ဂျီမေးလ်ကို အောက်လွတ်ကနေ သုံးကြမယ်…

ကုိ ထြဋ္July 1, 20163min39212

-တဂျီးရေ ဒီပို့စ်လဲ တချိန် လူကြည့်များလာလောက်တယ်…. ဟဲ… ကျိန်းသေတာက ကျွန်တော်က မေ့တတ်တော့ ကိုယ့်ဘာသာ ပြန်လာကြည့်ဖို့ များတယ်…

-အရင်ဆုံး ဘာတွေ ပြသနာတက်လဲ အရင်ပြောမယ်… ဂျီမေးလ်ကို အောက်လွတ်ထဲမှာသုံးမယ်ဆို POP နဲ့လား IMAP နဲ့လားဆိုတာ အရင်ရွေးရမယ်…

-အလွယ်ပြောရရင် POP နဲ့ဆိုရင် အော်ရီဂျင်နယ် Web နဲ့သုံးတဲ့ နေရာမှာရော နောက်ထပ် အခွဲ အောက်လွတ် သို့မဟုတ် ဖုန်းထဲကိုရော မက်ဆစ်တွေ ဝင်မယ်…

-IMAP ကတော့ တနေရာက ဆွဲလိုက်ရင် နောက်တနေရာမှာ အဲမက်ဆစ်ပေါ်တော့ဘူး… (မှားရင် ထောက်ပြဦးနော်…) ပြီးတော့ Option များတယ်… စမ်းလဲ စမ်းဘူး… 🙂

 

-ကဲ.. POP ပဲ သုံးပြီဗျာ… ဒါဆို Setting ကို ထည့်ရပါမယ်… ဒါကလဲ လွယ်သေးတယ်… အောက်က Instruction ကို ဖော်လို လိုက်ရင် ရတယ်…

-ထည့်ခိုင်းတဲ့ အတိုင်း Incoming Mail Server မှာ pop.gmail.com ပေါ့… POPကို ရွေးထားရင် … Port က 995… ပြီးရင် Type Of Encrypted Connection မှာ SSL ပေါ့…

-Outgoing Mail Server မှာ smtp.gmail.com ပေါ့… Port က 465 or 587 … TOEC က SSL ပေါ့… TLS ရွေးရတဲ့အခါလဲ ရှိပါတယ်… ရှားပါတယ်…

 

-ဒါဆို အောက်လွတ်ဘက်ကိုသွားပြီ… ပုံ ၁ နဲ့ ၂ မှာ ဖော်ပြထားသလို လိုက်လုပ်ပေးပါ… အဝါရောင် ဟိုက်လိုက် တားထားတဲ့အတိုင်း ဖြစ်ဖို့တော့ လိုပါမယ်….

Choose Pop 3

Manually Configure

-ပုံ ၃ နေရာမှာတော့ ဖြည့်ရမယ့် အကွက်တွေကို အဲထဲကအတိုင်း လိုက်ဖြည့်လိုက်ပါ… ပြီးရင် More Settings ကို နှိပ်လိုက်ပါ…

More Settings

-ပုံ ၄ မှာ ပြထားသလို My Outgoing Server (SMTP) အရှေ့က လေးထောင့်ကွက်မှာ အမှန်ခြစ်လေး ခြစ်ပေးပါ…

-Use Same Settings As My Incoming Mail Server အရှေ့က အဝိုင်းလုံးလေးမှာ အဆံထည့်ပေးလိုက်ပါ…

Outgoing Server

 

-ပုံ ၅ မှာ ပြထားသည့်အတိုင်း တသဝေ မတိမ်းလုပ်ပါ… ကိန်းဂဏန်းထည့်တာ လေးထောင့်ကွက်မှာ အမှန်ခြစ် ဖြုတ်တာ … အမှန်ခြစ်ထည့်တာ… အဝါရောင် -ဟိုက်လိုက်အတိုင်း လိုက်လုပ်ပါနော်… မှားလို့ မရပါဘူး… ပြီးရင် အိုကေ နှိပ်လိုက်ပါ…

SSL Insert

-ပြီးပြီလားဆိုတော့ တခြမ်းပြီးပြီ… ဒါက အောက်လွတ်ဘက်အပိုင်း… 🙂

 

-ဝက်ဘ်ဖက်ကို ပြန်သွားပြီး 2 Step Verification On ရပါတော့မယ်…. ကိုယ့် ဂျီမေးလ်ထဲကိုဝင် ပုံပါအတိုင်း အဆင့်အဆင့်လုပ်လိုက်ပါ…

-ပထမဆုံး Setting ထဲက Accounts And Imports ထဲကိုသွား Change Password Recovery Options ထဲကို ဝင်ပါ…

Change Password Recovery Options

-ပြီးရင် Sign In ထပ်ဝင်ရပါမယ်…

Sign in

-အောက်ကပုံအတိုင်း ပေါ်လာရင်တော့ အဝါရောင် ဟိုက်လိုက်အတိုင်းလေး လုပ်သွားလိုက်ပါ… 2 Step Verification က On ကို On မှ ရမှာပါနော်…

2 Step Verification Intro

2 Step Verification Turn On

-အဝါရောင် ဟိုက်လိုက်မှာ TURN OFF ဆိုရင် အဲအတိုင်း ရအောင် လုပ်ပါနော်… တကယ်တော့ ဖုန်း နဲ့ Verification မလုပ်ဖူးရင် ဒီအဆင့်က နည်းနည်း လည်ပါလိမ့်မယ်…

-သို့သော် မရှင်းပြတော့တာပါ… ရှင်းပြလိုက်ရင် တလွဲဖြစ်သွားမှာစိုးလို့ ပုံထဲက အတိုင်း ရအောင်သာ မဖြစ်ဖြစ် ဖြစ်အောင်သာ စမ်းပါနော်…

2 Step Verification

-အပေါ်က ပုံအတိုင်း ဖြစ်လို့ ကုတ်ထည့်ရပြီဆို အောင်ပါပြီ…

 

-App Password ထည့်နည်းပါ…

-ဦးစွာ Gmail Setting\ Account And Import \ Change Password Recovery Options ထဲ ပြန်ဝင်ပါ…

Change Password Recovery Options

-ပြီးရင် App Password Intro ထဲမှာ အဝါရောင် ဟိုက်လိုက်အတိုင်း ရွေးပေးပါ….

