အရောင်ရင့်မှတ်တမ်း – ဇူလိုင် ၂၀၁၆

kaiJuly 6, 20164min49918

‘Welcome to Jupiter!’ NASA’s Juno space probe arrives at giant planet

F.B.I. Director James Comey Recommends No Charges for Hillary Clinton on Email

WASHINGTON — The F.B.I. director, James B. Comey, on Tuesday recommended no criminal charges against Hillary Clinton for her handling of classified information while she was secretary of state, lifting an enormous legal cloud from her presidential campaign less than two hours before she boarded Air Force One for her first joint campaign appearance with President Obama.


Obama Stumps for Clinton in N.C.

‘My faith in Hillary Clinton has always been rewarded,’ the president told a roaring crowd.

“Everybody’s got an opinion, but nobody actually knows the job until you’re sitting behind the desk,” he said. “Everybody can tweet, but nobody actually knows what it takes to do the job until you’ve sat behind the desk.

18 comments

  • မြစပဲရိုး

    July 6, 2016 at 3:00 pm

    ■ ၂၀၁၆ ခုနှစ် ဇွန်လအတွက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ရွေးချယ်သည့် ချီးကျူးဂုဏ်ပြုထိုက်သူ ထူးချွန်လူငယ် “မနော်ဒါးခူ” ■

    Many Many Congratulations Empowered Girl!
    We all are proud of you.

  • မြစပဲရိုး

    July 6, 2016 at 3:09 pm

    အသက်အရွယ် ကြီးတဲ့ နိုင်ငံသားတွေ အတွက် သီးသန့်ကတ်ပြားတွေ ထုတ်ပေးမယ်

    မြန်မာနိုင်ငံမှာ အသက် ၆ဝ အထက် သူတွေကို သီးသန့် အသိအမှတ်ပြု ကတ်ပြားတွေ ထုတ်ပေး နိုင်ဖို့ အစိုးရဘက်က စာရင်းပြုစု နေပါတယ်။

    အသက်အရွယ် ကြီးရင့်တဲ့ နိုင်ငံသားတွေ အနေနဲ့ အများပြည်သူ သုံး ယာဉ် ရထား တွေ စီးနင်း ရာမှာ သက်သာတဲ့ နှုန်းထား ခံစား ခွင့် အပါအဝင်၊ လိုအပ်တဲ့ ကျန်းမာရေး ဆိုင်ရာ ထောက်ပံ့မှုတွေ ရရှိ နိုင်ဖို့ စီစဉ် နေတယ် ဆိုပြီး လူမှုဝန်ထမ်း ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူးချုပ် ဦးစိုးကြည်က ဘီဘီစီကို ပြောပါတယ်။
    +++++++++++++++++++++++++++

    • kai

      July 6, 2016 at 4:00 pm

      လောလောဆယ်တော့.. ထိုင်းကရွေ့ပြောင်းအလုပ်သမား သိန်းဂဏန်းအတွက်.. ပတ်စ်ပို့စ်ထုတ်ပေးဖို့.. ဘက်ဂျက်အခက်အခဲရှိနေတာကြားနေမိရဲ့..။
      အသက်အရွယ်ကြီးတဲ့နိုင်ငံသား.. သန်းဂဏန်းရှိလောက်တယ်..။
      ကတ်ပြားတွေတခု.. တဒေါ်လာပဲထား..။
      ဘက်ဂျက်ဘယ်ကရမလဲမသိ..။

      အရင်စစ်အစိုးရလို.. ဓမြတိုက်နည်း.. အရက်ဆေးလိပ်ရောင်းနည်းနဲ့လည်းငွေမရှာတတ်..။
      ဦးသိန်းစိန်အစိုးရလို.. သယံဇာတပေး.. ဒေါ်လာယူနည်းနဲ့လည်းမလုပ်..။
      အနိစ္စ.. အနိစ္စ..ပြဿနာတွင်းထဲတော့.. ဆွဲလို့ခေါ်နေပြီထင်..။

      အလုပ်မလုပ်.. ထိုင်စားနေသူများ အလုပ်လုပ်ကြ..။
      အနည်းဆုံး..သူများဆီက ငရဲနဲ့ခြောက်.. ဘုံနဲ့မြောက်..မတောင်းပဲ.. ကိုယ့်ထမင်း(လောက်တော့)ကိုယ်ရှာစားကြ..။
      ကိုယ့်အဝတ်ဖိုးကိုယ်ရှာကြ…။
      တနှစ်.. ၁ဘီလီယံဒေါ်လာ ထွက်လာမယ်ဖြစ်…။ :k:

  • ဂျစ်စူ

    July 12, 2016 at 2:15 pm

    မ.ဘ.သ ကို ပြစ်မှားရွေ ့ မာမူ ့ ဆာဗာ နာရီပေါင်းများစွာ ဒေါင်းသွားခြင်း
    😆

    အစိုးရသစ်ရဲ့ ဟန်းနီးမွန်းကာလအတွင်း ပြောင်းလဲမှုတွေထဲမှာ
    မ.ဘ.သကို ဖြုတ်ချနိုင်တဲ့ အစီဆင်းအား အကြိုက်ဆုံး ဖြစ်ကြောင်း
    ဂဇတ်ရဲ့ စီနီယာ ဘီယာ စမူဆာ ဆိုင်ရှင် ဘိုးဒေါ်ငမူးက တရားမဝင် ပြောကြားခြင်း

