ဝက်သားဒုတ်ထိုး

ဇီဇီJuly 11, 20162min17913
1
1

 

2
2

 

3
3

 

4
4

 

5
5

 

IMG_4844

 

 

Saturday မနက် က ဈေး ထဲ က …
ဝက်ခေါင်းရယ် အူစုံအသည်းစုံနှလုံးအစုံရယ်
အစိတ်ဖိုးးရလာလို့ ဝက်သားးဒုတ်ထိုးး အလွယ်လေးး လုပ်ကျွေးးပါမယ်လေ လို့ စေတနာ ပေါက်လို့ ကတိပေးလပ်ထှာ
အိမ်က အဆာကျယ်များးက ဝက်သားဒုတ်ထိုးး အစစ် လိုမျိုးးစားချင်တယ်ဆိုလို့
ချက်နည်းး လိုက်ရှာရ
ဆေးရ
ကြော်ရ
အနှစ်ယူရ
ပြုတ် ရ
ထိုးမယ့် ဒုတ်ရှာရ
စဉ်းနီတုန်းရှာ
အချဉ်ဖျော်ရ
ကြက်သွန်ဖြူနွာရ
ခွီးးး
တကိုယ်လုံးး ဝက်စော်နံပြီးး ဒုတ်ထိုးသည်ဖြစ်နေပြီ…
ချက်မှတော့ မထူးးဘူးးဆိုပြီးး ဓာတ်သေရိုက်ဖို့ ကြံရသေးးကိုးးး
တဂျီးး အဆာကျယ် က လည်းး ကလီစာပြုတ်ရင် အမြှုတ် ဆယ် ဖယ် ပါဆိုလို့ မီးဖိုနားးက ခုမှ ခွာရဒယ်…!!!

ရှေ့သို့ လှမ်းးချီ ?PIG

အဲဒါနဲ့ ရွာထဲ တင်မယ် ဆိုပြီးး ချက်နည်း စံနစ်တကျဖြစ်အောင် ဘီးဇီးကွတ် ကျောက် ကို အပူကပ်တော့ ရေးပေးရှာတယ် စာ အရှည်ကြီး။
လက်ကို ညောင်းရောတဲ့။ သနားပါတယ်။
ဟီးး
ဒါကြောင့် ပို့(စ) ရဲ့ ခရက်ဒစ် အားလုံးကို ကိုကိုကျောက် ကို ပေးပါတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Credit to ဦးကျောက်ခဲ

ဝက်သားတုတ်ထိုး လုပ်ရန်အတွက် ဝက်ကလီစာ ဆေးကြောနည်း
.

