မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths X

KyaemonJuly 18, 201619min7449
 worry8
ဧရာဝတီတိမ်ကောသွားမယ်၊ခန်းခြောက် ပျက်စီးသွားမယ်
ဆိုပြီး စိုးရိမ်ကြသူတွေကFaceBook ပို့စ် မှာ မှတ်ချက်ရေးကြတယ်၊
———
worry7
ဒီကိစ္စ နဲ့ပတ်သက်ပြီးတင်ပြပြီးပါပြီ၊” မြစ်ဆုံရေကာတာရဲ့ ရေသိုလှောင်မှု
ကြောင့် ဧရာဝတီ မြစ်ရေခမ်းခြောက်သွားနိင်မလား၊”
” သောင်တွေတင်လို့ရေသွားလမ်းကြောင်းပိတ်ဆို့နိုင်မလား”
ဆိုတဲ့ စတုတ္ထ မေးခွန်း ကိုထုတ် ခဲ့တယ်၊အဲဒီမေးခွန်းကို ” မြစ်ဆုံ အမှား နဲ့ အမှန် ဆောင်း ပါး # ၆” ရဲ့
အောက်ပိုင်း မှာ ရုပ်ပုံ နဲ့တကွဖြေထားပါတယ်၊
(ယင်းဆောင်းပါး အမှတ်စဉ် # ၆ ကိုဘတ်ပေးပါရန်)
https://myanmargazette.net/224008
 worry4
————-
အဲဒီလို ဖြေခဲ့တာကို မဘတ်မိတာလဲ ဖြစ်နိင်တယ်၊
နားမလည် မရှင်းသေးလို့လဲဖြစ်နိုင်တယ်၊ဘယ်လိုဘဲဖြစ်ဖြစ် စိုးရိမ် ပူပန်မှု သောကတွေကို ဖယ်ရှား
ရအောင် ထပ်တခါ ရှင်းလင်း တင်ပြပါ့မယ်၊ယင်းမှတ်ချက်တွေကို စုစည်းပြီးဖြေ ပေးမယ်၊
ဧရာဝတီ ရေစီးဆင်းမှု နဲ့ပတ်သက်တဲ့အမေး နဲ့အဖြေ အချို့

ဆို။ ဧရာဝတီမငိုပရစေနဲ့
ဖြေ။ မငိုစေရပါ၊ လန်းဆန်း နေမှာပါ၊
————–

worry5
ဆို။ ဧရာဝတီမြစ်ကို ပိတ်တယ်ဆိုတော့ ကျေးရွာ တွေ သဘာဝ
အလှတရားတွေပါဖျက်စီးကုန်ပြီ
မြစ်ဆုံလုပ်ရင် စိုက်ပီူးမွေးမြူရေးလုပ်တဲ့တောင်သူတွေရေကြောပြက်
မြန်မာ့ ကျောရိုးကို မဖျက်ဆီးသင့်ပါ။
————-

worry2
ဖြေ။ ဧရာဝတီကိုပိတ်ပစ်တယ်ဆိုတာ လုံးဝမဟုတ်မမှန်ပါ၊
ကျေးရွာ သဘာဝ အလှတရားကို့ကိုလဲ မဖျက်စီးရပါ၊
မြစ်ဆုံလုပ်ရင် စိုက်ပီူးမွေးမြူရေးလုပ်တဲ့တောင်သူတွေရေကြော
ပြတ်တယ်ဆိုတာလဲမမှန်ပါ၊
————–

worry3
ဆို။ နဂို အတိုင်း ခုလိုဧရာဝတီမြစ် ကြီးတသွင်သွင် စီးနေတါ သားစဉ်
မြေးဆက်မြင်နိုင်အောင်ဆေါင်ရွက်ပေးပါ။

ရေကြောင်းပိတ်မယ်သောင်တွေပေါလာမယ်

ပြည် သူ တွေ အ တွက် သောက် ရေ ခမ်း အောင် မ လုပ် ပါ နဲ့၊
ဧရာဝတီင်္မြစ်လဲရေခန်းနိင်တယ်

မြစ်ကြီးတိမ်ကောသွားရင် မြန်မာနိုင်ငံကကန္တာရဖြစ်သွားလိမ့်မယ်..

ဖြေ။ မြစ်ကြီး မတိမ်ကော၊ သောင်လဲ မပေါ၊ ရေလဲ မ ခမ်း၊ နဂိုရ် အတိုင်း
တသွင်သွင်စီးနေမှာ၊ ဒိထက်တောင် စီးနိုင်အောင် လုပ်နိုင်မှာပါ၊
မြန်မာနိုင်ငံက ကန္တာရ မဖြစ်စေရပါ၊


worry6
ဆို။ ဧရာဝတီဟာငါတို့ရဲ့အသက်ဝိညာဉ်
တို့နိုင်ငံရဲ့အသက်သွေးကြောဧရာဝတီ
ဧရာဝတီဟာ မြန်မာပြည်ရဲ့ မိခင်ပါ

ဖြေ။ ဧရာဝတီမိခင် အသက်အဓွန့်ရှည်ပါစေ၊၊ဒီမိခင်
ကြီးကိုမှီးပြီးသွားလာလုပ်ကိုင်စားသောက်
ကြတဲ့ပြည်သူအပေါင်းတို့လဲ ချမ်းသာရွှင်းလန်းရ
အောင်ဆောင်ရွက်ပေးရမှာပါ၊
————–
မဘတ်မိသူအတွက်ရော မရှင်းသေးသူတွေအတွက်ပါ ထပ်မံရှင်းလင်းပါရစေ၊
သိပြီးသား ပုဂ္ဂိုလ် များ သီးခံပြီးဘတ်ပေး ပါရန်၊

သာမန်လူပိန်းတဦးအနေနဲ့တွေးနိုင်တာက ရေကာတာ ဆိုရင် ရေကို ကာပစ်
ပိတ်ပင် ပြီးရေတွေကိုသိုလှောင်လိုက်တာဘဲ၊ရေတွေကဆက်မစီးဆင်းနိုင်တော့ပါ၊
ပြီးတော့ ဂျိုးဖြူကန် လို သောက်သုံးရေအဖြစ်မြို့တွေကိုပို့တယ်၊ဒါမှမဟုတ်ရင်
ကျောက်ဆည် လို ရေနဲတဲ့နေရာကို စိုက်ပျိုးရေးအတွက် ဆည်မြောင်းနဲ့သွယ်
ပြီးရေတွေပို့တယ်၊

ဒီလိုမြင်လို့ ဧရာဝတီ ရေကြောပြတ်အောင် ဖျက်ဆီးတယ်၊တိမ်ကော ခန်းခြောက်
အောင်လုပ်တယ်၊လယ်ယာကိုင်းကျွန်း ရေသွားလုပ်ငန်း ပျက်စီးအောင် လုပ်တယ်
တွေးတောကာ ပူပင်စိုးရိမ်လာတယ်၊ဒေါသ မီးကြီးတဟုန်းဟုန်းတောက်လောင် လာ
တော့တယ်၊
ဒီလိုနေရာမျိုးမှာခေါင်းအေးအေးနဲ့ကိုယ့်ဟာကိုယ်မေးခွန်းထုတ်ပါ၊