  • မြစပဲရိုး

    July 16, 2016 at 5:35 pm

    ■အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း■
    ▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နို်င်ငံတော်သမ္မတရုံး
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၅၂/ ၂၀၁၆
    ၁၃၇၈ ခုနှစ်၊ ဝါဆိုလဆန်း ၈ ရက်
    (၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၁၂ ရက်)
    အရေးပေါ်ကာလစီမံခန့်ခွဲရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း

    ၁။ ဆန္ဒပြမှု၊ ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ် ဆောင်ရွက်နိုင်ရန် “အရေးပေါ်ကာလစီမံခန့်ခွဲရေးဗဟို်ကော်မတီ” ကို အောက်ပါ ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းလိုက်သည်-
    (က) ဒုတိယသမ္မတ(၂) ဥက္ကဋ္ဌ
    (ခ) ပြည်ထောင်စုဝန်ကြီး
    ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဥက္ကဋ္ဌ
    (ဂ) ပြည်ထောင်စုဝန်ကြီး
    ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
    (ဃ) ပြည်ထောင်စုဝန်ကြီး
    နယ်စပ်ရေးရာဝန်ကြီးဌာန အဖွဲ့ဝင်
    (င) ပြည်ထောင်စုရှေ့နေချုပ်
    ပြည်ထောင်စုရှေ့နေချုပ်ရုံး အဖွဲ့ဝင်
    (စ) ဝန်ကြီးချုပ်အားလုံး
    တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်
    (ဆ) စစ်ဦးစီးအရာရှိချုပ်(ကြည်း)
    ကာကွယ်ရေးဝန်ကြီးဌာန အဖွဲ့ဝင်
    (ဇ) အမြဲတမ်းအတွင်းဝန်
    ပြန်ကြားရေးဝန်ကြီးဌာန အဖွဲ့ဝင်
    (ဈ) အမြဲတမ်းအတွင်းဝန်
    အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန အဖွဲ့ဝင်
    (ည) အမြဲတမ်းအတွင်းဝန်
    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန အဖွဲ့ဝင်
    (ဋ) ရဲချုပ်
    မြန်မာနိုင်ငံရဲတပ်ဖွဲ့ အတွင်းရေးမှူး

    ၂။ အရေးပေါ်ကာလ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များမှာ အောက်ပါအတိုင်း ဖြစ်သည်-
    (က) အစိုးရ၏ လုံခြုံရေး အဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်နိုင် စေရန်၊
    (ခ) ပြည်နယ် အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်း ဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် ကိုင်တွယ် ထိန်းသိမ်းနိုင်ရန် (Rapid Response) စီမံပေးရန်၊
    (ဂ) လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊
    (ဃ) နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်မှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီး ကာကွယ်နိုင်ရေး စီမံပေးရန်၊
    (င) မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့များ ဖွဲ့စည်းဆက်စပ် ဆောင်ရွက်ပေးသွားရန်၊
    (စ) လူမှုရေး အဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသွားရန်၊
    (ဆ) မီဒီယာဖြင့် သွေးထိုးလှုံ့ဆော်မှုများ ရှိပါက ပြည်သူများက အဖြစ်မှန် သိရှိစေရန် မီဒီယာဖြင့် ရှင်းလင်း တုံ့ပြန်ရန်၊
    (ဇ) နိုင်ငံရေး သွေးထိုးလှုံ့ဆော်မှုများဖြင့် အထွေထွေဆန္ဒပြမှု အသွင် ပြုလုပ်လာပါက ပြည်သူ့အားဖြင့် ပြန်လည် ဆန္ဒဖော်ထုတ်မှုဖြင့် ချေဖျက်ရန်၊
    (ဈ) ဆန္ဒပြမှု၊ ဆူပူ အကြမ်းဖက်မှုများနှင့် စပ်လျဉ်း၍ ကြိုတင် ကာကွယ်နိုင်ရန် သတင်းရရှိရေးအပြင် ဆန္ဒပြ ဆူပူ အကြမ်းဖက်နေစဉ်ကာလ လှုပ်ရှားမှု သတင်းမှန်သမျှကို ရယူ မှတ်တမ်း တင်ပြ ထားပြီး မမှန်မကန် ဝေဖန် ထိုးနှက်မှုများ ရှိပါက ထုတ်ဖော် တုံ့ပြန်ရန်၊
    (ည) ဆန္ဒပြ ဆူပူ အကြမ်းဖက်မှု အမျိုးအစားအလိုက် ကိုင်တွယ် ထိန်းသိမ်းနိုင်မည့် စီမံ ခန့်ခွဲမှုများကို ကြိုတင်လေ့ကျင့် ပြင်ဆင်ခြင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ် အစိုးရများက အသေးစိတ် ညှိနှိုင်း၍ စီမံချက် ရေးဆွဲ ဆောင်ရွက်သွားရန်၊
    (ဋ) ညှိနှိုင်းအစည်းအဝေးများ ပြုလုပ်ရာတွင် လိုအပ်ပါက အခြား ပြည်ထောင်စုဝန်ကြီးများ၊ တပ်မတော် အရာရှိကြီးများနှင့် အရပ်ဖက် အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များအား ခေါ်ယူညှိနှိုင်း ဆောင်ရွက်ရန်၊
    (ဌ) လိုအပ်သည့် ကော်မတီများကို ဖွဲ့စည်းဆောင်ရွက်သွားရန်။

