Smadav Pro 10.8.2 အလကားသုံးကြမယ်…
-ဒီတလော ကိုရေမြေ့ တယောက် အရေးစိပ်တယ် ပြောလဲ တတ်နိုင်ဘူးဗျာ… ကျွန်တော်က ကိုယ်သိထားရင် သူများခက်နေတာတွေ့ရင် နေတတ်ဘူးဗျ…
-ကိုယ်အချိန်တွေ ရင်းခဲ့ရသလို သူများတွေကို မရင်းရစေချင်ဘူး… ဒါက စေတနာ နဲ့ ပင်ကိုယ်စိတ်ရင်းပါ… အလကားပေးလို့ ငပေါထင်လဲ တတ်နိုင်ဘူး…
-ဒါလေးက Anti Virus အသေးစားလေးပါ… ဖိုင်တွေ ပျောက်နေတာ(Hidden) ဖြစ်နေရင် သူက မရှိမဖြစ်ဘဲ…
-အလကားအွန်လိုင်းမှာပေးတယ်… မှန်တယ် Serial Key မရလို့ Black Lists ဖြစ်နေတာတွေလဲ တွေ့နေရတယ်… ကိုယ်တိုင်လဲ ကြုံခဲ့ရတာပေါ့…
-ဗားရှင်းနိမ့်နေပြီး ကီးမှန်ရင် ကိစမရှိပေမဲ့၊ အွန်လိုင်းကောင်းပြီး ချော်တောငေါ့ပြီး ဗားရှင်းမြင့်သွားပြီး ဘလက်လစ်ဖြစ်သွားရင်တော့ ဂိန်ပြီ…
-တချိန်လုံး တောက်မြင်ကပ်အောင်ကို မက်ဆစ်ဘောက်တွေ ကျလာမှာ… ကိုယ်တွေ့ပဲ… စိတ်ရှုပ်လို့ စက်ဖွင့်ပြီးတာနဲ့ တက်ရင် သူ့ကို အရင်ကို ပိတ်ရတာ…
-ကဲပါ… လိုရင်းကို ပြောပါမယ်… ဘယ်လိုပုံစံဆို ဘလက်လစ်ပြီလဲ????? အောက်ကပုံပါ ရှုပါဗျာ…
(ဗားရှင်းကတော့ အွန်လိုင်းက အဆင်ပြေတာ ပုံကြီးတာ ပြထားတော့ လွဲနေတယ်… သေချာတာကတော့ အဲလိုပုံ ဖြစ်ပြီးရင် စိတ်ကသိကအောက် စဖြစ်ပြီပဲ… )
-နံပါတ် ၁ အဲဒီဆော့ဝဲလ်ကို ပိတ်ပါမယ်… အဲဒီလိုဂိုရှိတဲ့ Task Bar ကိုသွား လိုဂိုမှာ Right Click နှိပ် Exit လိုက်ပါ…
-၂ အင်တာနက်ကိုဖြုတ်ပါမယ်… ခက်ခက်ခဲခဲ မဟုတ်ပါ… နက်ဝပ်ကြိုးနဲ့ဆို အဲကြိုးကို ဆွဲဖြုတ်… ၀ိုင်ဖိုင်နဲ့ဆို ၀ိုင်ဖိုင်ပိတ်လိုက်ရုံပါ…
-၃ Start \ Window + R
-၄ regedit(Registry Editor) လိုရိုက်ရပါမယ်… ပြီးရင် အန်းတားပေါ့…
-၅ “HKEY_CURRENT_USER > Software > Microsoft > Notepad” အဲဒီ လင့်အထိတော့ ရောက်အောင် သွားပါနော်…
-၆ ပြီးရင် “lfPitchAndFamily”, “lfPitchAndFamily2”, dan “lfPitchAndFamily3”, အဲဒီမိသားစုဆိုတာတွေ အကုန် ဖျက်လိုက်ပါ…
-၇ Smadav Virus Killer ကို ပြန်ဖွင့်လိုက်ပါ… အဲအချိန်မှာ စာတန်းတခုတက်လာတာတော့ သတိမထားမိလောက်ပါဘူး… ထားပါ…
(ဒီလိုပုံလေး တက်လာပါမယ်)
-၈ Manage Tab ကိုနှိပ်ပြီး General Settings ထဲကို ရောက်ရင်တော့ အောက်မှာပေးထားတဲ့ ကီးတွေ ရိုက်ထည့်လိုက်ပါ…
-Name : http://www.jembersantri.id smadavkey10.8
-Key : 083800923060
(ဒါဆို ပုံထဲက အတိုင်းဖြစ်ပြီဆို Key Generate ဖြစ်ပါပြီ…)
