” ဘထက်ချိုင့်( ဗ ) “

  • “ဘထက်ချိုင့်  (ဗ)”

 

ပုရွက်ဆိတ်အုံ

တုတ်နဲ့ထိုး

ရှင်တော်တော်ဆိုး။

 

ပျားအုံကို

တုတ်နဲ့ဆွ

ရှင်တော်တော် အ။

 

ခါချဉ်အုံ

တုတ်နဲ့ရိုက်

ရှင်တော်တော်မိုက်။

 

 

ဟိုဝင်တိုက်

ဒီဝင် တိုက်

တကယ်တော့

ရှင်ဟာ  ဘထက်ချိုင့်။

 

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

10716

 

 

 

 

 

 

 

 

 

 

 

 

 

5 comments

  • ဂျစ်စူ

    July 13, 2016 at 10:10 am

    ဟိုဝင်ဖတ် ဒီဝင်ဖတ်
    တကယ်တော့
    ရှင်ဟာ ဝက်ဆီဖတ်

  • အောင် မိုးသူ

    July 13, 2016 at 10:27 am

    ကိုပေါက်ကတော့ ဟိုရိုက်ဒီရိုက် ကိုရိုက်ပေါက်
    ဟိုရေးဒီရေး ကိုပီချေးပေါ့

  • ကပ္ပိယ သာဒင်​

    July 13, 2016 at 12:06 pm

    ,ဘေးထိုင် စောင်းပြော
    မောင်အာဗော
    လေထိုးလေပင့်မနှမျော ။

    လေပေါလွယ်သလောက်
    လက်တွေ့ပျောက်
    မင်းလဲ ဂေါက်တောက်တောက် ။

    မကြောက်ပါနဲ့ငါ့လူရယ်
    မင်းလိုဂေါက်ကြောင်ပေါလှတယ်
    လူတဖက်သားကိုုက်လို့ကြပ်
    မင်းလည်း လူ့ချဉ်ဖတ် ။

  • ဝင့်ပြုံးမြင့်

    July 14, 2016 at 1:06 am

    ကဗျာကတော့ ခါတော်မီပဲ။

Leave a Reply