“ဘဝ ခရီးသွား “
“ဘဝခရီးသွား”
လှေလေးတစ်စီးနဲ့
ခရီးအသွားမှာ
တခဏအတွက်
နေရာ
ရ သူရ
မရသူ မရ
ထသူ ထ
ထိုင်သူ ထိုင်
ရပ်သူ ရပ်
စောင့်သူ စောင့်
အလှည့်နီးသူ နီး
အလှည့်ဝေးသူ ဝေး
ငေးသူ ငေး
မျှော်သူ မျှော်
တစ်ချိန်တော့
လိုရာရောက်မယ်ဆိုတဲ့
မျှော်လင့်ချက်
ကိုယ်စီ နဲ့ပေါ့။
လူ့ဘဝ ဆိုတာ
မရေရာခြင်းတွေကို
ယုံစား
အချိန်များကို
အရင်းအနှီးလုပ်
မသေချာတဲ့
မရေရာခြင်းတွေကို
လောင်းကြေးထပ်
ရပ်တန့်မရနိုင်တဲ့
အိပ်မက်တွေကို
အဖော်ပြုရင်း
တစထက် တစ
လုံးပါး ပါး
အစားထိုးမရတဲ့
နုပျိုခြင်းတွေကို
မသိမသာ
ချန်ထား
အဆုံးသတ်မှာ
ဘာမှမကျန်
ဗလာချန်ထားခဲ့ရတာလေ။
ဟုတ်တယ်ဟုတ်။
ကိုပေါက်လက်ဆောင် အတွေးစဉ်
၇၇၁၆
ကောင်မလေးတွေကို ရိုက်ထားတာလား
Was this answer helpful?
LikeDislikeကျွန်မ အဒေါ်ဝမ်းကွဲ တစ်ယောတ် အဲဒီလို လှေ အတက် မှာ ချော်ကျပြီး ရေတိမ်နစ် သွားခဲ့တာ။
Was this answer helpful?
LikeDislikeဒီရေကတော့သိပ်မနက်ဘူး
ဒါပေမယ့် ရေတစ်ပေလောက်နဲ့
သေသွားတာကြားဘူးတယ်
ကိုလတ်ကြီး
Was this answer helpful?
LikeDislikeအဲဒါ စွန်ရဲအင်းလား…လေးပေါက်။
အင်းလေး ကန်လိုမျိုး… ဘေးပတ်လည်မှာ တောင်တန်းကြီးတွေ ရှိနေတာပဲလား။
Was this answer helpful?
LikeDislikeစွန်ရဲအင်းပါ
Was this answer helpful?
LikeDislikeဓါတ်ပုံထဲမှာ မိန်းမတစ်ယောက်ပုံကကုန်းကွကွနဲ့ ရယ်ရတယ်နော် ဟဟ
Was this answer helpful?
LikeDislikeအဲ့လို အထိုင်မကျသေးတာလဲ ဘ၀ ဘဲ
Was this answer helpful?
LikeDislike