေးတော့ ရပ်ကွက် ကျန်းမာရေးက တချိန်လုံးလာကြည့် ညွှန်ကြား။

  • Ma Ei

    June 30, 2016 at 10:31 am

    တစ်နေ့က fb မှာတင်ထားတာတွေ့မိသေး ရန်ကင်းကလေးဆေးရုံမှာ ဆရာဝန်မရှိတာလား နည်းလို့ဆိုလား လူနာတွေ စောင့်နေတာမနည်းဘူးရယ် မှီ့စာထဲကလိုဆေးရုံမျိုး ဒီမှာရှိစေချင်လိုက်တာ…..

    • hmee

      June 30, 2016 at 8:28 pm

      အမရယ် သူတို့က ဖွံဖြိုးပြီးနိုင်ငံဆိုတော့ ကိုယ်တွေအတွက်တော့ မမျှော်မှန်းနိုင်။ အရာရာ စနစ်ကျလှတယ်။

  • ခင်ဇော်

    June 30, 2016 at 12:38 pm

    ပြောဖူးပါတယ်ဆို။
    ကနေဒါနိုင်ငံနဲ့ ကနေဒီးယမ်တွေက ကလေးတွေ ကို သိပ် ဦးစားပေး စဉ်းစားတဲ့ ပုံစံကို အရမ်းကြိုက်တာ။
    :chit:

    • hmee

      June 30, 2016 at 8:38 pm

      သည်က ကလေးတွေ လူဖြစ် ကံကောင်းတယ် ပြောရမယ်။ ကလေးတွေကို တအား ဂရုစိုက်တယ်။ သား ဆေးရုံတက်ရတော့ တပတ် အိမ်မှာနား။ ကျောင်းက သူ့ အတန်းက အတန်းဖော်တွေက ကိုယ်တိုင်လုပ် ကတ်လေးတွေ ပို့တယ် ဆုတောင်းစာ အားပေးစာလေးတွေနဲ့။ ဆရာမက အချိန်ယူပြီးလုပ်ခိုင်းတာထင်တယ်။ ဘယ်လက်နဲ့ စာရေးအောင် အားပေးတယ်။ ပြီးတော့ လကုန်တော့ ဆုပေးတယ်။ အရှုံးမပေးတဲ့ဆုတဲ့ ဇီရေ။ အခုတော့ သား ပါးစပ်ဖျားမှာ never give up ဆိုတာ မချတော့ဘူး။ ကလေးတွေနဲ့ ပတ်သက်ရင် အပြစ်ကြီးတယ်။ ၁၃နှစ်အောက်ကို အိမ်မှာ တယောက်တည်းထားခဲ့လို့ အိမ်နီးခြင်းက တိုင်ရင် အရေးယူခံရမယ်။ ကလေးကို မေးလို့ မိဘနဲ့ မနေချင်ဘူးဆို တခါတည်းခေါ်သွားပြီး ကလေးစောင့်ရှောက်ရေးမှာ အပ်မှာ။ ကလေးအခွင့်အရေးကတော့ အပြည့်

  • ဂျစ်စူ

    June 30, 2016 at 10:04 pm

    ကြိုက်ဘူး
    ဆေးရုံ ဆေးခန်း ရဲစခန်း
    သာယာခမ်းနားနေရင် မကြိုက်ဘူး

    စုတ်ပြတ်သတ် အော်ကလီဆန် အနိဋ္ဌာရုံ ( သတ်ပုံသေချာမသိ)
    မြင်ကွင်းတွေရှိမှ
    လူတွေ အမှားမလုပ်ရဲ ကျန်းမာရေး ဂရုမစိုက်ပဲ မနေရဲကြမှာ
    ဒါ
    လူဒွေကို
    သတ်သတ်
    ပေါ့ဆအောင် ဖျက်ဆီးတာ

    ဒို့နိုင်ငံက ရဲစခန်း နဲ့ ဆေးရုံသာ အကောင်းဇုန်း
    တခါရောက်ဖူးတာနဲ့ နောက်ခါ လှည့်ကျိချင်စိတ်တောင်မရှိအောင်
    လိမ္မာ ကျန်းမာဇေလို့ဘဲ

    အဲလောက်စွမ်းဒါ ☺

  • မြစပဲရိုး

    June 30, 2016 at 10:42 pm

    သားလေး ဘာဖြစ်လို့လဲ မမှီ။ အခုချိန်တော့ ကောင်းသွားပြီ ထင်မိတယ်။
    အမြန်ဆုံး ပျောက်ကင်းသက်သာ ပါစေ ဆုတောင်းပါတယ်။

    ဒီနေ့ ကလေး သွားနာလို့ ဆေးခန်းပြခဲ့တာ (၁၈နှစ် အောက် အလကား)
    သွား ကို Intraoral X-rays ဆိုပြီးရိုက်၊ အဲဒါကို ကွန်ပျူတာထဲ ချက်ခြင်းထည့်ပြီး စစ်ကြည့်ပေးတာ။
    ပြီးတော့ ဘာကြောင့် သွားနာတယ် ဆိုတာ ကို အသေအချာ ကို အချက်အလက် နဲ့ စိတ်ရှည်ရှည် ရှင်းပြပေးတယ်။

