တောင်ရောက် မြောက်ရောက် ( ၄ )

ပြီးခဲ ့တဲ ့ နွေတစ်တွင်းလုံးမှာ တောတွင်းပျော်ခြေရှည်လိုက်တာများ
မြဝတီ ဘုရားသုံးဆူ ထီးခီး နယ်စပ်မြို ့ နယ်စပ်စခန်းတွေ အကုန်ရောက်ခဲ ့တယ်ဗျ။
ကိစ္စဝိစ္စနဲ ့ သွားလာခဲ ့တယ်ဆိုပေမယ် ့လည်း ကားမောင်းရင်းတဖက် နိုင်သလောက် မှတ်တမ်းတင်
ဓါတ်ပုံတွေတော ့ရိုက်ခဲ ့ပါတယ်။

ရောက်ရာအရပ်ဒေသမှာလည်း ဒေသခံဆီ စပ်စုမေးမြန်း
အချိန်ရရင် တကူးတကသွားပြီး ပုံတွေလျှောက်ရိုက်။ ဝါသနာကလည်း မငြိမ်ဘူးလေ ..
ရိုက်ချင် စပ်စုချင်လို ့သာ လျှောက်ရိုက်ခဲ ့ပေမယ် ့ ခုလို ဂဇက်ပေပါ်တင်လိုက်ရင်
မြင်ဖူး တွေ ့ဖူး ရောက်ဖူးပြီးသားသူတွေအတွက် အပိုတွေပါကွာ
ဖြစ်နေပါအုံးလိမ် ့မယ်ဆိုရင် သည်းခံပေးကြပါ။
နာမည်ကြီးလှတဲ ့ နယ်စပ်မြို ့ကို သွားလာခွင် ့ကံမကြုံရသေးတဲ ့ သူတွေအတွက်ပါ။
ကျနော် စပပ်စုမိရသလောက်ပေါ ့ ခင်ဗျာ ..

ဒီတစ်ခေါက်တော ့ ဘုရားသုံးဆူကို တက်ကြရအောင်။
ကျနော်သွားခဲ ့တဲ ့ လမ်းက သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပါ။
( မုဒုံ-ကြာအင်းဆိပ်ကြီး-ချောင်းနှစ်ခွ-ဘုရားသုံးဆူလမ်းလည်းရှိသေးတယ် )
တောတွင်းပျော်သွားခဲ ့တဲ ့လမ်းက ကျောက်ကြမ်းခင်းထားတဲ ့လမ်းဖြစ်ပြီး လမ်းတစ်လျှောက်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ ့အစည်းဂိတ် ရ ခုလောက်ရှိတယ်။
လမ်းကြမ်းတော ့ ကားလမ်းတစ်လျှောက်မှာ ရှေ ့ဘီးကျွတ်တဲ ့ကားတွေ စပရင်ဖောက်ပျက်တဲ ့
ကားတွေ ပုံမှန်တွေ ့ရတတ်တယ်။
တဖက်က ထိုင်းနဲ ့ နယ်စပ်နယ်နိမိတ်ပြသ်သနာနည်းနည်းရှိနေတာမို ့ ကုန်သွယ်ရေးဂိတ်ထားလို ့
ကားအသွားအလာက နည်းပါတယ်။
သို ့ပေမယ်လည်း ဒီလမ်းတစ်လျှောက်မှာ တံတားကြီးတွေ အကြီးအကျယ်ဆောက်လုပ်နေတာတွေ ့ခဲ ့ရတယ်။

ဘုရားသုံးဆူမြို ့။
အမှန်တကယ်ကတော ့ နာမည်စွဲခေါ်တဲ ့ ဘုရား ၃ ဆူက ထိုင်းဖက်အခြမ်းမှာပါ။
မြို ့ ကမြေမြေမြန် ့ မဟုတ်ဘဲ မြေနီတောင်ကုန်းကုန်းပြေပြေလေးမှာတည်ထားပါတယ်။
အဆောက်အဦးပုံစံတွေက တဖက်ထိုင်းက ပုံစံယူဆောက်ထားတာများတယ်။
မြန်မာပိုင်နက်ဆိုပေမယ် ့ ထိုင်း ဘတ်ငွေကြေးကိုပဲသုံးကြတယ်။
ဆက်သွယ်ရေးက ကျနော ့ဖုန်းမှာပါတဲ ့ MPT လိုင်း တချက်တချက်ရပြီး အော်ရီဒူးကတော ့
လိုင်းကောင်းပေမယ် ့ တဖက်ထိုင်းနိုင်ငံကနေတဆင် ့ Roaming ပြန်ဝင်လာတာမို ့ အဝင် အထွက် ငွေစားပါတယ်။
၁ မိနစ်မှာ အထွက် ၅၀ဝကျပ် အဝင် ၂၀ဝ ကျပ်။

