တကယ် တော့

တကယ် တော့ နိုင်ငံရေး စကား တွေ ကို ပြောဖို့ စိတ်မဝင်စားချင်ပါ။

သူတကာ ရဲ့ အတွေးအမြင်တွေ ကိုလဲ ဆရာကြီးစတိုင် နဲ့ ကြည့်ပြီး မဝေဖန်လိုပါ။

နေရတဲ့ အချိန်ထဲ ရှိတာ လေး တွေ ထုတ်ကြွားရင်း လွတ်လပ်ပေါ့ပါးစွာ နေချင်တာပါ့။

DSCF5957
ကိုယ်ပိုင် အဖိုးထိုက် လက်ဝတ်ရတနာ – bracelets

 

DSCF5952
ကိုယ်ပိုင် အဖိုးထိုက် နားဝတ်ရတနာ – stud earrings

 

DSCF5954
ကိုယ်ပိုင် အဖိုးထိုက် နားဝတ်ရတနာ – back stud earrings

 

DSCF5958
ကိုယ်ပိုင် အဖိုးထိုက် လည်ဆွဲရတနာ – necklaces

 

IMG_1928
ဒီနှစ် အစေ့ကနေ ပျိုးထားတဲ့ ခရမ်းချဉ်သီး ပင်

 

IMG_1944
၂ပါတ် အကြာ အပင်ပေါက်များ

 

IMG_1942
ဗြိတိသျှ စစ်စစ် စူပါမားကက် က နေ ရှားရှားပါးပါး ရလာ တဲ့ ဟာလာကြက်ဟင်းခါးသီးတဲ့။ “Asian Halal” ဆိုပြီး ကို ရောင်းနေတာ။ အရင်က မတွေ့ဘူး။ အခုမှ ရာသီစာ ဈေးကွက်ထဲ ဝင်လာတာ ထင်ရဲ့။ ရေခဲရိုက် ပေမဲ့ ချက်တော့ fresh ကို ချက်သလိုပါဘဲ။ ရေခဲရိုက်ကိုဘဲ အပူနဲ့ တန်းချက်ခိုင်းတာ။

 

IMG_1947
ဒါက ဟာလာ ရုံးပတီသီး။ အသီးအနှံ တွေ ကို ဟာလာ ခေါ်တာ အခုမှ ကြားဖူးတယ်။ မဟာဗြိတိသျှများ ထွင်တာလားတော့ မသိ။

17 comments

  • မြစပဲရိုး

    July 2, 2016 at 9:36 pm

    အမှန်တော့ အဲဒီ ဖန်စီ ရတနာလေးတွေ ကို ဇီဇီ့ ရဲ့ ဖန်စီပို့စ် ရဲ့ ကွန်မန့်ထဲ မှာ ထည့်ပေးပါ လို့ သူကြီးမင်း ကို Request လုပ် ပြောခဲ့ပါတယ်။
    အရေးမလုပ်ဘဲ နေလို့ ကိုယ့်ဟာကို ပို့စ်လုပ်ကာ အခုမှ ကြွားစ်ရတာ။ 😉 :-)))

  • မမချွိ

    July 2, 2016 at 9:48 pm

    အမ်မလေးးး
    အရီးးး တညားးးကို မွေးးစားးပါ…
    ကြိုက်လိုက်တာနော်…

    နားဆွဲ လက်ကောက် ခွေဇီပါ

    :chit:

    • မြစပဲရိုး

      July 2, 2016 at 9:51 pm

      ဟိ။ တို့ တူဝရီး တူချက်။
      ဂလို အပေါစားလေးတွေ ကို ဂယ်ဘဲ ကြိုက်ရင် နောက်တစ်ခါ ပို့ လိုက်မယ်။ နားပေါက်ရှိလား ဇီကလေး။ :-)))

      ဘရန်းဒက် တွေ၊ စိန် ရွှေ ရတနာ အစစ် တွေ နဲ့ မချမ်းသာဘာဘု။ သို့သော် ဒီလို ဟာလေးတွေ နဲ့ စိတ်ချမ်းသာပါတယ်။ 😉

      • မမချွိ

        July 2, 2016 at 10:01 pm

        နားး က ဘယ် ၂
        ညာ ၁
        နောက်ရက်မှ ချမ်းသာသမျှ တင်အူးးမယ်…
        အကြောင်းသိတွေဆို မဝယ်နဲ့တော့နော်လို့ တားးရတော့တာ..
        ဒါလည်းး စိတ် မနိုင်ဘူးးး
        ဖန်စီ က လူကို ပိုလှစေတယ် အရီးးရဲ့ .. ဟိ..
        :k:

  • ဂျစ်စူ

    July 2, 2016 at 11:10 pm

    ကြောင်လျှာသီး ဟာလာကော ရှိလား
    မရှိရင် ရွာထဲမှာ ဖမ်း

  • kai

    July 3, 2016 at 1:38 pm

    ဖန်စီတချို့တွေ.. ပါကင်တောင်မပျက်သေးဖူး..။ သုံးရောနေရဲ့လားမသိ…။
    ဆိုတော့…
    ဟာလာဆို.. လယ်ပင်းချည်းပြေးပြေးမြင်နေတာ…။
    ခုမှ.. အသီးအနှံဟင်းသီးဟင်းရွက်လည်း.. အိုကေတယ်ဆိုတာသိ..။

