” အတွေးအခေါ် နဲ့ ဘာသာရေး “

Pyi SoeJuly 9, 20161min15511
pk အနိ္ဒယရုပ်ရှင်ကားကို ကြည့်တုန်းက အဓိက ဇာတ်ကောင်ဟာ ဘာကြောင့် ဂြိုလ်သားတစ်ယောက်ဖြစ်နေပါလိမ့်ဆိုတာကို မတွေးမိဘူး…
ကိုယ့်နိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ ဖြစ်လာတော့မှဘဲ ဪ…ဒါကြောင့် pk ဇာတ်ကားမှာ အဓိက ဇာတ်ကောင်ဟာ ဂြိုလ်သားတစ်ယောက်ဖြစ်နေခဲ့တာကိုးလို့ စဉ်းစားမိတော့တယ်…
ဘာသာရေးနဲ့ ပတ်သတ်တဲ့ကိစ္စတွေကို ဝေဖန်သုံးသပ်ပြတဲ့အခါ အတွေးအခေါ်က အရမ်းကို အရေးကြီးတယ်လေ…
ဝေဖန်သုံးသပ်ပြမဲ့သူဟာ ကမာ္ဘပေါ်မှာရှိတဲ့ မည်သည့်ဘာသာတခုခုနဲ့မှာ ဆက်နွယ်မှုမရှိစေရဘူး…ဘာသာတစ်ခုခုနဲ့ ဆက်နွယ်သွားတာနဲ့ ထိုလူရဲ့အတွေးဟာ သူနဲ့ဆက်နွယ်နေတဲ့ ဘာသာတရားရဲ့လွှမ်းမိုးမှုကို ခံရပြီးသားဖြစ်သွားပြီ…
ဘာသာတရားတစ်ခုခုကို လွှမ်းမိုးခံထားရပြီးတဲ့သူဟာ ဘယ်တော့ ထိုဘာသာတရားရဲ့အပြင်ဘက်ကို ရောက်အောင် မတွေးတတ်တော့ဘူး…သူ့ရဲ့အတွေးအခေါ် သူ့ရဲ့အယူအဆ အနေအထိုင် အပြုအမူ အပြောအဆို စသည်ဖြင့် သူနဲ့ ပတ်သတ်သမျှအရာအားလုံးဟာ သူ ကိုးကွယ်တဲ့ဘာသာကြီးကနေ ဆင့်ပွားလာတာတွေချည်းဘဲဖြစ်ကုန်ရော…
ဒီတော့ pk ဇာတ်ကားအတွက် အဓိကဇာတ်ကောင်ကို စဉ်းစားတဲ့အခါ ကမာ္ဘပေါ်မှာရှိသမျှ ဘာသာတရားအားလုံးနဲ့ ကင်းလွတ်တဲ့သူ မရှိတာကြောင့် ဂြိုလ်သားတစ်ယောက်အဖြစ် ဇာတ်လမ်းဆင်လိုက်ရတာပေါ့…
ဇာတ်လမ်းထဲမှာပါတဲ့ ဒီဇာတ်ကောင်ရဲ့ ထူးခြားတဲ့အတွေးအခေါ်တွေ အားလုံးဟာ ဂြိုလ်သားတစ်ယောက်ရဲ့အတွေးအခေါ်ပါလို့ ကြိုတင်အသိပေးထားပြီးဖြစ်လို့ ကြည့်တဲ့ပရိတ်သတ်တွေအားလုံး စိတ်အေးသက်သာစွာ ငြိမ်ငြိမ်သက်သက် ကြည့်ခွင့်ရသွားကြတာလေ…