  1. အူမကြီး (အစာအိမ်) … အပြင်ကနေ ရေစင်စင်ဆေးပြီး အတွင်းအပြင် လှန်လိုက်ပါ ။ အတွင်းဘက်မှာ အချွဲတွေတွေ့ပါလိမ့်မယ် ။ ဆားကြမ်းနဲ့ နာနာပွတ်ဆေး ၊ မကျည်းသီးမှည့် အနည်းငယ်ဖြင့်ထပ်ပွတ် ရေစင်အောင်ပြန်ဆေး ၊ ရှာလကာရည် အနည်းငယ်ဖြင့် နာရီဝက်ခန့်နှပ်ပြီး ရေအထပ်ထပ်ဆေးထားပါ။ (အနူးမလွယ်လို့)
  2. အူချို … အပြင်ကနေ မကျည်းရည် အနည်းငယ်ဖြင့် ခပ်ဖွဖွဆေး ၊ ပြီးလျင် ရေစင်အောင်ပြန်ဆေးပြီး အစွန်းထိပ်နှစ်ဘက်ကို ကြိုးဖြင့်ချည်ပြီး လုံအောင်ပိတ်လိုက်ပါ ။
  3. အူပိတ် … အူကြမ်း (အူပွလည်းခေါ်တယ်) ကို အတွင်း အပြင်လှန် မကျည်းရည်နဲ့ အနံ့ပျောက်အောင် နာနာဆေးပါ ။
    …. အူတွေ သိပ်ပြီးချွဲနေလျင် ပဲမှူန့်အစိမ်းနဲ့ အရင်နယ်ပြီးမှဆေးပါ ။
  4. အချင်း … အပြင်ကနေ မကျည်းရည်ဖြင့်သာဆေးပါရန် ။ အရင်းပိုင်း (အချင်းတိုင်) ကိုတော့ ဖြတ်ထုတ်လိုက်ပြီး အတွင်းဘက်ပါ ဆေးပါ ။
  5. အသည်း … မကျည်းရည် အနည်းငယ်ဖြင့် သဘောလောက်ဆေး ၊ ပြီးရင် ရေစင်အောင်ပြန်ဆေးပါ ။
  6. ကျောက်ကပ် … ဓားနဲ့ မွှန်းပြီး အတွင်းဘက် (အဖြူရောင် အကြောရှိတဲ့ဘက်) ကနေ အလယ်ရောက်အောင် ဓားထက်ထက်နဲ့ခွဲပြီး ရေစိမ်ထားပါ (မကြာမကြာ ရေအသစ်လဲပေးပါ …. သံစော်နေး၏)
  7. နှလုံး … အတွင်းခန်းတွေအထိရောက်အောင် ဓားနဲ့ခွဲ (အကောင်းဆုံးက ဒေါင်လိုက်-ကန့်လန့် တဝက်လှီး) ပြီး အတွင်းကသွေးတွေပြောင်အောင် ရေစင်စင်ဆေးပါ ။
  8. ဝက်ခေါင်း … အမွှေးစင်အောင် သဘောလောက် မီးမြှိုက်လိုက်ပါ ။ ပြီးရင် ရေနွေးပူနဲ့ (ရေနွေးဆူပြီးသားထဲ ၁-မိနစ်လောက် ပစ်ထည့် ၊ ပြန်ဆယ်) အတွင်းအပြင်စင်အောင်ပြန်ဆေးပြီး ခေါင်းအလယ်ကနေ နှုတ်သီးနားအထိ လက်မဝက်လောက်အနက် ဓားရာပေးလိုက်ပါ ။ (ဓားသေးသေး ဓားဦးချွန်ဖြင့် ဝက် နားဖာကလော်ရန် ၊ နှပ်ချေးကလော်ရန် ၊ အာဂလောင် အတွင်းဘက်ကို သွားပွတ်တံကြမ်းကြမ်းဖြင့် ပွတ်တိုက် ခြစ်ထုတ်ဆေးရန် မမေ့ပါနှင့်)
