တောင်တွေး မြောက်တွေး ( ၁ )

အတွေး။ ။
အတွေးက ကိုယ် ့ဘာသာခေါင်းထဲမှာပဲရှိနေရင်တော ့ ဘာပြသ်သနာမှမရှိ။
ကိုယ် ့ဘာသာတွေးချင်ရာတွေး တွေးချင်သလိုသာတွေး။ အပြင်မထွက်သေးသမျှ
အမြင်မတူသူတွေနဲ ့ ထိပ်တိုက်မရင်ဆိုင်ရသေးသမျှ အေးချမ်းနေဆဲ။
ဒါပေမယ် ့ တွေးထားသမျှ တချို ့တလေကို တခါတလေကျတော ့လည်း
အပြင်ထုတ်ချင်လာပြန်ရော ..

တောတွင်းပျော် ပြီးခဲ ့နွေတုန်းက ဘုရားဖူးခရီးစဉ်တွေ လျှောက်လိုက်ပို ့နေခဲ ့ရတယ်။
တောတွင်းပျော်တို ့နိုင်ငံက သိကြတဲ ့အတိုင်း အပန်းဖြေလေ ့လာရေးခရီးတွေက ဘာသာရေးနဲ ့
ဆက်စပ်နေတဲ ့ နယ်မြေတွေကပိုများပါတယ်။
တောင်တွေရှိရင် ဘုရားရှိတယ်။
ဂူတွေရှိရင် ဘုရားရှိတယ်။ ထင်ရှားတဲ ့ ကျောက်ဂူကြီးတွေ ရေပူစမ်းတွေဟာလည်း
ဒေသနယ်မြေခံတွေရဲ ့ ယုံကြည်ကိုးကွယ်မှုနဲ ့ပတ်သက်တဲ ့ သာသနာနယ်တွေဖြစ်နေကြတော ့
လေ ့လာရေးခရီး အပန်းဖြေခရီးတွေကို ဘုရားဖူးခရီးတွေလို ့ပဲ နာမည်တပ်ရပါတော ့မယ်။

ဒီလိုနာမည်ရှိ ထင်ရှားတဲ ့နေရာတွေ သွားလာနေရင်းက တွေ ့သမျှကြုံသမျှတွေဟာ အတွေးအဖြစ်
ခေါင်းထဲဝင်ပါတယ်။
ဘာသာရေး နိုင်ငံရေးတွေ ဝေဖန်မိရင် အကဲဆတ် ဆတ်ဆတ်မခံ အတုံ ့ပြန်ခံရတတ်တာမို ့
ကျနောတွေးမိတဲ ့ အတွေးလေးတွေ ဘေးကင်းပါစေပါခင်ဗျာ ..
ဒီလိုမျိုးဆိုရင် ပိုသင် ့တော်လေးမလား ဆိုတဲ ့ အကြံပြုသဘောပါ။

