မြ ရဲ့ သင်ပုန်း ၁၆-၀၇-၂၀၁၆

မြစပဲရိုးJuly 16, 20161min66918

အစိုးရသစ် အုပ်ချုပ်မှု ရက် ၁၀ဝ အပြီးတွင် ထူးထူးခြားခြား ပြောင်းတယ်၊ မပြောင်းဘူး။ ထူးတယ်၊ မထူးဘူး ဝေဖန်သံများ သည် ဆိုင်ရာ ဆိုင်ရာ ရပ်ကွက် အလိုက် သောသောညံနေ၏။
အစိုးရသစ် ကို မိုးနတ်မင်း ဖန်ဆင်းရှင် အလား ထင်၍ အမျှော်လင့်ကြီး မျှော်လင့်နေကြသည့် ထိုထိုသော ဝေဖန်ရေး စဆရက (မောင်ရှုံး ကို မဆိုလို) များ ကို အံ့ဩမိလေသည်။

မြ ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ စံပေတံ ဖြင့်တိုင်းပါက % အနည်းငယ်မျှသော ထိပ်တန်းအစိုးရ အဖွဲ့လူ များနှင့် လွှတ်တော်အမတ်များ သည် စံမှီကြပေလိမ့်မည်။
အများစု တွင် တစ်ချို့မှာ အနှုတ်လက္ခဏာ ပင် ဆောင်နိုင်ပေသည်။
ထိုသို့သော ကျောက်အရောရော ဖွဲအရောရော အဖွဲ့ကြီးသည် မည်သို့ မယ်ပုံ အားကိုးထိုက်ခံ ဖြစ်ချေမည်နည်း။
ထိုသူများ ကို အားကိုးလိုစိတ်မရှိပါဘဲ မည်သည့်အတွက် ကြောင့် တင်မြှောက်ခဲ့သည်လဲ ဟု မေးနိုင်ပါသည်။

အကြောင်းရင်း သိရန် အောက်ပါအချက် များ ကို ဖတ်ပါလော့။
(၁) ဒေါ်အောင်ဆန်းစုကြည် ၏ ပညာ၊ သဘာ၊ စေတနာ ကို အကြွင်းမဲ့ ယုံကြည် ခြင်း
(၂)  ပြည်သူ့ဘဏ္ဍာ ကို ကိုယ်ကျိုး အတွက်  မျက်နှာပြောင် တိုက်ပြီး သုံးရဲ သူ အင်မတန် နည်းမည် ဟု မှန်းနိုင်ခြင်း
(၃) ထို ပုဂ္ဂိုလ်များ မဟုတ်တာ လုပ်ပါက ပြည်သူ မှ ရဲရဲတင်းတင်း ဝေဖန်နိုင်ခြင်း
(၄) ပညာရှင် များ၏ ကျွမ်းကျင် မှု ဆိုင်ရာ အလုပ်လုပ်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့်၊ အကြံပြုခွင့် များ သည် အစိုးရ အုပ်ချုပ်ရေးရာပိုင်း ၌ နေရာ ယူနိုင်လာခြင်း
(၅) ပြည်သူ များ၏ အသံ ကို နားထောင် တတ် သော လူ အများစု အစိုးရ ထဲ၊ လွှတ်တော်ထဲ ၌ ရှိလာမည်ဟု မျှော်လင့်ခြင်း
(၆) တရားရေး ဥပဒေ ခိုင်မြဲရန်၊ မှန်ကန် မျှတရန် အခွင့်အလမ်း ပေါက်လာနိုင်ခြင်း
(၇) ပြည်သူများ အနေဖြင့် ကိုယ်မဟုတ်တာ မလုပ်ဘဲ  အစိုးရအား အလကား နေရင်း ကြောက်နေစရာမလို ဟု ယုံကြည်ခြင်း
(၈) အစိုးရ နဲ့ လွှတ်တော် ထဲ၌ အားလုံး မဟုတ် တောင် အများစု သည် အရှက်တရား  ရှိကြမည်ဟု ထင်ခြင်း
(၉) ထိုသို့သော အထက်ပါ ယုံကြည်မှု အစပျိုး အချက်များ မှ တစ်ဆင့် အုပ်ချုပ်သူများ အပါအဝင် ပြည်သူတစ်ရပ်လုံးအား ထိန်းချုပ်နိုင်မည့် စနစ်ကောင်း တစ်ခု ရလာ နိုင်မည်ဟု တွေးဆမိခြင်း
စသည့် အချက်များသည် ရေရှည် အနာဂါတ်၌ အောင်မြင်သည့် ဘက်သို့ ရွှေ့ရှားနိုင်မည် ဟု ယုံကြည်ပါသည်။