  9. ဝက်လျှာ …. ရေစင်အောင်ဆေး ၊ ပြီးရင် ရေနွေးပူပူထဲ ၁-မိနစ်ခန့်နှစ်ထား ၊ ပြန်ဆယ်ပြီး ရေခဲရေထဲထည့် ၊ လျှာတစ်ချောင်းလုံးဖြူပြီး အလွှာလိုက်ဖြစ်သွားပါလိမ့်မယ် ။ အဲသည့်တော့မှ အပေါ်ကအလွှာကို ဓားဖြင့်ခွါထုတ်လိုက်ပြီး လျှာအလျားအပေါ် အလယ်ကနေ စင်တီဝက်ခန့် ဓားဖြင့်မွှန်းပါ ။
    .
    သန့်စင်ပြီးလျင် ကျောက်ကပ်မှလွဲ၍ အကုန်လုံးကို ဆန်ကာထဲထည့်ပြီး ရေစစ်ထားပါ (ကျောက်ကပ်ကတော့ မပြတ်သာ ရေလဲပေးထား)
    .
    တုတ်ထိုး လုပ်နည်း…
    .
    အရသာအတွက်…
    ဝက်အစုံ ၂-ကီလိုလောက်ကို
    ခရုဆီ – စားပွဲတင်ဇွန်း ၅-ဇွန်း
    ပျားရည် – စားပွဲတင်ဇွန်း ၅-ဇွန်း
    ပဲငံပြာရည် အနောက် – စားပွဲတင်ဇွန်း ၅-ဇွန်း
    ဆား – လက်ဖက်ရည်ဇွန်း ၂-ဇွန်း
    ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁-ဇွန်းမောက်မောက်
    ဟင်းချိုမှုန့် – သဘောလောက်
    .
    ဟင်းခတ် အမွှေးအကြိုင်…
    နာနတ်ပွင့် – ၅-ခု
    သစ်ဂျပိုးခေါက် – တစ်လက်မခန့် ၅-ခု
    ကရဝေးရွက် – အရွယ်တော် ၅-ရွက်ခန့်
    ငရုပ်ကောင်း – ၁၅ စေ့ခန့်
    Nutmeg (ဇာဒိပ္ဖိုလ်သီး) – ၂-လုံးလောက်ကို ကွမ်းသီးစိတ်လောက် ချေထား (ဒါကိုဖယ်ထား ခေါင်းသားအတွက်) ၊ နောက်ထပ် တစ်လုံးကို ၈-စိတ်ကွဲလောက် ထုထား
    .
    စချက်မယ်
    .
    အပေါ်က အရသာအတွက် ပါဝင်ပစ္စည်းတွေကို ရေစစ်ထားတဲ့ ဝက်ကလီစာ ခေါင်းသားတွေနဲ့ သမအောင်ရောနယ်ပြီး့ ရေခဲသေတ္တာအောက်ဆင့်ထဲမှာ ၃-နာရီလောက် နှပ်ထားပါ ၊ (ဇာဒိပ္ဖိုလ်သီးက ၈-စိတ်ကွဲလောက် ထုထားတာပဲ ထည့်ပါမယ်) ။ ချက်ဖို့အသင့်ဖြစ်ရင် အပြင်မှာ ကလီစာတွေ အခန်းအပူချိန်ပြန်ရောက်အောင် မိနစ် ၂ဝ – နာရီဝက်လောက် ထုတ်ထားပါ ။ ပြီးရင် အူပိတ်စလုပ်ပါမယ်…
