ဆဲဗင်းဒစ်ဂျစ်..

 

ပြော….   မပြောချင်တော့ဘူး…
ကျုပ်မို့လို့-
ပိုစ့်လေးတစ်ပုဒ် စိတ်ပါလက်ပါရေးမယ်ဆိုမှဖြင့်
ဟိုက သည်က အဖျက်အဆီးများက ….  တယ်ပေါ သကိုး…
ဒီကနေ့အထိ  ရေးပြီးမတင်ဖြစ်တဲ့ပိုစ့်က   တင်ဖြစ်တဲ့ပိုစ့်ထက်  နှစ်ဆတော့ အနည်းဆုံးရှိမယ်။
..
ဒီရွာ စဝင် ကတည်းက-
ခပ်အူအူတစ်ယောက်က လမ်းဘေးဈေးသည်ရှင်းမယ်ဆိုလို့
အကျိုးအကြောင်းအဆိုးအကောင်းလေး ရေးမယ်ကြံမိပါတယ်-
ရုတ်ရုတ်သဲသဲတွေလျှောက်လုပ်လို့  ကနဦးပိုစ့်လေး လျှောမွေး ဖြစ်သွားတယ်..
(လမ်းဘေးဈေးသည်ကတော့ ငါးဆလောက် တိုးသွားတယ်ထင်တာပဲ..)
..
အရင်တပတ်က ဘာသာရေးပိုစ့်လေးတွေ ရေးမယ်လုပ်တုန်းရှိသေး
ဇလုံသံတွေရော ပန်းကန်သံတွေရော….
ရှိစေတော့….  နောက်မှ ဆက်ရေးတော့မယ်..
အခုတော့ စိတ်တိုတိုနဲ့ တွေ့ကရာတစ်ခုကောက်ရေးဦးမှ….
……
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က
ကျုပ်တို့သူငယ်ချင်းသုံးယောက် လဘက်ရည်ဆိုင်တစ်ခုမှာဆုံကြတယ်..
ထုံးစံအတိုင်း.. စားဝတ်နေရေး..  စီးပွားရေး.. ပိုက်ပိုက်ရှာရေး….
သူပုန်လူထွက်ကလဲ ခိုလိုညည်း…
ဘိုုးတော်လူထွက်ကလဲ ငိုချင်းချ…
ဒါပေသိ.. ကျုပ်က တစ်ခွန်းတော့ ချပြတယ်..

“ ဟေ့ကောင်တွေ..
မင်းတို့ဘာပြောပြော.. ငါဘာပြောပြော..
အရေးကြီးတာက  ပိုက်ဆံကို သုံးလောက်အောင်ရှာရမှာပဲကွ..
အနည်းဆုံးတော့ တစ်လတစ်လ ဆဲဗင်းဒစ်ဂျစ်ပြည့်အောင် ရှာမှကိုရမှာ……”.  ဆိုပြီးတော့ပေါ့..

အဲသည်ကစလို့ ဆယ့်နှစ်နှစ်လောက်အတွင်း
ကျုပ်တို့ဘဝတွေမှာ လေမုန်တိုင်းတွေတိုက် မြေငလျှင်တွေလှုပ် မီးတောင်တွေကွဲ ..
ရုပ်ရှင်တွေထဲက ဒဆက်စတာတွေအတိုင်းပေါ့…
ဒီကြားထဲကပဲ  ဆဲဗင်းဒစ်ဂျစ်ကို ရောက်တဲ့အခါရောက်လိုက် မရောက်တဲ့အခါမရောက်လိုက်..

အခုတော့…  ကြာခဲ့ပြီ..
ပွဲတွေလဲ ပြီးသွားခဲ့ပြီ….
သူပုန်လူထွက်လဲ အစိုးရရဲ့ ကားမူဝါဒ ဆယ့်နှစ်ကြိမ်မြောက်ပြောင်းအပြီးမှာ ဒေဝါလီခံသွားပြီ..
ဘိုးတော်လူထွက်လဲ ဟိုဟာမကိုက်လို့ဖြုတ်လိုက် ဒီဟာမကိုက်လို့ဖြုတ်လိုက်နဲ့ နောက်ဆုံးတော့
အမှန်တကယ်ကိုက်တဲ့ခွေးတစ်ကောင်ကို အဖေါ်ပြုရင်း အိမ်မှာနားသွားပြီ..
ကျုပ်လဲ  .. လောဘသက္ကာယတွေ ခွာရင်း အိမ်မြဲမြဲစောင့်ပြီး ပါရမီဖြည့်ဖက်ကိုု ရာနှုံးပြည့် ပါရမီဖြည့်ခွင့်ပေးလိုက်ပါပြီ…
ကျုပ်တို့ ဝင်ငွေတွေဟာလဲ  ဆစ်ဒစ်ဂျစ်အလယ်နားဆီ ပလုံကနဲ  ဆင်းသက်သွားကြပါပြီ…။

တလောကတော့-
(အလုပ်မရှိလို့အားအားယားယား) လစဉ်ကုန်ကျစားရိတ်တွေမှတ်ရင်းတွက်ရင်းနဲ့ ပြည်ထဲရေးဝန်ကြီးကို
မျက်လုံးပြူး မျက်ဆံပြူး ပြောမိတယ်….