ထို့ကြောင့် ပင် လက်ရှိရေတို ကာလ တွင်မတော့ လွှတ်တော် နဲ့ အစိုးရ ဆီမှ အင်မတန်ကောင်းတဲ့ စီမံ အုပ်ချုပ်မှုတွေ ရလာမယ် မမှန်းခဲ့ချေ။
သို့သော် ပြည်သူတွေ ထဲ တွင်မတော့ အင်မတန် ပညာ တော်တဲ့၊ စဉ်းစားတွေးခေါ် ဉာဏ်အားကောင်းတဲ့၊ အလုပ် လုပ် တတ်တဲ့ သူတွေ အများကြီး ရှိနေပါသည်။
ထိုသူများ ရဲ့ ပံ့ပိုးမည့် အား ကို တော့ မျှော်လင့်ချက် ကြီးကြီး ဖြင့် မှန်းထားမိကြောင်း ဝန်ခံလိုပါသည်။
အစိုးရ နှင့် လွှတ်တော်မှ ထိုသူများ ရဲ့ ခွန်အား ကို အားကိုးပြု ကာ လျှောက်လှမ်းစေချင်မိသည်။
ပြည်သူ့ အသံ တွေ ကို နားစွင့်ပြီး လမ်းမှန် ကို ရောက်အောင် ထိန်းကျောင်းနိုင်အောင် တော့ အစိုးရ မှ အင်အားထုတ်စေချင်သည်။

ချုပ်ပြောရရင်တော့ မြ တို့ ရွှေပြည်ကြီး ကို တိုးတက်စေဖို့ အမှန်စေတနာ ရှိခဲ့လျှင် ဤသို့ စဉ်းစားကြည့်ကြ စေလို၏။
လက်ရှိ အစိုးရ အား ကိုယ့်ကို တွဲခေါ် ကူညီနိုင်မဲ့ ခွန်အားရှိ လူကြီး တစ်ယောက်လိုထက်
ကိုယ် က ဖေးမ လက်တွဲခေါ်ပေးရ မဲ့ ကလေး တစ်ယောက် လို သဘောထားပြီး တတ်နိုင်သမျှ စေတနာ ထား ကူညီပံ့ပိုး ပေးဖို့ သာ ဖြစ်ပေသည်။
ယနေ့ ရက်၁၀ဝ သား အစိုးရ အုပ်ချုပ်မှု စနစ် ၏ အနာဂါတ်သည် မြတို့ အားလုံး၏ လက်ထဲ တွင် ရှိနေကြောင်း သိပြုကြပါလေ။

ထို ရက်သားလေး မှ သည် တည်ငြိမ် ရင့်ကျက် ပြီး ဉာဏ်ပညာ ပြည့်ဝ သည့် ခွန်အားရှိ လူကြီး ပုံစံ သို့ ရအောင် ဝိုင်းဝန်းကာ ပြောင်းပေးကြပါစို့။
မြတို့ သားသမီး မြေးမြစ်များ လက်ထက် တွင်မတော့ မြတို့ ပျိုးထောင်ခဲ့သော ထိုအကြောင်းအရာ မှ သည် အကျိုးတရား တစ်ခု ကို ခံစားကြရပေလိမ့်မည်။
တိုင်းသူပြည်သားများ အား စနစ်ကောင်း တစ်ခု မှ ကာကွယ် စောင့်ရှောက် ပျိုးထောင် ပေးနေသည့် အကျိုးတရားပင် ဖြစ်မည်ဟု မြ အိမ်မက် နေမိပါတော့သည်။
တစ်နေ့ တွင် ထို အိမ်မက်များ ဖြစ်မလာ ပါ က  မြ တို့တစ်ယောက်ချင်းစီ တွင် အပြစ်များ ရှိမည်ဖြစ်သည်။
တစ်နေ့ တွင် ထို အိမ်မက်များ ဖြစ်လာပါက  မြ တို့တစ်ယောက်ချင်းစီ သည် ကျေကျေနပ်နပ် ပြုံးကာ ဂုဏ်ယူစရာ ဖြစ်မည်။

လောလောဆယ် မတော့ လက်ရှိ လောက ထဲ၌ ကိုယ့်ဘဝ ကို ပင် ဖြောင့်တန်း အောင်မြင် အောင် မထိန်းကျောင်း နိုင်သော လူတန်းစား များ ထံမှ
လူထုခေါင်းဆောင် နှင့် သူမ ၏ အစိုးရ ကို အပြစ်ဖို့သော လေသေနတ် သံများ ညံညံစီ နေတော့ချေသည် တကား။

မြ ကတော့ Bryan Adams ရဲ့ သီချင်း တစ်ပုဒ် ကို သာ နားထောင်နေတော့မည်။
စကားလုံး နှစ် လုံး ကို တော့ ပြင်ထား ပါသည်။
(Everything SHE Does) SHE Does It For Us.
{{ There’s no love, like your love … And no other could give more love ..  There’s nowhere, unless you’re there … All the time, all the way }}

DASSK & GMAL02
Coming together is a beginning; keeping together is progress; working together is success. … Henry Ford (Founder of Ford Motor) (Photo credit to 7 Day News Journal)

 

18 comments

  • မြစပဲရိုး

    July 16, 2016 at 4:22 pm

    Dear Lady …. You are doing all those things for us.
    I am also talking for you from here.
    Yes… I would fight for you.
    Love you a lot.
    +++++++++++++++++++++++++++++++
    Don’t tell me it’s not worth fightin’ for .. I can’t help it, there’s nothin’ I want more
    You know it’s true … Everything I do, I do it for you, oh yeah
    There’s no love, like your love … And no other could give more love
    There’s nowhere, unless you’re there .. All the time, all the way yeah

    https://www.youtube.com/watch?v=ZGoWtY_h4xo

  • ကထူးဆန်း

    July 16, 2016 at 6:27 pm

    Result မလိုသေးပါဘူး..plan တော့ သိချင်ပါတယ် .. ဒီလောက်လေးတော့ တောင်းဆိုပါရစေ ။
    ရက်တစ်ရာ မဟုတ်ပါဘူး ..အနိုင်ရပြီးသိချိန်က စ ရင် ခြောက်လ မက ရှိပြီမို့လို့ပါ ။။။။ 🙂

    • Plan တွေ အကုန် ချပြလိုက်ရင် ဘာဖြစ်သွားမယ် ထင်တုန်း . . . ဥပမာ ခုလို မဘသ ကို အားနည်းအောင်လုပ်မယ့် Plan ကို ပွင့်လင်းမြင်သာစွာ ချပြခဲ့မယ်ဆိုရင် . . . . . . .

      What to do တွေကို သိနေပြီပဲ . . . How to do အတွက် complain မတက်ပါနဲ့ဦးဗျာ . . . ပြည်သူတွေ လုပ်ပေးနိုင်တာရှိရင် ဒါလုပ်ပေးပါ လို့ ပြောပါလိမ့်မယ်

    • မြစပဲရိုး

      July 16, 2016 at 9:28 pm

      အဲဒါကို ပြောနေတာပါ ကထူးဆန်းရယ်။
      ဒီ အစိုးရဆီမှာ လှမ်းမျှော်လင့်မဲ့အစား ကိုယ်ကစ initiate လုပ်ပြီး လက်လှမ်းမှီရာပြောကြည့်ပါ။
      ကိုယ့် စေတနာမှန် ပြောစကား ကို နားမထောင်ဘဲ နဲ့၊ သူတို့ မှာလဲ ကြိုတင်စီမံချက် မရှိဘဲနဲ့ တတ်သလို ယောင်နေရင် သူတို့ ဘဲ ကျဆုံးမှာပါဘဲ။
      ပြည်သူတွေ အတွက်ကတော့ နောက် တစ်ယောက်ပြောင်း တင်ရုံ ပေါ့။
      လုပ်ပိုင်ခွင့် ရှိပြီး လက်နက် မရှိတဲ့ အစိုးရ ကို ရထားတာမို့ ပြန်ဖြုတ်ဖို့ လွယ်ပါတယ်။
      နိုင်ငံတော့ အချိန် နာတာပေါ့။

      ဒါပေမဲ့ လက်ရှိ အစိုးရ အဖြစ် ကို ကြည့် ကထူးဆန်းရေ။
      အရင် ပါးရိုက်တဲ့ အဘတို့ အဖွဲ့ က ကုလားအားပေး အစိုးရ စွပ်စွဲ နေပြီး အပြင်က စဆရက တစ်သိုက် ကလဲ ကုလားနှိမ် အာဏာရှင်အစိုးရ တဲ့။
      အပြင်က လူ တစ်ချို့ ကတော့ အရင်က အဖွဲ့တစ်ခု အားကိုး ဘတ်ဂျက် နဲ့ ရိုဟင်ဂျာ အခွင့်အရေး အော်ခဲ့ပြီး ဟိုက ဆက်မထောက်ပံ့ချိန် ပြည်ထဲ ဝင်ပြီး အမျိုးသားရေး လုပ်နေတာ တွေ ရှိတာ သိကြပါ။
      ပြည်တွင်း အဘ တို့ ကဘဲ စပွန်စာပေး ကာ ဆက်ငှားခဲ့လားမသိ။ အခုတော့ သူတို့ဟာ တစ်ဖွဲ့တည်း လားတောင် မပြောတတ်ဘူး။
      အားပေး နဲ့ နှိမ် ဆိုတဲ့ စကားလုံး ကလွဲလို့ ဒေါ်အောင်ဆန်းစုကြည် ကိုဘဲ တိုက်ရိုက်ထား အပုတ်ချတိုက်ခိုက် နေပုံ တွေ က အတူတူပါဘဲ။
      သူတို့ ဒီ အမျိုးသမီးကြီး ကို အတော်မုန်းနေကြတာ။ အာဃာတ တွေ တော်တော်ကို ကြီးကြတယ် ထင်ရဲ့။ အများကောင်းကျိုး အတွက်လုပ်ပေးသူ မှာ မကောင်းတာ လုပ်သူများရဲ့ အမုန်းခံရတယ် ဆိုတဲ့စကား လက်တွေ့မြင်ရတာပါဘဲ။
      သူတို့ စိတ်ထဲ မယ် ဒေါ်အောင်ဆန်းစုကြည် ကြောင့် နိုင်ငံကောင်းစား သွားမှာ ကို အတော် မမြင်ချင် ဖြစ်နေကြလားမသိ။