    – အူပိတ်… အရသာနှပ်ပြီးသား အူကြမ်းကို နဂိုပုံစံပြန်ရောက်အောင် ပြန်လှန်လိုက်ပါ ။ ပြီးလျင် တဘက်စွန်း (သေးတဲ့ဘက်ကို တိုင်းပြီးရွေး) ကို အူထဲသို့ နှစ်ထပ်ဖြစ်သည်အထိ အတွင်းထဲကို ထိုးထည့်ပေးပါ (Hawker Center မှာ တရုတ်တွေခေါက်ဆွဲစားတဲ့ ပလပ်စတစ်တူနဲ့ တဘက်စွန်းအထိ) ။ အူကြမ်းအရှည်က ခေါက်လိုက်တဲ့အတွက် တဝက်ပဲရှိပါတော့မယ် ၊ ပိုပြီး ကျစ်ချင်ရင် ၃-ခေါက် ခေါက် (ဒါပေသည့် ကွဲထွက်တတ်၏) ။
    .
    အားလုံး ရယ်ဒီဖြစ်ရင် စချက်ပါမယ် ။ နယ်ပြီး နှပ်ထားတဲ့အထဲက ဟင်းခတ် အမွှေးအကြိုင်ဖတ်တွေကို ဖယ်ထုတ်ပြီး အဝတ်အိတ်သေးထဲထည့်ပါမယ် ။ ချက်မည့် ဒယ်အိုးကိုပူအောင်တည်ပြီ သကြားထမင်းစါးတစ်ဇွန်းခန့်ထည့်လှော်ပါ ။ သကြားတွေပွက်ပြီး နီညိုရောင်သမ်းလာရင် ကလီစာအားလုံးနဲ့ လျှာ (ခေါင်းနဲ့ ကျောက်ကပ်မပါ ၊ နာနတ်ပွင့် – သစ်ဂျပိုးခေါက် – ကရဝေးရွက် ၂-ခုစီချန်ခဲ့ပါ ၊ နယ်ထားတဲ့ အရသာအရည်တွေ ချန်ခဲ့ပါ) ထည့်ပြီး သမအောင်မွှေပါ ။ ကလီစာတွေအရောင်ပြောင်းသွားလျင် ချန်ခဲ့တဲ့ အရသာရည်တွေ ပြန်လောင်းထည့်ပြီး အဖုံးအုပ်လိုက်ပါ (မီး အရမ်း မပြင်းရ) ။ နဂိုအသား/ကလီစာအတွင်းက ရေတွေပွက်ပွက်ဆူပြီးလျင် အုန်းစိမ်းရည် – အုန်းသီးအရွယ်တော် တစ်လုံးစာ (နို့ဆီဗူး တစ်လုံးစာ) ထည့်ပါမယ် (အုန်းစိမ်းရည်က ကလီစာတွေကို တင်းတင်းရင်းရင်းဖြစ်စေပြီး အရောင်လှ အရသာကောင်းစေ၏) ။ ရေပြန်ဆူပြီး ၁၀-မိနစ်ခန့်နေလျင် အသည်း ၊ ၁၅-မိနစ်ခန့် နေလျင် နှလုံးနဲ့လျှာ ၊ ရေခမ်းလျင် (ဆီတွေ တက်လာလိမ့်မယ်) အူချို အူပိတ် အချင်း အရောင်တက်သည်အထိ မွှေပေးပြီး ပြန်ဆယ်ထားပါ ။ အူမကြီးနဲ့ အချင်းတိုင်ကို ရေတစ်ဖန်ခွက်ချင်း စွက်ပြီး အနေတော်လောက် နူးအောင်တည်ပါ ။ အူမကြီးနူးလျင် ဆယ်ခဲ့သော ကလီစာများပြန်ထည့် ၊ ရေတစ်ဖန်ခွက်ထည့်ပြီး မီးမျှင်းမျှင်းနဲ့ အဖုံးအုပ်ပြီး ရေမခမ်းတခမ်းဆိုရပါပြီ ။
    .