-အောက်ပါ ပုံအတိုင်း မှာ Mail ကိုမှ Computer နဲ့ သုံးမလား ဖုန်းဆို ဘာအမျိုးအစား ရွေးပါမယ်…

App Password

-ပြီးရင် အဝါရောင် အကွက်ထဲက ကုတ်ကို ကော်ပီယူ ပြိး ဒုတိယမြောက်ပုံထဲက အဝါရောင် ဟိုက်လိုက်ပြထားတဲ့ Password အကွက်မှာ Paste လုပ်လိုက်ပါ…

Password Code

Password From Outlook

-ဒါဆိုရင်တော့ အားလုံး ပြီးသွားပါပြီ… Test Account Settings နဲ့ စမ်းကြည့်ပါ… အဝင်ရော အထွက်ရော အိုကေတာကို ပြပါမယ်… Password ကို အကြိမ်ကြိမ်နှိပ်ရမယ့်ဘေးကလဲ ဝေးသွားပါပြီ….

 

 

လာရောက်ဖတ်ရှု အားပေးသူများ ကျေးဇူးအထူးတင်ပါတယ်…. မရှင်းလျှင် ကော်မန့်တွင်မေးမြန်းနိုင်ပါတယ်…. 🙂

 

ရေမြေ့သနင်း

 

 

 

 

 

 

 

12 comments

  • kai

    July 1, 2016 at 4:17 pm

    မြန်မာပြည်မယ်.. Outlook အသုံးများကြတာလား..
    ဒီမှာတော့.. သာမန်ကုမ္ပဏီတွေက.. သိပ်မသုံး..။
    .. ပိုက်ပိုက်ကုန်မှာကြောင့်လည်းပါမှာပေါ့လေ..။

  • Yae Myae Tha Ninn

    July 1, 2016 at 5:14 pm

    ဒီမှာက အော့လိုင်းရတယ်ဆိုပြီး သုံးကြတယ်… Web ထက်စာရင် ပိုရင်းနှီးလို့ ထင်တယ်… ဒါပေမဲ့ ရုံးက နိုင်ငံခြားသားတွေလဲ ဒါကို အားသန်ကြတယ်ဗျ… 🙂

    • kai

      July 2, 2016 at 5:52 am

      ယူအက်စ်မှာ..Office 365 ကို အစိုးရကသုံးတယ်လေ…။
      Tech Support လည်းကောင်း.. တိမ်ပေါ်က… လုံခြုံရေးလည်း M$ က..တာဝန်ယူတာကိုး…။

      • Yae Myae Tha Ninn

        July 4, 2016 at 8:50 am

        office 365 တော့ သုံးဖူးဘူးဗျ… သူ့မှာရော ဗားရှင်းတွေ ခွဲထားသေးလား… ဒီမှာတော့ office 2013 က လိပ်တက်ပဲ… 🙂

  • ဦးကြောင်ကြီး

    July 2, 2016 at 7:54 am

    အောက်လွတ်ရင်းတော့ ဂ ျီမေးလ်မ၃ဂ ျနက် သာမီးတို့စ်…

    • Yae Myae Tha Ninn

      July 4, 2016 at 8:50 am

      အအေးပတ်မှာစိုးလို့လား… ဦးကြောင်… 😛

  • ဂျစ်စူ

    July 2, 2016 at 10:48 pm

    Mozilla Thunder bird ဆိုကလား ဘာလား
    အဲဒါလဲ ကောင်းဒယ်လို့စ်

    • Yae Myae Tha Ninn

      July 4, 2016 at 10:42 am

      အဲသဟာလဲ ဆက်တင် အတူတူပါပဲ… Display နည်းနည်းကွဲသွားတာပဲ ရှိတယ်… Window Live Mail ဆိုတာ ရှိသေးတယ်… Outlook နဲ့ မအိုကေရင် အဲဒါလေး နဲ့ လုပ်လဲ ရတယ်… 🙂 လာမန့်ပေးတာ ကျေးဇူးပါ ကို ဂျစ်စူ… 🙂

  • Thint Aye Yeik

    July 4, 2016 at 9:52 am

    ကျနော့်မှာ ချမ်းသာတာကတော့
    ”နည်းပညာအသိ ဆင်းရဲချို့တဲ့မှုတွေ”

    :k:

    • Yae Myae Tha Ninn

      July 4, 2016 at 10:44 am

      ဆက်ဆက်ရယ်… ကိုယ်တွေ သိတာက ဒါနဲ့ မန်မန်စားနေတာကိုး… အဲတော့ သိရမယ်လေ… ကိုယ်သိသမျှကို သေးငယ်တယ်လို့ ဘယ်တော့မှ မထင်ပါနဲ့… တခြားအရာတွေမှာ အကိုတို့ထက် ဆက်ဆက်သိတာ အများကြီးပါ… 🙂

  • Yae Myae Tha Ninn

    July 7, 2016 at 9:19 am

    အသုံးဝင်တယ်ဆိုရင်ပဲ ဝမ်းသာလှပါပြီဗျာ… မွန်မွန်ရယ်… လာအားပေးတာလဲ ကျေးဇူးနော်… 🙂

Leave a Reply