      တစ်ချို့ က စားလို့ ဝ ပြီး အသာရှို သွားကြပေမဲ့ တစ်ချို့ က စားရင်းတန်းလန်း အစာပုတ်ချ သလို ဖြစ်တာမို့ အထိနာ နေသူ တွေ ရှိပါတယ်။
      သူတို့ က လူမိုက်များ မွေးပြီး ချွန်တွန်း လုပ်နေတာ ကြည့်တတ်ရင် မြင်ရပါလိမ့်မယ်။
      လက်ရှိအစိုးရ ဝန်ထမ်း အင်အားတွေ ထဲ မှာလဲ အရင်လူ စည်းအတွင်းကြိတ်ကြံနေသူ ဘယ်လောက် ရှိနေမယ် မမှန်းနိုင်။
      ဒါကြောင့် လုံမ ပြောသလိုပါဘဲ။
      ကြိုထုတ်ပြရင် စည်းပေါက်တာ ကြောက်ရတာမို့ လို မှ ချပြနေရတဲ့ အဖြစ် ကို ရောက်နေတာလဲ ဖြစ်နိုင်တယ်။ ရွေးစရာ လမ်း တွေ ကို အများကြီး ထားပြီး ခလုတ်ရှောင် နေရတာလဲ ဖြစ်နိုင်ပါတယ်။

      ဒေါ်အောင်ဆန်းစုကြည် အနားမှာ ပရိုဖိုင်ဝှက် ထား တဲ့ နိုင်ငံတကာ အဆင့်မှီ ပညာအသိ ရှိတဲ့ လူတော်တွေ၊ ပြည်တွင်းက လုပ်ငန်းရှင်တွေ အများကြီး ရှိနေတာပါ ဆိုတဲ့ ကျွန်မ စကား ကို နဲနဲ ယုံကြည့်ပါ။
      ဒီလူ တွေ အကြောင်း တော်ရုံ သိကြမှာ မဟုတ်သလို သူတို့ ကလဲ လူရှေ့ထွက်လာမှာ မဟုတ်ပါဘူး။
      သူတို့ အလုပ် သူတို့ လုပ်နေသူ တွေပါ။
      အာဗြဲလျှာဗြဲ ဆရာကြီး လုပ်နေတာ တွေ က တကဲ့ လက်သည်း တွေ မဟုတ်လောက်ပါဘူး။

      ဒီတော့ ကာ တစ်ချို့ ပလန် တွေကို ကောင်းမယ်ထင်ရင် ကိုယ့်ဘက် က ကမ်းလှမ်း အကြံပြုပါ ကထူးဆန်းရယ်။
      သူတို့ နားထောင်နေကြပါတယ်။

      ပုံ
      ဖျာသည်မြ 😉 :DDDD :-)))

      • ကထူးဆန်း

        July 18, 2016 at 10:12 am

        ဖ ျာ သည် မြ ဆိုတာ နဲ့ တင် အရီးကို တော့ အားနာမိပါတယ် .. 🙂

        • မြစပဲရိုး

          July 18, 2016 at 2:56 pm

          ကထူးဆန်းရေ
          Facebook ထဲ
          “အိုင်တီ သမားတွေ အရင်ကတော့ မပါဘဲ အခု မှ အမေ လာလုပ် နေတယ်” ဆိုထားတာ တွေ့လိုက်မိတော့ မနေနိုင် ဘဲ ဝင်ဖျာ ထားတာလေး ဖတ်ကြည့်ပါဦး။
          အွန်လိုင်း အဖေ့ရွာ ထဲ မှာ ဘဲ ကမ္ဘာထင်ရင် တော့ ဒီလို သူကြီးမင်း ရဲ့ ရွာ အစုတ် လေးမှာတောင်မှ ဒီလို စကား တွေ ကိုပြော နေတဲ့ ဝါသနာရှင် ပညာရှင် လုပ်ငန်းရှင် တွေ အများကြီး ဆိုတာ ကို မသိနိုင်ကြပေါ့။
          တကဲ့အပြင်လောက ထဲ မှာလဲ ဒေါ်အောင်ဆန်းစုကြည် အတွက် အဘ တွေကြား မသိမသာ တွန်းနေသူ တွေ ရှိတာ လဲ မသိနိုင်ကြပေါ့။