တကယ်လို့များ pk ဇာတ်ကားရဲ့ အဓိကဇာတ်ကောင်ဟာ ကမာ္ဘပေါ်က သာမာန်လူတစ်ယောက်သာ ဖြစ်ကြည့်ပါလား…သူ ပြောသမျှ ဘာသာရေးနဲ့ပတ်သတ်တဲ့ ထူးထူးဆန်းဆန်းမှတ်ချက်တွေကို ဘယ်သူက ငြိမ်ကြည့်နေမှာလဲ…
ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ် ဂြိုလ်သားတစ်ယောက်ကို မထားဘူးဆိုရင် ဘယ်လိုလူမျိုးကို ထားသင့်သလဲလို့ တွေးကြည့်လိုက်တော့ ကမာ္ဘပေါ်မှာ အဲဇာတ်ကောင်နဲ့ ဇာတ်ကောင်စရိုက်လိုက်ဖက်တဲ့ လူအမျိုးအစားနှစ်မျိုးရှိတယ်…
အဲ့တာ အရူးတွေ နဲ့ ကလေးတွေဘဲ…ကမာ္ဘပေါ်မှာ အတွေးအခေါ် အလွတ်လပ်ဆုံး လူသားဆိုတာ အရူးတွေ နဲ့ ကလေးတွေဘဲ ရှိတော့တယ်…ကျန်တဲ့သူ အားလုံးကတော့ တခုခုသော လွှမ်းမိုးမှုတွေရဲ့အောက်မှာ ဦးနှောက်တွေဟာ မှိုင်းမိနေကြတာချည်းဘဲ…
အိနိ္ဒယနို်င်ငံဟာလည်း မြန်မာပြည်လိုဘဲ ဘာသာရေးအကဲဆတ်တဲ့နိုင်ငံဘဲဖြစ်လေတော့ pk ရိုက်ကူးသူ ဒါရိုက်တာကြီးများလည်း အထူးသတိထားရတာပေါ့…
ဒီဇာတ်ကားဟာ အိနိ္ဒယမှာလည်း အောင်မြင်တယ်…ကမာ္ဘမှာလည်း အောင်မြင်တယ်…မြန်မာမှာလည်း လူကြိုက်များတယ်…
ဒီအချက်ကို ကြည့်ခြင်းအားဖြင့် ပွင့်လင်းလွတ်လပ်တဲ့ဘာသာရေးအမြင်တွေကို တန်ဖိုးထားတဲ့ လူ့အသိုင်းအဝိုင်းဆိုတာ ရှိနေသေးပါလားလို့ သုံးသပ်လို့ရတယ်…
ဒါပေမဲ့ ဒီကားကို မြန်မာပြည်အနေနဲ့ ရိုက်လို့တော့ မရဘူး…မဘသထက် ပိုဆိုးတဲ့ဘာသာရေးအစွန်းရောက်တွေ ပေါ်ပေါက်လာနိုင်တယ်…