ဘုရားသုံးဆူမြို ့ မရောက်ခင် ချောင်းနှစ်ခွနားက သဘာဝကျေးရွာအနီးက သဘာဝရေတံခွန်
ဘုရားသုံးဆူမြို ့ မရောက်ခင် ချောင်းနှစ်ခွနားက သဘာဝကျေးရွာအနီးက သဘာဝရေတံခွန်
သဘာဝချောင်းရေကြည်ကြည်နဲ ့မြင်တွေ ့ရတဲ ့ငါး
သဘာဝချောင်းရေကြည်ကြည်နဲ ့မြင်တွေ ့ရတဲ ့ငါး

“သဘာဝ”ဆိုတာရွာနာမည်ပါ။ ဒီရွာအနားမှာရှိတဲ ့ ရေတံခွန်မို ့ သဘာဝရေတံခွန်လို ့ အမည်ပေးထားပါတယ်။ ဒီချောင်းထဲက ငါးတွေကို ဖမ်းဆီးခွင် ့မပြုပါဘူး။ အပန်းဖြေနယ်မြေလုပ်ဖို ့ လမ်းတွေ
ဖောက်နေတာတွေ ့ခဲ ့ရပါတယ်။

သဘာဝကျောက်ချောင်းထဲ ရေကစားနေတဲ ့ ကလေးငယ်တွေ
သဘာဝကျောက်ချောင်းထဲ ရေကစားနေတဲ ့ ကလေးငယ်တွေ

ဘုရားသုံးဆူမြို ့ကို ရောက်ရင် တကူးတက သွားရောက်ကြည် ့သင် ့တဲ ့နေရာ ၂ ခုကိုညွှန်းချင်ပါတယ်။
ပထမတစ်ခုက ဓမ္မဟေဝန် ပရဟိတစာသင်ကျောင်း။ အတန်း ၁ဝတန်းထိရှိပြီး ကျောင်းသားလည်း
အတော်များပါတယ်။ အဲဒီမှာ ဓမ္မဟေဝန်ကျောင်း နှစ်ထပ်ဆောင် ဓမ္မာရုံရှိပြီး သစ်တိုင်အလုံး ၃၀ဝ လောက်နဲ ့ ဆောက်ထားပါတယ်။
( တိုင်အရေအတွက်က တောတွင်းပျော်ရဲ ့ ခန်းမှန်းမျှသာဖြစ်ပြီး ဒီထက်မက ပိုနိုင်ပါသေးတယ်။ )
ဒီကျောင်းက ကရင်ဘုန်းတော်ကြီးကျောင်းပါ။
နောက်တစ်ခုက မွန်ဘုန်းတော်ကြီးကျောင်း တိုင်တစ်ရာကျောင်းလို ့ခေါ်ပါတယ်။
တိုင်တစ်ရာကျောင်းကို တောင်ခြေရင်းမှာတည်ထားတာပါ။
ဒီဘုန်းတော်ကြီးကျောင်းတစ်ခုစီရဲ ့ ကျောင်းပိုင်ပရဝုဏ်တစ်ခုစီဟာ ရပ်ကွက်ကြီးတစ်ခု ပမာဏလောက်ရှိပါတယ်။

ဓမ္မဟေဝန်ကျောင်းအတွင်း
ဓမ္မဟေဝန်ကျောင်းအတွင်း
ဓမ္မဟေဝန်ကျောင်း အတွင်း
ဓမ္မဟေဝန်ကျောင်း အတွင်း
ဓမ္မဟေဝန်ကျောင်းအတွင်းက လူ ့တစ်ရပ်ရှိ ကြေးမောင်း
ဓမ္မဟေဝန်ကျောင်းအတွင်းက လူ ့တစ်ရပ်ရှိ ကြေးမောင်း
ဘုရားသုံးဆူ တိုင်တစ်ရာကျောင်း
ဘုရားသုံးဆူ တိုင်တစ်ရာကျောင်း
တိုင်တစ်ရာကျောင်း အတွင်းဖက်
တိုင်တစ်ရာကျောင်း အတွင်းဖက်
ဘုရားသုံးဆူညရဲ ့ စင်တင်ဂီတ
ဘုရားသုံးဆူညရဲ ့ စင်တင်ဂီတ

ဘုရားသုံးဆူမြို ့ဟာ နယ်စပ်မြို ့ ဖြစ်တဲ ့အတွက် ဝတ်စားဆင်ယင်မှုဟာ ဟော ့ဟော ့ရမ်းရမ်းဖြစ်နေလိမ် ့မယ်ထင်ခဲ ့တာ ဘုရားသုံးဆူညရဲ ့ စင်တင်ဂီတပွဲမှာ အမြင်မှားယွင်းခဲ ့ပါတယ်ခင်ဗျာ။
ပြည်တွင်းက ဘုရားပွဲတွေမှာ အမျိုးသမီးငယ်တွေတစ်ချို ့က ဘောင်းဘီဖင်ကျပ် စကတ်ပေါင်တိုတွေ
ဝတ်နေကြကပေမယ် ့ ဘုရားသုံးဆူဆိုတဲ ့ နယ်စပ်မြို ့လေးမှာတော ့ ယဉ်ယဉ်ကျေးကျေးဝတ်စားကြပြီး တိုင်းရင်းသူတွေက တိုင်းရင်းဝတ်စုံတွေနဲ ့သာ ရိုးရိုးယဉ်ယဉ်လေးသာ ဝတ်ဆင်ပြီး ပွဲလာကြည် ့ကြတာ တွေ ့ခဲ ့ရပါကြောင်း …

