ပုံမှန်စီးပွားရေး မကောင်း ဝင်ငွေမရှိရင်
တမျိုးသားလုံး မပြောနဲ့
ကိုယ့်ဆွေမျိုးတစ်ခုထဲတောင်
စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး

ကျနော်တို့ လူမျိုး
ရွှေလင်ဗန်းနဲ့ အချင်းဆေး
သခင်သွေးချည်ပဲလည်း မဟုတ်ပါဘူး

အရွယ်ရောက်လာတဲ့
သမီးနဲ့သား
ခင်ဗျား တသက်လုံး ချုပ်ချယ်ထားဖို့လဲ
မဖြစ်နိုင်ပါဘူး

မျိုးရိုးနဲ့ပတ်သတ်လို့
စိတ် ဘဝင် လေမဟပ်နဲ့
လူဆိုးသူခိုး မုဒိမ်းမျိုလည်း
ဒို့အမျိုးထဲ မကင်းပါဘူးလို့

ဗုဒ္ဓဘာသာဝင်တိုင်း
သူတော်ကောင်းချည်း မဟုတ်ဘူး
ဗုဒ္ဓဘာသာမဝင်လို့
လူဆိုးချည်းလဲ မဟုတ်ပြန်ဘူး
ပါတီအဖွဲ့စည်းထောင်
လူတွေကို ဘောင်ကန့်ထားယုံနဲ့
ကိုင်းရှိုင်းမှုတွေ တိုးမလာပါဘူး
ထို့အတူ
ဘာသာအပြင်ဘက် ထွက်မသွားဘူးလို့လည်း
အာမ မခံနိုင်ပါဘူး
သေချာတာက
ဗုဒ္ဓပြောတဲ့ နိဗ္ဗာန်​ ကို
ကုတ်ဆွဲပြီး ပို့လို့မရဘူး
ပါတီပွဲစား မပြောနဲ့
ဗုဒ္ဓတောင် ဒေဝဒတ်လို အမျိုးကို
ငရဲက ကယ်မထုတ်နိုင်ခဲ့ဘူး

ကမ္ဘာအဆက်ဆက်
သာသနာ မပျက်ဘူးလို့ ထင်မနေနဲ့
အချိန်ရောက်တဲ့အခါ သာသနာ ကွယ်ပျောက်မတဲ့
မမြဲမဲ့ သာသနာ
တည်နေဆဲ အချိန်လေးမှာ
ရန်လိုမုန်းထား
ပုတ်ခတ်စော်ကား နေယုံနဲ့
သာသနာ အဓွန့်မရှည်နိုင်ပါဘူး
တိုင်းပြည် မငြိမ်းချမ်း
ဆူပုသောင်းကြမ်းနေလျင်လည်း
သာသနာ ဂုဏ်ရောင်
တောက်ပ မလာနိုင်ပါဘူး

သေချာတာက
အမျိုးဘာသာ သာသနာကို
တကယ်ချစ်သူတိုင်း
ပြည်သူတင်တဲ့ အစိုးရကို
ကန့်လန့် မတိုက်ကြဘူး

ဒါကြောင့်
ဝန်ကြီးချုပ်ဘက်မှာ နေ၍
အမျိုးဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်မည် ဖြစ်ပါကြောင်း…။

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး