ကျန်းမာတော်မူပါစခင်ဗျာ (နှုတ်ခွန်းဆက်သလွှာ)

စဆရ ႀကီးJuly 15, 20161min17611

၂၀၁၅ ရ လပိုင်း ၁၆ ရက်နေ့က နောက်ဆုံးရေးခဲ့တယ်ဆိုတော့ ခုဆို တစ်နှစ်တင်းတင်းပြည့် အမှတ်တရ(ကိုယ့်ဘာသာ) ဖြစ်လိုက်ပါတယ်။

ကျွန်တော်နှင့် စိတ်ဝမ်းကွဲသူများ၊ ကျွန်တော့်အား ကြည့်မရသူများ၊ ကျွန်တော့်အား စမ်းစမ်းတင့်ဖြစ်သူများအားလုံးအား မင်္ဂလာဆောင်ပါ။ တစ်ချို့ကား နေမြဲ၊ တစ်ချို့ကား ခုတစ်လောပြန်သိရသလောက် အရင်လို ငြင်းခုန်ခြင်း အနုပညာမရှိတော့ပဲ ငါ့စကားနွားရများ၊ အရင်လို ကိုယ့်အမြင်၊ အတွေးအခေါ်များကို လွတ်လွတ်လပ်လပ် ချမရေးတတ်တော့ပဲ နောက်ဆုံးမှာ ပျောက်ကွယ်သွားကြသူများ၊ ဘယ်လိုဖြစ်ဖြစ်ပါ။ တစ်ချိန်တုန်းကကို ကျွန်တော်အလွန်သဘောကျပါတယ်။ ကျွန်တော်တိုု့လို စာမရေးတတ်သူများ စာတွေရေးချင်လာအောင်၊ ဘယ်လိုရေးရင်ကောင်းမယ်ဆိုတာကိုပါ သွန်သင်လမ်းပြ အားပေးခဲ့ကြသူများကို လွန်စွာမှ ကျေးဇူးတင်ပါကြောင်း။

ဟုတ်ကဲ့

ကျွန်တော် စမ်းစမ်းတင့်(ရွာပြင်)မှ သတင်း၊ အတင်းများကို စဉ်ဆက်မပြတ် ထုတ်လွှင့်နေပါကြောင်း။

၂ နှစ်လောက်ရှိပြီထင်ထားရာကနေ ခုမှပြန်ကြည့်မိတော့ တစ်နှစ်လောက်ပဲရှိေသေးတယ်ဆိုတော့ အားမလို အားမရဖြစ်လို့ပါ။ သူကြီးစည်းကမ်းချက်တွေကိုတော့ သူများတွေဖတ်ခိုင်းကြည့်၊ ကျွန်တော့်ကိုတော့ လာမညွှန်းပါနဲ့၊ ဘာလို့လဲဆိုတော့ အဲ့စည်းကမ်းချက်တွေကို ကျွန်တော်သေသေချာချာဖတ်ပြီး သေသေချာချာ ထောက်ပြပြောဆိုဖူးလို့ပါ

ရှူံးနိမ့်မှုများနဲ့.. လူ
(ခေတ္တလူ့ပြည်)

11 comments

  • Kaung Kin Pyar

    July 15, 2016 at 9:54 am

    ခိ… စမ်းစမ်းတင့်သူတွေကို ပြည်တွင်းထုတ် ဂျင်ဂလိနဲ့ ပစ်… :k:
    ရွာပြင်တော့ ထွက်မနေပါနဲ့….

    ရွာမှာ.. နေနိုင်ဖို့ဆိုတာ… အထုံပါရတာ… :mrgreen:

  • kai

    July 15, 2016 at 1:39 pm

    အနည်းဆုံးတော့.. မရှုံးတော့ပဲ.. စဆရ ကြီးဖြစ်သွားတာကို ဝမ်းသာ.. :k:

  • manawphyulay

    July 15, 2016 at 1:50 pm

    သတိရဖော် ရတယ်ဆိုတဲ့သဘောပေါ့ ဟုတ်လား….. 😛

    • nicolus agral

      July 15, 2016 at 6:57 pm

      သံယောဇဉ်

  • ဂျစ်စူ

    July 15, 2016 at 9:11 pm

    တနှစ်အတွင်း
    ရှုံးရာကနေ
    ဆရာအဆင့် ရောက်သွားတာ
    ဘာဆေးဒေများ မှီဝဲခဲ့သလဲလို့စ်

  • ဝင့်ပြုံးမြင့်

    July 16, 2016 at 12:02 am

    အန်တီစမ်း စာတွေပြန်ဖတ်လေ။ ဂွဇွတ်ရွာကြီး အရင်လို ကိုယ့်အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ချပြနေတုန်းပဲ။ ငြင်းခုန်ခြင်း အနုပညာ ပြောင်မြောက်တုန်းပဲ။ အန်တီစမ်း ဂျစ်တစ်တစ် လုပ်နဲ့။ သတ္တိရှိရင် ဝင်လာခဲ့။ နွှာမယ်။

  • မြစပဲရိုး

    July 16, 2016 at 4:58 pm

    မောင်ရှုံး ရဲ့ Food Safety နိဒါန်း အပြီး အခု လို တစ်နှစ် အကြာမှာ
    တို့များ ရွှေပြည် ထဲ
    ငရုတ်ဆီ ၊ လက်ဘက်၊ ဆီ စတာ တွေ စစ်လာ ကြပြီ။
    ပဲဝပြား တွေ၊ မုန့်ဟင်းခါး တွေမှာ ဖောမလင်သုံးတာတွေ ပေါ်လာပြီ။
    သို့ပေမဲ့ လုပ်ငန်းကြီး တွေ မှာ မဟုတ်တာ တွေ ကို ဒါဏ်မရိုက် ဘဲ စာရင်းဘဲပြပြီး ပဲပြား ဆိုင် ကိုတော့ ဒါဏ်ရိုက်တာ ကတော့ ဘဝင်မကျဘူး။
    အားလုံး ကို လုပ်ဖို့ ကြောက်နေလား မသိ။
    ဆက်ရေးပါ မောင်ရှုံး ရေ။
    ဒီအချိန်မှာ စေတနာ စကားသံ တွေ ကျယ်ကျယ် ထွက်ဖို့ လိုနေပါတယ်။

  • ဦးကြောင်ကြီး

    July 17, 2016 at 1:18 am

    စဆရကရှုံ့လူ
    လှတပတမုန့်ဖြူ
    ညကခြရဟုတ်သူ
    မဘသမှတုတ်ယူ။။

  • မမချွိ

    July 20, 2016 at 10:13 am

    ပို့သတဲ့ မေတ္တာတွေ ကြောင့် ကျန်းမာပါတယ်။

    🙂

Leave a Reply