ဘာလား ဘယ်လား

ဂ်စ္စူJuly 8, 20161min2266

ပုံမှန်စီးပွားရေး မကောင်း ဝင်ငွေမရှိရင်
တမျိုးသားလုံး မပြောနဲ့
ကိုယ့်ဆွေမျိုးတစ်ခုထဲတောင်
စောင့်ရှောက်ဖို့ မဖြစ်နိုင်ဘူး

ကျနော်တို့ လူမျိုး
ရွှေလင်ဗန်းနဲ့ အချင်းဆေး
သခင်သွေးချည်ပဲလည်း မဟုတ်ပါဘူး

အရွယ်ရောက်လာတဲ့
သမီးနဲ့သား
ခင်ဗျား တသက်လုံး ချုပ်ချယ်ထားဖို့လဲ
မဖြစ်နိုင်ပါဘူး

မျိုးရိုးနဲ့ပတ်သတ်လို့
စိတ် ဘဝင် လေမဟပ်နဲ့
လူဆိုးသူခိုး မုဒိမ်းမျိုလည်း
ဒို့အမျိုးထဲ မကင်းပါဘူးလို့

ဗုဒ္ဓဘာသာဝင်တိုင်း
သူတော်ကောင်းချည်း မဟုတ်ဘူး
ဗုဒ္ဓဘာသာမဝင်လို့
လူဆိုးချည်းလဲ မဟုတ်ပြန်ဘူး
ပါတီအဖွဲ့စည်းထောင်
လူတွေကို ဘောင်ကန့်ထားယုံနဲ့
ကိုင်းရှိုင်းမှုတွေ တိုးမလာပါဘူး
ထို့အတူ
ဘာသာအပြင်ဘက် ထွက်မသွားဘူးလို့လည်း
အာမ မခံနိုင်ပါဘူး
သေချာတာက
ဗုဒ္ဓပြောတဲ့ နိဗ္ဗာန်​ ကို
ကုတ်ဆွဲပြီး ပို့လို့မရဘူး
ပါတီပွဲစား မပြောနဲ့
ဗုဒ္ဓတောင် ဒေဝဒတ်လို အမျိုးကို
ငရဲက ကယ်မထုတ်နိုင်ခဲ့ဘူး

ကမ္ဘာအဆက်ဆက်
သာသနာ မပျက်ဘူးလို့ ထင်မနေနဲ့
အချိန်ရောက်တဲ့အခါ သာသနာ ကွယ်ပျောက်မတဲ့
မမြဲမဲ့ သာသနာ
တည်နေဆဲ အချိန်လေးမှာ
ရန်လိုမုန်းထား
ပုတ်ခတ်စော်ကား နေယုံနဲ့
သာသနာ အဓွန့်မရှည်နိုင်ပါဘူး
တိုင်းပြည် မငြိမ်းချမ်း
ဆူပုူသောင်းကြမ်းနေလျင်လည်း
သာသနာ ဂုဏ်ရောင်
တောက်ပ မလာနိုင်ပါဘူး

သေချာတာက
အမျိုးဘာသာ သာသနာကို
တကယ်ချစ်သူတိုင်း
ပြည်သူတင်တဲ့ အစိုးရကို
ကန့်လန့် မတိုက်ကြဘူး

ဒါကြောင့်
ဝန်ကြီးချုပ်ဘက်မှာ နေ၍
အမျိုးဘာသာ သာသနာကို
ကာကွယ်စောင့်ရှောက်မည် ဖြစ်ပါကြောင်း…။

6 comments

  • ဦးဦးပါလေရာ

    July 9, 2016 at 1:47 am

    အမျိုး… ဆိုတာ လူမျိုး ကို ဆိုလိုဟန်ရှိတယ်..
    မိမိလူမျိုးကိုစောင့်ရှောက်ချင်ရင် မိမိလူမျိုးတွေ လူနေမှု့အဆင့်အတန်း စိတ်ဓါတ်အဆင့်အတန်း ပညာအဆင့်အတန်း တိုးမြင့်အောင်လုပ်ရမယ်..။ အဲလိုလုပ်မှ အမျိုးကိုစောင့်ရှောက်ရာကျတယ်။
    အဲလိုလုပ်ဖို့အတွက် ပိုက်ဆံရှိရမယ်။ ပိုက်ဆံရအောင်အရင်ရှာရမယ်။ ကိုယ့်လူမျိုးထဲကပဲ လှည့်ပတ်အလှူခံနေလို့မဖြစ်..။

