တောင်ရောက် မြောက်ရောက် ( ၅ )

တောင်ရောက် မြောက်ရောက်သွားလိုက်တာမှ ပြီးခဲ ့တဲ ့ နွေတုန်းက
ထို ့ကော်ကိုး ဆိုတဲ ့ရွာကို ၂ ကြိမ် ရောက်ဖြစ်တယ်။
တစ်ကြိမ်က ကျုံဒိုးမီးပုံပွဲကိုသွားရင်းရောက်ခဲ ့တာ။

ထို ့ကော်ကိုးရွာက ကရင်ပြည်နယ် ကျုံဒိုးမြို ့ကနေတဆင် ့ မြောက်ဖက်ကို တစ်နာရီလောက်
မောင်းသွားရတဲ ့ခရီးမှာရှိတဲ ့ရွာပါ။ ကော ့ကရိတ်မြို ့နယ်ထဲမှာရှိပြီး ထို ့ကော်ကိုးရွာကနေ
နောက်ထပ် မိုင်ဝက်လောက်ဆက်သွားရင်
ဗိုလ်ချုပ်ထိန်မောင်တို ့ ကရင်ငြိမ်းချမ်းရေးကောင်စီအဖွဲ ့နေတဲ ့ Nawtaya ကို ရောက်ပါတယ်။
ဒီနေရာဟာ ခရီးလမ်းအဆုံးပါ။ ဆက်သွားမယ်ဆိုရင်တော ့ သစ်ထုတ်လုပ်ရေးကားလမ်းများသာ
ရှိပါတော ့တယ်။ ကျုံဒိုးမြို ့ကနေ ထို ့ကော်ကိုးရွာအထိ ကတ္တရာလမ်းခင်းထားပါတယ်။

ဒီဒေသဟာ ကားလမ်းခရီးအဆုံးမို ့ ဒေသခံတွေကလွဲရင် ပြင်ပလူတွေ တော်ရုံနဲ ့ ရောက်ခဲလှတဲ ့
နေရာတစ်ခုပါ။
သို ့ပေမယ် ့လည်း ဒီဒေသဟာ ကရင်တွေရဲ ့ အမျိုးသားရေးသမိုင်းမှာ ထင်ရှားခဲ ့တာရယ်
နောက်ပြီး တော်ရုံနဲ ့ ရောက်နိုင်ခဲတဲ ့အရပ်မို ့
ဒီဒေသကိုသွားရင်း ရိုက်ထားခဲ ့တဲ ့ပုံတွေကို တင်လိုက်ပါတယ်။
ကရင်အမျိုးသားခေါင်းဆောင်ကြီး စောဘဦးကြီးဟာ 12/8/1950 မှာ ဒီထို ့ကော်ကိုးရွာနားမှာ
ကျဆုံးခဲ ့ပါတယ်။

စေတီနဲ ့မုခ်ဦး
စေတီနဲ ့မုခ်ဦး

ကျုံဒိုးမီးပုံပွဲက မီးရောင်နဲ ့မြင်ရတဲ ့ စေတီ မုခ်ဦးနဲ ့ ကောင်းကင်ကလ။
ရိုက်ကူးချိန် မနက် ၄ နာရီဝန်းကျင်ခန် ့။

စောဘဦးကြီး ကျဆုံးခဲ ့တဲ ့တောအုပ်
စောဘဦးကြီး ကျဆုံးခဲ ့တောအုပ်

ဒေသခံရဲ ့အဆိုအရ ဒီတောအုပ်မှာ စောဘဦးကြီး ကျဆုံးခဲ ့တယ်လို ့ဆိုပါတယ်။
အနောက်ဖက်က မြင်ရတဲ ့တောင်ရဲ ့ခြေရင်းမှာ ကရင်ခေါင်းဆောင်ကြီးများရဲ ့ အမှတ်တရ
အုတ်ဂူများ ရှိပါတယ်။

ကရင်အမျိုးသားခေါင်းဆောင်ကြီးများရဲ  ့ အမှတ်တရအုတ်ဂူများ
ကရင်အမျိုးသားခေါင်းဆောင်ကြီးများရဲ ့ အမှတ်တရအုတ်ဂူများ