          +++++++++++++++++++++++++++++
          ဒီချုပ် သောင်ပြို ကမ်းပြို နိုင်ခဲ့တာ အွန်လိုင်း မဲပေးစနစ် နဲ့ မဟုတ်ဘဲ လူ တွေ ကိုယ်တိုင် သွားပြီး မဲ ထည့်ခဲ့ခြင်းကြောင့်ပါ။ အများစု မဲ ပေးတာ အွန်လိုင်းပေါ်က စကား တွေကြောင့်၊ ဒီချုပ် ပါတီ ကြောင့် ထက် ဒေါ်အောင်ဆန်းစုကြည် တစ်မျက်နှာ ကိုဘဲ ကြည့်ပြီး ပေးခဲ့ ကြတာ အားလုံး အသိပါဘဲ။ ဒီလို လူ တွေထဲ မှာ ပြည်တွင်းက အိုင်တီပညာရှင် (အားလုံး လို့တော့ မပြောပါ၊ ဒါပေမဲ့ အနည်းစုလဲ မဟုတ်ပါ) များ အပါအဝင် ပညာရှင် တော်တော်များများ ပါပါတယ်။ သူတို့ သဘောထား တွေ ကိုလဲ မဲမထည့်ခင် ကထဲက ပြောကြတာ တွေ့ပါ တယ်။ တိုင်းပြည် ထဲ မှာဘာမှ ပြောမနေဘဲ အချိန်ကျမှ လုပ်သင့်တာ ကို လုပ်ပေးခဲ့ သူ တွေ များလို့သာ ဒေါ်အောင်ဆန်းစုကြည် အစိုးရဖွဲ့နိုင်ခဲ့ခြင်းပါ။

          ဒါကို ထားတော့။ အခုလို နိုင်ငံ ကို ပြန်လည် ထူထောင်ချိန်မှာ စိတ်လိုလက်ရ ပါဝင် ပူးပေါင်းလာမှု တွေ အားလုံး ကို ဝမ်းမြောက်ဝမ်းသာ ကြိုဆို ရမှာပါ။ ကန့်လန့်တိုက် နေသူ တွေ (စေတနာ နဲ့ ဝေဖန်သူ တွေ နဲ့ ကွဲလွဲကြောင်း သတိပြုပါ) နဲနိုင်သမျှ နဲ သွားမှ အလုပ် လုပ်ရာမှာ ပိုပြီး ထိရောက် မှာပါ။
          တကယ်တော့ အစွန်း နစ်ဖက် စွန်းတွေ ရဲ့ အပြန်အလှန် အမုန်းစကား တွေ က သာ နိုင်ငံ ကို အန္တရာယ်ပြုနေခြင်း ဆိုတာ ဂရုစိုက်ကြည့်ပါ။

          တစ်ချို့ အစွန်း နှစ်ဖက် စွန်းလွန်းတာ တွေ က အပေးအယူ မျှလွန်းချိန်မှာ သီအိုရီ တစ်ခု က တောင် ခေါင်းထဲ ရောက်ရောက်လာ တတ်ပါတယ်။

          ဒီတော့ လက်ရှိအခြေအနေမှာ လက်တွေ့ကျကျ ဒေါ်အောင်ဆန်းစုကြည် ကို ပူးပေါင်းကူညီသူအားလုံး ဟာ တိုင်းပြည် အတွက် စေတနာရှိသူများ လို့ မှတ်နိုင်ပါတယ်။ လူတွေ ဆိုတာ အတ္တ အနဲ အများ ရှိတာမို့ ကိုယ့်အကျိုး အတွက်လဲ ပါနိုင်မှာပေါ့။ သို့ပေမဲ့ အလွန်မကျူး ကိုယ့်အကျိုး သူ့အကျိုး မျှနေသမျှ တိုင်းပြည် အတွက် ထိခိုက်စရာ မရှိပါဘူး။

          ဒီတော့ ကိုယ့်အစွန်းရောက် စိတ်များ ရှိရင် ဆင်ခြင်ကြည့်ကြပါ။ အဲဒီ စိတ် တွေကြောင့် တကယ် စေတနာအရင်းခံ နဲ့ တိုင်းပြည်အတွက် အလုပ်လုပ် နေသူ တွေ ကို အနှောက်အယှက် မဖြစ်စေလိုတာမို့ ဒီ မှတ်ချက် ကို ရေးပါတယ်။ လောလောဆယ် မှာ ဘက်မပြောင်းနိုင်ဘဲ အဖျက်လုပ်နေသူ တွေ အများကြီး ရှိနေတာ ကို သာ ဂရုပြုပါ။
          မှတ်ချက်ရေးဖို့ ဖွင့်ထားလို့ ကျေးဇူးတင်ပါတယ်။
          ———————————————————–

  • မြစပဲရိုး

    July 16, 2016 at 9:32 pm

    မနေ့က ကာချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံတွေ ကို ကြည့်ပြီး ဘယ်သူ တွေ ဝမ်းမသာနိုင်ဘူးလဲ သိရင် တိုင်းပြည် ကို ကောင်းစား တိုးတက်သွားမှာ စိုး သူ တွေ ရဲ့ စိတ်ဓာတ် ကို မြင်ရနိုင်ပါတယ်။
    နှစ်ဖက် လုံး မှာ ဒီလို စိတ်ဓာတ် နဲ့ လူတွေ ရှိနေတာပါ။
    စိတ်ပျက်စရာ၊ ရွံစရာ တွေပါဘဲ။