  • moonpoem

    July 3, 2016 at 5:40 pm

    အသီးအနှံ မမြင်ဘဲ ဖန်စီတွေသာ မြင်နေမိပါကြောင်း ဝန်ခံပါသည်ရှင့် 😀

  • မြစပဲရိုး

    July 3, 2016 at 10:11 pm

    ဇီ – ဟုတ်ပါ့။ လှတဲ့ အပြင် ကျပျောက်လဲ ကိစ္စမရှိ။ စိတ်လဲ အေးအေး နေလို့ ရတယ်။

    စိန်ပေါက်လေး – ကြောင်လျှာသီး တော့ ဒီမှာ ရောင်းတာ မတွေ့ဘူး။
    တစ်ချို့ မြန်မာပြည် က ပြန်ရင် သယ်လာကြတယ် ပြောတာဘဲ။

    သူကြီးမင်း – တွေ့တယ်လား။ဟုတ်ပါ့။ တစ်ချို့ ဟာ တွေ က ကွကိုယ် အသက် မေ့ပြီး ဝယ် မိပြီး နောက်မှ ကို့ရို့ကားယား မဖြစ်ပါဘူးလေ တွေးမိပြီး ဒီအတိုင်းထားတာ။
    ကလေး ကလဲ မိန်းကလေး သိပ်မဆန်ချင်ဘူး။
    ဟာလာ ဆိုတာ ကို လှီးဖြတ် သန့်စင်ပြီး လို့ ဒီမှာ အနက်ယူ နေလားတော့ မသိ။

    လကဗျာ – အသီးအနှံ တွေ က ချက်ပြီး မဟုတ်လို့ သိပ် ဆွဲဆောင်မှု မရှိတာ ထင်ရဲ့။ ကျေးဇူးနော်။ :-))

  • ဂျက်စပဲရိုး

    July 4, 2016 at 9:41 am

    ဖန်စီ ပစ္စည်း ဆိုမှ
    ဟိုတလောက ရုံးက အကိုကြီး တစ်ယောက် သားရေလက်ပတ်ကြိုး ရောဂါ ထ တာ။
    အဲဒီတော့မှ ကြည့်မိတယ်။ တကယ့် ဘရန်းဒက် တွေ ဆို ဒီ ဘာမှ မဟုတ် တဲ့ သားရေ လက်ပတ်ကြိုးလေး တစ်ခု ကိုတောင် ဒေါ်လှ ၅၀ဝ လောက် ရှိသဗျ။
    အတော်လေး ရင်ခံသွားတာ။

  • Thint Aye Yeik

    July 4, 2016 at 10:36 am

    ခရမ်းချဉ်သီးကို အဲ့လိုလေး စိုက်ထားတာ မြင်တော့. . . မြေတွေ ခြံတွေ မရှိသေးလည်း အဲ့လိုလေး စိုက်လည်း ရတာပဲ လို့တွေးမိ။
    စိုက်ဖို့ ချောင်းအုန်းမယ်။နှစ်သက်တဲ့အသီးအနှံထဲမှာ ခရမ်းချဉ်သီးလည်း ပါ။

    :k:

  • Yae Myae Tha Ninn

    July 4, 2016 at 10:52 am

    ဖန်စီ ပစ်စည်းတွေ ကြည့်ပြီး အရီးက အနော်နဲ့ အသက် သိပ်မကွာဘူး ထင်မိနေပြီ… ဂဇက်မှာ ထိန်းသိမ်းရေး လုပ်ရတာ ကောင်းအောင် အသက်ကြီးချင်ယောင်ဆောင်၊ စကားခန့်ခန့်ကြီးတွေ ပြောနေတာလို့ ထင်မိတယ်… 😛

  • ဦးကြောင်ကြီး

    July 5, 2016 at 2:59 am

    လော်ဘီခနဲ့ ဝယ်ဒါရား။။။

  • အော်..အော်..သူထိန်းမဂျီးက ဓါးပြတိုက်မှာကြောက်လို့ အတုတွေပဲထုတ်ပြတာပေါ့လေ…ခိခိ :))
    ခရမ်းချဉ်ပင်လေးတွေစိုက်ထားတာသဘောကျတယ်ဗျ…စိုက်အုံးမှ

  • အောင် မိုးသူ

    July 5, 2016 at 12:31 pm

    ဖန်စီလေးတွေက မခင်ဇော် အားကျစရာနော်….။ အသီးအနှံကို ဟာလာဆိုတော့ အသီးအနှံကို လည်လှီးထားတာလားမသိ ဟိဟိ။

  • မြစပဲရိုး

    July 6, 2016 at 1:55 pm

    ဝင်ရောက် အားပေးသူများ အားလုံး ကျေးဇူးကြီးပါ။ <3

    ဂျက် -ဟုတ်ပါ့။ အရီး က တော့ ကျ ပျောက်လဲ မနှမြော ရတာ ဘဲ ဝယ်ပါတယ်။

    ဆက်ဆက် – ဒီမှာ အဲဒီလို အိုး နဲ့ စိုက် လို့ ရ အောင် အသင့်ရောင်း တွေ ရှိတယ်။

    နင်းနင်း – တကယ်တော့ မင်းထက် ငယ်ပါတယ်။ ပေါက်ကရ ပြောရင်း ကြီး သွားတာ။ တကယ်။

    lone ma – <3

    ကြောင်ကြောင် – နာ့ ဂို ဖွတ်လော်ဘီ လို့ ပြောတာလား။

    ကကြီးမိုက်- အတွင်းပစ္စည်း ရှိမှ သူထိန်းဆိုရင်တော့ ကျွန်မ ပါးပါးလျားလျား လေးပါ။
    အခု အပင်တွေ က မိုးများပြီး tတစ်မျိုးဖြစ်။

    မောင်အောင် – ဤလိုဘဲ ထင်ပါ့။

  • Shar Thet Man

    May 10, 2018 at 11:27 am

    ဟာလာဆိုတော့ ကုလားစာများလား

Leave a Reply