    – ခေါင်းသား … လက်မဝက်ခန့် အနက် ၊ ဓားရာပေးထားတဲ့အထဲကို ချေထားတဲ့ ဇာဒိပ္ဖိုလ်သီးအကြေတွေ ဖြန့်ထည့်ပါမယ် ၊ နှာခေါင်းပေါက် နားပေါက်တွေထဲလည်း သဘောလောက် မျှထည့်ပါ ၊ ချန်ထားတဲ့ နာနတ်ပွင့် – သစ်ဂျပိုးခေါက် – ကရဝေးရွက် ၂-ခုစီပါထည့်ပါ ။ အိုးတလုံးထဲ ခေါင်းသားထည့် အိုးဖုံးပိတ်ပြီး အိုးကင်းပူတိုက်ပါ ။ အနည်းငယ် ဆီပြန်ထွက်လာလျင် ရေနွေးဆူဆူကို ဝက်ခေါင်းမြုပ်အောင်ထည့်ပြီး ရေခမ်းတည်ပါ (ခက်ယင်းနဲ့ထိုးကြည့် … မာသေးရင် ရေထပ်စွက်) ၊ ရေပွက်ပွက်ဆူလာလျင်လျင် ကြက်ဥ/ဘဲဥပြုတ်ကို အခွံသင်ပြီးထည့်ပါ (၁ဝ -မိနစ်လောက်နေလျင် ပြန်ဆယ်ထား)။ ရေခမ်း ဆီပြန်သွားလျင် ခေါင်းသားချည်း (ဆီနဲ့ အနှစ်တွေမပါ) ဆယ်၍ ရေနွေးဖြင့်ဆေးပြီး ကလီစာအိုးထဲရောပါ ။
    .
    ကလီစာ ခေါင်းသားအားလုံးကို ကလီစာ လက်ကျန်ရေခမ်းသည်အထိတည်ပြီး ထွက်လာသောဆီဖြင့်ပြန်လှိမ့်ပါ ။ ဆီပြန်ပြီး ဆီသံကြားရလျင် ရေနွေး သဘောလောက်ရော ၊ အရသာမှုန့် အနည်းငယ်စွက်ပြီး မွှေပါလေ… ။ ရေမခမ်းတခမ်းဆိုလျင် တုတ်ထိုးရပါပြီ ။
    – ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ ၊ ဆား၊ ပဲငံပြာရည်အပျစ် ၊ နာနတ်ပွင့် (ကျောက်ကပ် တစ်ခုကို တစ်ပွင့်နှုန်း) တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ ။ ဝက်ခေါင်းပြုတ်အိုးမှ ဆီကျန်ဖြင့် ကျောက်ကပ်ပြုတ်ကို ဆီပူထိုးပါ ။ ပြီးမှ တုတ်ထိုးအိုးထဲရောပါ ခင်ညား….
    .
    အချဉ်ရည်
    .
    မကျည်းသီး စားပွဲတင် ၃-ဇွန်းခန့်နဲ့ ထန်းလျှက်ခဲအညို ၃-ခဲကို ရေနွေးတစ်ဖန်ခွက်နဲ့ ပျော်သွားအောင်စိမ်ပါ ၊ ပျော်သွားလျင် အနှစ်ရအောင် ကြိုပါ။ ဆန်ကာချပြီး အနှစ် ၊ ကြက်သွန်ဖြူ + ငရုပ်သီးစိမ်းရောထောင်း ၊ ပဲငံပြာရည်အကြည် နဲ့ သကြားအနည်းငယ်ထည့်ဖျော်ပြီးသုံးဆောင်နိုင်ပါပြီ ခင်ည ။
    (အင်အင်း ဘရိတ်ပေါက်လျင် ကိုယ့်ကုသိုလ်နဲ့ကိုယ်)