  • ဦးကြောင်ကြီး

    July 17, 2016 at 1:15 am

    အပြောမိုးလောက်ကြီး… အလုပ်နှံပြည်ဆုပ်။။။။ ငှိ ငှိ ငှိ

  • မြစပဲရိုး

    July 19, 2016 at 1:32 am

    လူတန်းစားတွေ ရဲ့ တွေးခေါ်ပုံ ကွဲကြပါပါတယ်။
    တစ်ချို့က သူ့ရဲ့ ပုဝါခြုံတာ ဘယ်နှဲ့၊ လမ်းလျှောက်ပုံ က ဘယ်သို့၊ စကားပြောတာက ဘယ်ပုံ အပေါ်ယံ လေး ဆိုတာ တွေ ကိုဘဲ ရမယ်ရှာ အပြစ်ဖို့ တတ်တယ်။
    တစ်ချို့က တော့ သူ့ရဲ့ ပညာဉာဏ်အား ကြီးမြင့် ပုံကို အသေအချာမြင်ကြတယ်။
    စစ်တမ်းကောက်ကြည့်ပါလား။
    ဘယ်လို လူတန်းစား တွေ က ဘယ်လိုမြင် ဘယ်လို အပြစ်တင်ပြီး ဘယ်လို လူတန်းစားတွေ က ဘယ်လို အချစ်ဝင် ဘယ်လို အနှစ်မြင်ကြ တယ် ဆိုတာ။
    စိတ်တော့ မရှိကြပါ နဲ့။
    တစ်ခါ တစ်ခါတော့လဲ စိတ်နောက်လာရင် ကျောင်းမှန်း ကန်မှန်း သိအောင်တော့ ခွဲခြား ပြချင်ပါရဲ့။ တွေးခေါ်ပုံ ကွဲကြပါပါတယ်။
    တစ်ချို့က သူ့ရဲ့ ပုဝါခြုံတာ ဘယ်နှဲ့၊ လမ်းလျှောက်ပုံ က ဘယ်သို့၊ စကားပြောတာက ဘယ်ပုံ အပေါ်ယံ လေး ဆိုတာ တွေ ကိုဘဲ ရမယ်ရှာ အပြစ်ဖို့ တတ်တယ်။
    တစ်ချို့က တော့ သူ့ရဲ့ ပညာဉာဏ်အား ကြီးမြင့် ပုံကို အသေအချာမြင်ကြတယ်။
    စစ်တမ်းကောက်ကြည့်ပါလား။
    ဘယ်လို လူတန်းစား တွေ က ဘယ်လိုမြင် ဘယ်လို အပြစ်တင်ပြီး ဘယ်လို လူတန်းစားတွေ က ဘယ်လို အချစ်ဝင် ဘယ်လို အနှစ်မြင်ကြ တယ် ဆိုတာ။
    စိတ်တော့ မရှိကြပါ နဲ့။
    တစ်ခါ တစ်ခါတော့လဲ စိတ်နောက်လာရင် ကျောင်းမှန်း ကန်မှန်း သိအောင်တော့ ခွဲခြား ပြချင်ပါရဲ့။
    +++++++++++++++++++++++++++++++++++++++++++++
    Post from Thet Soe Facebook wall
    https://www.facebook.com/photo.php?fbid=626229834210266&set=pcb.626230527543530&type=3&theater
    Thet Soe added 20 new photos — at Secret Garden, my home
    9 hrs · Yangon, Myanmar ·
    သေချာပါတယ်၊ နှောင် ရာစုနှစ် တစ်ခု ထိတိုင်အောင် သူမလို ခေါင်းဆောင် မျိူး နောက်ထပ် တစ်ယောက် မြန်မာပြည်မှာ ရှိလာဖို့ မလွယ်ပါဘူး၊
    သူမရဲ့ ဦနှောက်အားကောင်းမှု့၊ စာဖတ်အား၊ဇွဲ လုံးလ ဝရိယ၊ အမျှော်အမြင်ရှိမှု့၊ ခွင့်လွတ်နိူင်စွမ်းအား၊ ကိုယ်ကျင့်တရား ၊ ပါရမီ အရာရာ အားလုံးဟာ သူမတူအောင် တစ်ကယ်ကို ထူးချွန်သူပါ၊
    ကျွန်တော်နှင့် ၂နာရီကြာ စကားပြောဖြစ်တဲ့ တခဏမှာ ကျွန်တော်တို့ arts ဆိုတဲ့ အနုပညာ၊ ဘာသာတရား နဲ့ သစ်ပင်တွေအကြောင်း အများဆုံးပြော ဖြစ်တာပါ၊ အဲဒါတွေက ယ္ခု ကျွန်တော် လက်ရှိ လေ့လာနေတဲ့ ဘာသာရပ်တွေပါ၊ ကျွန်တော့ာအတွက်တော့ အပိုင်ပေါ့၊ များသောအားဖြစ် ကျွန်တော် တစ်ခြားသူတွေနဲ့ arts ဒါမှ မဟုတ် ဘာသာရေးအကြောင်းဆွေးနွေးတဲ့အခါမှာ ဘယ်တော့မှသူများနှင့် ငြင်းခုန်လေ့ မရှိပါဘူး၊ ကိုယ်ဘက်ကဘယ်လောက်မှန်မှန် ဘယ်လောက်သိသိ ငြိမ်နေ လေ့ရှိ ပါတယ်၊ ကိုယ် မှန်တယ် ကိုယ်တတ်တယ် ဆိုတာ တစ်ဖက်သားကို ဘယ်တော့မှ ထုတ်ပြလေ့မရှိတဲ့ ကျွန်တော့ အကျင့်ပါ၊ ငြင်းရခုန်ရ တာတွေ ဝါသနာ မပါတာလည်း တစ်ကြောင့်ပေါ့၊ ဒါကြောင့် သူများ နှင့် စကားပြောရင် ငြိမ် ပြီးနားထောင်လေ့ရှိပါတယ်၊ ဒါပေမဲ့ သူမ နှင့် စကားပြောတဲ့ အခါ ငါလေ့လာထားတာတွေဟာ တော်တော် လိုသေးပါလားဆိုတာ ခံစားရပြီး ငြိမ်နေရတာပါ၊ arts အကြောင်းပြောတော့ လည်း ကျွန်တော် နောက်ဆုံး လေ့လာနေတဲ့ gothic arts ကိုတောင် သူမ တော်တော်ကြီးသိနေတယ် ကျွန်တော် အံဩတာက သူမ ဘယ်အချိန်ကတည်းက ဒါတွေဖတ်ထားသလည်းဆိုတာပါ၊ ဘာသာရေး အကြောင်း ကြုံလိုပြော ဖြစ်တော့လည်း ဘုရား ဟောတဲ့ ပည္စှတ်တော် တွေ ထဲက ခက်ခဲတဲ့ အပိုင်းတွေကို သူမတော်တော်များများ အလွတ်ရနေတာ ကျွန်တော် အံဩရပါတယ်။ ဒါကြောင့် သူမ နဲ့ ခေတ္တ ခဏ စကားပြောခွင့် ရတာဟာ ကျွန်တော့ အတွက်တော့ အဖိုး မဖြတ်နိူင်အောင်ပါဘဲ။