မြစ်ဆုံရေကာတာ က ရေလွှတ်ပေါက်မထား ဘူးလား၊
ရေတွေကို အသေပိတ်ပြီး သိုလှောင် ထားမှာလား၊
စိုက်ပျိုးရေးသက်သက်တည်ဆောက်မဲ့ ဆည်ကြီးလား၊

မဟုတ်မမှန်ပါ၊
ရေလွှတ်ပေါက်ရှိတယ်၊အသေပိတ်တာမဟုတ်၊

အတိုင်းအတာ အမြင့်တခုဆီရောက်အောင်ရေသိုလှောင်
ကာ ရေတွေကို ရေတံခွန်လို အမြင့်ကနေ တအား လွှတ်ချ ရတယ်၊
ဒါမှ turbine တာဘိုင် တွေလည်လို့လျှပ်စစ်ဓာတ်အား ထုတ်လို့ရတယ်၊
ဒါနဲ့လွှတ်လိုက်တဲ့ရေတွေက မူလ အတိုင်းဘဲ ဆက်လက်ပြီး
စီးဆင်းသွားတော့တယ်၊

တနည်းပြောရရင် “ယာယီ” သိုလှောင် တာပါ၊ ပြေးခုံပစ်
တန်းကျော်ပြေးပွဲ (hurdle ဟာဒယ်) မှာဆက်ပြေးကြတလို၊ ရေတွေက
မြင့်တင်ပြီးနောက် အခါအားလျော်စွာ စီးဆင်းမြဲစီးဆင်းနေ မှာပါ၊

ဒီကြားမှာ တန်ဘိုးရှိလှတဲ့ ” ရွှေဖြူ”ဖြစ်တဲ့ လျှပ်စစ်ဓာတ်အား ကိုရယူလိုက်တယ်၊

ဒိအပြင် ကိုယ့်ကိုယ် ကို ထပ်မေးနိုင်တာက

ဧရာဝတီ မြစ်ရေ အားလုံး ကို ပိတ်လှောင်ပြီး ယူသုံး ဘို့လိုပါ့မလား၊
ဒီလို ယူနိုင်စွမ်းရှိပါ့မလား၊
စီးဆင်းလာတဲ့ရေတွေ အားလုံးကို ကာဆီးပိတ်ပစ် လို့လဲ ရပါ့မလား ပါ၊

ရှင်းနေပါတယ်၊ မြစ်ရေတွေ အားလုံးဘဲဖြစ်ဖြစ်၊ ၁၀% ၁၅ % ကျော် ဘဲ ဖြစ်ဖြစ်၊
ယူသုံး ဘို့လဲမလို၊ယူနိုင်စွမ်းလဲမရှိ၊ကာစီးပိတ်ပင်လို့လဲမရပါ၊

မှတ်သားဘွယ်ရာအချက်

ရေအားမှလျှပ်စစ်ဓာတ်ထုတ်တဲ့ ရေကာတာ က ဒီလို အသေ ပိတ်ပြီး ရေတွေ ကို
သက်သက် လှောင်တာမှ မ ဟုတ်ပါ၊
ရေတွေပြန်လွှတ်မှ လျှပ်စစ်ဓာတ်အား ထုတ်နိုင်တာ ကို မ သိ ကြ ပါ၊

fatcat1fatcat11fatcat10

 

 

(ဒီကြားထဲက တောကြောင်တွေက လက်ခမောင်း ခတ် ကြ တယ်၊ သူတို့ကတော့ကြောင်ပါး ပါ၊
သိသိ နဲ့ ပွဲလှန့်ဖြာခင်း ဆိုတာလို စွ ပေး၊ ဖွ ပေး ကြ တော့တယ် ဧရာဝတီကိုကယ်ကြပါအုန်းနဲ့ပေါ့လေ
ဆုတော်ငွေတွေရကြအုန်းမယ်၊

 

 အမှန်ကို ဘယ်ပြော မလဲ၊
မြေငလျင်နဲ့ဖြဲခြောက်လိုက်၊ရေကာတာပြိုကျမယ်လို့ခြောက်လိုက်၊
ရေခန်းမယ်၊ရေကြီးမယ်နဲ့ခြောက်လိုက်၊တကယ် လက်မလည်တဲ့
 
ကြောင်ပါးတွေဘဲ၊ အဖြူကိုအမဲဖြစ်အောင်ပြောတတ်တယ်၊
သတိမထားရင် နှပ်ချ သွားမှာပါ၊

 

ဂဟေဆက်သမားနဲ့မုန့်ဟင်းခါးသယ်

ငယ်ငယ်တုန်းကဖြစ်ရပ်ကိုပြန်သတိရတယ်၊ အာလူးကြက်သွန်ဆိုင်တဆိုင် က မလေးရှားမှစား
အုန်းဆီတွေရောင်းတယ်၊ ၄ ဂါလံ သံဖြူ ပုံးနဲ့တင်ပို့လာတာ အတင်အချမှာ သံဖြူ ပြားအဆက်တွေ
အက်ကြောင်းလေး အပေါက်လေးတွေဖြစ်လာတယ်၊ဂဟေဆက်သမားက ၎င်းဆိုင်ရှေ့ ကို မနက်
စောစောဆိုရောက်လာတယ်၊အရောင်းအဝယ်စည်ကား လို့လဲ မုန့်ဟင်းခါးသယ် အ ဒေါ်ကြီးကလဲ
ရောက်လာတယ်၊ ရောင်းကောင်းတယ်၊
ဂဟေဆက် သမား နဲ့သိကျွမ်းလာလို့ ဂဟေဆက်သမားက အဒေါ်ကြီးကိုသွား စ တယ်၊
အဒေါ်ကြီး အလစ်မှာ ခါး ကို ကလိထိုးပြီး ဝါးလက်ခုတ်လို တချက်ပြီးတချက် ဟန်ချက်ပါပါ နဲ့လက်ခုတ်
လဲတီး သီချင်းလဲ ဆိုတော့တယ်၊

မုန့်ဟင်းခါးသယ် အဒေါ်ကြီး ကလဲ ယောင်ပြီး လက်ဟန်ခြေဟန် နဲ့ထ က တော့တယ်၊ အရှိန်လေး ပြေသွား
တော့ ဂဟေဆက်သမား ကို ဆဲ လိုက် တာ ဘေးကြည့် ပရိသတ် က တဟားဟား နဲ့ ပွဲကျတော့တယ်၊

 

 

fatcat9fatxat8fatccat3

အလားတူစွာ ဦးကြောင်တွေလုပ်ကြံ ပြီးအမှောင့်လုပ်တာ ကြောင့် မသိနားမလည်တဲ့သူတွေက ယောင်ဝါးဝါး ဖြစ်နိုင်တယ်၊ကိုယ့်
ဆရာအနောက်နိုင်ငံက ဘာကြောင့် ရေကာတာ ထောင်သောင်း နဲ့ချီပြီးလုပ်ကြတယ်၊ ကိုယ့်အမိနိုင်ငံကြတော့
တလုံးတလေတောင် မ သဒ္ဓာ တာ ဘယ်လိုလဲ ဖြေစမ်းပါအုန်း?