တောင်ခြေရင်းမှာ တည်ထားတာပါ။

စောဘဦးကြီးအမှတ်တရ အုတ်ဂူ
စောဘဦးကြီးအမှတ်တရ အုတ်ဂူ

အဖြစ်အပျက်သမိုင်းကြောင်းကိုတော ့ တောတွင်းပျော်လည်း ဂဃနဏမသိတော ့ မရေးတော ့ပါဘူး။ တည်ရှိနေတဲ ့ အကြောင်းလောက်သာ ပုံတင်ပေးတာပါ။

အမှတ်တရကျောက်တိုင်
အမှတ်တရကျောက်တိုင်

ဒီကျောက်တိုင်က အမှတ်တရအုတ်ဂူများနဲ ့ မနီးမဝေးမှာ စိုက်ထားပါတယ်။

ဗမာ ့ခေတ်သတင်းစာ
ဗမာ ့ခေတ်သတင်းစာ

စောဘဦးကြီး ကျဆုံးချိန်က သတင်းစာပါ သတင်း

တောတွင်းပျော်

17 comments

  • Thint Aye Yeik

    July 8, 2016 at 8:12 am

    .တော်တာ် ခရီးသွားနိုင်တဲ့လူကြီး
    အဲ့ဘက်က တောင်တွေ တောတွေကြား ကွေ့ပတ်သွားရတာမို့ ခရီးကြမ်းလို့ ဆိုချင်
    ခရီးကြမ်းကို တရစပ်သွားနိုင်သူကိုလည်း လူကြမ်းကြီးလို့ ဆိုချင်

    ပုံ/ဖွေးဖွေးရဲ့ ချစ်သူ လူချောလေး
    :k:

    • တောတွင်းပျော်

      July 8, 2016 at 8:37 pm

      အကြောင်းစုံတော ့ သွားရတာပေါ ့ဗျာ။
      ပုံ/ဖွေးဖွေးရဲ ့ တဖက်သတ်အသဲစွဲခံရနေရှာတဲ ့ တောတွင်းပျော် 🙁

  • မမချွိ

    July 8, 2016 at 12:32 pm

    မြင်ရခဲတဲ့ မြင်ကွင်းတွေ အတွက် ကျေးဇူးပါ ခေး တော။

    :k:

    • တောတွင်းပျော်

      July 8, 2016 at 8:41 pm

      ဝင်ရောက်အားပေးကြည် ့သွားတဲ ့ အတွက် ကျေးဇူးပါ
      မွီးမွီးချွိ ..
      :k:

    • တောတွင်းပျော်

      July 8, 2016 at 8:42 pm

      သွားပါများ ခရီးရောက်ပေါ ့လေ ကိုမိုးသူ

  • မြစပဲရိုး

    July 9, 2016 at 4:07 pm

    စောဘဦးကြီး ဆိုတာ အခုမှ ကြားဖူး တာ။
    ကိုယ်မသိတာ တွေ တကယ်တော့အများကြီး။ ကျေးဇူးနော်။

    • တောတွင်းပျော်

      July 9, 2016 at 8:14 pm

      စောဘဦးကြီးက ကရင်တွေရဲ ့ အမျိုးသားရေး ခေါင်းဆောင်ကြီးပါ အရီး

    • kai

      July 16, 2016 at 2:22 pm

      စောဘဦးကြီးအကြောင်း.. ငယ်ငယ်က.. တော်လှန်ရေးကောင်စီဝင်.. ဦးမန်းသာမြိုင်ပြောလို့ကြားဖူးတယ်..။
      အခုပြန်မွှေတော့ အောက်ကစာတွေတွေ့တယ်..။ မှတ်တမ်းထားခဲ့ကြောင်း..။

      ဥက္ကဌစောဘဦးကြီးသည် ၁၉၅ဝ ခုနှစ် ဇူလိုင်လ (၁၇)နေ့မှ (၁၉)ရက်နေ့အထိ ဖါပွန်မြို့တွင် ကျင်းပသော အမျိုးသားညီလာခံကို ဦးဆောင် ကျင်းပခဲ့သည်။ ထိုညီလာခံအပြီးတွင် သူ၏ ကျော်ကြားသော ဘဦးကြီးမူ (၄) ချက်ကို တရားဝင်ရေးသားပြီး ၎င်းအချိန် မော်ချီးတွင် ရှိသည့် ကော်သူးလေ အသံလွှင့်ဌာနတွင် ကြေငြာလေ သည်။