11 comments

  • မြစပဲရိုး

    July 10, 2016 at 4:06 am

    အဲဒီ ရုပ်ရှင်က လက်တွေ့ ရှာမရတဲ့ ဖန်ဆင်းရှင် ဘုရားသခင် ကို အမည်တပ်ပြီး ကြားခံပွဲစား လုပ်နေတဲ့ သူ တွေ ကို သရော်ထားတာပါ။

    ဘာသာမဲ့ အေးသီးရစ်စ် ဆိုတဲ့ ဖန်ဆင်းရှင်မရှိဝါဒီ တွေကလဲ ဘုရားသခင်ဘာသာရေး တွေကို ဝေဖန် လှောင်ပြောင်လေ့ရှိပါတယ်။
    ဘုရားသခင်ဘာသာရေး သမားတွေ ဆိုတာ သူတို့ ကို စောင့်ရှောက်နေတယ် ဆိုတဲ့ ဘုရားသခင် ကို စိတ်ကလေး နဲ့ ယုံကြည်ရုံ သက်သက် နဲ့တင် ဆုတောင်းနေခြင်းက ဘာသာရေး လိုက်စားနေတာပါဘဲ။

    အဲဒီလို သူ တွေကြားမှာ ဖန်ဆင်းရှင် ဘုရားသခင် မဟုတ်တဲ့ ဗုဒ္ဓ ရဲ့ တရား တွေကို လက်တွေ့ကျင့်ရမဲ့ ဗုဒ္ဓဘာသာဝင် ဆိုသူများ ထဲ မှာ တစ်ချို့ (အများစု) ရဲ့ ဇော်ကန့်လန့် ဟိုမရောက် ဒီမပေါက် ဘာသာရေး တွေ ကတော့ မြင်ကြ ကြားကြတဲ့ အတိုင်းပါဘဲ။
    တကယ်တော့ ကျင့်ကြံမှု ဆိုတာ နဲ့ ကိုးကွယ်မှု ဆိုတာ ကို ကွဲပြားအောင် မသိခြင်းလို့ ထင်တာပါဘဲ။
    ကိုယ်ပိုင်အတွေးအခေါ် မရှိရာက နေ သူများ ယောင်လို့ လိုက်ယောင်ရတာ က နေ ဒီလို မသိခြင်းတွေ ဖြစ်လာခြင်းပါ။
    ကလေး ဘဝ ထဲ က လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစား ပြောဆိုဝေဖန်ရဲ အောင် လေ့ကျင့်ပေး နိုင်တဲ့ ပညာရေးစနစ် တစ်ခုကို အင်မတန် အရေးကြီးလိုနေတာ မြင်သာနေပါတယ်။
    အဲဒီနောက်မှာတော့ ဥပဒေ ကို မဖောက်သ၍ သူများကို မထိခိုက်သ၍ သူ့ စိတ်ကူး သူ့ဘဝ သူ့ဟာသူ ရွေးပါစေပေါ့။

    ဘုရားသခင်ဝါဒီ တွေ သူတို့ ကလေး တွေ ကို လွတ်လွတ်လပ်လပ် တွေးခေါ်ဖို့ သင်မပေးနိုင်တာ က အကြောင်းရှိတယ်။
    လက်တွေ့မပြ နိုင်တာ ကို မျက်စိမှိတ် ယုံခိုင်းရတာကိုး။

    ဗုဒ္ဓချပြ ဟောကြားခဲ့တဲ့ တရား တွေ ဆိုတာ သူများ ကို ချ မပြ ရဲ စရာ ကို မရှိဘူး။
    ကလေး တွေ ကို ချဲ့နိုင်သမျှ အကျယ်ချဲ့ မတွေးခိုင်း ရဲ စရာ မရှိဘူး။
    လောက ထဲ ဖြစ်နေတာ တွေ ကို အရှိ အရှိ တိုင်း မြင်သာ နိုင်တဲ့ ဒီလို တရား တွေထဲ ဘာ ကိုများ အကဲဆတ် ချင် နေကြတယ် ကို မသိဘူး။ 🙄

    ဒီတော့ အထိမခံ အကဲဆတ်ပြီး နေရင် အဲဒီ လူ ဟာ သူ့ဟာသူ ကိုယ် ဘာပြောနေတယ် ဆိုတာ သူဟာသူ ကို မယုံကြည် လို့ ဘဲ ဖြစ်မှာ သေချာတယ်။
    ဒါကြောင့်မို့ အလိမ်ပေါ်မစိုးလို့ အတင်း ဖုံးအုပ် ကာကွယ်ဖို့ လုပ်နေရတော့တာ။

  • Thint Aye Yeik

    July 12, 2016 at 1:52 pm

    လူတိုင်းဟာ တစ်နည်းမဟုတ်တစ်နည်းနဲ့ ရူးနေကြတာချည်းပဲ…ဆိုတဲ့ အယူဝါဒလည်း ရှိတယ်ဆိုတော့ကာ…
    လူတိုင်းလူတိုင်း…အတွေးအခေါ်တွေ လွတ်လပ်နေကြပါတယ်…လို့…

    :k:

  • ဝင့်ပြုံးမြင့်

    July 13, 2016 at 11:23 pm

    ထူးခြား တဲ့ အတွေးအခေါ်ပါလား။ ခုမှ ဖတ်မိတယ်။ မီးကမလာ၊ လိုင်းက မရ။ ရတော့လည်း ခုတလော ရွာထဲ ဝင်လို့မရ။ ဒါနဲ့ ရွာသားအသစ်ကို ကြိုဆိုပါတယ်နော်။

  • kai

    July 17, 2016 at 2:12 pm

    လောလောဆယ်.. မျက်မြင်ကတော့.. ကမ္ဘာမှာလူအသတ်ဆုံး.. ပဋိပက္ခအဖြစ်စေဆုံးက.. ဘာသာရေးပဲ..။
    သမိုင်းလှန်ရင်လည်း… ခရူးဆိတ်စစ်ပွဲကစလို့.. မြန်မာပြည်ရဲ့ အနော်ရထာ.. မွန်ပြည်ကိုစစ်သွားတိုက်တာကအစ… ဘာသာရေးကြောင့်ပဲ..။
    ဆိုတော့….
    ကိုယ့်မျက်စိကို.. ကိုယ်… ယုံ..။