 

~~~~~~~~~~~~~~~~~~~~~~

ဒါနဲ့ပဲ ဝက်သားဒုတ်ထိုး အလွယ်နည်းလေးများ မရှိဘူးလားဆိုပြီး အမတွေကိုလှည့်ပတ်မေးတော့ နည်းပေါင်းစုံထွက်လာတယ်။
အောက်တွင်ရှုလော့။

 

(မသက်ငုံ)
အစာအိမ်အူ မန်ကျီးရေနဲ့ဆားနဲ့ဆေး
ကျောက်ကပ်မထည့်ရသေးနံနံလို်တဲ့
အဆုပ် worm ပါမှာစိုးလို့မထည့်သင့်
ကျန်တာအားလုံးထည့်ချင်ရာထည့်
ငြုတ်ကောင်း လေး ပါထည့် ပြုတ်
နာနတ်ပွင့် နဲ့သကြားးး ဆီ သတ်နော်
သကြားနဲ့လှော် အရောင်ယူတာတဲ့
ရေထည့် ပြုတ်နူရင်ကျက်အိ
( အောင်မိုးသူ)
စင်အောင်ဆေး ၊ ကြက်သွန်ဖြူ ဂျင်းထောင်းပြီး နူးအောင်ပြုတ်
သကြား ပဲငံပြာရည် ချိုငံထည့် ၊ နူးပီဆို ဆီလေးနည်းနည်းနဲ့ သကြားလေးနဲ့ အိုကင်းပူတိုက်။
ပြီးပြီ

 

(မသင်ဇာမြင့်)
ဝက် ၁ ပိဿာ ပဲငံပြာရည် ပျားရည် ခုဆီ ဆားနည်းနည်း နာနတ်ပွင့် ရှောက်ကောလုံး ဂျင်း ကြက်သွန်ဖြူ နယ်ပြီးနှပ်
ဒယ်ထဲဆီနဲနဲထည့် သကြား ၁ ဇွန်းလောက်ကြော်ပြီးသကာလ
ဝက်သားနှပ်ထားတာတွေထည့် ညိုလာရင် ရေထည့်ပြုတ် နူးရင်စား

 

(မမှီ)
ဝက်သားကို ဆားသကြား ငရုပ်ကေါင်း နည်းနည်း ဂျင်း ကြ က်သွန်ဖြူထောင်းထားတာ ပဲငံပြာရည် အပျစ် တရုတ်မဆလာ တို့နဲ့ နယ် ခဏနှပ်ထား။
အိုးတလုံးထဲ ဆီ အနည်းငယ် ( များရင် မကောင်းဘူး) ထည့်
သကြား တဇွန်းထည့် မမွှေရ
သူ့ ဘာသာ တူးသွားတဲ့ အခါမှ နယ်ထားတဲ့ ဝက်သားတွေ ထည့် မွှေ
အသားတွေ အပေါ်ယံကြောလေး ကျက်မှ ရေမြုပ်အောင်ထည့်
အပေါ်ယံကြောလေး မကျက်ခင် ထည့်ရင် ညှီတယ်
ရေ နှစ်ရည် သုံးရေ ခန်းရင် နူးြပြီ

13 comments

  • ဦးကျောက်ခဲ

    July 12, 2016 at 1:17 pm

    စာရေးပြရတာ ချက်ပြရတာထက် ပိုခေါင်းစားတယ်…
    အဟိ … အညင်ကပ် စိတ်ပျက်အောင်ပြောရရင်…
    ဘီးဇီးကွတ်ခ်က တုတ်ထိုး ကွကိုယ်လုပ်စားရင် သကြားနဲ့လှော်ပြီး ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာ…
    အရသာကတော့ ထူးထူးရှယ်ပါ… တရုတ်တန်းတုတ်ထိုးတောင် လျှာမတိုးတော့ဘူး
    မရှင်လင်းးသည်မျာကို မေးမြန်းနိုင်ပါသည်ပေါ့… :k:

    • မမချွိ

      July 12, 2016 at 4:00 pm

      ဒီလောက် အချိန်ပေး
      သေချာ အသေးစိတ်ရေးပေးထားမှတော့ ရှင်းလင်းလွန်းလို့ ကျေးဇူးတွေ တင်နေရတာပါ။
      ဟီးဟီး

      :chit:

  • Thint Aye Yeik

    July 12, 2016 at 1:39 pm

    ရွာထဲ ဝင်ကြည့်တယ်…
    စိတ်ညစ်သွားတယ်…
    http://www.myanmargazette.net နဲ့ ဝင်တာ ဝင်မရဘူး။

    ဒါမဲ့ ပျော်သွားတယ်။
    http://www.myanmargazette.net နဲ့ ဝင်ကြည့်တာ ရသွားတယ်။
    ဒါမယ့်… စိတ်ညစ်သွားတယ်။
    ကွန်မန့်ပေးမရဘူး။

    ဒါမယ့် ပျော်သွားတယ်။