တောတွင်းပျော်

10 comments

  • မြစပဲရိုး

    July 2, 2016 at 8:14 pm

    အရီး ကတော့ အဲဒီ နယ်မှာ မွေးစ က ဘဲ နေဖူးတာမို့ မမှတ်မိတော့ပါဘူး။
    အရမ်းလှ တဲ့ သဘာဝ ဓာတ်ပုံလေး တွေ အတွက် ကျေးဇူးပါ။
    တိုင်တစ်ရာကျောင်း က ရှေးကျောင်းလား။
    ကျွန်းတိုင် တွေ သာဆို အတော်တန်ဖိုးကြီး မှာ။

    • တောတွင်းပျော်

      July 2, 2016 at 9:30 pm

      ဓမ္မဟေဝန်ကျောင်းက ကျနော်သွားတုန်းက ကျောင်းရေစက်ချဖို ့ လုပ်နေတဲ ့
      ကျောင်းအသစ်ကြီးပါ အရီး ..
      တိုင်တစ်ရာကျောင်းလည်း အသစ်ကြီးပါ။
      တိုင်တွေကတော ့ ကျွန်းအပြင် ပျဉ်းကတိုး တခြားသစ်မာတွေလည်း
      ပါလိမ် ့မယ် ထင်တယ်။ သေချာတော ့မသိဘူး။
      တိုင်တွေကတော ့ အများကြီးပဲ အရီး …

  • ဂျစ်စူ

    July 2, 2016 at 10:53 pm

    မောင်း ခဏ ငှါးစမ်းဘာ
    ဂွေလှိမ့်ချင်လို့စ်

    • တောတွင်းပျော်

      July 3, 2016 at 9:04 am

      ကျောင်းထိုင်ဘုန်းကြီးရိုက်လိမ် ့မယ် …

  • kai

    July 3, 2016 at 1:42 pm

    တောတတောများပြုတ်သွားသလားမသိ..။
    အင်း.. ဘာသာရေး…။

    ဆိုတော့…
    တိုင်းရင်းသူ တိုင်းရင်းသားဝတ်စုံလေးတွေနဲ့ကျ.. ဘာလို့မတင်ပဲ.. အဲဒီအကုသိုလ်ဖြစ်စေတာကြီးတင်တာလည်းဗျ..။
    သစ်ပင်အလောင်းတွေကို ပြောတာပါ.. ပြောဒါဘာ..။ :k:

    • တောတွင်းပျော်

      July 3, 2016 at 8:58 pm

      ပြုတ်မှာကတော ့ အသေအချာပေါ ့
      ဒီအတွက် မပြုတ်လည်း ထိုင်းအတွက်ပြုတ်မှာကကျိန်းသေလေ ..
      သဂျီးပြောတဲ ့ သစ်ပင်အလောင်းတွေ မြန်မာပြည်ထဲ ကျန်နေခဲ ့တာကိုပဲ
      ကြံဖန်ပြီး ဂုဏ်ယူလိုက်ပါ သဂျီးရယ် ..
      သဂျီးပြောတဲ ့ ဟိုပုံတွေရိုက်ထားတာတော ့ရှိပါရဲ ့
      အလင်းမှိန်မှိန်နဲ ့ နောက်ဖက်ကချည်းရိုက်ထားတာမို ့ မြင်နေရင်
      သဂျီး စိတ်ဆင်းရဲနေပါအုံးမယ်လေ :k:

  • Thint Aye Yeik

    July 4, 2016 at 10:39 am

    သဘာဝရေတံခွန်ကို သွားချင်လိုက်တာ

    • တောတွင်းပျော်

      July 4, 2016 at 9:31 pm

      နွေအခါ ဆင်းလာခဲ ့ဗျာ ..
      ကျနော်က ရေမချိုး မကူးခဲ ့လိုက်ရဘူး။
      နောက်တစ်ခေါက်တော ့ တေးထားတယ်။

    • တောတွင်းပျော်

      July 5, 2016 at 9:12 pm

      ခမ်းနားတာကတော ့ အမှန်ပဲ ကိုမိုးသူရေ
      ရိုက်ထားတဲ ့ပုံတွေကတော ့ အများကြီး ကျန်သေးတယ်

Leave a Reply