    ပြီးခဲ့တဲ့ အပါတ်ကလဲ အသိတစ်ယောက် ပေါင်ရိုးခွဲတာ ဆေးရုံ မှာ သွားမေးတယ်။
    ဆေးရုံ က အသစ် ကို shopping mall လို ပုံစံ ဆောက်ထားတာ။ အဆောက်အဦး ရဲ့ အမိုး ပေါ်ကို ဟယ်လီကော်ပတာ ဆင်းလို့ လဲ ရတယ်။
    တစ်ချို့ ကား နဲ့ မသယ်နိုင်လို့ ဖြစ်ဖြစ်၊ အမြန်သယ်ဖို့ လိုရင်ဖြစ်ဖြစ် ဟယ်လီကော်ပတာ နဲ့ သယ်လာနိုင်တာ။

    ဒီလို တိုးတက်ပြီး နိုင်ငံတွေ ဆိုတာ ကိုယ်ရနိုင်တာထက် ပိုပြီး မတရားနည်း နဲ့ ချမ်းသာနိုင်ဖို့ အခွင့်အရေးမရှိတာမို့ ဘဲ လူ တွေ ဟာ လိုတာထက် ပိုပြီး လောဘမကြီး တဲ့ စိတ်ဓာတ်တွေ ဖြစ်တည်သွားကြလားတော့မသိပါဘူး။
    ငွေမျက်နှာ ကို ခွါထားနိုင်တော့ တာဝန်သိစိတ်၊ တာဝန်ကျေစိတ် နဲ့ အလုပ်လုပ်ပေးနိုင်ကြလို့ ထင်တာပါဘဲ မမှီရယ်။

    တကယ်တော့ နည်းပညာ ဆိုတာတွေဟာ လက်ဖျောက်တစ်ချက်တီး နဲ့ တည်ဆောက် သင်ကြား နာယူ အသုံးချ ဖို့ အင်မတန် လွယ်ပါတယ်။
    အများအတွက် အသုံးချပေးချင်တဲ့ စိတ်ဓာတ်တွေ၊ ကိုယ့်အကျိုးစီးပွါး ကို သာ မကြည့်တဲ့ စိတ်ဓာတ် တွေ ကို ရဖို့ တော့ ဘယ်နှစ် နှစ် စောင့်ရမယ် မသိ။

    ဒါကြောင့် သူများတွေ ဆီက စနစ်တကျ အုပ်ချုပ်ပုံ စနစ် တွေ ကို ကိုယ့် ဆီမှာ ကိုယ့်လူတွေ အတွက် အမြန်ရောက်စေချင်လွန်းလို့ ပြောနေမိတာပါ။
    ဒီလို လုပ်ပေးနိုင်မဲ့သူ ရှိတုန်း ကို လိုလိုလားလား ပါဝင်ပြီး ညီညီညာညာ နဲ့ ရွေ့အောင်တွန်းကြစေချင်တယ်။
    ဒီလို ကိုယ့်တိုင်းပြည် ကောင်းစားရေး အတွက် လုပ်နေတာ ကို တောင် အဖျက်သမားတွေ၊ မနာလိုကြီးသူတွေ ရှိနေတာ ကို မြင်နေရတာလဲ စိတ်မကောင်းဘူး။

    BTW – ဒါထက် ကနေဒါဝန်ကြီးချုပ် ဂျပ်စတင် က အတော် Hot … 😉

    • hmee

      July 1, 2016 at 2:08 am

      လက်ကျိုးတာ အရီး။ CHEO မှာလည်း ခေါင်မိုးပေါ်မှာ ရဟတ်ယာဉ်ဆင်းလို့ရတယ်အရီး။ အနီရောင် တစီး ဆင်းတာတွေ့တယ်။ တိုက်မှာ လည်း ပင်စင်စားတွေများတော့ တွေ့နေရတယ် ကားနဲ့ လာလာခေါ်တာကို။ အိမ်မှာ ဆေးရုံနဲ့ ချိပ်ထားတာတဲ့ ။ လိုအပ်လို့ ခလုတ်နှိပ်လိုက်ရင် ရောက်လာရော။ ကျန်းမာရေး စောင့်ရှောက်မှု တော်တော်ကောင်းတယ်။ လူတွေ အပန်းဖြေဖို့ တော်တော်လုပ်ပေးတယ်။ ဒါကြောင့် အသက်ရှည်ဲကတာပဲလို့ ခဏခဏ တွေးမိတယ်။ အဲ့ ထရူဒိုလည်း တလောက မီးလောင်တဲ့နေရာ ချက်ချင်းမသွားလို့ အော်ခံရသေးတယ်။

  • ဦးကြောင်ကြီး

    July 2, 2016 at 8:08 am

    ရုပ်ဝါဒ ထွန်းကားပေမှဲ့ ကြော ်တို့ မြန်တြံ့ပြည်လို ဆိတ်ဖြူဆင်ကြပါမလား

Leave a Reply