အတွေး ( ၁ )
တောတွင်းပျော်တို ့ အရပ်ဒေသမှာ ဆရာတော်တစ်ပါးပါး နာမည်ကြီးထင်ရှားလာပြီဆိုရင်
တပြည် ့ဒါယကာတွေက အဲဒီဆရာတော်ရှိတဲ ့ နေရာဒေသမှာ သာသနိကအဆောက်အအုံကြီးတွေ
အတိုင်းထက်အလွန်ကြီးမားစွာ ဆောက်လုပ်လှူဒါန်းတတ်ကြတယ်။
အဲဒီဆရာတော်တွေ ပျံလွန်တော်မူတဲ ့အခါ သူ ့နယ်မြေမှာကျန်ရစ်ခဲ ့တဲ ့ အဆောက်အအုံတွေဟာ
ဆရာတော်မရှိတော ့တဲ ့နောက်ပိုင်း ထောက်ပံ ့မယ် ့ ဒါယကာတွေနည်းသွားတော့ ပြုပြင်ထိန်းသိမ်းမှု အခက်အခဲဖြစ်ကုန်တော ့တယ်။
တစ်ချို ့ဆို ဆရာတော်ရှိစဉ်က ဆောက်လက်စ အဆောက်အဦးတွေဟာ လုပ်ငန်းတွေ တို ့လို ့တန်းလန်း တန် ့သွားပြီး ရှေ ့ဆက်မရ နားလိုက်ကြရတာတွေ ့ရတယ်။
( လုပ်ငန်းတစ်ခုကို ကုန်ကျမယ် ့ ဘတ်ဂျက်မပြည် ့စုံဘဲ အလှူရငွေပေါ်မှီပြီး ဆောက်နေကြလို ့ဖြစ်မယ်ထင်တယ် )
ဆရာတော်တွေသက်ရှိထင်ရှားရှိစဉ်က ကြက်ပျံမကျ စည်ကားခဲ ့တဲ ့နေရာတွေဟာ ဆရာတော်တွေ
မရှိတော့တဲ ့နောက်ပိုင်း စည်ကားမှု အဆမတန်ကြီးကို ကျသွားတယ်။
ဒီလိုနေရာမျိုးကို စဉ်ဆက်မပြတ် စည်ကားစေချင်တာက တောတွင်းပျော်ရဲ ့ ဆန္ဒအမှန်ပါ။
ဒီလိုပတ်ဝန်းကျင်ကို အမှီပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေရတဲ ့သူတွေ အများကြီးပါ။
ဖြစ်နိုင်ရင် သာသနာပြုနယ်မြေတွေကို ဆရာတော်ကြီးတွေ မရှိတော ့တဲ ့နောက်ပိုင်း လူအများ
စဉ်ဆက်မပြတ် လာစေချင်ဖို ့က သာသနိကအဆောက်အအုံတွေချည်းသက်သက်သာ မဆောက်ဘဲ
လူအများအပန်းဖြေအနားယူနိုင်အောင် စီစဉ်ပေးသင် ့ပါတယ်။
သာသနာပြုရင်းကတဖက် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းပေးရင်ကတဖက်ဖြစ်တဲ ့ ဗောဓိညောင်
ပင်တစ်ထောင် စိုက်တာမျိုးဆိုရင် အလွန်ကောင်းတဲ ့ အစီအစဉ်မျိုးလို ့မြင်ပါတယ်။
နောင်တစ်ချိန် ဒီအပင်တွေ စိမ်းစိမ်းစိုစိုနဲ ့ဖြစ်လာခဲ ့ရင် အနီးအနားစပ်ချုုပ် ကိုယ် ့ပြည်တွင်းက
မဆိုထားနဲ ့ နိုင်ငံခြားကလူတွေတောင် တကူးတကလာပြီး လေ ့လာအနားယူ အပန်းမဖြေကြဘူးလို ့ ဘယ်သူတွေကများ ပြောနိုင်ကြပါမလဲ။

တောတွင်းပျော်

7 comments

  • kai

    July 6, 2016 at 3:50 pm

    ဘာသာရေးနွယ်နေတဲ့..နေရာသစ်ကို.. ဘယ်နိုင်ဂျံဂါးသားကမှ အလည်မလာ(ချင်)ဘူး..။
    အထူးသဖြင့် ချမ်းသာတဲ့နိုင်ငံက.. အလည်အပါတ်ဝါသနာပါကြတဲ့.. အဖြူတွေ..။
    ဘယ်နှာ.. ဘာလုပ်နေမှန်းမသိ..။ အရုပ်တွေထိုင်ရှိခိုးနေတာပဲဆိုပြီး. စိတ်အနှောက်အယှက်ဖြစ်မှာပေါ့..။
    …. အပန်းဖြေလာလည်ပါတယ်ဆိုမှ.. ။

