ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

Yin Nyine NwayAugust 29, 20101min630

ဗုဒ္ဓဘာသာနှင့်နိုင်ငံရေး

မိလိန္ဒပဥှာတွင်လည်း ဤသို့ဆိုထားပါသည် ။“ မင်းကြီး ၊ ဥပမာ တစ်နည်းသော်ကား ယောက်ျားသည် အစွမ်းသတ္တိ မရှိ ၊ အမျိုးယုတ်

၏ ။ နည်းသော ပညာရှိ၏ ။ ကြီးကျယ်စွာသော မင်း၏ အဖြစ်ကိုရသော် တစ်ခဏချင်းဖြင့်ဖောက် ပြန်၏ ။ ပရိသတ်ကို ဖျက်ဆီး၏ ။ နောက်သို့ ဆုတ်၏ ။ အစိုးရသော အဖြစ်ကိုဆာင်ရွက် ခြင်းငှါ မတတ်နိုင်ရာ ။ ထိုသို့သော မထိုက်တန်သော မင်းအား ပြည်သူတို့ကှဉ်းဆဲ နှိပ်စက် ရာသည် ၊ ပြည်သူတို့က အပြစ်ဒဏ် ခတ်ရာသည် ၊ တိုင်းသူပြည်သား တို့သည် ဥပဒေကို ချိုး ဖောက်သောကာလ အပြစ်ဒဏ် ခတ်ရာ သကဲ့သို့ ထိုသို့သောဥပဒေနှင့် အညီ မအုပ်ချုပ် သော မင်းကိုလည်း အပြစ်ဒဏ် ပေးရမည် ။ ထို့အပြင်မင်းကဲ့သို့ မကျင့် ၊ ဓားပြကဲ့သို့ ကျင့်သော မင်းအားလည်း အုပ်ချုပ်ခွင့်ကို မပြုရာ ။”ဇာတက ထဲတွင်လည်း အပြစ်မရှိသည့် တိုင်းသူပြည်သားများကိုသာအပြစ်ဒဏ်ပေး ပြီး တကယ့် လက်သည် တရားခံကိုဖြင့် အပြစ်မပေးဘဲထားသည့်မင်းသည် တိုင်းပြည် အုပ် ချုပ်ဖို့ မသင့်သည့် မင်းဖြစ်ကြောင်း ဖော်ပြထားပါသည် ။ မင်းတို့မည်သည် မိမိကိုယ်ကို တိုးတက်မှုရှိအောင် မိမိ၏ အပြုအမူ အပြောအဆို
ို မိမိဘာသာ အမြဲတမ်း စိစစ်မှု ရှိရမည် ။ ပြည်သူလူထု၏ ထင်မြင်ချက်များကိုသိနေအောင် အမြဲ စနည်းနာရမည် ။ မိမိသည် တိုင်းပြည်ကို အုပ်ချုပ်ရာတွင် အမှား အယွင်း တစ်စုံတစ်ရာ ပြုမိခြင်း ရှိမရှိကို အကဲခတ်နေရမည် ။အကယ်၍ မိမိသည် တရားသဖြင့် မအုပ်ချုပ်သောကြောင့် အမှားအယွင်းတစ်စုံတစ်ရာ ပြုမိခဲ့ပြီဟု သိမြင်လာသောအခါမှာလည်း ပြည်သူလူထုက မတရားသောမင်း၏ အုပ်ချုပ်မှု ကြောင့် ငါတို့ ပျက်စီးရပြီဟု ပြစ်တင် ဝေဖန်လာကြလိမ့်မည် ။
