အရူးများနှင့် ကခုန်ခြင်း

#Stonehearst_AsylumEliza Graves movie
 
Stonehearst ဆိုတဲ့ ဆေးရုံကြီးမှာ စိတ်ရောဂါဖြစ်နေတဲ့သူတွေ အများအပြားရှိပါတယ်။ အခြေခံလူတန်းစားကစလို့ မင်းမျိုးမင်းနွယ်တွေက အစပေါ့။ ဆေးရုံကြီးနဲ့အတူ အုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ကျောင်းသားကျောင်းသူတွေ ဝန်ထမ်းတွေပါရှိပါတယ်။Stonehearst-Asylum-2014-Eliza-Graves-movie-Brad-Anderson-2
 
တစ်ရက်မှာတော့ အောက်စ်ဖို့ဒ်က နယူးဂိတ်ဆိုတဲ့ စိတ်ရောဂါကုဆရာဝန်တစ်ယောက် ရောက်ရှိလာပါတယ်။ သူဟာ လေ့လာသင်ယူဖို့ရောက်လာသူပါ။ သူရောက်လာပြီးနောက်ပိုင်း
ဆေးရုံအုပ်ချုပ်သူ ဆရာဝန်ကြီးနဲ့ ဝန်ထမ်းတွေ ၊ လူနာတွေဟာ မူမမှန်ခဲ့ပါဘူး။960
 
တစ်ညမှာတော့ ရေပိုက်လိုင်းက အသံတစ်ခုကို သူကြားတဲ့အခါ အဲ့သည် အသံကြားရာကို လိုက်ရှာကြည့်တဲ့အခါမှာတော့ များပြားလှတဲ့အချုပ်ခန်းတွေထဲမှာ လူအများအပြားကို ချုပ်နှောင်ထားတာ သူတွေ့လိုက်ရပါတယ်။ အဲ့သည်သူဟာ ဘယ်သူတွေဖြစ်မလဲ။ သူဟာ ဆေးရုံထဲက လူဆိုး လူကောင်းတွေကို ဘယ်လိုခွဲခြား ကျော်လွှားမလည်း။stonehearst-asylum-jim-sturgess-US-DVD-front
 
ဇာတ်လမ်းအလှည့်အပြောင်းတွေဟာ ရင်ဖိုစရာ စိတ်ဝင်စားစရာမို့ ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်တဲ့အကြောင်း…။
 
#Movie_Crazy
#Stonehearst_Asylum

9 comments

    • အောင် မိုးသူ

      July 5, 2016 at 10:30 am

      ဟုတ်လား ဟိဟိ။ ခု ဖတ်ကြည့်လိုက်မယ ်မကြီး ညွှန်းတာ ပိုကောင်းမှာ။

  • တောတွင်းပျော်

    July 5, 2016 at 10:30 am

    အဆုံးထိ ပြောပြလေ ..
    စီးပွားရေး သိပ်ဆန်တာပဲ 🙁

  • Thint Aye Yeik

    July 5, 2016 at 11:48 am

    အဲ့အမျိုးသမီးက သရုပ်ဆောင် ကောင်းတယ်

  • A mar nyo

    July 7, 2016 at 11:39 am

    အဆုံးထိမကြည့်လိုက်ရဘူး သူများဆီကပဲကြားလိုက်ရတယ်

  • A mar nyo

    July 14, 2016 at 10:01 am

    စာရေးဖို့ကြိုးစားနေတုန်းမိုလို့ရွာထဲမရောက်ဖြစ်ဘူး

Leave a Reply