    .နေ့လည်ကျတော့…. ဝင်လို့ရသွားတယ်။
    ကိုယ်ကြိုက်တဲ့ ဝက်သားဒုတ်ထိုးအကြောင်းလည်း တွေ့သွားတယ်။

    ဒါမယ့်..စိတ်ညစ်သွားတယ်။
    ဝက်သားဈေးက ကြီးတယ်။

    ဒါမယ့် ပျော်သွားတယ်။
    မမဂျီးပိုစ့်ကို ဖွင့်ပြီး ကွန်ပူတာ စခွင်ကိုပဲ…လျှာနဲ့ ယက်ပစ်လိုက်လို့ ရတယ်လေ။

    :k:

    • မမချွိ

      July 12, 2016 at 4:15 pm

      ဟယ်။
      ကံဆိုးချင်တော့ ကွန်ပူတာဂျီးက ဖုန်ဒေ အလိမ်းလိမ်းတက်နေဒယ်။

      :k:

      • Thint Aye Yeik

        July 12, 2016 at 4:36 pm

        ကံကောင်းချင်တော့ ကိုယ်က ဆား လေးလေးမှ စားတတ်တာဆိုတော့ အငန်အရသာ ကွက်တိဖြစ်သွားတယ်လေ
        :k:

  • အောင် မိုးသူ

    July 13, 2016 at 10:23 am

    အပေါ်က အူးကျောက်ပြောတဲ့ အီးဇီးကွတ်ကို စိတ်ဝင်စားတယ်။ ရေနွေးငွေ့နဲ့တော့ ဘယ်လိုပေါင်းရသလဲ မသိဘူး။

    • မမချွိ

      July 13, 2016 at 11:22 am

      ပရက်ရှာကွတ်ကာနဲ့ ပေါင်းတာကို ပြောတာလားမသိဘူးး

      🙂

    • ဦးကျောက်ခဲ

      July 13, 2016 at 12:14 pm

      ဂလို ဂလို … မြန်မာဝက်က မာတယ်ဗျ ၊ တော်ရုံနဲ့မနူးဘူး ….
      အဲသည်တော့ သကြားနဲ့လှော် ၊ အမွှေးနံ့သာထုပ်ထည့် အုန်းစိမ်းရည်နဲ့ ရေခမ်းပြုတ်ပြီးရင် … ဒန်အိုးထဲ ရေ လက် ၂-လုံးလောက်ထည့် ၊ နှီးဆန်ကာကျဲလေးထဲ ကလီစာတွေ အသားတွေဖြန့်ထည့်ပြီး အပေါ်ကတင် အမွှေးနံ့သာထုပ်ပါထည့် ၊ အဖုံးအုပ်ပြီး ပေါက်စီပေါင်းသလို ရေနွေးငွေ့နဲ့ပေါင်းလိုက်တာ ။ အသားထဲက အဆီတွေ အောက်ကိုကျကုန်တာမို့ အနံ့ကင်းပြီး မအီဘူး ခင်ည ။
      :k:

    • မမချွိ

      July 14, 2016 at 3:38 pm

      နောက်ခါ အလွယ်နည်းပဲ လုပ်တော့မယ်။
      ခုက နံစော်ပြီး ကိုယ်က မစားနိုင်တာ။

      :k:

  • kai

    July 15, 2016 at 2:12 pm

    အင်း… အဲဒီပုံထဲက ဓါးကတော့.. အမျိုးအစားတော်တော်ကောင်းမယ်ထင်မိတယ်..
    ဆိုတော့…
    ဒီလ ဒါကိုသတင်းစာမှာသုံးမယ်နော…..
    မွတ်စလင်အစ်ထွက်တဲ့လနဲ့တော့ ကိုက်လို့နေပြီ…။ :k:

    • မမချွိ

      July 16, 2016 at 8:57 am

      မြင်တတ်ထှာ ခညာ..
      ပိုင်ဖူးသမျှထဲ ဈေးအကြီးဆုံးး ဒါးပါ..
      တစ်စုံ ၃၀ဝ ကျော်ကျော်လေးး ပေးးခဲ့ရတာ..
      ဆူရှီ လည်းး အဲဒီ ဒါးး သုံးးနေတာ ခိခိ…
      သတင်းစာထဲ သုံးမယ်ဆို ပုံလေးး တစ်ပုံ ပါ ထည့်နိုင်ရင် ထည့်ပေးးဘာာာာ.. ခွိ..

      ???

  • ဦးကြောင်ကြီး

    July 17, 2016 at 1:28 am

    ဝှီဂါမုမ နင် ဒီတသက် ဗလီဆြာမ ဖြစ်ဖို့ စဉ်းစားနဲ့ဒေါ့စ်…

Leave a Reply