စာအုပ်ခွေ

စာတွေလည်း ဖတ်ချင်တယ် . . . စာဖတ်ဖို့လည်း အချိန်မပေးနိုင်ဘူး . .  ဖတ်ဖို့လည်း ပျင်းနေတယ် . .

 

ဆိုတော့ . . . အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ် . . ညအိပ်ခါနီးမှာပဲ ဖြစ်ဖြစ် . . . ကားစောင့်နေချိန် ကားစီးနေချိန်မှာပဲ ဖြစ်ဖြစ် နားထောင်လို့ရအောင် စာအုပ်တွေကို အသံသွင်းထားတဲ့အခွေလေးတွေ ဝယ်လို့ရရင် ကောင်းမယ် . . .ရေဒီယိုမှာ အဲဒီလိုဖတ်ပြတဲ့ အစီအစဉ်လေးတွေရှိတယ် . . . အလုပ်လုပ်ရင်း နားထောင်ရတာ သိပ်သဘောကျတာပဲ . . .

 

နောက် ကလေးတွေအတွက် ပုံပြင်ခွေလေးတွေ ရှိမယ်ဆိုရင် အိပ်ယာဝင်ပုံပြင်လေးတွေကို ဖွင့်ပေးမယ် . . . နောက် သူတို့ထမင်းစားချိန်မျိုးတွေမှာ ဖြစ်ဖြစ် . . . ဖွင့်ပေးထားမယ် ဆိုရင် စာမဖတ်ဖြစ်ရင်တောင် အသိလေးတွေ ရှိလာမလားလို့ . . .

 

ရွာထဲကသူတွေ လုပ်ပါလားဟင် . . . မဟုတ်ရင်လည်း ခဝဲခြံကပဲ သွားငှားရင် ကောင်းမလား 🙂

11 comments

  • Kaung Kin Pyar

    July 15, 2016 at 9:56 am

    ခဝဲခြံမှာတော့ ကိုယ့်စိတ်ကြိုက် ရွေးလို့ရမှာပဲ…

    ငှားတာထက် တခါတည်းကူးလိုက်တာ ပိုအဆင်ပြေမယ်…။ တစ်သံတည်းတော့ ရနိုင်ပါ့မလား မသေချာ… 🙁

      • ဦးကြောင်ကြီး

        July 17, 2016 at 1:36 am

        ကင်းကောင်နဲ့ကြောင် အခွေရှိတယ်။။။ အသန်ဒင်မက ရုပ်ပါက ျိယမှာ… ဘိုလိုလဲ…

  • အောင် မိုးသူ

    July 15, 2016 at 12:19 pm

    ခုမှစဉ်းစားမိ ကိုယ့်အသံနဲ့ ဖတ်ထားတာတွေ သိမ်းထားရင် ကောင်းမလား။

    • ဟုတ်တယ် . . . လောလောဆယ်တော့ အဲလိုပဲ လုပ်ရမှာပဲ . . . ဒါပေမယ့် အသံက ကြည်မှာတော့ မဟုတ် . . .

  • မမချွိ

    July 16, 2016 at 9:00 am

    နာ့ ရဲ့ နူးညံ့ ချိုသာ ဆက်ဆီကျ လှ စွာသော အသံနဲ့ အချစ် ဝတ္ထုတွေ ဖတ်ပြရရင် ကောင်းးမှာ.. အာဟိ..

    ???

  • မြစပဲရိုး

    July 16, 2016 at 4:48 pm

    နောက်ပိုင်း ရေဒီယို က နေ ဆွေးနွေးပွဲ မျိုး တွေ တစ်ချိန်လုံး လွှင့်ပေး တဲ့ ချန်နယ် ရှိလာ နိုင်မယ် ထင်တာပါဘဲ။
    အဲဒါမျိုး က စာဖတ်ပြ နေတာ ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်ထင့်။
    ခဝဲခြံ Website ထဲ မှာ ပုံပြင်လေး တွေ တော့ ရှိတယ်။ ပြန်ရှာပြီး Link ပေး မယ်။

    • ဟုတ် အရီး . . .အရီးးကို တစ်ခါပြောဖူးတဲ့ Bristol Murder ဆိုတာလေ . . . ပြောနေသူ တစ်ယောက်ကပဲ conversation တွေကို အသံမျိုးစုံလုပ်ပြသွားတာ . . .နောက်ခံအသံတွေရော . . . အတော်ကောင်းတယ်

  • တောတွင်းပျော်

    July 16, 2016 at 8:18 pm

    အသံတုလိုရင်တော ့ ပြော ..
    မျောက်အူသံတော ့ ကောင်းကောင်းရဒယ် :k:

  • kotun winlatt

    July 18, 2016 at 10:02 am

    စာအုပ်ထဲကစာကို စာအုပ်အနေနဲ့ပဲ ဖတ်ရတာ ပိုကောင်းတယ်လို့ ခံစားရတာပဲ ebook တွေ ဖတ်ကြည့်ပေမဲ့ စာအုပ်ဖတ်ရတာလို အရသာ မတွေ့ အသံခွေအနေနဲ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိ . . .

Leave a Reply