မကူညီနိုင်ရင် ဘေးထိုင် ပေါ့ ဗျား၊ အရော်လိုက်နိုင်ရင်လဲ လုပ်ပေးဘို့ လိုက်ပြောပေးစမ်းပါ ဆရာကြောင်ကြီးရဲ့၊

———

 

Burmap1

ဒါနဲ့ ဧရာဝတီ မြစ်ရဲ့အလျားက ၁၃၄၈ မိုင်
မြစ်ဆုံရဲ့ အလျား က တမိုင် နှစ်မိုင် လောက်ဘဲ၊
ဝ. ဝ၁ % ဝန်းကျင် ဘဲရှိမယ်

burchinmyitsoneBurmyit

 


ဧရာဝတီ ရဲ့ ရေထုထည်ပမာဏက Basin ၁၅၉,၇၃၄ စတရန်းမိုင်

 

မြစ်ဆုံအ တွက်ရေသိုလှောင် Surface Area က  ၁၇၃ စတုရန်းမိုင်
ဆိုကြတယ် ၀. ဝ၁ % ဝန်းကျင် ဘဲရှိမယ်၊

burpyayburdelta

အဆပေါင်း ၁၀၀ဝ မှာ ၁ ဆ ဆိုတော့ မယှဉ်သာပါ၊

ဧရာဝတီ ကရေတွေကိုမြစ်ဆုံရေကာတာ တနေရာမှာဘဲ ထဲ့လို့ လဲ မရ၊
ဝင်လဲ မဆန့် ပါ၊

တနေရာမှာဘဲ ပိတ် ထား လို့လဲ မ ရပါ၊ ပိတ်ဘို့ကြိုးစားရင် ရေတွေက

ရေကာတာကို ကျော်လျှံ ပြီး ဆက်လက် စီးဆင်းသွားမှာပါ၊
တားလို့ မရ ပါ၊

overgilboaoverkevadiaoverlamesaovernarmadaoverselaulimoverwellington

စီပီအိုင် ဥက္ကဌ ရှင်းလင်းချက်မှာ( နှင်းရေပြော်ချိန် မိုးရာသီ) ရေကြီးချိန်မှာ
ရေတွေ( လေလွင့်စီးဆင်းသွား မဲ့ အတူတူ) ၎င်းမှ ၃.၅ % ကို သိုလှောင်ပြီး၊
နွေရာသီကျတော့ရေ နဲချိန်မှာ ၎င်းမှ ၁၆ % လွှတ်ပေးမှာပါ၊

မိုးရာသီ ရေတအားများချိန်မှာ ပိုလှောင်လို့ ဧရာဝတီ အောက်ခြေပိုင်း
က ရေဘေးအန္တရယ် သက်သာနိုင် မယ်၊

နွေရာသီ ရေနဲချိန်မှာ ယခင်က လှောင်ထားတဲ့ရေတွေကနေပြီး ပြန်
လွှတ်ပေးတော့ အောက်ခြေပိုင်းက ခြောက်သွေ့ရာမှ ပြန်လဲ လန်းဆန်း
ဆိုပြေ လာနိုင်မယ်၊

တကယ်ကောင်းတဲ့အစီအစဉ်၊ ခေါင်းအေးအေး နဲ့စဉ်းစားကြပါ

ရေကျောလဲမပြတ် ရေသွင်သွင်စီးလို့ရယ်၊နှစ်သီးစာတောင်စိုက်ပျိုးနိုင်၊
ရေသွားလမ်း မှာ ရေ နိမ့်သွားတာ တိမ်ကောသွားတာမရှိ “သ မ” သွား မှာ
 ဖြစ်လို့ တနှစ်ပတ်လုံး နှစ်စဉ်နှစ်တိုင်းလိုလို စည်ကား ဆိုပြေမယ်၊

ဥပမာ

ဒီဇင်ဘာလ မှ မတ်လ ထိ ရေနဲလို့ မြစ်ကြီးနား ကသာ တဝှိုက် ရေလမ်း မသွား
နိုင်ခဲ့တာကို သွားလာ နိုင်အောင်ဆက်စီစဉ်ဘို့ အခွင့်အလမ်းတရပ်ပါဘဲ၊

Burmap1

မုတ်သုန် ချိန်မှာ ဘင်းဂးလားအော် ဘက်ကသယ်လာတဲ့ မိုးရေတွေက
ချင်းတွင်းမြစ်ကနေ တအားဆင်းလာ တယ်၊ ဒီရေဘေးကိုမ ကြာခဏခံရတယ်၊

မိုးကြီးရေကြီးချိန်မှာမြစ်ဆုံဘက်က ဝိုင်းထိန်းပေးလို့ရတယ်ဆိုတာကို
မျှ ကြည့်ဘို့လို၊ ရေကာတာကြီးမှ အရာရောက်ပါ့မယ်၊

=====================

hydroturb3

ရေအား ကနေ လျှပ်စစ်ဓာက်အားဖြစ်လာအောင်

Turbine တာဘိုင် က ဒါးသွား တွေကို ရေအားနဲ့လှည့်ရ၊
ရေက ဒီဒါးသွား ကြားကနေဖြတ်သန်းပြီး တအားစီးဆင်း
သွားရတယ်
ဒါးသွားနဲ့တဆက်ထဲဖြစ်တဲ့ Turbine တာဘိုင် အတန်က ဒါးသွားတွေနဲ့
လိုက်ပြီးလည်ပတ်တယ်၊
ဒီလိုလည်ပတ်ရင်း အပေါ်က Rotor ရိုတာ ကလဲလည်တယ်
သံ လိုက်ခွေတွေနဲ့ပတ်ထားတဲ့ အတွက် ဒီလိုလည်ပတ်ရင်း
ဓာတ်အား ပေါ်ထွက်လာတယ်၊
သံလိုက်တွေကိုလည်ပတ်အောင်လုပ်ရင် ဓာက်အားထွက်လာတယ်၊
ရေအားကနေလျှပ်စစ်အားအဖြစ်သို့ပြောင်းလာတယ်၊

အဲဒီအားကို စက်ရုံ နဲ့အိမ်တွေမှာသုံးနိုင်ရန် ဓာတ်ကြိုးနဲ့သွယ်ပို့တယ်၊

hydroturb6hydroturb7

ရေကို မြှင့်တင်ရအောင် ရေကာတာ နဲ့ကာ ပြီးတော့ အပေါ်ကနေ
(ရေတံခွန်လို)ရေတွေ စီးဆင်းမှဒါးသွားတွေကို တွန်းအားရှိလာတယ်၊