    (ပုံ) ထင်ကျော်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

  • kai

    July 19, 2016 at 4:07 pm

    အာဇာနည်နေ့ အခမ်းအနား တပ်ချုပ် တက်ရောက် အလေးပြုမှု သင့်မြတ်ရေးလမ်းစဟုုဆိုု
    ထွန်းထွန်း| July 19, 2016 | Hits:615
    0 | |
    ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    အာဇာနည်ခေါင်းဆောင်များကိုု ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အလေးပြုနေစဉ်။ (ဓာတ်ပုုံ-ပြေကျော်/ဧရာဝတီ)

    ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသုို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမဆုုံးအကြိမ် အဖြစ် တက်ရောက်ခဲ့သည့်အပြင် အမှတ် ၅၄ တက္ကသုိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုုကြည်၏ နေအိမ်တွင် ပြုလုုပ်သော အာဇာနည်နေ့ အခမ်းအနားသိုု့ ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်လာမှုသည် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် လမ်းစတခုုဖြစ်ကြောင်း NLD ပါတီအသုိုင်းအဝုိုင်းက ပြောဆုိုသည်။

    တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရန်ကုုန်မြို့ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပ ပြုလုုပ် သော ၆၉ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားသုို့ ဒုုတိယသမ္မတ ဦးမြင့်ဆွေ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ အစုိုးရ ထိပ်တန်းအရာရှိကြီးများ၊ တပ်မတော်ထိပ်ပုိုင်းခေါင်းဆောင်များနှင့်အတူ တက်ရောက် ခဲ့ကြောင်း၊ ယင်းသုို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တဦးအနေဖြင့် အာဇာနည်နေ့ အခမ်းအနားတက်ရောက်မှုသည် ၁၉၈၈ ခုုနှစ်နောက်ပုိုင်း ပထမဆုုံးအကြိမ်ဖြစ်ပြီး နုိုင်ငံရေးအသုိုင်းအဝုိုင်းနှင့် NLD အသိုုင်းအဝုိုင်းက ကောင်းမွန်နုိုင်ငံရေးဖြစ်စဉ် တခုုအဖြစ် သုုံးသပ်ပြောဆုိုသည်။
    ဗိုုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

    ဒေါ်အောင်ဆန်းစုုကြည် နေအိမ်တွင်ကျင်းပသော အာဇာနည်နေ့ ဆွမ်းကပ်ပွဲ။ (ဓာတ်ပုုံ- Nay Chi)

    “အမျိုးသားရင်ကြားစေ့ရေးအတွက် ကောင်းတဲ့ လက္ခဏာပါပဲ” ဟုု NLD ဗဟုိုအလုုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောသည်။

    ယင်းနောက် ဗိုုလ်ချုပ်မှူးကြီးမင်ေးအာင်လှိုင်သည် ဒေါ်အောင်ဆန်းစုုကြည်နေအိမ်တွင် ပြုလုုပ်သော အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းပွဲသိုု့ သွားရောက်ပြီး ယင်းဆွမ်းကပ် လှူဒါန်းပွဲသုို့ သူရဦးရွှေမန်း၊ ဒုုသမ္မတဦးမြင့်ဆွေ၊ NLD နာယက ဦးတင်ဦး အပါအဝင် အစုိုးရ၊ လွှတ်တော် ခေါင်းဆောင်တချို့ တက်ရောက်ခဲ့ကြကြောင်း၊ ယင်းသုို့ တက်ရောက်မှုသည် မြန်မာ့နုိုင်ငံရေး အလားအလာကောင်း တရပ်ဖြစ်ကြောင်း NLD နာယက ဦးတင်ဦးက ဆုိုသည်။

    “ဒီနေ့ တွေ့တာ ဘာမှဆွေးနွေးတာတော့မရှိပါဘူး၊ စားတာသောက်တာပါပဲ၊ သူတို့အဲ့မှာ ဆွေးနွေးလား မဆွေးနွေးလား တော့ မသိဘူး စကားပြောပြီးကျန်ခဲ့တာ ကျနော်က ဒီကိုထွက်လာတာ။ ထူးဆန်းတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လာတယ်၊ စကားပြော ဆုံးမတာတွေကို နားထောင်ပြီးတော့ ထမင်းစားကြတယ်” ဟုု NLD နာယက ဦးတင်ဦးက ပြောသည်။

    NLD အစိုုးရသစ်လက်ထက်တွင် အာဇာနည်နေ့ အခမ်းအနားကိုု တနုိုင်ငံလုုံး အုုန်းအုုန်းကျွတ်ကျွတ် ကျင်းပပြီး အာဇာနည်ခေါင်းဆောင်များ ကျဆုုံးသည့် ၁ဝ နာရီ ၃ရ မိနစ်တွင် နုိုင်ငံတဝန်း ဥဩများဆွဲကာ အာဇာနည်ခေါင်းဆောင် များကိုု ဦးညွှတ်အလေးပြုခဲ့ကြကြောင်း သိရှိရသည်။

  • kai

    July 20, 2016 at 6:11 am

    အာဇာနည်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နေအိမ်တွင် ဟောကြားခဲ့သည့် ဓမ္မဘေရီဆရာတော်၏ တရားတော်အား ပြန်လည်မျှဝေပါသည်။

    “အာဇာနည်ဆိုတာ”

    ကဲ..”ဒီနေ့ပြောခဲ့တဲ့ဩဝါဒစကားလေးကိုတော့ လူငယ်တွေလဲသိရအောင် စာနဲ့အမြန်ရေးပေးပါ”လို့ ပြည်သူတို့မိခင် ဒကာမကြီးကိုယ်တိုင်က အလေးအနက် တိုက်တွန်းတဲ့အတွက် ခု ရောက်မဆိုက်ပဲ ရေးလိုက်ပါပြီဗျာ။