    • kai

      July 19, 2016 at 9:00 am

      လင်ခ့်ပေးထားတဲ့ ကိုသက်စိုးဝေါက.. ပုံကိုသဘောကျနေတာ…
      ကိုးသချင်္ ိုင်းသံဓားတဲ့…။
      ဟိုဓားဆရာလိုချင်မလားတော့ မသိ..။ :k:

      • kai

        July 19, 2016 at 9:01 am

        Wall ပေါ်ကစာတွေ…။

        =
        Thet Soe — at Secret Garden.
        June 3 · Yangon, Myanmar ·

        တစ်ခါတုန်းက နန်းတွင်း ပန်းတိမ်ဆရာ တစ်ယောက်ရဲ့ မျိူးဆက်တွေက ကျွန်တော့ဆီ သူစုဆောင်းထားတဲ့ ဒါးမျိူးစုံကို ရောင်းပါတယ်၊ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး မြန်မာ ဒါးကလေးတွေ စုံအောင်စုခြင်တာနဲ့ အကုန်ဝယ်လိုက်တယ်၊ အဲဒီအထဲမှာ ပုံပါအတိုင်း သစ်သား သေတ္တာလေး တစ်လုံးမှာ ကျွန်တော် နားမလည် တဲ့ ဒါးသေးသေးလေး တွေပါလာတယ်၊ ရောင်းတဲ့သူကတော့ ပြောပါတယ် ဒီ ဒါးတွေက သိပ်ရှားတယ်တဲ့၊ ပယောဂ ကုတဲ့ ဒါးတွေလို ပြောပါတယ်၊ ကျွန်တော့ တက်သလောက်လေ့လာတာတော့ တစ်ခြား ဒါးတွေလို ပန်းအလှ လက်ရာလည်း မပါ ပါဘူး၊ ရိုးရိုး သံကိုမှ သစ်သားနဲ့ လုပ်ထားပြီး ဒါးရိုးမှာတော့ ထူးဆန်းတဲ့ အရုပ်တွေပါတယ်၊ ကျွန်တော်လည်း ဘာရယ်မဟုတ်ဘူး ဒီအတိုင်း ပြစ်ထားလိုက်တယ်၊ ဟိုတစ်လောကမှ စာအုပ်တစ်အုပ်ကို ဖတ်မိလိုက်ပြီး ပြန်လေ့လာမှ အဲ့ဒီထဲက ရှစ်ခြောင်းက ” ကိုးသချိူင်္င်းဒါး” ဖြစ်မှန်းသိရတယ်၊ ဒါကြောင့် ထင်တယ် သရဲ အလွန်ခြောက်ပါတယ်ဆိုတဲ့ ပစ္စည်းတွေ အိမ်ရောက်ရင် ငြိမ်သွားတယ်။ ကျန်တဲ့ ဒါးတွတော့ ဘာမှန်းမသိသေးဘူးဗျာ…