ကောက်ကျစ်စဉ်းလဲသော မင်း သည် မတရားသဖြင့် အပြစ်ဒဏ်စီရင်ခြင်း ၊ မတရားသဖြင့် အခွန်အတုတ် ကောက်ခံခြင်း ၊ အခြားသော နည်းများဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်း ၊အဂတိအမျိုးမျိုး လိုက်စားခြင်းကြောင့် ပြည်သူ များက ထိုမင်းအား တစ်နည်း မဟုတ်တစ်နည်းအားဖြင့် တုံ့ပြန်လာကြလိမ့်မည် ။ တစ်နည်းဆို သော် မင်းသည် တရားသဖြင့်အုပ်ချုပ်သောအခါ ပြည်သူလူထုက အရှင်မင်းကြီး သက်တော်ရာကျော် ရှည်ပါစေဟု ဆုမွန်ကောင်းများ တောင်းကြလိမ့်မည် ။ (မဇ္ဈနိမနိကာယ် ) မြတ်စွာဘုရားသည် အုပ်စိုးသူ အစိုးရမင်းတို့၏ အကျင့်သီလ ကောင်းမွန်ရေးကိုအလေးပေး ဟောကြားတော်မူပါသည် ။ အကျင့်သီလကောင်းမွန်ပြီး ပြည်သူလူထုကအပ်နှင်း ထားသည့် အချုပ်အခြာ အာဏာကို ပြည်သူလူထု ဘဝ သက်သာ ချောင်ချိရေး ၊တိုးတက် ကြီးပွားစေရေးအတွက် အသုံးပြုရေး ဟောကြားချက်များက အာသောကဧကရာဇ် ဘုရင်ကြီးကို ဘီစီ ၃၀ဝ ခန့်က ွန်အားပေးအားမြှောက် ပြုခဲ့ပါသည် ။ဤတရားများနှင့် အညီ အုပ်စိုးတော်မူခဲ့သည့်အတွက် အာသောကမင်းကြီး၏ ဂုဏ်သတင်းသည် လူ့သမိုင်းတွင် ထွန်းပခဲ့ပါသည် ။ အာသောကမင်းကြီးသည်မြတ်ဗုဒ္ဓဟောကြားတော်မူခဲ့သော တရားဓမ္မများ နှင့်အညီ မင်းပြုတော်မူခဲ့ပါသည် ။ သူ၏အိမ်နီးချင်း တိုင်းပြည်များအပေါ် နယ်ချဲ့လိုခြင်း သဘောထားကို ကြေငြာတော်မူခဲ့သည် ။ထိုအကြောင်းကိုလည်း အခြားသော ပြည်ထောင် မင်းများထံ တမန်စေပြီး
သိကြားစေတော်မူသည် ။တစ်ပါးသောမင်းများအပေါ် သူထားရှိသည့် ချစ်ကြည်ရေး သဘောထားကိုယုံ ကြည်စိတ်ချရအောင် အခိုင်အမာ ပြုခဲ့ပါသည် ။ သူ့လက်ထက်တွင်ရိုးသားဖြောင့်မတ်ခြင်း ၊ သစ္စာရှိခြင်း ၊ ကရုဏာထားခြင်း ၊ ကြင်နာသနားပြီးကြမ်းမဖက်ခြင်း ၊သတ္တဝါအားလုံးအပေါ် ာက်ထားညှာတာသောစိတ် ရှိခြင်း ၊အသုံးအဖြုန်း မကြီးခြင်း ၊ သိမ်းပိုက်မှု မပြုခြင်း ၊ တိရစ ္ဆာန်များအား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခြင်း မပြုရေး ဆိုသည့် အားရှိသော တရားများ နှင့်အညီ အုပ်ချုပ်မင်းလုပ်တော် မူခဲ့ပါသည် ။ မင်းကြီးသည် ဘာသာရေး လွတ်လပ်စွာကွယ်ခွင့်ကိုလည်း အားပေး ခွင့်ပြုခဲ့သည် ။ မတူသော ဘာသာဝင် အချင်းချင်း လေးလေး စားစားဆက်ဆံရေး ကိုလည်း အားပေးတော်မူသည် ။