-ဒေါင်းလုပ်လင့်က ဒီမှာပါ https://my.pcloud.com/publink/show?code=kZiNJuZOAteIu5F665KAiDJzOCnzp2pAdwV
-အခုမှ စတင်မယ့်သူတွေကတော့ ဆော့ဝဲလ်တင်ပြီးတာနဲ့ အပေါ်ပုံထဲကအတိုင်း ကီးတွေ ရိုက်ထည့်လိုက်ရင် အိုကေပါပြီ…
-ကျေးဇူးတင်ပါတယ်…
ရေမြေ့သနင်း
ဒီလို သိတာတွေ ရေးပါ။ မျှပါ နင်းနင်း ရယ်။
အကျိုးရှိပါတယ်။
ဒီမှာ တော့ ဒီရက်မှာ Zepto ဗိုင်းရပ်စ် ဆိုပြီး သောင်းကျန်းနေတယ်။
အီးမေး မှာ attached နဲ့ တွဲလာတာ။
လာတဲ့ အီးမေး က ဟိုတယ် booking လို၊ အွန်လိုင်း order လို ကနေ လာတဲ့ email မို့ လူတွေက အမှန်ထင်ပြီး ဖွင့်လိုက်ကြတယ်။
သတိထားဖို့ပါ။
Virus တွေ က အရင်ထက်ပိုပြီး အဆင့်မြင့်နေတာ တစ်ချို့ ဆို ခို နေမှန်းတောင် မသိတဲ့။
Was this answer helpful?
LikeDislikeဒီဟာလေးက အင်ဒိုနီးရှားက ထုတ်တာဗျ…ဆိုက်တွေ ဆိုက်တွေမှာ အလကားပေးပါတယ်… ဒါပေမဲ့ ဗားရှင်းနဲ့ ကီး နဲ့ မကိုက်တာများတယ်… ကိုယ်က ဒီဗားရှင်းဆွဲ ကီးက တခြားဗားရှင်းဟာဖြစ်နဲ့… အခုက ကံကောင်းတယ် ပြောရမယ်… နောက်ဆုံး ဗားရှင်းကိုမှ ကီးရလိုက်တာ… ဟီး… ဂူဂယ်ထျန်စလိပ်ကနေပြီး အင်ဒိုဘာသာစကားကို ပြန်ပြောင်းပြီး တင်ပေးထားတာ… Zepto ကိုလဲ ရှာလိုက်ဦးမယ်… နည်းသိရင် ထပ်တင်ပေးမယ် အရီး…
Mozilla ဖွင့်လို့ ကြော်ငြာတွေ တက်လာတာလဲ ဗိုင်းရပ်စ်လို့ ပြောရင် နေစရာတောင် ရှိမှာ မဟုတ်ဘူး… တကယ်…
Was this answer helpful?
LikeDislikeကျုပ်ကွန်ပူတာကတော့.. Malwarebytes + Security Essentials နဲ့ အခုထိပြဿနာမရှိ..။
Smadav Pro လေးလည်း မှတ်ထားမယ်ဖြစ်ပါ၏..။
Was this answer helpful?
LikeDislikeMalwarebytes တော့ တကယ် ဗိုင်းရပ်စ်ကိုက်မှ သုံးတယ်… ကျန်တဲ့အချိန် ဖြုတ်ထားတယ်… exe ဖိုင်တွေ စားတတ်လို့… Security Essential ကတော့ ကောင်းပါတယ်… ဒါပေမဲ့ သိပ်မဖမ်းဘူးဗျ… အနော်တို့က Kaspersky ကိုပဲ Smadav နဲ့ တွဲသုံးတယ်… ကီးတွေလဲ ၀ယ်ထားတယ်လေ… တရုံးလုံးစာ…
Was this answer helpful?
LikeDislikeအာ့ ဘာကောင်းလဲ
Was this answer helpful?
LikeDislikeMicrosoft Security Essential တင်ဖို့ အဆင်မပြေသူတွေ… Kaspersky ဒါမှမဟုတ် Anti Virus တခုခု မ၀ယ်ဖြစ်သေးရင် အလကားလည်းရ အစွမ်းလဲ မဆိုးဘူး ထက်တဲ့ Anti Virus တမျိုးပါ ဘကြီးအောင်…
Was this answer helpful?
LikeDislike