    ⚜အာဇာနည်ဆိုတာ⚜

    ဖြစ်စဉ်လေးကစပြီး နိဒါန်းချီပါရစေ..
    “ဇူလိုင်(၁၉)အာဇာနည်နေ့မှာတော့ ရွှေတောင်ကုန်းဆရာတော်ကြီးလဲ မရှိတော့တဲ့အတွက် ဆရာတော်ကြွပြီး သီလပေး ရေစက်ချ ဩဝါဒစကားမြွက်ကြားပေးပါ”လို့ ကြိုတင်လျှောက်ထားတဲ့အတွက် အမေရိကခရီးစဉ်ကို
    နောက်ရွှေ့ပြီး ဒီတာဝန်ကို လက်ခံလိုက်ပါတယ်။

    ဒီနေ ့(၁၉.၇.၂၀၁၆)မှာတော့ သတ်မှတ်ထားတဲ့ (၉.၄၅)မတိုင်မီ (၁၅)မိနစ်လောက် စောပြီးရောက်သွားပါတယ်။ နာယကကြီးဦးတင်ဦးနဲ့ ဒကာမကြီးတို့က လှေခါးတက်မှာ အသင့်ကြိုနေပြီး ဒကာမကြီးကပဲ “ဒါက ဓမ္မဘေရီဆရာတော် လေ”လို့ နောက်မှာရှိသူများနဲ့မိတ်ဆက်ပေးပါတယ်။

    ပထမဆုံးတော့- ဓမ္မဂင်္ဂါက လက်ဆောင်ပါးလိုက်တဲ့..”ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) ဗုဒ္ဓဘာသာသူရဲကောင်း”ဆိုတဲ့စာအုပ်ကို “စာရေးတဲ့ဆရာတော်က ဒကာမကြီးလက်ထဲအရောက် ပေးလိုက်ပါဆိုလို့”လိုပြောပြီး ပေးလိုက်တော့..”ကျေးဇူးတင် ဝမ်းမြောက်ပါတယ်ဘုရား..”ဆိုပြီး တကယ်ပဲ ဝမ်းမြောက်ဝမ်းသာ ယူလိုက်ပါတယ်။

    အစီအစဉ်စတဲ့အခါ-ဥက္ကဌကြီးဦးတင်ဦးက..”ဩဝါဒလေးလဲ လိုရင်းတိုရှင်းလေးပေါ့ဘုရား”လို့ အနီးကပ်လျှောက်ထားတဲ့အတွက် ပြောခဲ့ရပါတယ်။
    ရှေ့မှာ ဥက္ကဌကြီးရယ် ဒကာမကြီးရယ်၊ ဒုသမ္မတနှစ်ဦးရယ်၊ လွှတ်တော်နှစ်ရပ်ကဥက္ကဋ္ဌကြီးနှစ်ဦးနဲ့ကာချုပ်ကြီးတို့ရယ်..ဒကာမကြီးဒေါ်ခင်လှတင်တို့,ဒေါ်သိန်းမြင့်ကြည်(တုံတုံ) တို့ရယ် ဧည့်ခန်းအပြည့်ပါပဲ။

    စပြောခဲ့တာကတော့..လွတ်လပ်ရေးခေါင်းဆောင်ကြီးတွေ တိုင်းပြည်အတွက် အသက်စွန့်သွားခဲ့ရတဲ့နေ့ကို အထိမ်းအမှတ်ပြုပြီး “အာဇာနည်နေ့”လို့ သတ်မှတ်ထားတော့ လူငယ်တော်တော်များက “အာဇာနည်ဆိုတာ တိုင်းပြည်အကျိုးဆောင်ရင်း အသက်သေသွားသူများသာ ဖြစ်နိုင်တယ်”လို့ ထင်မှတ်နေကြတယ်။

    အသက်စွန့်တာနဲ့ အသက်သေဆုံးတာကို အဓိပ္ပါယ်တယ်မကွဲပြားချင်ဘူး၊ “အများအတွက် သက်စွန့်ကြိုးပန်းဆောင်ရွက်တယ်”ဆိုတာသေခြင်း၊ မသေခြင်းနဲ့ မဆိုင်ပါဘူး၊ အသက်ကိုပဓာနမထားခြင်း(မငဲ့မကွက် စွန့်နိုင်ခြင်း)နဲ့သာ ဆိုင်ပါတယ်။ မုချအားဖြင့်တော့”အာဇာနေယျ=အာဇာနည်”ဆိုတာ ဘုရားအလောင်းကိုကြည့်ပြီး အများကသတ်မှတ်ပြောဆိုရာက
    စခဲ့တဲ့စကားပါ။