    ဘာသာ.. ဆိုတာ ဘာသာစကားကို ဆိုလိုဟန်ရှိတယ်..
    မိမိလူမျိုးရဲ့ဘာသာစကားကို စောင့်ရှောက်ချင်ရင် မိမိလူမျိုးတွေ ကိုယ့်ကိုယ်ကိုလဲလေးစားပြီး သူများကလဲ လေးစားအောင်လုပ်ဖို့လိုတယ်။

    သာသနာ.. ဆိုတာ ဒီနိုင်ငံက ဗုဒ္ဓသာသနာကို ဆိုလိုဟန်ရှိတယ်
    သာသနာကို စောင့်ရှောက်ချင်ရင်
    ကိုယ်ကိုယ်တိုင်က ဗုဒ္ဓအဆုံးအမအတိုင်း နေထိုင်ပြုမူပြောဆိုဖို့လိုတယ် ..

    အဲဒါ ..
    ကျုပ်ကိုယ်ကျုပ် ဆုံးမနေတာပါ…
    အမျိုးဘာသာသာသနာကို မမြှင့်တင်မစောင့်ရှောက်နိုင်ရင်တောင်
    ခုတုံးလုပ်ပြီး မြောင်းထဲမထည့်မိအောင်
    ကိုယ့်ကိုယ်ကို ဆုံးမနေခြင်းသာဖြစ်ကြောင်း…..

  • မြစပဲရိုး

    July 9, 2016 at 2:12 pm

    ကြည့်ရတာ ဒါမျိုးပွဲ ကို ဝင်ထောက်ခံ ရဲ တာ တော်ရုံ ပွကြီး တွေ တော့ မဟုတ်ဘူး။
    ဂုဏ်ယူကြရအောင် စိန်ပေါက်လေး။
    အရီး ကလဲ ဝန်ကြီးချုပ်ဘက်မှာပါ။
    (ငါတို့ သည် ကွီးဖြိုး များသာ) :-)))

