မီးပျက်တဲ့ တည…

ကုိ ထြဋ္July 7, 20161min27416

Thief

-တမြန်နေ့က အိမ်ကို သူခိုးကပ်တယ်ဗျ… ကပ်မကပ်က ခြေရာလက်ရာပျက်တာ ကြည့်ရင် သိတာပေါ့…

-ပထမဆုံး စဝင်ကတည်းက သော့က ပုံစံပျက်နေပြီ…

-ဒုတိယ ကျွန်တော် ကျော်ကျော်သွားတဲ့ အိမ်ရှေ့ တည့်တည့်က ကြောင်ချေးပုံ ခြောက်ပုံ… သုတ်သုတ် သုတ်သုတ်နဲ့ အိမ်ထဲကို ဝင်လိုက်တော့ သတိမထားမိဘဲ နင်းမိထားတာ ဖြစ်မယ်… ကြောင်ချေးနင်းထားတဲ့ ဖိနပ်ရာ နဲ့ ၃ ၄ လှမ်း ထားတာ…

-ပြီးတော့ ဖိနပ်ကို ချွတ်ပြီး ခြေဗလာနဲ့ ဝင်သွားတာ ဖြစ်မယ်…အိမ်ရှေ့ က တီဗွီက အန်းတိတ်ကိုး ဘယ်မက်မလဲ…

-ပြီးတော့ အိမ်ရှေ့ နဲ့ နောက်ဖေး ဆက်ထားတဲ့ သစ်သားကြမ်းခင်းလေး ကျိုးနေတယ်… အဲဒါ မနင်းရမယ့်နေရာ ကျွန်တော်ပဲ သိတယ်… အဲနားလေးက နင်းလိုက်ရင် ပျော့လို့ ရှောင်ပြီး သွားသွားနေတာ ကြာပေါ့… ဟားဟား… ကြမ်းခင်းအောက်မှာလဲ ကြွက်တိုးထားတဲ့ အမှိုက်စတွေ ဒီကောင်နင်းမိမှာ မြင်ယောင်သေး… ထင်တဲ့ အတိုင်းပဲ ခြေဖဝါးရာနဲ့ အောက်က အမှိုက်စတွေ ကပ်ပါသွားပုံပဲ…

-မျက်နှာကြက်က ကြက်ခိုးနဲ့ ပင့်ကူအိမ်တွေလဲ တော်တော်ရှင်းသွားတယ်ဗျ…ကျေးဇူးဗျ… ခေါင်းငုံ့ ဝင်နေရတာ ကြာပြီ… ရှင်းရမှာ ပျင်းလို့ ထားထားတာလေ…အဟီး…ဒီတိုင်း မမြင်မစမ်းနဲ့ ဝင်ရင် အဲကွန်းအောက်ဒိုးက ရန်ဖြစ်ရလွန်းလို့ အိမ်ထဲ ထည့်ထားတဲ့ အထိုင် သံတန်းကိုလဲ ဝင်ဆောင့်ဦးမှာဗျ… သူက ဘေးတစောင်း ဝင်မှရတာ မသိဘဲကိုး…

-အဖေအခန်းလဲ မက်ပြီး ဝင်ဦးမယ် ထင်တယ်… ဝင်လဲ အဲဒီမသုံးဘဲထားတဲ့ ဖျာလိပ်ထုပ်လိုက်ကြီးက အထဲကနေ ခံနေတော့ တော်တော်ကို ကျပ်ကျပ်သိပ်သိပ် ဝင်မှ ရမှာ… တံခါးပိတ်လိုက်တာနဲ့ အဲ့ဖျာလိပ်ထုပ်က ပြန်ပြုတ်ကျပြီး အထဲကနေ တယောက်က နောက်ပြီး တွန်းသလို ဖြစ်ဖြစ်နေတာ… ဝင်တော့ ဝင်ခဲ့တယ်ဗျ…အဲသဟာလဲ သူဘယ်လို လုပ်ပေးထားတယ် မသိ ဖွင့်လိုက်ရင် ပြုတ်မကျတော့ဘူးဗျ… ရှဲ့ရှဲ့…