      ၎င်း၏ မူ (၄)ချက်မှာ…….
      ၁။ လက်နက်ချစကားအလျဉ်းမပြောရ
      ၂။ ကရင့်လက်နက်ကရင့်လက်ထဲတွင်ရှိရမည်
      ၃။ ကရင့်ကံကြမ္မာကရင်ဖန်တီးမည်
      ၄။ ကရင်ပြည်ကိုအသိအမှတ်ပြုခြင်းပြီးပြည့်စုံစေရမည်
      ၎င်းကျော်ကြားသော မူ (၄)ချက်ကို ကြေငြာပြီးသည့်နောက် အရေးကြီးကိစ္စအတွက် ကော့ကရိတ်ဘက်ဆင်း သွားသည်။ မိုးသည်ထန်စွာ ရွာသွန်း၍ ချောင်းရေများလည်းကြီးသည့် အချိန်ဖြစ်သည်။ တာဝန်ကို လေးစားခြင်း၊ မိမိအမျိုးသားများကို လုံးဝယုံကြည်ခြင်းများကြောင့် တပ်စိတ်တစိတ်နှင့် မိုးထဲရေထဲ ခရီးဆက်ခဲ့သည်။
      ထိုအခါ နဘူးမြို့နယ်တဝိုက် အထူးသဖြင့် ထိုကော့ကိုးနှင့် အနီးအနားတွင် တာဝန်ကျသော ကရင်တပ်မှ တပ်ခွဲ မှူးတဦးသည် တော်လှန်ရေးလုပ်သည်မဟုတ်ဘဲ တော်လှန်ရေးဆန့်ကျင်ရေး၊ လူထုဆန့်ကျင်ရေးများစွာ လုပ် သည်။ အနီးအနားကျေးရွာများလည်း ငုံ့ခံကြလေသည်။ ထီးစွမ်းရွာသား မောင်အဲသည် ဥက္ကဌစောဘဦးကြီး ထို ကော့ကိုးကျေးရွာသို့ ရောက်သွားသော် ကောင်းစွာကြိုဆိုသယောင်နှင့် သတင်းများကို တိကျစွာယူပြီး နဘူးမြို့ရှိ ရန်သူတပ်ကို သွားရောက်သတင်းပေးရာ ရန်သူလည်းညအချိန်တွင် မိုးထဲရေထဲ အတင်းချီတက်၍ ဥက္ကဌစောဘ ဦးကြီးနေသည့် တဲကို ဝိုင်းထားလျှက် နံနက်ဝေလီဝေလင်းအချိန်တွင် အတင်းတိုက်ခိုက်လေတော့သည်။ ဥက္ကဌ စောဘဦးကြီးသည် အင်အားနည်းသော်လည်း အညံ့မခံဘဲ ပြန်လှန်ခုခံတိုက်ခိုက်ရင်း ဂုဏ်ပြောင်စွာ အသက် ပေးလှူရသွားလေသည်။

      • မြစပဲရိုး

        July 16, 2016 at 5:25 pm

        Thanks. :-)))

      • တောတွင်းပျော်

        July 16, 2016 at 8:11 pm

        ရန်သူကို သတင်းပေးက
        အောင်ထွန်း နဲ ့ မောင်အဲ ့။
        နေရာမှာတင် ဗိုလ်ချုပ် စိုင်းကေကျသွားတယ်။
        စောဘဦးကြီးက ဒဏ်ရာ်အပြင်းအထန်နဲ ့ ဒရွတ်တိုက်ဆွဲခေါ်
        အနှိပ်စက်ခံရပြီး ရေငတ်နေတာ
        ရန်သူကတိုက်တဲ ့ရေကို ငြင်းဆန်ပြီး အသက်ထွက်သွားတယ်လို ့
        ပြောတယ်။

  • ကပ္ပိယ သာဒင်​

    July 13, 2016 at 12:59 pm

    စောဘဦးကြီးဆိုတာ
    အမေ့ခံလူသား တယောက်ပါ
    အခုတော့မေ့နေကြရောပေါ့

    • တောတွင်းပျော်

      July 16, 2016 at 12:30 pm

      အင်းစိန်တိုက်ပွဲ မတိုင်ခင်မှာ
      သူ ့ကြောင် ့ ဝါဒကွဲစရာတွေဖြစ်ခဲ ့ရတယ်လို ့
      ရှေ ့မှီနောက်မှီ တစ်ယောက်ပြောတာ လက်ဆင် ့ကမ်းကြားခဲ ့ရဘူးတယ်။
      သူပြောလိုက်တဲ ့ စကားကို မှတ်တမ်းတွေထဲ ရေးထားတာတော ့ မတွေ ့မိသေးဘူး

  • ဦးကျောက်ခဲ

    July 13, 2016 at 4:35 pm

    စောဘဦးကြီးကို ပစ်သတ်လိုက်တာတော့ ဗိုလ်စိန်လွင် (မ.ဆ.လ) နဲ့ သူ့ရဲ့ တပ်ခွဲပဲ…
    စကားမစပ် ဗိုလ်လင်းထင်ရဲ့ အုတ်ဂူ အဲသည့်မှာရှိလားဗျ…
    KNU ဗိုလ်ချုပ်မြရဲ့ သဲထိတ်ရင်ဖို ဘောသရော ဝထ္ထုတိုမှာ ဖော်ပြမထားလို့…

    • တောတွင်းပျော်

      July 16, 2016 at 12:52 pm

      ကရင်ဖက်ကထုတ်တဲ ့ နိုင်ငံသစ်သုတေသန စာစောင်အမှတ် ၅
      ထား လင်္ကာနံပါတ် ၁၅ မှာရေးထားတာက
      သူ ့အလောင်းကို ကော ့ကရိတ်ဂတ်ရှေ ့မှာ လူအများကြည် ့ဖို ့ထား
      နောက်တော ့
      ကျိုက္ခမီ ထီးစိုဝမှာ မြုပ်ခွင် ့မပေးတော ့
      ပင်လယ်ရေနက်ပိုင်းမှာ ပစ်ချခဲ ့တယ်လို ့ ရေးထားတယ်။
      ဘယ်တပ်ဖွဲ ့ကလည်းဆိုတာတော ့ မပါဘူး။

      ထို ့ကော်ကိုးက ကရင်ခေါင်းဆောင်တွေရဲ ့အမှတ်တရ အုတ်ဂူတွေလောက်ပါ။ ရ လုံးရှိတယ်။
      ဗိုလ်လင်းထင် မပါဘူး။ ဗိုလ်လင်းထင်က သထုံနဲ ့ ကျိုက်ထိုကြား ရထားလမ်းဘေးမှာ အသတ်ခံရတယ်။ ဗိုလ်လင်းထင်ရဲ ့ အမျိုးသမီးနာမည်က ဗိုလ်နော်ကားရီး။
      လွန်ခဲ ့တဲ ့ ၂နှစ်လောက်က သူ ့မြေးမ ကျနော်တို ့ဖက်ကိုလာပြီး
      လီချောဝဲ ့ ( မြိုင်ကြီးငူစာ ) စာ လာသင်ပေးသွားသေးတယ်။
      လီချောဝဲ ့ စာက တရုတ်စာလိုလို ကိုးရီယားစာလိုလို ပုံစံမျိုး။

      • kai

        July 16, 2016 at 2:13 pm

        ကေအဲန်ယူ တပ်မဟာ(၅)က ဗိုလ်မှူးလင်းထင်ဇနီးတယောက်ဖြစ်တဲ့..မယ်ဗမာ.. နော်လီဇာဘင်ဆင်က.. အယ်လ်အေမှာ ဦးနှောက်ကင်ဆာနဲ့… ၂၀၁ဝက…ဆုံးတယ်..။
        ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့အမှတ်တရပွဲလာတက်တုံး.. စကားလည်းပြော.. ဓာတ်ပုံလည်းရိုက်ဖူးရဲ့..။
        အင်တာမဗျူးဖြစ်လိုက်တာ..နောင်တရမိရဲ့..။

  • ဦးကြောင်ကြီး

    July 17, 2016 at 1:39 am

    ရွာထဲမယ် ပက်ကညော သဘုံမတွေ မြှားက ျီး… ဆွဲတီးချဉ်တာ လွန်ရော…

Leave a Reply