    ဒီပင်္ကရာဘုရားရှင်လက်ထက်တော်တုန်းက-
    ရမ္မဝတီမြိ့တော်ကို ဘုရားရှင်နဲ့ နောက်ပါသံဃာတော်လေးသိန်းတို့ ကြွလာမည့်လမ်းကြီးပြုပြင်နေတဲ့အချိန်မှာ ဈာန်ရဖြစ်တဲ့ သုမေဓာရသေ့က သူလဲကုသိုလ်ပါဝင်ချင်တယ်ဆိုလို့ ဘယ်သူမှ ပြင်ဖို့မစွမ်းနိုင်တဲ့ ဗွက်အထူဆုံးနေရာကြီးကို တာဝန်ပေးအပ်လိုက်တယ်။ တကယ်တော့ ပြည်သူတွေက သုမေဓာရသေ့ကို မုန်းလို့ဂျောက်(ချောက်)တွန်းလိုက်ထာတော့ မဟုတ်ပါဘူး။ ဘယ်သူမှ မစွမ်းနိုင်တဲ့နေရာကြီးကို “ဒီရသေ့ကတော့ အဘိဉာဉ်တန်ခိုးနဲ့ စွမ်းနိုင်လောက်တယ်”ဆိုပြီး အားကိုးစိတ်နဲ့ ပေးကြတာပါ။

    သုမေဓာရှင်ရသေ့က မြင့်မြတ်တဲ့ ဘုရားရှင်အတွက်ရည်မှန်းတာဖြစ်လို့ တန်ခိုးဣဒ္ဓိပါဒ်ကိုမသုံးဘဲ ပကတိစွမ်းအားနဲ့ပဲဆောင်ရွက်တော့ အချိန်မီ မပြီးဘူး၊ ခန္ဓာကိုယ် တစ်လျှားစာလောက် ကျန်နေတယ်။ ဘုရားရှင်နဲ့ နောက်ပါသံဃာလေးသိန်းတို့ ကြွလာချိန်မှာတော့ “ငါတာဝန်ယူထားတဲ့အပိုင်း မပြီးစီးတဲ့အတွက်တော့ ဘုရားရှင်ခရီးစဉ် လစ်ဟင်းမှုမရှိစေရဘူး”ဆိုပြီး ကျန်နေတဲ့တစ်လျှားစာပေါ်မှာ မိမိရဲ့ခန္ဓာကိုယ်ကို အလျားစဉ်းပြီး တံတားခင်းပေးလိုက်ထာပါ။

    ဒါကိုကြည့်ပြီး တွေ့မြင်ရသူအပေါင်းက..”အာဇာနေယျော=အံ့ဩလောက်အောင် တွေ့ရမြင်ရခဲသူပါတကား..”ဆိုပြီး ဝိုင်းအသိအမှတ်ပြုကြတာ။”အာဇာနေယျ”ဆိုတာ -နေရာတိုင်းမှာ တွေ့ရဖို့ အလွန်ခဲရင်းတဲ့ပုဂ္ဂိုလ်-လို့ အဓိပ္ပါယ်ရပါတယ်။ (“န သော သဗ္ဗတ္ထ ဇာယတိ=အာဇာနည်ဆိုတာ နေရာဒေသတိုင်းမှာ ဖြစ်နိုင်,ရှိနိုင်,တွေ့ရနိုင်တဲ့ ပုဂ္ဂိုလ်မျိုးမဟုတ်”ဆိုတဲ့အတိုင်းပေါ့။)

    အာဇာနည်လို့ အများကသတ်မှတ်နိုင်ဖို့အတွက် ကျင့်သုံးမှုသုံးမျိုးရှိပါတယ်၊”တိေဿာ စရိယာယော=စရိယသုံးပါး”လို့ခေါ်ပါတယ်။

    (၁)လောကတ္ထစရိယ=လောကအတွက် နောင်လာနောင်သား မျိုးဆက်များအထိ ကြီးပွားချမ်းသာဖို့ရည်မှန်းတဲညအကျင့်။ ဒါကတော့ရေရှည်စီမံကိန်းအကျင့်ပေါ့။

    (၂)ဉာတတ္ထစရိယ= ‘ဉာတိ’ဆိုတာ ဆွေမျိုးသားချင်းလို့သာဆိုလိုတာမဟုတ်ပါဘူး၊”သိအပ်မြင်အပ်သူများ”ဆိုတဲ့အဓိပ္ပါယ်ပါပါတယ်၊ လက်ရှိတွေ့မြင်နေရတဲ့ ကိုယ့်ပတ်ဝန်းကျင်က ပြည်သူတွေ ကြီးပွားချမ်းသာရေးပေါ့။ ဒါကတော့ လတ်တလောအခြေအနေအရ ဆောင်ရွက်ရမယ့် စီမံကိန်းမျိုးပေါ့။

    (၃)ဗုဒ္ဓတ္ထစရိယ= ဘုရားအလောင်းတို့ကတော့ သဗ္ဗညုတဉာဏ်အဆင့်အထိရောက်ရေးပေါ့၊ အားလုံးအတွက်ကတော့ “အတွေ့အကြုံများကို စနစ်တကျ သုံးသပ်ဆင်ခြင်ပြီး ကိုယ့်အသိဉာဏ်ကို မြှင့်တင်နေရေးပေါ့။ ဒါကို ကိုယ်ကျိုးအတွက်ကျင့်ခြင်းလို့ ဆိုနိုင်ပါတယ်။ (အာဇာနည်တို့ရဲ့ ကိုယ်ကျိုးဆိုတာ အများအကျိုး ပိုမိုဆောင်ရွက်နိုင်ဖို့ အတွေ့အကြုံနဲ့ အသိဉာဏ် မြင့်မားလာရေးသာဖြစ်တယ်လို့ ဆိုလိုတာပါ)။

    “အာဇာနည်(၅)မျိုး”