    ကိုယ်ချင်းစာကြည့်ပေါ့..။
    ဗမာတွေချမ်းသာလာလို့.. ဥရောပက..အလည်အပါတ်သွားမယ်ဆို.. . ချချ်အသစ်တွေ.. ဘုရားကျောင်းအသစ်တွေကိုဝိုင်းရံထားတဲ့.. ပန်းခြံတွေ.. ဂျီးဇက်..မယ်တော်မာရီရုပ်ထုတွေ.. လက်ဝါးကပ်တိုင်ရှိတဲ့နေရာတွေ.. သွားမလားဆိုတာ..။

    ဆိုတော့..
    အပန်းဖြေနေရာ.. ပန်းခြံ.. အသစ်ဆောက်မယ်ဆို.. ဘာသာရေးလုံးဝ(လုံးဝ) မနွယ်သင့်..
    နှစ်၁၀၀ဝ ကျိန်စာကို လက်ဆင့်မကမ်း.. ဆက်ပြီးအသက်မသွင်းသင့်..။

    • တောတွင်းပျော်

      July 6, 2016 at 5:27 pm

      အလည်မလာ(ချင်)ဘူး။
      လက်တွေ ့မှာတော ့ လာနေကြတာတွေ ့နေရတယ်။
      သဂျီးတို ့နိုင်ငံတွေလိုတော ့ အုံနဲ ့ကျင်းနဲ ့လာတာမျိုးတော ့ မဟုတ်ဘူးပေါ ့။

      ကျနော်ပြောတဲ ့နေရာတွေက မြေနေရာလွတ်ရှိတဲ ့ သာသနာပိုင်မြေတွေကိုပြောတာမို ့ သဂျီးပြောတဲ ့ ဘာသာရေးနဲ ့လုံးဝ(လုံးဝ) မနွယ်သင် ့ဆိုတာက
      မလွယ်ပါဘူး။

      ကျနော် ့အမြင်က အဆောက်အဦးကြီးတွေ ငွေဘုန်းဘောလအော
      အကုန်ခံတည်ဆောက်နေတာတစ်ခုတည်း ဦးစားမပေးဘဲ
      အဲဒီပတ်ဝန်းကျင်မှာ သင် ့တင် ့လိုက်ညီမယ် ့ အနားယူရာ ပန်းခြံတွေပါ
      ဆောက်ဖို ့ တွေးကြည် ့တာပါ။
      တချို ့နေရာတွေမှာဆို ထိုင်ဖို ့နေရာတောင်မရှိ။ ထိုင်ချင်ရင်
      လဘက်ရည်တွေရှာထိုင်။
      နေကပူပူ နားရမယ် ့ အရိပ်ကောင်းကောင်း အပင်တွေကရှားရှား အဖြစ်တွေ
      ကြုံခဲ ့ရဖူးတာမို ့။

      • kai

        July 7, 2016 at 3:01 am

        အလည်မလာ(ချင်)ပါဘူး..
        လက်တွေ့လာနေသူတွေက.. အစွန်းထွက်မျှသာဖြစ်ပါတယ်..။
        ၂၀၁၆ ပထမ၄လပါတ်မှာတင်.. မြန်မာအိမ်နီးချင်းဖြစ်တဲ့ ထိုင်းကို… အလည်အပါတ်သွားသူ.. ၉.၀၄ မီလီယံ အယောက်ပေါင်းရှိပါတယ်..။
        တိုးရစ်ဇင်တခုထဲက.. ထိုင်းတွေရတဲ့ဝင်ငွေဟာ.. မြန်မာတွေရှိသမျှ ဂက်စ်တွေထုတ်ရောင်း.. သယံဇာတတွေထုတ်ရောင်း.. ကျွန်းသစ်တွေထုတ်ရောင်းတာထက်များပါတယ်.။ မြန်မာ့ဂျီဒီပီ တနိုင်ငံလုံးထွက်ကုန်တဝက်ကျော်ပါတယ်..။

        အဲ..
        ဖာသည်နိုင်ငံဆိုပြီး.. စောတကမတက်လိုက်နဲ့ဦး..
        ထိုင်းမှာ ဖာလုပ်နေတာ.. ဘယ်သူတွေလည်း.. မြန်မာတွေအသိဆုံးပါ..။ 😥