    • DEPARKO DEPARKO

      July 24, 2016 at 8:56 am

      ဒီနေရာမှာတော့ ငါ့ဆရာလွဲသွားြပြီ မနေနိုင်လို့ ဝင်ရေးရတော့မယ်
      အနော်ရထာမင်းစစ်ပြုတာ ပဒေသရဇ် စစ်ပွဲပါ ဘာသာရေးစစ်ပွဲမဟုတ်ပါ စစ်နိုင်တော့ ရှင်အရဟံနှင့်တကွ ပိဋကတ် သုံးပုံကို ပုဂံကိုသယ်လာ ဗုဒ္ဓတရားတော်တွေကိုနာကြားသက်ဝငွယုံကြည်လာတော့ အဲ့ခေတ်မှာကြီးစိုးနေတဲ့ မိစ္ဆာဝါဒီအရည်းကြီးတွေကို နန်းတော်ကထုတ် ဆင်ချေးကြုံး မြင်းချေးကြုံး ခိုင်းစြေပြီး သာသနာပြံ့ပွားရေးဆောင်ရွက်ခဲ့တာပါဗျာ အသေးစိတ်ကိုတော့ ကျွန်တော်ပြန်ဖတ်ြပြီး ရေးတင်ပါဦးမယ် သမိုင်းအမှန်ပေါ့နော်

      • kai

        July 24, 2016 at 10:22 am

        ဖတ်ပြီးရေးတင်ပါလေ..။
        ကြည့်ရတာပေါ့…။
        အနော်ရထာ.. စစ်နိုင်ပြီး.. သထုံမြေရောက်မှ… လမ်းလျှောက်နေတုံး.. ခလုပ်တိုက်မိရာက.. “ဟ.. ဘာအထုတ်ကြီးလဲ…” ဆိုပြီး.. တွေ့တဲ့အထုတ်ကြီး.. ပုဂံပင့်.. နောက်မှ.. ပဋိကတ်၃ပုံကြီးဖြစ်နေတာကိုး.. ဆိုတာမျိုးတော့ မလုပ်နဲ့ပေါ့..။ :k:

        • DEPARKO DEPARKO

          July 24, 2016 at 2:22 pm

          အင်း ဘာသာရေးအကြောင်းကတော့ ထိရှလွယ်လို့မရေးချင်ပေမည့် သူကြီးရေ ကျွန်တော်က စာကြည့်တိုက်မှူးလုပ်နေတာဆိုတော့ အကိုးအကားနဲ့ဘဲရေးပါ့မယ်ဗျာ စာအုပ်ပုံထဲရောက်နေတာ ၄ နှစ်ကျော်ြပြီ ဒီအထဲ မရေးဖြစ်တာ ၃နှစ်ကျော်ြပြီထင်ပါ့ မနေ့ကမှ ပြန်ဝင်ကြည့်မိလို့ ဝင်ရေးဖြစ်တာပါ အရင်က နှုတ်မဆက်ဘဲထွက်သွားခြဲ့ပြီး မဖိတ်ခေါ်ဘဲပြန်ဝင်လာမိတာကိုတော့ခွင့်လွှတ်ပါ

        • kai

          July 24, 2016 at 3:06 pm

          စာအုပ်ပုံထဲကသူမို့… အတော်ပဲ.. ရေးဗျ..။ ကြိုက်သလိုဝင်ကြိုက်သလိုထွက်…။
          ကိုရင်တို့ရွာပဲ..။ နာမယ်ကဆန်းသမို့.. မှတ်မိနေသဗျ..။
          အဝင်..အထွက်.. ခြေရာတွေကျန်ရစ်ခဲ့တာပဲ…။
          ဖတ်သူတွေ.. အကျိုးများမှာပါ..။

          … ကျေးဇူးတွေတင်.. ။ :k:

  • uncle gyi

    July 25, 2016 at 10:04 am

    pk လိုဇာတ်ကားမ ျိုးမြန်မှုပြုမယ်ဆိုရင်
    အောင်မြင်နိုင်ပါ့မလား

Leave a Reply