    အာဇာနည်လို့သတ်မှတ်ရာမှာ သူရဲ့ စွန့်လွှတ်နိုင်စွမ်းအရ အဆင့်အတန်း(၅)မျိုးလောက် သတ်မှတ်နိုင်ပါတယ်။ “ပဉ္စမဟာ ပရိစ္စာဂေ=စွန့်ခြင်းကြီးငါးပါး”ဆိုတာနဲ့ပေါ့။
    (၁)ဓနပရိစ္စာဂ= တိုင်းကျိုး ပြည်ကျိုး အများအကျိုးအတွက် စည်းစိမ်ဥစ္စာ,ရာထူးအာဏာတို့ကို မငဲ့မကွက် စွန့်လွှတ်နိုင်သူ။ ဒါလဲ”စည်းစိမ်ဥစ္စာစွန့် အာဇာနည်လေးပါပဲ။

    (၂)ပုတ္တပရိစ္စာဂ= သားသမီးအတွယ်အတာတို့ကို အလားတူစွန့်လွှတ်နိုင်တဲ့ အာဇာနည်ပေါ့။

    (၃)ဘရိယပရိစ္စာဂ= ဇနီး ခင်ပွန်း အတွယ်အတာအထိ စွန့်လွှတ်နိုင်တဲ့ “ဘရိယပရိစ္စာဂအာဇာနည်”ပဲပေါ့။ (ဒါက အပြင်က စွန့်ခြင်းကြီးသုံးပါးပါ၊ တစ်ဆင့်ထက်တစ်ဆင့် စွန့်နိုင်ခဲတဲ့အရာတွေကို စွန့်လွှတ်တာဖြစ်လို့”မဟာပရိစ္စာဂ”လို့ခေါ်တာပါ၊ အာဇာနည်စာရင်းဝင်နိုင်ကါတယ်၊သူ့အဆင့်နဲ့သူပေါ့)

    (၄)အင်္ဂပရိစ္စာဂ= မျက်စေ့၊ နား၊ နှာ၊ အင်္ဂါခြေ လက်တို့အထိ စွန့်နိုင်တော့ “အင်္ဂပရိစ္စာဂအာဇာနည်”ပေါ့။

    (၅)ဇီဝိတပရိစ္စာဂ= ကိုယ်နဲ့အသက်ကိုပင် မငဲ့မကွက် ရက်ရက်စက်စက် စွန့်နိုင်တဲ့အာဇာနည်ပေါ့။ ဒါကတော့ အဆင့်အမြင့်ဆုံး အာဇာနည်ပါပဲ။သေတာမသေတာနဲ့ မဆိုင်ပါဘူး၊ ပဓာနမထားတာပါပဲ။ သုမေဓာရှင်ရသေ့ရဲ့လုပ်ရပ်ကိုကြည့်မယ်ဆိုရင်.. တကယ်လို့သာ ဘုရားရှင်နဲ့ နောက်ပါရဟန်းလေးသိန်း နင်းပြီး ကြွမယ်ဆိုရင်..ခန္ဓာကိုယ်ဟာ စိစိညက်ညက်ကို ကျေသွားနိုင်လောက်ပါတယ်။ ဒါကို ထည့်တွက်,ငဲ့ကွက်ခြင်းမပြုဘဲ ယူထားတဲ့တာဝန်,ပေးထားတဲကတိ ကျေပွန်ရေးကိုသာ ပဓာနထားပြီးဆောင်ရွက်လို့”အာဇာနည်”ခေါ်ရတာပါ။ အသက်တော့ မသေခဲ့ပါဘူး။

    ဒီအာဇာနည်ရဲ့ ဆုံးဖြတ်လုပ်ကိုင်ပုံကိုကြည့်ပြီး- ဒီပင်္ကရာဘုရားရှင်က နင်းကြွတော်မမူပါဘူး။ သူ့အားအစွမ်းဟာ “ကြိုးစားရင် ဘုရားဖြစ်နိုင်သူ စင်စစ်”လို့ သူ့အရည်အသွေးမှန်ကို သိမြင်တော်မူပါတယ်။

    ဒါကြောင့်.. သင့်မှာ ရွေးချယ်နိုင်တဲ့ အခွင့်ထူးနှစ်ခုရှိတယ်..
    (၁)တစ်ကိုယ်တော် ဒုက္ခလွတ်မြောက်မှုကို လိုချင်သပဆိုရင်.. ဂါထာဝက်(အက္ခရာ၁၆-လုံး)လောက် ငါဘုရားဟောညွှန်ပေးရုံနဲ့ သင်ဟာ အာသဝေါကုန်ခမ်းတဲ့ ရဟန္တာအဖြစ်နဲ့ နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်မယ်။

    (၂) ငါဘုရားတို့ လာရာလမ်းကြောင်းအတိုင်း စွမ်းစွမ်းတမံအားထုတ်မယ်ဆိုရင်.. ငါဘုရားလိုပင် သတ္တဝါအများကို ဒုက္ခနယ်မှ ကယ်တင်နိုင်စွမ်းတဲ့”သဗ္ဗညု”ဘုရားတစ်ဆူဖြစ်မယ်လို့ မိန့်ပါတယ်။ ဒီအခါမှာလဲ- သုမေဓာရှင်ရသေ့က.. “သတ္တဝါအများအကျိုးကို အမြင့်ဆုံးအထိ ကယ်တင်နိုင်စွမ်းရှိတဲ့ ယောက်ျားကောင်းဖြစ်လျက် တစ်ကိုယ်တည်းနိဗ္ဗာန်သွားလို့ ဘာအကျိုးထူးမှာလဲ”ဆိုပြီး ဒုတိယလမ်းကို ရွေးခဲ့ပါတယ်။ အသိဉာဏ်အကြီးစားတွေကတောင် လိုလားတောင့်တနေတဲ့ အတုမရှိချမ်းသာကြီး(နှိ္ဗာန်)ကိုတောင် ငြင်းပယ်ခဲ့တာလဲ တကယ့်ကို”အာဇာနည်”ပါပဲ။
    ဒါကတော့ တကယ်ရပြီးမှ စွန့်တာမဟုတ်ဘဲ ရနိုင်ခွင့်ကိုသာ ငြင်းပယ်ခဲ့တာဖြစ်လို့ “စွန့်ခြင်းကြီး”စာရင်းတော့ အသွင်းမခံရဘူးပေါ့။