        ဆိုတော့…
        အလည်လာဖို့.. အဆောက်အဦကြီးတွေဆောက်ဖို့မလိုပါဘူး..
        ဒီခေတ်က.. သဘာဝခေတ်..။ မိခင်သဘာဝတရားကို မြတ်နိုးလာကြတဲ့ခေတ်..။
        သဘာဝကို သဘာဝအတိုင်း.. လူမထိပဲ(လူတို့မထိပဲ) ထားပါ…
        အင်မတန်အရေးကြီးတာက.. ဘုရားတွေစေတီတွေလိုက်ဆောက်ပြီး.. သဘာဝကို မဖျက်စီးဖို့ပါ..။ ပန်းခြံတွေတောင်ဆောက်ဖို့မလိုပါ..။
        သဘာဝကိုဖျက်ဆီး.. တောင်မြင့်မြင့်မြင့်တိုင်းစေတီတည်..ဆန်းဆန်းမြင်တိုင်း.. စေတီတည်.. ထိမ်းသိမ်းသူမရှိပစ်ထား.. အဲလိုလုပ်တာတွေကို.. ဘုရား(ဂေါတမဗုဒ္ဓ)လည်း.. ကြိုက်နှစ်သက်မယ်လို့… မထင်ရေးချမထင်..။

        နောက်တခု…
        စွန်ရဲအင်းတဲ့..။ ပုံသာကြည့်ပေတော့…
        ဘာပြောရမှန်းကိုမသိတော့..။

        မှတ်ချက်…။ ကိုရင့်ကိုဦးတည်ရေးနေတယ်ဆိုတာထက်.. စာဖတ်နေသူနတ်မင်းကြီးများကို တိုင်တည်နေတယ်သဘောထားပါနော..။
        စိတ်တွေဘာတွေ ဆိုးတော်မမူကြေး.. :k:

        • Thint Aye Yeik

          July 7, 2016 at 1:45 pm

          ထိုင်းကမှ ပိုဆိုးသေး..
          နတ်တွေ ရုပ်တုတွေ ကိုးကွယ်လိုက်သမှ သောက်သောက်လဲ…
          မသောက် မသောက်လည်းလဲ

          .မြေကြီးထဲ ကြိုပြီး မြှုပ်ထားတဲ့ အရုပ်တွေကို အခုမှ တူးဖော်တွေ့သလိုလိုနဲ့.. လိမ်ညာ အလှူခံတာတွေတောင်… အခုရက်တွေထဲ ပေါ်နေလို့…သတိပေးနေရ…

          ဆိုတော့… ကမ္ဘာလှည့် ခရီးသည်တွေက…အဲ့ဒါတွေကိုမှ ပို စိတ်ဝင်စားတာပဲ..ဖြစ်ရမယ်။

          ————-

        • တောတွင်းပျော်

          July 7, 2016 at 7:57 pm

          ဒီလို ပိုစ်မျိုးကို သဂျီး ဝင်ခွေ ့ရတာ သဘောကျတယ်ဆိုတာ
          သိပြီးသား။ နောက်ထပ်တင်ဖို ့ ရှိသေး။
          ခုတော ့ မမြင်ရတဲ ့ ပရိသ်သတ်တွေပိုအားပေးတဲ ့
          ခရီးသွားပိုစ်တွေဖက် ပြန်လှဲ ့လိုက်အုံးမယ်။
          တောင်ပြေး မြောက်ပြေးပေါ ့သဂျီး။
          ဝင်ခွေ ့တယ်သုံးလို ့
          စိတ်တွေဘာတွေ ဆိုးတော်မမူကြေး.. :k:

    • တောတွင်းပျော်

      July 8, 2016 at 8:44 pm

      အပေါ် အောက်လည်း ကျန်သေးတယ်

Leave a Reply