-မီးဖိုချောင်လဲ ဝင်မွှေခဲ့ပုံပဲ… ဒါပေမဲ့ စဝင်ကတည်းက တလွဲချည်းပဲ ဆိုတော့ သူလဲ သတိထားသွားပုံပဲ… နောက်ဖေးက ပထမအပုံကို မနင်းမိဘဲ အန်ထားတာကိုတော့ နင်းမိထားတယ်ဗျ.. ခြေဖဝါးရာကြီးက ထင်းနေတာပဲ…

-ပြီးတော့ အပေါ်ထပ်ကို တက်သွားသေးတယ်… ခုနက ကြောင်စာအန်ဖတ်က အနီအစိလေးနဲ့ ခြေရာ လှေကားမှာ တွေ့တယ်… သော့လဲ ကြိုးကြိုးစားစားဖွင့်လိုက်ပုံပဲ သော့တုလေး တဝက်ကျိုးစက သော့ခလောက်ထဲမှာ… နောက်တော့ ပွင့်သွားပါတယ်… နဂိုတည်းက အဲသော့က အဟန့်အနေနဲ့ထားတာလေ… သော့တံမလိုဘူး အောက်ကို ဆွဲချလိုက်ရင် ပွင့်နေပြီ… ဟားဟား သူခံလိုက်ရပြီလေ…

-ပွင့်လို့ ပျော်ပြီး မဝင်လိုက်နဲ့ ကြောင်တွေ အပေါ်တက်မှာစိုးလို့ တံခါးအောက်မှာ လွတ်တဲ့ နေရာကို သစ်တုံးနဲ့ ခံထားတာ… ခလုတ်က တိုက်ဦးမှာ… ဒါပေမဲ့ အဲဒါတော့ မသေချာဘူးဗျ… အပေါ်တံခါးနဲ့ သစ်တုံးက ပုံပျက်တာပဲ တွေ့ရတယ်… တိုက်မတိုက်က မှန်းမရဘူး… လက်ရာပျက်တာပဲ သိရတယ်…

-အပေါ်မှာလဲ သူစိတ်ညစ်မှာပဲ… အလှူ လုပ်တုန်းက အောက်ထပ်မှာ ရှုပ်မှာစိုးလို့ ကုလားထိုင်တွေ အပေါ်တင်ထားတာ လမ်းလျှောက်စရာ နေရာတောင် မရှိဘူး… မင်္ဂလာဆောင် လက်ဖွဲ့တွေကလဲ မိုးကြီးတုန်းက မိုးပက်ပြီး ပါကင်ပုံစံကောင်းတာ တခုမှ မရှိတော့ဘူး…

-ကျွန်တော့်အခန်းတော့ ဝင်ခဲ့တာ သေချာတယ်… မီးကြိုးမလောက်လို့ အိပ်စတန်းရှင်းဆွဲထားတဲ့ ကြိုးက ပလပ်ပြုတ်နေတယ်… ဝင်ဝင်ချင်းဘယ်ဘက်မှာ ထားထားတဲ့ ကျွန်တော့ အဝတ်ဟောင်းပုံ ပြုတ်ကျနေတယ်… အဲကွန်းမလာလို့ ပန်ကာ သွယ်ထားပြီး ပလပ်မဖြုတ်ဘဲထားလို့ ပန်ကာကြိုးလဲ ဝင်တိုက်ခဲ့ပုံပဲ ပန်ကာလဲပြုတ်ကျနေတယ်… နည်းနည်းတော့ ပိန်သွားတယ်…

-ငိုးမ သူခိုး… ယီးပဲ… ငါ့ပစ္စည်းတွေ ဖျက်ဆီးသွားတယ်…






– အဲအချိန်မှာပဲ!!!!!
-ယောကျာင်္း … ယောကျာင်္း…. ရှင်ဘာတွေ ယောင်နေတာလဲ!!!!
-အင်းးးးးး !!!!!
-ဘေးကို ကြည့်လိုက်တော့ မိန်းမက ကလေးကို ယပ်ခတ်ပေးနေတယ်…
-အော်… တော်သေး… အိမ်မက်ပဲ…
-ညဘက်ကြီး မီးပျက်လို့ ပူပြီး ကယောင်ကတန်းမက်ပြီး ထယောင်နေတာပဲ…. 🙂