    အဲဒီအကြောင်း ကို ဖွဘုတ် ထဲက ပရို မဘသ ကိုယ့်မောင် တစ်ယောက် နဲ့ စကားပြောနေတာ မို့ အခု လေးဘဲ အဲဒီမှာ နောက်ဆုံး မှတ်ချက် တင်လိုက်တာ ကို ဒီ မှာ ဆက်ပြီးတင်ပါတယ်။ 😉
    ++++++++++++++++++++++
    သိုးဆောင်းလိုဘဲ သိသူ တွေ ဆွေးနွေးပွဲ ထဲ မပါတာ မို့ ဒီ တစ်ခါတော့ မြန်မာလို ဘဲ အားပါးတရ ပြောပါရစေတော့။
    မဘသ တင် မက မဟန လဲ မရှိသင့်ဘူး ဆိုတာ အကွန့်အညွန့် လေးတွေ မပါဘဲ ဒဲ့ ပြောရင် ရိုင်း သလို ဖြစ်ပါတယ်။
    ဒီ အတွက် အကွန့် လေး တွေ နဲ့ ရှင်းပြချင်ပါတယ်။
    မဟန (မဟာနာယက အဖွဲ့) ဆိုတာ ရဲ့ ရည်ရွယ်ချက်ထဲ သံဃာ တွေ စည်းကမ်းလိုက်နာစေဖို့ စောင့်ကြပ်စေဖို့ ပါပါတယ် မဟုတ်လား။
    သင်္ကန်းဝတ် တွေ ကို သင်္ကန်းဝတ် က ဘဲ ထိန်းစေဖို့ ဖြစ်နိုင်မှာပါ။
    လူ့ဘောင် ကို စွန့်ပြီး ရဟန်းပြု တဲ့ အထဲ မှာ လူမျိုးစုံ က ရည်ရွယ်ချက်ပေါင်းစုံ နဲ့ ပါတာပါ။
    တကဲ့ ရည်ရွယ်ချက်မှန် တဲ့ ရဟန်း တွေ က အရှုပ်ထဲ မနေချင်လို့ လွတ်လမ်း ကို ရှာ ကာမှ အရှုပ်ဇာတ် တွေ ကို ရှင်းခိုင်းနေတာ တရားပါ့မလား။
    စည်းကမ်း နဲ့ လွတ် နေ တဲ့ သူများ ကို စွဲချက်တင် အပြစ်ချ ဖို့ ဆိုတာ ပိုဆိုးတော့ မှာပေါ့။
    ဒါမျိုး သာဓက တွေ ရှိခဲ့ပါတယ်။
    အရောင်စွန်း ရဟန်းတစ်ချို့ ကို ဝိနည်း နဲ့ မညီလို့ အပြစ်ချ ခဲ့ တာ အဲဒီ အပြစ်ချခံ ရဟန်း တွေ နဲ့ သူတို့ ကို ဆည်းကပ်သူ တွေ မဟန ကို အမြင်မကြည်လင် ဖြစ်နေခဲ့ဘူးတာပါ။
    အခုကတော့ အရင်အစိုးရဟောင်း တစ်ချို့ နောက်ခံပြုထား တဲ့ အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့ ကို စည်းကမ်းထိန်း မဟန ဆရာတော်များ ထိ မှ မထိ ရဲ ကြတော့ တရားမမျှ တော့ပါ။
    ဗုဒ္ဓဘာသာ ရဟန်း ဆိုတာ အမုန်းစွန်း စကား တွေ ရိုင်းပြတဲ့ အသုံးတွေ ရှောင်ရပါတယ်။
    အဲဒါ ကို မဘသ ကိုယ်တော်များ တစ်ချို့ ဖောက်ဖျက်ပါတယ်။
    ဒါ့အပြင် အက အခုန် အတီး အမှုတ် များ နဲ့ ပွဲခံ နေကြတာ ဟာလဲ ဝိနည်း နဲ့ ငြိပါတယ်။
    လူမှုကွန်ယက် တွေ ပေါ်မှာ ဝါဒဖြန့် စကားတွေ မက ဟေးလားဝါးလား အပျော်စကား တွေလဲ မပြောသင့်ပါဘူး။
    အဲဒါ တွေ ဟာ ဒီနေ့လို ခေတ်မှာ ပိုပြီး အဖြူ အမဲ ခွဲ ဖို့ လွယ်လာပါတယ်။
    ချုပ်ရရင် ဒီလို အပြစ်တွေ ကို ထင်ထင်ရှားရှား ကျူးလွန် နေတဲ့ သင်္ကန်းဝတ် တွေ ကို မဟန ဆရာတော်ကြီး များ မပြောချင် တနည်း မပြောဝံ့ ကြပါဘူးမဟုတ်လား။
    အမှန်တော့ တကဲ့ တရားမင်တဲ့ ဘုန်းကြီး တွေ ရှောင် ကြမှာ လဲ အသေအချာပါဘဲ။
    ဒီတော့ ဘာလို့ ဆရာတော်ကြီးများ ကို ဒီလို အဖွဲ့ဖွဲ့ပြီး ခေါင်းခံခိုင်းနေတော့ မှာလဲကွယ်။
    သာသနာ တိုးတက်ဖို့ အတွက် သံဃာ့တက္ကသိုလ် တွေ လိုမျိုး ရှိနေမှဘဲ။
    စည်းကမ်း အတွက် ကတော့ ပြစ်မှုကျူး ရင် သာသနာရေး ဝန်ကြီးဌာန ရှိထားတာဘဲ။
    စည်းကမ်းဖောက်ရင် ဘာသာမရွေး အပြစ်ပေး ရမှာပါဘဲ။
    ဝိနည်း မလွတ်ဘဲ (သို့) ကျမ်းစာ မှာမပါဘဲ (သို့) ကိုရန် မှာ မရှိဘဲ ရှိသယောင် ဟန်ဆောင်နေရင် ဆိုင်ရာ လူ ပုဂ္ဂိုလ်များ နဲ့ ဖွဲ့စည်းထား တဲ့ ဘာသာရေး အဖွဲ့ တွေ ရှိပါတယ်။
    အဲဒီ အဖွဲ့ တွေ က အရေးယူပေါ့။
    ဥပဒေ ကို ချိုးဖောက်ခဲ့ရင်တော့ ရဲ အမှု ပေါ့။
    ဘာလို့ များ ဒီလို လူမှုရေးရာ အရှုပ်ထုတ် တွေ ကို ဘုန်းကြီး တွေ ခေါင်းပေါ် ပုံနေတော့ မတုန်း။
    ဟိုး အရင် မဆလ အချိန်တုန်း က အမျိုး ဘုန်းကြီး ရန်ကုန်တိုင်းသံဃာ့ ဥက္ကဌ ရာထူး ရပြီး ကားတွေ၊ အခြွေအရံ တွေ နဲ့ အောက်ခြေလွတ် သွားတာ မြင်ပြီး ကထဲ က စိတ်ပျက်နေခဲ့ ဘူးတာပါ။
    အစိုးရ က ပေးတဲ့ ရာထူး နဲ့ မင်းဆရာ ဆိုပြီး ဇာတ်လမ်းတွေ ရှုပ်ကုန်တော့တာ။
    ဒါကြောင့် တစ်ချို့ ဆရာတော်ကြီးများ ဒါမျိုး အဖွဲ့အစည်း တွေ ကို ရှောင်ကြတာ လဲ မမှားပါ။
    အများစု ဟာ ကြိုးစားဆဲ ပုထုဇဉ် တွေ မဟုတ်လား။ လိုတာထက် ပို မြှောက်ရင် တစ်ချို့ စိတ်မခိုင်ကြဘူး။
    ဒါကြောင့် လူမှုရေးရာ တွေမှာ ဘီလူးစည်း၊ လူ့စည်း ခွဲရတာ လို့ ထင်တာပါဘဲ။
    ဒါကြောင့် လူ့အလုပ် ကို လူ တွေကဘဲ လုပ်ရမှာမို့ လူများ ကို စည်းကမ်းထိန်းသိမ်း ဖို့ ကြိုးစားနေတဲ့ ဘုန်းကြီးများ ဦးစီးနေ တဲ့ “မ ဘ သ” ကို ကန့်ကွက်ပါတယ်။
    မဘသ အဖွဲ့ ကို ဖြုတ်ရန် ထောက်ခံပါတယ်။
    မဟန ကတော့ ကိုယ့်အမြင်သာပါ။ ရှိခြင်း မရှိခြင်းကတော့ ဘုန်းတော်ကြီး များ ဆင်ခြင်ကြည့်ဖို့ တော့ လို မယ်ထင်ပါတယ်။

