အမဲလိုက်အက

warsojulyJuly 16, 20161min39518
Robber Fly

နာဂိုရာမှာ နွေဘက်ရောက်ပြီဆိုတော့ အကောင်ပလောင်လေးတွေထွက်ချိန်ပေါ့

အလုပ်ပိတ်ရက်စနေတနင်္ဂနွေနဲ့ နေသာတဲ့ရက်နဲ့ကိုက်တဲ့အခါ….

 

(အမဲလိုက်အက…စင်မြင့်ထက်က…)

(ရှုံးတဲ့သူ…လဲကျမယ်…)

Robber Fly & Prey(1)
Robber Fly & Prey(1)

 

အမဲလိုက်တော်တဲ့ မုဆိုးကြီး Robber Flyကြီးတွေရတတ်တယ်ဗျ..

Robber Fly & Prey(2)
Robber Fly & Prey(2)

 

အကောင်ပလောင်ရိုက်တာအမှတ်တရဖြစ်အောင်နှစ်တိုင်းအဲဒီအကောင်ကိုရအောင်ရိုက်ဖြစ်တယ်

Robber Fly
Robber Fly

မျက်လုံးအရောင်ကတော့စိတ်ဝင်စားစရာအကောင်းဆုံးပဲ….ရောင်ပြေးရောင်ပြန်….

 

Robber Fly & Bokeh
Robber Fly & Bokeh

တစ်ခါတစ်လေကံကောင်းချင်ရင်..Bokehလေးတွေနဲ့တွဲပြီးရရင်ပျော်သည်ပေါ့

 

Behind the V(0r)Y Shape
Behind the V(0r)Y Shape

လူတော့သိပ်အကပ်မခံတာများတယ်ဗျ..

ခြေသံလုံ..အသက်အောင့်ပြီးဖြည်းဖြည်းချဉ်းကပ်ယူရတယ်

ဒူးပွန်း..အပင်တွေကယား.

အပင်ရိုင်းတွေ မြက်ပင်ရှည်တွေနားမှာရှိတတ်တယ်(ပုံသေတော့မဟုတ် ကျနော်တွေ့ဖူးသမျှ)

သူ့စကေးကြမ်းချက်ကတော့ပျံနေရင်းနဲ့တခြားပျံနေတဲ့သူရဲ့အစာကိုသုတ်တာပဲ…

မျက်လုံးအမည်းနဲ့အကောင်လဲရှိတယ် ကျောမှာကုလားအုတ်လို ဘုပါတယ်အကောင်တွေလဲရှိတယ်

ဒီရာသီမှာ မနက်၈နာရီလောက်ဆိုထွက်ပြီ

အစာရှာတယ် မိတ်လိုက်တယ်(မိတ်လိုက်တဲ့ပုံကတော့မတို့ရသေးလို့နောက်မှကြည့်ကြပါဗျို့)

 

တော်သေးပြီ.(ပို့စ်တစ်ခုတင်ပြီး.လနဲ့ချီပြန်မပျောက်အောင်ကြိုးစားပြီး..မကြာမကြာဝင်လာခဲ့ပါမယ်ဗျာ)

18 comments

  • မြစပဲရိုး

    July 16, 2016 at 4:16 pm

    မျက်လုံးက ကျောက်တစ်လုံး ကို သွေးပြီး တပ်ထားသလို လှ လိုက်တာ။ :-))

    • warsojuly

      July 18, 2016 at 6:25 am

      အပြင်မှာအဲဒီပုံထဲမှာမြင်ရတာထက်ပိုလှတယ်ခင်ဗျ

    • warsojuly

      July 18, 2016 at 6:24 am

      အိမ်နားကပန်းခြံထဲမှာပါခင်ဗျာ

  • kai

    July 17, 2016 at 3:56 pm

    ဘာကင်မရာ..ဘာလန်းစ်နဲ့ ဘယ်လိုရိုက်ထားတယ်ဆိုတာလေးလဲ… သိချင်..။

    • warsojuly

      July 18, 2016 at 6:23 am

      ဟုတ်ပါ့အဲဒါရေးဖို့မေ့သွားတယ်
      Camera:Canon Kiss x7i(700D)
      Lens:Canon EF L 100mm Macro IS USM
      Flash: Camera Built-in Flash
      Retouch:Adobe Lightroom & Nik Output Sharpener

  • kotun winlatt

    July 18, 2016 at 9:58 am

    ပုံတွေက မိုက်သယ်ဗျ . . . တော်တော်လေး အပင်ပန်းခံ ချောင်းရိုက်ခဲ့ရမှာပဲ . . .

    • warsojuly

      July 18, 2016 at 12:38 pm

      မရိုက်ခင်အကောင်ရှာရတာကပိုခက်တယ်ဗျ..
      တွေ့တော့လည်းမျက်ချေမပြတ်အောင်လုပ်ရသေး
      အဖော်တစ်ယောက်ယောက်ပါရင်ပိုအဆင်ပြေတယ်
      တစ်ယောက်ရိုက်နေတုန်းနောက်တစ်ယောက်ကအကောင်ရုတ်တရက်ဘယ်ပျံသွားလည်းကြည့်ပေးရင်အဆင်ပြေတယ်
      တစ်ယောက်တလှည့်ဆီရိုက်ပေါ့

  • မမချွိ

    July 20, 2016 at 9:18 am

    ငင်။
    ဓာတ်ဆရာ စကားနားထောင်ပြီး ပို့(စ) ပေးတတ်တဲ့မော်ဒယ်ကို ရိုက်ထားသလိုပါပဲကွယ်။

    :chit:

    • warsojuly

      July 20, 2016 at 8:46 pm

      ငင်….စကားနားထောင်ဖို့နေနေသာသာ..
      အသံကြားရုံနဲ့လစ်တာ…

      • မမချွိ

        July 21, 2016 at 8:35 am

        အဲလို အကောင်ကို ဒီလို ရအောင် ဓာတ်ဖမ်းနိုင်တာ တော်တယ်လို့ ပြောချင်တာ။

        :k:

        • warsojuly

          July 22, 2016 at 10:11 am

          အဟီး ကျေးဇူး

  • may july

    July 21, 2016 at 3:20 pm

    ကာလာလေးတွေ လှထှာ ..
    အကောင်လေးကိုတော့ အသဲယားးပါ ဘိ ..

  • uncle gyi

    July 25, 2016 at 9:50 am

    ပုံနဲ့အမည်ပေးသဘောက ျမိ
    စိတ်ကူးလေးကောင်းပ

  • Thint Aye Yeik

    August 12, 2016 at 11:03 am

    ဘဝမှာ တစ်ခါလောက် (တစ်ပုံလောက်ပဲ ဖြစ်ဖြစ်….)အဲ့လို ပုံမျိုး ရိုက်ခွင့်ရချင်လိုက်တာ..။
    ကိုယ်ရိုက်ခဲ့သမျှ ပုံတွေ…တစ်ခါမှ..ဒီလောက် ကြည့်မကောင်းခဲ့ဖူးဘူး။

  • Shar Thet Man

    October 31, 2017 at 3:32 pm

    ကြောက်စရာကြီး ကို်က်လို်က်မှဖြင့်

Leave a Reply