ရေတွေကိုအသေ ပိတ်လို့မရပါ၊ ရေတွေကိုလွှတ်ပေးမှလည်ပတ်မှာ၊

 Valve    ဆိုတဲ့ မျှားခေါင်းပုံ က ရေတွေကိုအပေါက်ကျဉ်းကျဉ်းကနေ ရေတအား ပန်းထွက်အောင်လုပ်ကာ propellers, cups
  ခွက်တွေကိုလည်စေရင်း အူတိုင်ကြီးကို လဲ လည်ပတ်စေတယ်၊)

 

(မြင်တဲ့အတိုင်း “ဒါးသွား ပန်ကာ Propellers ” အစား “သံခွက်သံအုံး Cups  ”

ကိုလဲသုံးတယ်)

 

 

hydroturb8hydroturb9hydroturb2

ဓာတ်အားထုတ်ဘို့လိုတိုင်းရေတွေ ကိုလွှတ်ရလို့. ဧရာဝတီ ကိုခမ်းခြောက်

အောင် လုပ်ဘို့ရည်ရွယ်တယ်ဆိုတာ လုံးဝ မ မှန်ကန်ပါ၊

hydriturb1
 ရေတွေပိတ်ပြီး ဆည်မြောင်းတွေသွယ်ကာ ရေခြောက်သွေ့တဲ့ အခြားနေရာတွေကိုရေသွယ်ပို့တာမျိုး၊

အလားတူ သောက်သုံးရေလိုတဲ့အခြားနေရာကို ရေပိုက်လိုင်း မြောင်းတို့ နဲ့ ရေတွေ
ပို့တာမျိုး လိုမဟုတ်ပါ၊

 

ရေအားလျှပ်စစ်ထုတ်တာဒီလိုမဟုတ်ပါ၊

ရေကိုလွှတ်ပေးမှ ရေအားလျှပ်စစ် ထုတ်နိုင်မှာ ဖြစ်လို့ အမြဲလိုလိုရေတွေစီးဆင်းနေမှာပါ၊
အဝင်ရှိတယ် အထွက်လဲရှိတယ်၊
တရုပ် 3 Gorges Dam ရေကာတာ က turbine တာဘိုင် နဲ့ရေလွှတ်ပုံတွေ
(မြစ်ဆုံ ရေကာတာ လုပ်နေတဲ့ CPI နဲ့ အပေါင်းပါတို့ က တည်ဆောက်ခဲ့ တဲ့ တရုပ်
ရေကာတာ ကြီးက ကမ႓ာမှာလျှပ်စစ်အများဆုံးထုတ်နိုင်)

CH3GORTURB1CH3GORTURB4CH3GORTURB5CH3GORTURB6 CH3GORTURB8CH3GORTURB7

(ပုံတွေကို ကလစ် ဂျချက်လောက် နှိပ်ရင် ပုံကြီးလှလှတွေ့နိုင်တယ်၊လူပုံ
နဲ့ယှဉ်ကြည့်လို့ရမယ်)

 

3gor13gor33gor43gor5CH3GORWATCH3GOR2CH3GOR3CH3GORWAT2CH3GORWAT3CH3GORWAT4

ရေကျောပြတ်တယ်ဆိုတာလဲ မဟုတ်မမှန်ပါ၊
  သက်ဝင်လှုပ်ရှား ရှင်သန်စီးဆင်းနေကြမှာပါ၊

 

(ရေမှန်လို့၂သီးစာရနိုင်၊တိုင်းပြည်ရဲ့ကျောရိုး (မဲဆန္ဒရှင် အများစု) လယ်သမား က ချမ်းသာလာရင်
တိုင်းပြည်လဲချမ်းသာလာမှာ ၎င်းမဲဆန္ဒရှင်အများစုကနေပြီး မဲဆန္ဒ လဲရမှာ)
ဒိအပြင်၊

ရှေ့ဆောင်းပါ # ၆ ကဆိုထားတဲ့အတိုင်း ချင်းတွင်းမြစ်က ဒလာကြမ်းစီးဆင်း လာတဲ့ ရေဘေး
သက်သာသွားအောင် မြစ်ဆုံရေကာတာ အကြီးစားနဲ့တဘက်တလမ်းကနေ ဝိုင်းထိန်းပေးနိုင်
မှ တော်ရုံကျမယ် ပိုလဲ ထိရောက်နိုင်မယ် ဖြစ်ကြောင်းပါ၊

အမေရိကန် Hoover ဟူးဗား ရေကာတာ က တာဘိုင် နဲ့ရေလွှတ်ပုံတွေ

AMHOOTURB1AMHOOTURB2AMHOOTURB3AMHOO1AMHOOWAT1AMHOOWAT2AMHOOWAT3

 

=======
အမေရိကန် Glen Canyon ဂလန် ကန်ရုံ ရေကာတာ က တာဘိုင် နဲ့ရေလွှတ်ပုံတွေ

AMGRANTURB1AMGRANTURB2AMGRANTURB3AMGRANTURB4AMGRANTURB5AMGRANTURB6AMGRANDCOU

======

 

 

 

 

 

9 comments

  • kai

    July 19, 2016 at 12:21 pm

    NLD အစိုးရက သူ့လက်ထက်မှာ.. ရေအားဆည်တွေ အသစ်မလုပ်ဖူးဆိုလား.. သတင်းကြားတယ်..။
    ပြီးတော့… ထိုင်းမှာထွက်လုပ်နေတဲ့အလုပ်သမား ၆သန်းလောက်ကို ပြန်ခေါ်မယ်လည်းကြားတယ်..။
    ကြည့်ရတာ… လျှပ်စစ်ကို သတင်းစာရွက်နေကနေထုတ်တဲ့နည်းသစ်ပဲရထားသလား… မသိ..။ :k:

  • kai

    July 21, 2016 at 6:38 am

    ဒါကသတင်းပါ..။ ကျန်ရစ်အောင်ကူးတင်ထားတာပါ..။


    အစိုးရသစ် လက်ထက်တွင် ဆည်အသစ် ထပ်မံ မတည်ဆောက်တော့ဟုုဆိုု
    By ထက်နိုင်ဇော် | July 11, 2016 | Hits:5,432
    ဒေါက်တာ ထွန်းဝင်း

    စုိုက်ပျိုးရေး ၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဒုုဝန်ကြီး ဒေါက်တာ ထွန်းဝင်း။(ဓာတ်ပုုံ-ဧရာဝတီ)

    အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) အစိုးရသစ်လက်ထက်မှာ ဆည်မြောင်း၊ တာတမံတွေကို အသစ်ဆောက်လုပ်ဖို့ လုံးဝ မရှိဘဲ ဆည်မြောင်းတွေအတွက် ကုန်ကျစရိတ်ကိုလည်း ထက်ဝက်လျှော့ချဖို့ ဆုံးဖြတ်ထားတယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းဝင်းက ပြောဆိုလိုက်ပါတယ်။