-ps; တကယ်တော့ အိမ်မက်ထဲက သူခိုးက ညံ့တာ.. လှေကားအောက်က အမေ ရှူ းရှူ းပေါက်နေကျ သေးအိုးထဲမှာ ရွှေတွေ အပြည့်ဆိုတာ မသိလိုက်ဘူး… သူလဲ ဝင်ချင်မှာ ဟုတ်ဘူးလေ… အဲနားမှာ ခြတောင်ပို့ကလဲ ရှိနေတော့ ဘယ်သူထင်မှာလဲရို့… ဒါက ရတနာအိုးဆိုတာကို…. 🙂

 

 

ရေမြေ့သနင်း

16 comments

  • Thint Aye Yeik

    July 7, 2016 at 12:46 pm

    ကျနော်တော့… ဘယ်နေရာ ဘာရှိတယ်ဆိုတာ သိသွားပြီ…
    အိမ်လိပ်စာလေး တဆိတ်လောက် ပြောပါအုန်း။
    ကျနော့် တပည့်ကို လွှတ်လိုက်မယ်..

    :k:

    • Yae Myae Tha Ninn

      July 8, 2016 at 8:59 am

      အိမ်ကို ဆက်ဆက် ရောက်ဖူးပါတယ်… အဟဲ… 🙂

    • Yae Myae Tha Ninn

      July 8, 2016 at 9:01 am

      ခိခိ.. ကျေးဇူး.. မွန်မွန်… 🙂

  • မမချွိ

    July 8, 2016 at 2:20 pm

    ရေးတတ်လိုက်တာ။
    ဟေးဟေးဟေးးး
    ဖတ်ပြီး ရီလိုက်ရတာ။
    သူခိုးသနားပါတယ်။

    :k:

    • Yae Myae Tha Ninn

      July 9, 2016 at 12:50 pm

      ကျေးကျေးပါ… မမချွိ… လာအားပေးလို့… အိမ်မက်ထဲက သူခိုးပါဗျာ… 🙂

    • Yae Myae Tha Ninn

      July 9, 2016 at 12:51 pm

      သူကံမဆိုးရင် အနော်ဆိုးမှာလေ… ဦးမိုက်ရဲ့… 🙂

    • Yae Myae Tha Ninn

      July 9, 2016 at 12:54 pm

      အစီအစဉ်ထဲမှာ စားဖို့လူလိုရင် ခေါ်နော်… ဟေးဟေး…ဒါမျိုးတော့ ကျွမ်းတယ်… ဘကြီးအောင်ရေ… 🙂

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    July 8, 2016 at 4:27 pm

    ဒီတစ်ခေါက်မဟုတ် နောက်တစ်ခေါက်ပေါ့ကွာ
    ခုနေရာသိအောင် ကွင်းဆင်းတာ :))

  • Yae Myae Tha Ninn

    July 9, 2016 at 12:57 pm

    လာသာလာခဲ့ပါဗျာ… ကြောင်ကလဲ မရိုးစေရဘူး.. တနေ့တနေရာ ပါတာ… အန်တာရောပဲ… လူကလဲ စည်းကမ်းရှိပြီး ပစ်စလတ်ခတ်ထားတတ်တာလဲ… ဟီး… နောက်တခေါက်ဆို နောက်တမျိုး ပုံစံ ပြောင်းနေပြီ… ဟီးဟီး…

  • မြစပဲရိုး

    July 9, 2016 at 3:46 pm

    Post of the Day! :-)))))

  • Yae Myae Tha Ninn

    July 11, 2016 at 8:55 am

    ကျေးဇူးပါ… အရီး… ဟဲ… တကယ်အဖြစ်အပျက် နဲ့ စိတ်ကူး ပေါင်းထားတာ… 🙂

  • Ma Ei

    July 12, 2016 at 2:03 pm

    ကြောင်စာအန်ဖတ်က အနီအစိလေးနဲ့တဲ့ အတိကျဘဲ
    အိမ်မှာ မီးဖိုထဲ ပွနေလို့ မနက်ကဘဲ ကျုံးခဲ့ရသေး
    ကြောင်အန်ရင် အကြံအောင်တယ်ဆိုလို့ လေ
    အဲ့ဒါနဲ့ တစ်ခုခုကြံစည်လိုက်တယ်…. ပြောပြဝူး

  • Yae Myae Tha Ninn

    July 14, 2016 at 12:10 pm

    ဒါပေမဲ့ သိလိုက်ပါပြီ… 😛

Leave a Reply