  • uncle gyi

    July 9, 2016 at 3:31 pm

    မဘသကစတင်ဖွဲ့စည်းကတည်းကမှားနေတာ
    သံဃာဆိုတာနားလည်သမှ ျ
    ဘုရားသာသနာကိုထိမ်းသိမ်းစောင့်ရှောက်သူ
    အခုကဟိုဟာလဲကန့်ကွက်ဆန်ဒပြ
    ဒီဟာလဲကန့်ကွက်ဆန်ဒပြ
    ဟိုမိန်းကလေးမုဒိန်းမှုလဲလိုက်လိုက်ရ
    ဒီနားဘေထိဆိုလဲပါလိုက်ရနဲ့
    ဒါတွေကလူအလုပ်တွေ
    သံဃာနဲ့နဲနဲမှမအပ်စပ်
    သံဃာကသံဃာအလုပ်မလုပ်လူအလုပ်လိုက်လုပ်နေ
    မဖြစ်သင့်ပြီ

  • မမချွိ

    July 12, 2016 at 4:19 pm

    ဂိုဏ်း တို့ ဘာတို့ နာမည်တတ်ကတည်းက မဟုတ်သေးဘူးး
    ဟီးဟီးး
    တောတွေဘာတွေများ ခို ကြမလားမသိ။
    အဟေးဟေးး

    :k:

  • Thint Aye Yeik

    July 12, 2016 at 9:07 pm

    ကျနော်လည်း ကွီးဖြိုးဘက်မှာ နေသည်။

    ပိုစ့်ကလည်း အမှန်တွေချည်း ဖြစ်သည်။

Leave a Reply