    လက်ရှိ ရှိနေတဲ့ ဆည်မြောင်း ၁၀ဝ ကျော်အပြင် ထပ်မဆောက်တော့ဖို့နဲ့ မြစ်ရေတင် လုပ်ငန်း ၂၀ဝ နီးပါးကိုလည်း ဖျက်သိမ်းဖို့ ဝန်ကြီးဌာနက ဆုံးဖြတ်ထား တယ်လို့ ဝန်ကြီးက နေပြည်တော်မှာ ဇူလုိုင်လ ၈ ရက်နေ့ မီဒီယာတချို့နဲ့ တွေ့ဆုံစဉ် ပြောဆိုလိုက်တာပါ။

    ဒေါက်တာ ထွန်းဝင်းက“၁၉ ၈၈ ခုုနှစ် ကတည်းက ဆည်တွေ ဆောက်လာလိုက်တာ ပိုက်ဆံတွေ သောက်သောက်လဲ ကုန်တယ်။ လယ်သမားတွေအတွက် အကျိုး ရှိလား၊ ဆန်စပါးတွေ အထွက်တိုးလား သွားကြည့်။ ဆည်ရေသောက် စပါးက ၁ဝ ရာခိုင်နှုန်းက ၁ဝ ရာခိုင်နှုန်းပဲ။

    ၉ဝ ရာခိုင်နှုန်းက မသေချာတဲ့ မိုးကိုပဲ စောင့် နေရတာ။ အဲဒီတော့ ဆည်တွေ ဆောက်ခြင်းဖြင့် တိုင်းပြည်တိုးတက်အောင်၊ တခုခု တိုးတက်အောင် မလုပ်နိုင်သေးဘူးဆိုတာ သေချာနေပြီ”လို့ ဆိုပါတယ်။

    ဆည်များ မရှိခဲ့စဉ် ၁၉၉၂ ခုနှစ်မှာ တရုတ်ပြည်ကို ဆန် ၁ ဒသမ ၅ သန်း ပို့နုိုင်ခဲ့ပြီး ၂၀၁၅ မှာလည်း ဆန် ၁ ဒသမ ၅ သန်း တင်ပုို့နုိုင်ခဲ့တာမုို့ ဘာမှ ပြောင်းလဲမှုမရှိကြောင်း သူက ဆိုပါတယ်။

    ဆည်ဆောက်ဖို့နဲ့ ပြုပြင်ထိန်းသိမ်း စရိတ်တွေအတွက် နှစ်စဉ် ကျပ်သန်းပေါင်း နှစ်သောင်းလေးထောင် သုံးစွဲနေရာကနေ လာမယ့်နှစ် ၂၀၁၆-၁ရ ဘဏ္ဍာ နှစ်ကနေစပြီး ကျပ်သန်းပေါင်း တသောင်းနှစ်ထောင်ပဲ သုံးစွဲတော့မှာဖြစ်ကြောင်း၊ တနှစ်မှာ ဆည်ရေကို သုံးပြီ စိုက်လို့ရတဲ့ စပါးစိုက်ဧက ဧရိယာ ၂ သန်းပဲ ရှိပြီး မိုးစပါး စိုက်ဧကက ၁၅ သန်းအထိ ရှိနေတာကို မိုးစပါး စိုက်ဖို့ ဆည်ရေမပေးဘဲ နွေးစပါးစိုက်ဖို့၊ ဆည်ကို လူကြီးလာစစ်ရင် ရေရှိဖို့ လိုတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆည်ရေကို ထိန်းထားတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

    “တကယ် မိုးစပါး စိုက်ဖို့အတွက် ရေလိုတဲ့အခါကျတော့ ဆည်ရေကို မပေးဘဲ နွေစပါးအတွက် ထိန်းထားတယ်။ နောက်ပြီး ဆည်ရေကို အပြည့်လှောင်ထားပြီး VIP Visit လာတဲ့အခါ ပြတယ်။ ဆည်ရေက စိုက်ပျိုးဖို့ မဟုတ်ဘဲ လူကြီးလာရင် ပြဖို့ဆိုတဲ့ ဟာကြီးက မဖြစ်သင့်တော့ဘူး”လို့ ဒုဝန်ကြီး ဒေါက်တာထွန်းဝင်း က ဆိုပါတယ်။

    အရင်က ဆည်ဆိုလို့ရှိရင် နွေစပါးပဲ စိုက်ရမယ်ဆိုတဲ့ ဗျူရိုကရေစီ ယန္တရားအရ လယ်သမားကလည်း ရေမတောင်းရဲတဲ့အတွက် မိုးစပါး စိုက်တဲ့အခါမှာ ဆည် နားမှာရှိတဲ့ လယ်သမားတွေက ဆည်ရေကို သုံးရမှန်း မသိတာ၊ မိုးတွင်းဆိုတာကလည်း မိုးခေါင်တဲ့ အခါမျိုးလည်း ရှိတော့ လယ်သမားမှာ ဒုက္ခရောက်ခဲ့ ရတယ်လို့ သူက ဆိုပါတယ်။

    “အခု မိုးတွင်းမှာလည်း လယ်သမား လိုတဲ့အချိန် ရေထုတ်ပေးဖို့ကို ညွှန်ကြားထားတယ်။ ဒါပြောင်းလဲမှုပဲ။ ပြောင်းလဲချိန်တန်ပြီ မဟုတ်တော့ဘူး။ ပြောင်းလဲမှု စနေပြီ”လို့ ဒုဝန်ကြီးက ပြောပါတယ်။

    ဒါ့အပြင် စပ်မျိုးစပါး စိုက်ပျိုးမှုတွေကိုလည်း ရပ်နားထားမှာ ဖြစ်ပြီး အဲဒီမျိုးစပါးကို တရုတ်ပြည်ကနေ ဈေးကြီးပေး ဝယ်ယူရတဲ့အပြင် စားသုံးသူမှာလည်း အဆင်မပြေ၊ နိုင်ငံတကာ ဈေးကွက်လည်း မရှိတဲ့အတွက်ကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်ပြီး နောက်ပိုင်းမှာ မျိုးစပါးတွေကို ကိုယ်ပိုင် ထုတ်လုပ်လာနိုင် အောင် သုတေသနပြု စမ်းသပ်ဆောင်ရွက်မှုတွေ လုပ်သွားမယ်လို့ သိရပါတယ်။
    http://mobile.irrawaddy.com/news/2016/07/11/118246.html