    ဒီဖြစ်စဉ်အားလုံးကို ခြုံကြည့်လိုက်ရင်… “အာဇာနည်”ဆိုတာ အသက်သေခြင်း,မသေခြင်း၊ အရွယ်ကြီးခြင်း မကြီးခြင်းနဲ့ မဆိုင်ပါဘူး။ အများအကျိုးအတွက် (လောကီ)ကိုယ်ကျိုးမဘက်ဘဲ စွန့်လွှတ်စွန့်စား ကြိုးစားဆောင်ရွက်သူမှန်သမျှ ဘယ်သူမဆို,ဘယ်အချိန်,ဘယ်အရွယ်မဆို အာဇာနည်ဖြစ်နိုင်ခွင့် ရှိပါတယ်။
    ဒါကို ဒီနေ့လူငယ်တွေ အထူးသိစေချင်ပါတယ်။

    အားလုံး အာဇာနည်တွေ ဖြစ်နိုင်ကြပါစေ…လို့

    အပ္ပမာဒေန သမ္ပာဒေထ..

    (၁၉.၇.၁၆-နံက် ၁၀-နာရီမှာဟောပြောချက်)

    Source: Dhammabheri Ashin Viriya

  • kai

    July 20, 2016 at 7:40 am


    REUTERS – British Foreign Secretary Boris Johnson, asked by a reporter if he was going to apologize to world leaders for past rude comments he has made about some of them, said his words had been taken out of context.

    “We can spend an awfully long time going over lots of stuff that I’ve written over the last 30 years … all of which in my view have been taken out of context, but never mind, but some serious issues call us today,” the former journalist Johnson told a news conference on Tuesday with U.S. Secretary of State John Kerry.
    read more: http://www.haaretz.com/world-news/europe/1.732105

  • kai

    July 20, 2016 at 7:45 am


    “ကျနော်တို့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ ကျနော်တို့ပြည်နယ်တွေမှာ သွားကြည့်လိုက်ပါ။ တောင်တွေဟာ မြေပြန့်ဖြစ်ကုန်ပြီ။ မြေပြန့်တွေဟာ ကန္တာရ ဖြစ်ကုန်ပြီ။ မြစ်ချောင်းအင်းအိုင်တွေဟာ ခမ်းခြောက်ကုန်ပြီ။ ကျနော်တို့ လူထုတွေရဲ့ကျေးရွာတွေဟာ ပျက်စီးပြီးတော့ တောထဲတောင်ထဲရောက်နေ ကြပြီ။ မြေအောက်က သံယံဇာတဆိုရင် ကုန်ပြီ ထုတ်လို့။ သစ်ပင်ဝါးပင်တွေမရှိတော့ဘူး။

    ကဲ ကျနော်တို့ဆီမှာ ဘာတွေလိုချင်သေးသလဲ။ ကျနော်တို့ဘာတွေ ထက်ပေးရအုန်းမလဲ။ ကျနော်တို့နားလည်တာက ဒီတိုင်းပြည်ကြီးဟာ ကျနော်တို့အတူတကွ လက်တွဲပြီးတော့ လွတ်လပ်ရေးယူခဲ့ကြတာ။

    ဒါကြောင့်မို့လို့ ဒီတိုင်းပြည်ဟာ ကျနော်တို့ အတူတကွပိုင်ဆိုင်တယ်။ ကျနော်တို့ ပြောနေတဲ့ တန်းတူညီတူအခွင့်အရေးဆိုတာ ဒါပဲ။ အဲဒါကြောင့်မို့လို့ ကျနော်တို့မှာ တောင်းစရာလည်း မရှိသလို၊ ပေးစရာလည်းမရှိဘူး။ အတူတကွ ယှဉ်တွဲနေထိုင်ခြင်းကို ငြိမ်းချမ်းသာယာအောင်၊ တိုးတက်အောင် ဘယ်လိုအတူတကွလုပ်ကြမလဲ၊ လူတိုင်းလူတိုင်းတာဝန်ရှိတယ်။”

    ခူဦးရယ်

  • kai

    July 21, 2016 at 4:00 am

    Thailand’s Tourism Ministry looking to put an end to sex tourism

    by Asian Correspondent Staff | 18th July 2016 | @ascorrespondent

    On average, Thailand receives around 10 million tourists annually, of which some 60 percent stood among males, according to World Outreach International.

    The organization estimated that 70 percent of male tourists who visit Thailand come specifically for sex – which means approximately 4.2 million men have flocked to the predominantly conservative Buddhist country for sex tourism over the last few years.