“  ဟေ့…  ဟေ့…  လစဉ်စားရိတ်တွေက  များလှချည့်လား..ကွာ…
ဒီအတိုင်းဆို ဘယ်လွယ်တော့မလဲ….
ငါတို့တော့  ဆင်ခြင်မှဖြစ်မယ်…. ကွ
အသုံးစားရိတ်ကို ဆဲဗင်းဒစ်ဂျစ် ထပ်မရောက်အောင် ထိန်းထားမှဖြစ်မယ်…”

မိုးကလေး အေးအေးမှာ
ရပ်ကွက်လဘက်ရည်ဆိုင်လေးရဲ့ ချောင်ကျကျစားပွဲမှာ
နှစ်ရာ့ငါးဆယ်တန်နက်စ်ပလိန်းလေးကို တစ်စိမ့်စိမ့်ကြည့်ရင်း..
အက်စ်ပရာဆိုကော်ဖီခွက်ပေါက်စလေးကို တမ်းတမ်းတတ လွမ်းနေမိသူ အဘိုးကြီးတစ်ယောက်သည်ကား…….

…………………………….

 

 

ဦးဦးပါလေရာ

 

 

18 comments

  • ဂျစ်စူ

    July 9, 2016 at 11:14 am

    ၂၅ဝ ဆိုတော့ ဈေးကြီးတယ်
    ၁၀ဝ ထုပ် ဝယ်ပြီး အိမ်မှာသောက်
    အဲ့…
    ခက်တာက
    ကော်ဖီချင်းအတူတူ
    အိမ်မှာ သောက်တဲ့ ပလိန်းက
    ဆိုင်မှာ သောက်တဲ့ ပလိန်းလောက်
    အရသာမရှိဘူး ဖြစ်နေတယ်

    သဂျီး ကျုပ်ကို ပျဉ်ညာ စမ်းတယ်
    ၅+၂= ၅၂

    • ဦးဦးပါလေရာ

      July 14, 2016 at 12:04 pm

      ဟဲ့ ……
      အိမ်မှာသောက်မှဖြင့် ကော်ဖီချည်းသောက်နေရတော့မပေါ့ ….

  • .အဲ့ဒါတွေမတွေးဘူး..မတွက်ဘူးလို့မေ့သလိုထားတာ…ဦးပါရေးပြတော့..တွက်မိပြီပေါ့ :))
    .သားကျူရှင်နဲ့ကားခက လည်း“ဆစ်ဒစ်ဂျစ်”
    .သမီးကျောင်းစရိတ်နဲ့ကားခ၊ ကျူရှင်ခကလည်း “ဆစ်ဒစ်ဂျစ်”ခပ်ကြီးကြီး..
    .သူတို့နှစ်ယောက်စရိတ်တင်“ဆဲဗင်းဒစ်ဂျစ်”ဖြစ်နေပြီ…
    .အိမ်စားစရိတ်မပါသေး…ဟူးးးးးးးးးးးးး..ဆက်မတွက်တာကောင်းမယ်ဗျို့ :))

    • ဦးဦးပါလေရာ

      July 14, 2016 at 12:07 pm

      အေးဗျာ ကိုမိုက်ရေ…
      တကယ်တော့ အိမ်စားရိတ်ဆိုတာ..
      ကလေးစားရိတ်က အဓိကဗျ .. နော

    • ဦးကြောင်ကြီး

      July 17, 2016 at 1:14 am

      မေမေ့ ပ ျဉ်ညာရေး ကြော ်တာဝံယူပြစေ ပါပါကမိုက်၊ ဟိုကောင်လေးတော့ စစ်ထည်းပို့ရိုက်။။။

  • uncle gyi

    July 9, 2016 at 3:08 pm

    နက်စ်ပလိန်းနဲ့ဆိုသာယာပါသေးတယ်လေ

    • ဦးဦးပါလေရာ

      July 14, 2016 at 12:08 pm

      ဆင်ပိန် ရင် ကျွဲ..
      အက်စပရာဆို ပိန်ရင် နက်စ်ပလိန်း ပေါ့ ဗျာ.. :mrgreen:

  • မြစပဲရိုး

    July 9, 2016 at 3:42 pm

    မြေပေါ ပြီး ၁၂လ လုံး ရာသီကောင်း တယ် ခေါ်ရမဲ့ ရွှေပြည် မှာ စိုက်ပျိုး မွေးမြူ ရေး တွေ ကောင်းလာမဲ့ တစ်နေ့
    လူတော် တွေ ပညာတတ် တွေ ပေါတယ် ခေါ်ရမဲ့ ရွှေပြည် မှာ ပညာရေး အတွက် စနစ်တကျ လေကျင့်ပေးနိုင်လာ မဲ့ တစ်နေ့
    မေတ္တာတရား ကို ရှေ့တန်းထား တဲ့ ဘာသာရေး ရှိတယ် ခေါ်ရမဲ့ ရွှေပြည် မှာ ချစ်ခြင်း၊ စာနာတတ်ခြင်း၊ ခွင့်လွှတ်နားလည်ပေးတတ်ခြင်း စရိုက် တွေ ကြီးစိုးလာ မဲ့ တစ်နေ့
    အဲဒီ တစ်နေ့ ကို ရောက်ရင်
    အဝင် ဒစ်ဂျစ် နဲ့ အထွက် ဒစ်ဂျစ် အတွက် မပူမပင် ရှိလာမယ် ထင်ပါရဲ့ ကိုပါရယ်။

    PS – မင်းသမီး တစ်ယောက် ရေးတဲ့ စာအုပ်တစ်အုပ် ကို စစ်ဒစ်ဂျစ် တစ်ဝက် (Ks 5,0000) နဲ့ ရောင်းဖို့တဲ့။ တစ်ချို့ ကျ တော့ အဝင် ဒစ်ဂျစ်တွေ က အရမ်းကို ဟုတ် နေကျလေတော့ ကော်ဖီခါးခါး တွေ က ဈေးတက်နေရတော့ တာပါ့။

    • ဦးဦးပါလေရာ

      July 14, 2016 at 12:10 pm

      မလတ်ရေ
      အခု ဒီမှာက လူငယ်တွေ လစာ ၆သိန်းက ၁ဝ သိန်းကြားဆို လစာကောင်းတယ်လို့ သတ်မှတ်ကြရတယ်
      တော်ရုံနဲ့ ဒီလစာမျိုး မရနိုင်ဘူး…
      ဒါပေမယ့် ရတဲ့သူကျတော့လဲ ဒီလစာက ဘာမှတောင်မဟုတ်ဘူး..
      ၂+၁ မိသားစု တစ်ခုကို မနဲထိန်းရတယ်…

    • nicolus agral

      July 14, 2016 at 10:30 pm

      စိုက်ပျိုးရေးနဲ့ မွေးမြူရေးက အလုပ်ဖြစ်နိုင်ပါ့မလား
      မြန်မာကရော နယူးဇီလန်လိုမဖြစ်နိုင်ဘူးလား
      လက်ရှိတော့ စိုက်ပျိုးရေးနဲ့မွေးမြူရေး လုပ်ဖို့ ကြိုးစားနေတဲ့ ကျနော့ကို တောင်သူလုပ်နေတဲ့ ဆွေမျိုးတွေက အရူးစာရင်းသွင်းထားပါကြောင်း

      • မြစပဲရိုး

        July 16, 2016 at 5:24 pm

        လက်ရှိ ကမ္ဘာမှာ လက်ရှိ အလိုအပ်ဆုံးက စားနပ်ရိက္ခာပါ။
        တိုးတက်ပြီး နိုင်ငံ တွေ က နောက်ဆုံးပေါ်နည်းပညာတွေ ကို အာရုံ ထားနေတာ မို့ အရီးတို့ လို တိုးတက်ဆဲ ရေမြေ အခံကောင်း တဲ့ နေရာ တွေမှာ စားနပ်ရိက္ခာ အတွက် အာရုံ ထားလို့ ရပါတယ်။
        ရွှေပြည်မှာက မြေတွေ ရှိရက် ရေ တွေ ရှိရက် နဲ့ သူခိုး ဓားမြ တွေ သိမ်းထားလို့ ဘာမှ လုပ်မရဖြစ်နေတာပါ။
        ဒီမှာတော့ လယ်သမား၊ မွေးမြူရေး သမား ပိုင်ရှင် တွေ ဆိုတာ တကဲ့ သူဌေး တွေပါ။
        မင်း မရူးဘူး။
        ဒါပေမဲ့ အဲလို မရူးကြောင်းပြဖို့ အလုပ်လုပ်ပြနိုင်ဖို့ ဒီနေရာမှာတော့ အစိုးရ ဆီက တောင်းရမှာတွေ အများကြီး လို နေတယ်။
        သူတို့ မူဝါဒ တွေမှာ ဒီလို စိုက်ပျိုး မွေးမြူ မဲ့ သူတွေ အတွက် ပံ့ပိုးမှု တွေ လိုအပ်နေတယ်။
        နားပေါက်အောင် ရွှေနားတော်သွင်း နိုင်ဖို့ ကြိုးစားပါလေ။