  • apolo11

    July 22, 2016 at 9:59 am

    VOA က သတင်းတစ်ခုပါ

    – – – – – – – – – – – – – – – – – – – – – – – – – –

    ယူနန်ပြည်နယ်ထဲက သံလွင်မြစ်အထက်ပိုင်းဖြစ်တဲ့ နုကျန်မြစ်မှာ ရေကာတာစီမံကိန်း ရပ်ဆိုင်းလိုက်ပြီး သံလွင်မြစ်မှာ ရေကာတာဆောက်ဖို့ ကြံစည်ပုံကို နှိုင်းယှဉ်ပြီး တင်ပြလိုပါတယ်။ ယူနန်မှာ မြစ်ချောင်း (၆၀၀) ကျော် ရှိပေမယ့် နုကျန် (ခေါ်) သံလွင်မြစ်နဲ့ လန်ကမ်းကျန် (ခေါ်) မဲခေါင်မြစ် အပါအဝင် မြစ်ကြီး (၆) ခုမှာသာ ရေအားလျှပ်စစ် ထုတ်ယူသင့်တယ်လို့ တရုတ်က ယူဆပါတယ်။ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်အတွင်း ယူနန်မှာ ရေကာတာ (၂၈) ခု တည်ဆောက်ပြီး လျှပ်စစ်ဓါတ်အား ထုတ်ယူပါတယ်။ တရုတ်ပြည်မှာ သုံးစွဲတဲ့ ရေအားလျှပ်စစ် (၁၀) ရာခိုင်နှုန်းလောက်ကို ယူနန်က ထုတ်ပေးနေပါတယ်။

    လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်လောက်ကစပြီး နုကျန်မြစ်မှာ ရေကာတာ (၁၃) ခု တည်ဆောက်ဖို့ တရုတ်က ကြံစည်ခဲ့ပေမယ့် အကောင်အထည် မဖော်ခဲ့ပါဘူး။ မကြာမီကတော့ နုကျန်မြစ်ရဲ ့ မြစ်လက်တက်တွေမှာ ရေကာတာ မဆောက်ဘူးလို့ ယူနန် အာဏာပိုင်က ကြေညာကြောင်း မေလ (၁၂) ရက်နေ့ထုတ် National Geographic မဂ္ဂဇင်းဆောင်းပါးမှာ ဖော်ပြပါတယ်။ နုကျန်အမျိုးသားဥယျာဉ် တည်ဆောက်မယ်လို့ ဆိုတဲ့အတွက် နုကျန်ရေကာတာ စီမံကိန်းဟာ အကောင်အထည်ဖော်တဲ့အဆင့် မရောက်တော့ဘဲ နိဂုံးချုပ်သွားပုံ ရပါတယ်။ ဒါပေမဲ့ သံလွင်မြစ်မှာတော့ ရေကာတာစီမံကိန်းတွေ ရှိနေတုန်း ဖြစ်ပါတယ်။

    တရုတ်ပြည်အတွက် ရည်ရွယ်ပြီး မြန်မာနိုင်ငံမှာ တည်ဆောက်တဲ့ ပထမဦးဆုံးသော ရေအားလျှပ်စစ်ဟာ ရွှေလီမြစ်ပေါ်က ရွှေလီအမှတ် (၁) ရေအားလျှပ်စစ် ဖြစ်ပါတယ်။ ၂၀၀၉ ကစပြီး ယူနန်ကို မီးပေးပြီးနောက် အနှစ် (၃၀) ကျော်ကြာမှ မြန်မာ့လက်ကို လွှဲပြောင်းပါလိမ့်မယ်။ ရွှေလီအမှတ် (၁) အောက်မှာ အမှတ် (၂) နဲ့ အမှတ် (၃) ဓါတ်အားစက်ရုံ တည်ဆောက်မယ့် စီမံကိန်းလည်း ရှိပါတယ်။ သံလွင်မြစ်ပေါ်မှာ ရေအားလျှပ်စစ် စီမံကိန်း (၅) ခု အကောင်အထည်ဖော်မယ့် အစီအစဉ်ရှိကြောင်း လျှပ်စစ်ဝန်ကြီးဌာနက မနှစ်က ရှင်းပြပါတယ်။ ကွမ်းလုံ၊ နောင်ဖ၊ မိုင်းတုံ၊ ရွာသစ် နဲ့ ဟတ်ကြီးစတဲ့ ရေကာတာ (၅) ခု တည်ဆောက်ဖို့ ဖြစ်ပါတယ်။ ကွမ်းလုံဆည် တည်ဆောက်ဖို့ တရုတ်နဲ့ သဘောတူစာချုပ် လက်မှတ်ထိုးထားပြီး ကျန်ရေကာတာတွေကတော့ နားလည်မှု စာချွန်လွှာ ရယူထားတဲ့အဆင့်မှာပဲ ရှိပါသေးတယ်။

    လျှပ်စစ်ဓါတ်အားခနဲ့ ပတ်သက်ပြီး အငြင်းပွားနေတဲ့အတွက် ယူနန်ပြည်နယ်က ရေအားလျှပ်စစ်စက်ရုံအချို ့ဟာ ရာခိုင်နှုန်းပြည့်သုံးနိုင်တဲ့ အခြေအနေ မရှိဘူးလို့ တရုတ်သုတေသီ ဟူရွဲ ့စေ က ဆိုပါတယ်။ တချို ့ကြတော့လဲ လျှပ်စစ်ဓါတ်ကြိုး သွယ်တန်းဖို့ အခက်အခဲ ရှိနေတယ်လို့ ဆိုပါတယ်။ ဒါကြောင့်မို့ ယူနန်ရေအားလျှပ်စစ်ဟာ ရှိတဲ့အင်အားရဲ ့ တဝက်လောက်ပဲ သုံးနိုင်လိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒီလို အခြေအနေ ဖြစ်နေတာတောင် သံလွင်မြစ်မှာ ရေကာတာဆောက်ပြီး ယူနန်ကို လျှပ်စစ်ဓါတ်အားပို့ပေးဖို့ စီစဉ်နေတာ ဘာသဘောလဲလို့ မေးစရာ ဖြစ်လာပါတယ်။ ဖြစ်နိုင်တာတခုကတော့ သံလွင်ရေအားလျှပ်စစ်ကို ဈေးပေါပေါနဲ့ သုံးနိုင်ရင် ယူနန်ရေအားလျှပ်စစ် ဈေးကျသွားမယ်လို့ မျှော်လင့်တာ ဖြစ်နိုင်ပါတယ်။ သံလွင်ရေအားလျှပ်စစ်ဟာ တရုတ်ကုမ္ပဏီတွေရဲ ့ ခုတုံးလို ဖြစ်နေပါတယ်။

    ယူနန်ပြည်နယ်မှာ ခေါင်းဆောင်အပြောင်းအလဲ ဖြစ်တာဟာလည်း နုကျန်ရေကာတာ ရပ်ဆိုင်းမှုနဲ့ ဆက်စပ်နေတယ်လို့ ပြောနိုင်ပါတယ်။ (၂၀၀၁) ကနေ (၂၀၁၁) အထိ ယူနန်ပြည်နယ်မှာ ပါတီအထွေထွေ အတွင်းရေးမှူး လုပ်ခဲ့သူ ဘိုင်အံ့ပေ ဟာ ရေအားလျှပ်စစ်စီမံကိန်းကို ထောက်ခံအားပေးသူ ဖြစ်ပါတယ်။ အဂတိလိုက်စားမှုနဲ့ ဘိုင်အံ့ပေ အဖမ်းခံရတာကြောင့် နုကျန် ရေကာတာစီမံကိန်း အားနည်းသွားပုံရပါတယ်။ ဘိုင်အံ့ပေ လက်ထက်မှာ မြန်မာပြည်မှာ ရေကာတာတွေဆောက်ဖို့ ဗိုလ်သန်းရွှေအစိုးရနဲ့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးသစ် လီဂျီဟန်းကတော့ နုကျန်မြစ်ထဲမှာ ရေကာတာ တည်ဆောက်မယ့်အစား အမျိုးသားသဘာဝဥယျာဉ် တည်ဆောက်ပြီး ခရီးသည်လာရောက် လည်ပတ်အောင် ဆွဲဆောင်မယ်လို့ ကြေညာပြီး၊ သံလွင်မြစ်မှာ ရေကာတာ ဆောက်နိုင်အောင် ကြိုးပမ်းနေပါတယ်။