  • kai

    July 21, 2016 at 2:07 pm

    မြန်မာနိုင်ငံလူဦးရေ၏ ကိုးကွယ်ရာဘာသာ အချိုးအစားများ
    ‪#‎မဇ္ဈိမ‬
    ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ကိုးကွယ်ရာဘာသာဆိုင်ရာ
    အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်။
    ဗုဒ္ဓဘာသာကိုးကွယ်သူ – ၈၉.၈%
    ခရစ်ယာန်ဘာသာကိုးကွယ်သူ – ၆.၃%
    အစ္စလာမ်ဘာသာကိုးကွယ်သူ – ၂.၃%
    ဟိန္ဒူဘာသာကိုးကွယ်သူ – ဝ.၅%
    နတ်ကိုးကွယ်သူ – ဝ.၈%
    အခြား – ဝ.၂%
    ဘာသာမဲ့ – ဝ.၁% ဖြစ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား
    ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၆ခုနှစ်၊ ဇူလိုင်လ ၂၁ရက်တွင် နေပြည်တော်ရှိ
    Hotel Max တွင်ပြုလုပ်သော ၂၀၁၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကိုးကွယ်သည့်ဘာသာ
    အချက်အလက်များ ထုတ်ပြန်ခြင်းအခမ်းအနားတွင် ပြောသည်။

    • မြစပဲရိုး

      July 22, 2016 at 12:20 am

      သူကြီးမင်း နဲ့ တစ်ကွ သတင်းရေးသမားများ
      Freedom of Press and journalistic ethics ကို သိကြမယ် ထင်ပါရဲ့။
      ဧရာဝတီ ကြည့်ရတာ ယူထားတဲ့ နာမည် ကိုမှ အားမနာ။
      ချွန်တွန်းလုပ်နေပုံများ ….
      ခေတ်ပြောင်းချိန် ဆိုတာ သိဖို့ သတိပေးနိုင်ရင် ပေးလိုက်ပါဦး။
      သတင်းတွေ က ဟိုလို ဒီလို တစ်လွဲ တွေ။
      ပြောလိုက်ကြရင်တော့ ဒီချုပ်အစိုးရ က အတိုက်အခံစိတ် မပျောက်သေးဖူး ဆိုဘဲ။
      ကိုယ့်ဟာကိုယ် တော့ မမြင်ကြ။
      ဒီအချိန်မှာ မှန်ကန် ဘက်မျှ တဲ့ ဝေဖန်မှု တွေ မဟုတ်ရင် တိုင်းပြည် အတွက် အကျိုးရှိမှာမဟုတ်။
      ကိုယ့် အကျိုး အတွက် တော့ တိုင်းပြည် ကို မရင်းကြပါနဲ့။
      တိုင်းပြည်ထဲ ဒုက္ခအပြည့် နဲ့ ကလေးတွေ ကို ငဲ့ကြပါဦး။

  • kai

    July 24, 2016 at 12:04 pm


    The crown Prince of Thailand Maha Vajiralongkorn, who flew to Munich for Boening-737, showed up at the airport with a white poodle in his arms, in sandals and a too short shirt, put on display a hugetattoo in his back.

    In Thailand, the crown Prince does not enjoy the respect of the citizens of the Kingdom, in contrast to the ruling king Bhumibol Adulyadej (Rama IX). Half of the year he spends here, with shopping and celebrations. Even for his dog “Foo Foo” [see above] he has already given a legendary festival. What is the half-naked prince in Bavaria? Shopping! For ten million euros he bought the Grade II listed “Villa Stolberg” at Lake Starnberg.

    https://kami.com.ph/31600-prince-thailand-arrived-munich-sandals-indecent-top-may-look-year.html

  • မြစပဲရိုး

    July 27, 2016 at 1:32 pm

    Quote from Michelle Obama’s speech – Democratic convention2016

    “And as my daughters prepare to set out into the world, I want a leader who is worthy of that truth, a leader who is worthy of my girls’ promise and all our kids’ promise. A leader who will be guided every day by the love and hope and impossibly big dreams that we all have for our children.”

    “How we urge them to ignore those who question their father’s citizenship or faith. How we insist that the hateful language they hear from public figures on TV does not represent the true spirit of this country. How we explain that when someone is cruel or acts like a bully, you don’t stoop to their level. No, our motto is: ‘When they go low, we go high.’”

  • kai

    July 27, 2016 at 4:28 pm

    http://nypost.com/2016/07/26/cockroach-milk-is-the-superfood-the-worlds-been-waiting-for/?utm_campaign=SocialFlow&utm_source=NYPFacebook&utm_medium=SocialFlow&sr_share=facebook

    Cockroach milk is the superfood the world’s been waiting for

    By Lauren Tousignant

    July 26, 2016 | 12:06pm
    Modal Trigger
    Cockroach milk is the superfood the world’s been waiting for

    Think twice before killing the next cockroach you find in your apartment.

    A team of scientists at India’s Institute for Stem Cell Biology and Regenerative Medicine discovered that cockroach milk may be the greatest superfood of them all.

    The Pacific beetle cockroach (the only kind that gives birth to live young) feeds it’s babies by lactating protein-dense crystals, which pack fats, sugars, amino acids, and more than four times the nutrition of cow’s milk.
    –– ADVERTISEMENT ––

    “It’s time-released food,” project lead Subramanian Ramaswamy told The Times of India. “They can be a fantastic protein supplement.”

    But don’t swap out your smoothie’s almond milk just yet. Despite it’s nutritional value, cockroach milk is extremely high in calories.

    Researchers are currently working to sequence the genes so they can be reproduced in a lab—and the world can avoid the horror of a cockroach milking farm.

Leave a Reply