ကျေးလက်ဒေသနေပြည်သူလူထုအများ ရှိရာ အရပ်သို့လည်း မကြာခဏ ကိုယ်တော်တိုင် သွားရောက်ပြီး

တရား ဓမ္မများကို ဟောကြားဆုံးမတော်မူသည် ။ ပြည်သူ့ သက်သာချောင်ချိရေး ၊

ကျန်းမာရေး ၊ ပညာရေး စသည့် လုပ်ငန်းများကိုလည်း ကိုယ်တိုင် ကြီးကြပ်ပြီး

တည်ထောင်သည် ။ ဆေးရုံများ တည်ဆောက်သည် ။ လူများအတွက်ရော ၊

တိရစ္ဆာန်များအတွက်ပါ ဆေးရုံ ဆေးခန်းများကို ထူထောင်သည် ။ ဆေးများကို

ဝေငှသည် ။ လမ်းဘေး အရိပ်ရ သစ်ပင်များကို စိုက်ပျိုးစေသည် ။ ရေတွင်း

ရေကန်များကို တူးဖော်စေသည် ။ ရေအိုးစင်များ ၊ ဇရပ်များကို လည်း တည်ဆောက်ပြီး

လှူဒါန်းခဲ့သည် ။ အထူးသဖြင့် တိရစ္ဆာန်များအပေါ် ရက်စက်ကြမ်းကြုတ်မှုကို

တားမြစ်တော်မူခဲ့သည် ။

တစ်ခါတစ်ရံ ဗုဒ္ဓရှင်တော်မြတ်ဘုရားကို လူမှုပြုပြင် ပြောင်းလဲရေးသမားကြီး

အဖြစ် လည်း ဖော်ပြ ပြောဆိုတတ်ကြသည် ။ တခြားသော လူမှုပြုပြင် ပြောင်းလဲမှု

အလုပ်များအနက် အထူးသဖြင့် အိန္ဒိယပြည်တွင် အရိုးစွဲနေသော ဇာတ်စနစ်ကို ဗုဒ္ဓက

ရှုတ်ချ ပြစ်တင်တော်မူ သည် ။ လူ အချင်းချင်း တန်းတူညီမျှထားရေး

သဘောထားအမြင်ကို အသိအမှတ်ပြုတော်မူ သည် ။ လူမှု စီးပွား

တိုးတက်ကြီးပွားရေးကို ဆောင်ရွက်ရန်လည်း အရေးထား ဟောကြားတော်မူပါသည် ။

ဥစ္စာဓနများကို အညီအမျှ ဖြန့်ဝေ ခံစားရရေးကို အရေးတကြီးထားပြီး ဆင်းရဲ ချမ်းသာ

အလွန်အမင်း မကွာခြားရေးကိုလည်း ဟောကြား ဆုံးမ တော်မူပါသည် ။

အမျိုးသမီးများ၏ လူမှု ဘဝ အဆင့်အတန်းကိုလည်း မြှင့်တင်တော် မူပါသည် ။ အုပ်စိုးသူ

အစိုးရ၏ လုပ်ငန်းထဲတွင် လူသားချင်း စာနာသည့် လုပ်ငန်းတွေကိုလည်း ပူးတွဲ

လုပ်ဆောင်ရန် ထောက်ခံပြီး ပြညွှန်တော်မူသည် ။ နောက်ပြီး လူ့ အဖွဲ့အစည်းကို

အုပ်ချုပ်ရာတွင် လောဘ တဏှာ ဦးစီးပြီး မလုပ်ကြရန် မေတ္တာ ကရုဏာနှင့်

စာနာထောက်ထားစိတ် ဖြင့်သာ အုပ်ချုပ်ကြဖို့ကိုလည်း တိုက်တွန်း ဆုံးမတော်မူပါသည် ။

ထိုအရေးကိစ္စများထက် ပိုပြီး လူသားများအတွက် မြတ်စွာဘုရား ပြုခဲ့သည့်

အကျိုးပြု လုပ်ငန်းကြီး တစ်ခုရှိ၏ ။ ထိုအလုပ်မျိုးကို ဗုဒ္ဓ မတိုင်မီကလည်း ဘယ်သူမှ

လုပ်ရ ကောင်းမှန်း မသိသည့် ကိစ္စ ဖြစ်၏ ။ မြတ်ဗုဒ္ဓသည် လူသားတို့၏ စိတ်နှလုံးထဲတွင်

နက်နက် ရှိုင်းရှိုင်း အမြစ်စွဲနေသည့် မကောင်းမှု သဘောထားတွေကို ပြုပြင်

ပြောင်းလဲရေးကို ဖော်ဆောင်ခဲ့ပါသည် ။ ပြုပြင် ပြောင်းလဲရေးကို အပြင်ပန်း