    မြစ်ဆုံစီမံကိန်းကို ရပ်ဆိုင်းထားပေမယ့် ချီဗွေ၊ ချီဗွေငယ်၊ ဂူဆောက်၊ ခေါင်လန်းဖူး၊ ယီနန်၊ ဖီဇော နဲ့ လိုင်ဇော စတဲ့ စီမံကိန်းတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။ မဂ္ဂဝပ် တစ်ရာရှိတဲ့ ချီဖွေငယ် နဲ့ မဂ္ဂဝပ် (၂၄၀) ရှိတဲ့ တာပိန် (၁) ရေအားလျှပ်စစ် ပြီးစီးလို့ ဓါတ်အား (၈၀) ရာခိုင်နှုန်း ယူနန်ကို တင်ပို့နေပါပြီ။ ဗိုလ်သန်းရွှေ အစိုးရလက်ထက်မှာ တရုတ်ဆီက တံစိုးလက်ဆောင်ကို လက်ခံပြီး ယူနန်အတွက် မြန်မာပြည်မှာ ရေအားလျှပ်စစ် တည်ဆောက်ဖို့ သဘောတူခဲ့တာဟာ အန္တရာယ် များပါတယ်။ တရုတ်ပြည်မှာ ရေကာတာ ရှစ်သောင်းကျော်ရှိပြီး၊ ရေကာတာကျိုးရင် ဒုက္ခရောက်မယ့် မြို ့ပေါင်း (၂၀၀) နီးပါး ရှိပါတယ်။ တရုတ်ရေကာတာတွေအကြောင်း ဗမာအစိုးရ ကောင်းကောင်းသိဖို့ လိုပါတယ်။

    တရုတ်ပြည်မှာ ရေကာတာပေါက်လို့ သေကျေပျက်စီးတာတွေ အများကြီး ရှိပါတယ်။ ဒါပေမဲ့ ၁၉၇၅ မှာ ဘန်ချောင်ဆည် ရေလျှံပြီး ပြိုပျက်သွားတဲ့အတွက် ဒေသခံ နှစ်သိန်းကျော် သေဆုံးတာဟာ အထင်ရှားဆုံး ဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရ သတင်းအမှောင်ချထားလို့ သေဆုံးသူအရေအတွက်ကို အနှစ် (၃၀) ကြာမှ သိရပါတယ်။ တရုတ်ပြည်မှာ ရေကာတာ (၅၀) လောက် နှစ်စဉ်ပြိုပျက်နေကြောင်း သိရပါတယ်။ အမေရိကန်မှာလည်း ရေကာတာ ပြိုကျမှုတွေ ရှိပေမယ့် သေဆုံးသူဦးရေဟာ ရာဂဏန်းသာ ရှိပါတယ်။ မြန်မာပြည်မှာ နိုင်ငံခြားအတွက် ရေအားလျှပ်စစ် ထုတ်ယူဖို့ ရေကာတာ တည်ဆောက်ပြီး ရေကာတာ က ဖြစ်ပေါ်လာတဲ့ အန္တရာယ်အမျိုးမျိုးကို ပြည်သူလူထုက ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

    ဦးအောင်ခင် / ကျော်ကျော်သိန်း
    http://burmese.voanews.com

  • ဦးကြောင်ကြီး

    July 25, 2016 at 9:52 am

    တီနိမ်တက် တီနိန်တီနိမ်တတ်….

    မစ်ဆုံဆည်စီမံကိန်း အပြီးတိုင်ရပ်ဆိုင်းရန် နိုင်ငံပိုင်ကြေးမုံ သတင်းစာဖော်ပြ
    By
    သတင်းအဖွဲ့
    On
    Mon, 2016-07-25 06:30
    Location
    ရန်ကုန်
    Issue No.
    No.1160 Monday, July 25, 2016
    နိုင်ငံပိုင်သတင်းစာဖြစ်သော ကြေးမုံသတင်းစာ၏ ရေးသားဖော်ပြမှု (ဓာတ်ပုံ − စိုင်းဇော်)

    မြစ်ဆုံဆည်စီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်း၍ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား သဘော တူလက်ခံနိုင်သော ရေအားလျှပ် စစ်စီမံကိန်းများသာ ရှာဖွေဖော် ထုတ်ပြီး လက်တွဲပူးပေါင်းဆောင် ရွက်ရန် ဇူလိုင် ၂၄ ရက်ထုတ် နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

    မြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်ဆိုင်းရန် နည်းလမ်းသုံးသွယ်ရှိကြောင်း၊ ပထမနည်းလမ်းမှာ မြစ်ဆုံဆည်ကို အပြီးဖျက်သိမ်း၍ သက်ဆိုင်ရာကုမ္ပဏီအား လျော်ကြေး ဒေါ်လာသန်းရှစ်ရာပေးရန်၊ ဒုတိယနည်းလမ်းမှာ မြစ်ဆုံဆည်တည်ဆောက်ခြင်းကို ပြန်လည် စတင်၍ မြစ်ဆုံဆည်တည်ဆောက်ပြီးသည့်အခါ နိုင်ငံတော်ကိုတစ်နှစ်လျှင် ဒေါ်လာသန်းငါးရာပေးသွင်းရန်၊ တတိယနည်းလမ်းအဖြစ် မြစ်ဆုံဆည်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစ်စုံတစ်ရာ မပြုလုပ်ဘဲ တစ်နှစ်အတိုးဒေါ်လာ သန်းငါးဆယ် ပေးရန်ဖြစ်ကြောင်း ကြေးမုံသတင်းစာခေါင်းကြီးတွင် ဖော်ပြထားသည်။

    သက်ဆိုင်ရာ ကုမ္ပဏီက အ ထက် ဖော်ပြပါ နည်းလမ်းသုံး သွယ်ကို အမှန်တကယ်တင်ပြပါ က နည်းလမ်းသုံးရပ်သည် မြန်မာ ပြည်သူပြည်သားတို့၏ နှလုံးစိတ် ဝမ်းကို ချမ်းမြေ့စေနိုင်မည်မဟုတ်သည်မှာ ထင်ထင်ရှားရှား ပေါ်လွင်နေသောအချက်ဖြစ်ကြောင်း ဖော်ပြထားသည်။