        အခုဆို အသား ရေခဲရိုက် Import သွင်းတာ ရေတို ဘဲ ဖြစ်သင့်တယ်။
        ရေရှည်မှာ ကိုယ်က Export ပြန်လုပ်ရဖို့ အစီအစဉ် ရှိသင့်တယ်။
        သူတို့ သိမှာပါ။

  • မမချွိ

    July 12, 2016 at 4:24 pm

    ရ ဒစ်ဂျစ်သာကုန်တယ်။
    အကောင်အထည် ဖတ်ဖတ်တင်တင် ဘာမှ မကျန်ခဲ့။
    လှုပ်တောင်မလှုပ်ရဲဖူးဆိုတဲ့ ခေတ်ကြီးး

    :a:

    • ဦးဦးပါလေရာ

      July 14, 2016 at 12:16 pm

      ခေတ်ကိုကလဲ သုံးစရာများသကိုးကွယ်..
      ရသလောက်သုံး သုံးသလောက်ကုန်တယ်…
      မှတ်မိသေးတယ်..
      လွန်ခဲ့တဲ့ နှစ်သုံးဆယ်နီးပါးက ကျုပ်က မန္တလေးမှာ
      တခါတော့ တရက်ထဲနဲ့ ငွေနှစ်သောင်းရတယ်.. (မုန့်ဟင်းခါးတပွဲလေးကျပ်)
      တသက်လုံးအသဲအသန်ချွေတာလာတာဆိုတော့
      စိတ်ပေါက်ပေါက်နဲ့ တရက်ထဲကုန်အောင်သုံးမယ်လို့ ပိုက်ဆံကိုင်ပြီးထွက်တယ်
      ဘယ်လိုမှကို မကုန်ဘူး…

  • Thint Aye Yeik

    July 12, 2016 at 9:13 pm

    ကျနော်တော့ အခုထိ ဝင်ငွေ မကောင်းသေး။
    ထွက်ဖို့ကတော့ ရှိသည်ထက်ရှိ
    ဝင်ငွေ မကောင်းလေ ထွက်ငွေ များလေ
    သံသရာာာ
    😥

    • ဦးဦးပါလေရာ

      July 14, 2016 at 12:18 pm

      အဲ…
      ဘော်ဒါတွေကိုလဲ ခေါင်းလောင်းတီးပေါ့..
      မိန်းမလဲယူပါ.. ဆဲဗင်းဒစ်ဂျစ်လေးလဲ ခေါင်းထဲထည့်ကြပါ..
      :mrgreen:

  • အောင် မိုးသူ

    July 13, 2016 at 8:34 am

    ကျော့် လစာကတော့ ဆဲဗင်းဒစ်ဂျစ် တစ်ဝက်သာသာရတာပါ ဒါမယ့် ခုထိ ဟိုဘက်နည်းနည်းတိုး လုပ်နေရတုန်း။

    • ဦးဦးပါလေရာ

      July 14, 2016 at 12:24 pm

      လက်ရှိအခြေအနေကြည့်ရတာ မကြာခင်မှာ
      ပတ်ဝန်းကျင်အခြားနိုင်ငံတွေလိုပဲ
      လူငယ်တွေက ဝင်ငွေကောင်းလာလိမ့်မယ်
      ပြသနာက လူလတ်ပိုင်းက နောက်ပိုင်းရောက်သွားပြီး
      လူကြီးပိုင်းက လုပ်စရာစားစရာခက်ခဲသွားမယ့်ပုံရှိတယ်

  • kai

    July 16, 2016 at 2:51 pm

    မြန်မာပြည်တခေါက်လာကြည့်ပြီး သကာလ… အမြင်တချို့ပြောင်းမြင်တယ်..။
    ဆိုတော့…
    လူသန်း၁၂၀ဝ ပါတ်လည်လောက်ရှိတဲ့.. တိုးတက်နေတဲ့တိုင်းပြည်ကြီး ၂ခုကြားက မြန်မာပြည်…
    အဲဒီကလူတွေရဲ့.. အလုပ်လုပ်နိုင်တဲ့စွမ်းအား( လုပ်နိုင်စွမ်းရည်) က.. မြန်မာတွေထက် ၂ဆမကသာနေတာကြောင့်… မြန်မာပြည်ဝယ်..
    စက်ရုံတွေတည်.. စက်မှုလုပ်သားတွေကနေ.. ကုန်ထုတ်လုပ်ဖို့.. မလွယ်ရေးချရယ်တယ်မှ.. မလွယ်..။

Leave a Reply