ဗဟိဒ္ဓအားဖြင့် လုပ်တာက ရေတိုပဲ ရ၏ ။ တကယ်တမ်း ပြုပြင် ပြောင်းလဲရေး

လုပ်ချင်လျှင် စိတ်ပြောင်း တော်လှန်ရေးလုပ်မှ ဖြစ် ၏ ဆိုသည်ကို ထုတ်ဖော်

ဟောကြားတော် မူခဲ့ပါသည် ။

အင်အားကို အသုံးပြုပြီး လုပ်သည့် ပြုပြင် ပြောင်းလဲရေးသည် ခဏပဲခံမည်

ဖြစ်၏ ။ အဘယ်ကြောင့်ဆိုသော် ထို ပြုပြင် ပြောင်းလဲရာတွင် စွဲစရာ အမြစ် မပါပေ ။

အကိုင်းအခက်တွေက ဘေးပြင်ဘက်ကို ဖြာထွက်နေကြပါ၏ ။ ဘဝင်စိတ် ဆိုသည့်

မကုန်ခန်း နိုင်သည့် ရင်းမြစ်တွေဆီက အဆီဩဇာဓာတ်ကို ရနေလို့ ဖြစ်၏ ။

တကယ်တမ်း ပြုပြင် ပြောင်းလဲရေး ဖြစ်ဖို့ကတော့ ပြုပြင် ပြောင်းလဲ လိုသည့်စိတ်

အဆင်သင့် ဖြစ်နေမှသာလျှင် ဖြစ်နိုင်ပါသည် ။ လူတွေသည် မိမိကိုယ်တိုင်

အမှန်တရားကို ချစ်မြတ်နိုးမှု လူ အချင်းချင်း တရားမျှတစေလိုမှု ဆိုသည့်

တရားများဆီက ရှင်သန်အားကို ရရှိနေသရွေ့ ရပ်တည် ရှင်သန်နေကြမှာပဲ ဖြစ်သည် ။

မြတ်စွာဘုရား ဟောကြားတော်မူသည့် တရားသည် နိုင်ငံရေး ဒဿနကို

အခြေခံ ပြီး ဟောတာ မဟုတ်ပေ ။ နောက်ပြီး ထိုတရားများသည် လူတွေအတွက်

လောကီ စည်းစိမ် ချမ်းသာတွေ ရဖို့ကို အခြေခံ ဟောကြားတာလည်း မဟုတ်ချေ ။

နိဗ္ဗာန် မဂ်ဖိုလ်ကို ရည်သန်ပြီး ဟောကြားတာတွေချည်း ဖြစ်၏ ။ တစ်နည်းဆိုသော်

နောက်ဆုံးပိတ် ရည်မှန်းချက်ကတော့ တဏှာကိုသေအောင်သတ်ဖို့ပင် ဖြစ်သည် ။

တဏှာက လူသားများကို လောကထောင်ထဲတွင် ချုပ်နှောင် အကျဉ်းချထားတာ

ဖြစ်သည် ။ ဓမ္မပဒထဲတွင်ပါသည့် ပါဠိစာပိုဒ်တစ်ခုသည် ထိုအချက်ကို ပေါ်လွင်

ထင်ရှားစေပါသည် ။ လောကီချမ်းသာရကြောင်းက တစ်လမ်း ၊ ဘာသာရေး ဘဝကို

ထူထောင်ပြီး နိဗ္ဗာန်ရောက်ကြောင်း တရား တစ်လမ်း ဖြစ်၏ ။ သို့သော် လည်း

ထိုစကားသည် ဗုဒ္ဓဘာသာဝင်တွေ၏ နိုင်ငံရေးနှင့်ဘာမှ မပတ်သက်ကြဘူးဆိုသည့်

အနက်အဓိပ္ပာယ်မျိုးတော့ မသက်ရောက်ပေ ။ လူ့အဖွဲ့အစည်းထဲက လူတွေ၏ဘဝကို

တရားဥပဒေ စည်းမျဉ်း စည်းကမ်းများနှင့် ပုံဖော်ယူကြရတာ ဖြစ်၏ ။ စီးပွားရေး

အစီအမံတွေကိုလည်း နိုင်ငံတစ်နိုင်ငံ အတွင်းမှာပဲ လုပ်ခွင့်ရကြတာ ဖြစ်၏ ။

ထိုအရာတွေကို ဒီနိုင်ငံတွင်းက နိုင်ငံရေးက ဩဇာသက်ရောက်ပါသည် ။

မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာဝင်တွေ လည်း နိုင်ငံရေးတွင် ပါဝင်လိုကြသည် ။

သို့သော်လည်း နိုင်ငံရေး အာဏာရဖို့ ဘာသာရေးကိုတော့ ခုတုံး မလုပ်သင့်ချေ ။