    မြစ်ဆုံဆည် စီမံကိန်းနှင့် ပတ်သက်၍ ရွေးချယ်စရာပထမ နည်းလမ်း သုံးသွယ်သည် ဆည် တည်ဆောက်မည့် ကုမ္ပဏီ၏ အ ကျိုးစီးပွားကို ဆောင်ကြဉ်းနိုင် မည်ဖြစ်သော်လည်း နှစ်နိုင်ငံပြည် သူတို့အကြား ချစ်ကြည်ရင်းနှီးမှု ကို ဆောင်ကြဉ်းနိုင်မည်မဟုတ် သည်မှာ ထင်ရှားကြောင်း၊ အိမ် နီးချင်းနှစ်နိုင်ငံကြား ချစ်ကြည်ရင်း နှီးမှုပျက်ပြားမှုက ဖန်တီးပေးမည့် မဟာဗျူဟာအန္တရာယ်ထက် မြစ် ဆုံဆည်တည်ဆောက်မည့်ကုမ္ပ ဏီ၏ အကျိုးစီးပွားကို ရှေ့တန်း တင်မည်လောဟု မေးခွန်းထုတ် ရမည်ဖြစ်ပါသည်ဟုဖော်ပြထား သည်။

    ဧရာဝတီကို အထိမခံ ဟူ သော မြန်မာပြည်သူတို့၏ ဆုံး ဖြတ်ချက်ကြောင့် မြစ်ဆုံဆည်စီမံ ကိန်း စတုတ္ထရွေးချယ်စရာနည်း လမ်းအဖြစ်မြစ်ဆုံဆည်စီမံကိန်း ကို အပြီးတိုင်ရပ်ဆိုင်းပြီး နှစ်နိုင်ငံ လက်တွဲ ညှိနှိုင်းပူးပေါင်းဆောင် ရွက်နိုင်မည့် ရေအားလျှပ်စစ်စီမံ ကိန်းများကို ရှာဖွေ ဖော်ထုတ်ရန်ဟု ကြေးမုံက ရေးသားထားသည်။

    မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က အဆိုပါဖော်ပြမှုနှင့်ပတ်သက်၍ ‘‘ဒါဟာနိုင်ငံပိုင်သတင်းစာမှာ ပထမဆုံးဖော်ပြတဲ့အတွက် ကြိုဆိုပါတယ်။ နိုင်ငံပိုင်သတင်းစာရဲ့ အာဘော်ကအစိုးရရဲ့အာဘော် ဟုတ်၊ မဟုတ်ကြည့်ရမယ်။ ဒါပေမဲ့ အစိုးရရဲ့ သဘောထားကို သိရတဲ့သဘောလို့ ယူဆတယ်။ ပြီးတော့ ဒါကိုမလုပ်ဖို့အတွက် ပြည်သူက ခိုင်ခိုင်မာမာဆုံးဖြတ်ထားတယ်ဆိုတာ ဖော်ပြထားတယ်။ ရေးသားထားတဲ့ အ ကြောင်းအရာတွေက ကောင်းပါ တယ်’’ဟု ပြောကြားသည်။

  • Thint Aye Yeik

    August 12, 2016 at 10:41 am

    ကိုယ့်ပတ်ဝန်းကျင်က လူတော်တော်များများက ဘာမှန်းညာမှန်း ချက်ကျလက်ကျ မသိပဲ…ဧရာဝတီကို စွတ်…ချစ်ပြနေတာ။ တရုတ်လက်ထဲ ပါသွားမှာတို့… ဧရာဝတီကြီး တိမ်ကောသွားမှာတို့ကို လျှာဖျားက မချ…ပြောနေကြတာ။

    ဒီပိုစ့်ကို ပြဖို့… Save ထားလိုက်ပြီ။

  • kai

    August 13, 2016 at 11:10 am

    မြန်မာ့အခြေအနေ.. ကမ္ဘာကြီးနဲ့ယှဉ်ကြည့်နိုင်ဖို့… ဝက်ဘ်ဆိုက်မှာစာရေးသူ “Kyaemon” တင်ထားတဲ့.. လေ့လာသုံးသပ်ထားတာတွေပါ…။
    ကော်မရှင်ကပုဂ္ဂိုလ်များ သေသေချာချာလေ့လာဖတ်ကြစေလို..။

    ===================
    မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths

    ၁။ http://myanmargazette.net/223677
    ၂။ http://myanmargazette.net/223705
    ၃။ http://myanmargazette.net/223743
    ၄။ http://myanmargazette.net/223760
    ၅။ http://myanmargazette.net/223863
    ၆။ http://myanmargazette.net/224008
    ၇။ http://myanmargazette.net/224177
    ၈။ http://myanmargazette.net/224183
    ၉။ http://myanmargazette.net/224185
    ၁၀။ http://myanmargazette.net/224996

  • kai

    August 17, 2016 at 1:52 pm

    (၂၀၁၂ စက်တင်ဘာတွင် ထုတ်ပြန်ခဲ့သည့် ဟားဗတ် ပညာရှင်၏ မြစ်ဆုံ ပြန်စရေး သုတေသန စာတမ်း “China and Yunnan Economic Relations with Myanmar and the Kachin State: Powering the Peace Process” အပြည့်အစုံကို http://ash.harvard.edu/files/chinayunnan.pdf တွင် ဖတ်ရှုနိုင်ပါသည်။)

    http://ash.harvard.edu/files/chinayunnan.pdf
    China and Yunnan Economic Relations with Myanmar and the Kachin State: Powering the Peace Process

    David Dapice, September 2012

    Myanmar, long isolated from western economies due to its government, is one of the poorest and worst governed countries in the world. Ruled for many years by a reclusive dictator, senior general Than Shwe, it was dependent on China for diplomatic protection and arms. Trade and investment deals reflected its lack of alternatives. China’s “One nation, two oceans“ policy and Yunnan’s “Bridgehead“ strategy envisioned Myanmar providing access to the sea via gas and oil pipelines, deep sea ports, naval docking facilities and transport for Yunnan. Yunnan through its Southern Grid along with CPI (China Power International) saw Myanmar’s Kachin state as providing ample hydroelectric supplies for the landlocked Chinese province. Deals were signed under General Than Shwe without popular review or consultation with the Kachin whose state had most of the hydroelectric sites.

  • kai

    August 17, 2016 at 2:12 pm

    မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၁)
    April 19, 2016
    http://moemaka.com/archives/50709

    မောင်မောင်စိုး – မြစ်ဆုံပြသနာ အပိုင်း ( ၂ )
    April 21, 2016
    http://moemaka.com/archives/50737

    မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၃)
    April 22, 2016
    http://moemaka.com/archives/50766

    မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၄)
    https://www.facebook.com/Mmsnotes/posts/1706851886252309:0

    မောင်မောင်စိုး – မြစ်ဆုံပြဿနာ – အပိုင်း (၅)
    April 26, 2016
    http://moemaka.com/archives/50849

  • Kyaemon

    March 8, 2017 at 1:55 am

Leave a Reply