      • kai

        July 19, 2016 at 9:04 am

        ဒါက.. ဓားအကြောင်း.. ကျန်ရစ်အောင်ကူးထားတာ…

        “ခု လူလေးနဲ့အဘတို့ ရင်ဆိုင်ရမယ့် အောက်လမ်းပညာရှင်ဟာ နယ်နယ် ရရလူမဟုတ်ဘူး
        သူ့ပညာအဆင့်ဟာအရမ်းမြင့်နေပြီ ဆိုတာ အဘလည်းပညာရှင်တစ်ယောက်အနေနဲ့ ခန့်မှန်းလို့ရတယ် ရေရှည်သူ့လက်ကရှေင်ပုန်းဖို့ဆိုတာမဖြစ်နိုင်ဘူး တနေ့ကျရင်ထိတ်တိုက်တွေ့မှာပဲ ဒီအတွက်အဘတို့ သူကို ရင်ဆိုင်ဖို့လက်နက်ကောင်းကောင်းလိုလာပြီ အဲဒီအတွက် လက်နက်လုပ်ဖို့ ခရီးထွက်လာတာပဲ ”

        “သူ့လိုပညာရှင်မျိုးက်ိုဘယ်လို အစွမ်းထက်လက်နက်မျိုး နဲ့မှရင်ဆိုင်နိုင်မှာလဲ အဘ ”

        “ဓါး ….ကိုးသင်းချိုင်းဓား.. ကမှသာ သူ့ပညာရပ်တွေကို ယှဉ်နိုင်လိမ့်မယ်”

        “ဗျာ….ကိုးသင်းချိုင်းဓား …ဟုတ်လားအဘ ”

        “ဟုတ်တယ် အစွမ်းထက်တယ် ဖုတ် ကဝေတွေကို ခုတ်ရင်တခါတည်းသေစေနိုင်သလို တုတ်ပီးဓားပီးသူတွေ ကိုလည်းခုတ်ပိုင်းနိုင်တဲ့ တစ်ခုတည်းသောလက်နက်ပဲ…
        တို့မြန်မာရာဇဝင်မှာ တုတ်ပီးဓားပီးမင်းသားကြီးတစ်ပါးဟာဒီဓားကြောင့်သေခဲ့ရဖူးတယ်…..”

        ” ဒီဓားလုပ်ဖို့နဲ့ခုလို သင်ချိုင်းနဲ့ဘယ်လိုဆက်စပ်နေတာလဲကျွန်တော်နားလည်အောင်ပြောပြပါလားအဘ”

        “အင်း…ကိုးသချိုင်းဓား လုပ်ဖို့အတွက် ပထမဦးဆုံးလိုအပ်တာက သချိုင်းတစ်ခုဆီက အကြောင်းအမျိုးမျိုးကြောင့်သေဆုံးသွားတဲ့ အစိမ်းသေ ခေါင်းမှာရှိတဲ့ သံတွေကို သချိုင်း ကိုးခုပြည့်အောင်ယူရမှာ
        ဒါကပထမအဆင့် ဒုတိယအဆင့် ဓားကို ထုလုပ်ပြီး ဓားရိုးကို ပြုလုပ်တဲ့နေရာမှာ အစိမ်းသေ အခေါင်းပျည်နဲ့ပြုလုပ်ရမယ်
        လက်ကိုင်ဓားရိုးမှာဓားထည့်တဲ့အခါ အစိမ်းသေ မသာရဲ့ဆံပင်ကိုးပင်ကို ရစ်ခွေပြီးထည့်ပေးရမယ် …
        နောက်ဆုံးအဆင့်ကတော့ ဓားထုလုပ်ပီးစီးရင် ဓားကို ရေချတဲ့နေရာမှာ ရေအစား အစိမ်းသေ သွေးကိုချပေးရမယ်”

        “ဟာတော်တော်ထူးဆန်းတာပဲနှော် အဘ”

        “အင်းဓားကအစွမ်းထက်သလို ဓားထုလုပ်ဖို့ သံတွေစပြီး စုဆောင်းချိန်ကစပြီး ဓားထုလုပ်ပြီးစီးချိန်အထိ ပရလောကသားတွေ နည်းမျိုးစုံနဲ့ လိုက်နှောင့်ယှက်တတ်တယ် ဒါကြောင့် ခုဆိုတို့မှာ မင်းဦးလေးနဲ့အောက်လမ်းဆရာဒေဝရန်ကတဖက် တခြားပရလောကသားတွေရန်က တဖက်နဲ့ အန္တရယ်တွေဝိုင်းနေပြီ ဒီတော့ ငါ့ခွင့်ပြုချက်မရပဲ ဘာမှလျောက်မလုပ်ပါနဲ့မောင်ရင် ခုပြောနေသမျစကားလုပ်နေသမျအလုပ်ဟာ မောင်ရင့်အတွက်ပါပဲ ”

        https://www.facebook.com/permalink.php?story_fbid=654695528071315&id=516219881918881&substory_index=0

        • မြစပဲရိုး

          July 19, 2016 at 12:48 pm

          {{ “သူမ နှင့် စကားပြောတဲ့ အခါ ငါလေ့လာထားတာတွေဟာ တော်တော် လိုသေးပါလားဆိုတာ ခံစားရပြီး ငြိမ်နေရတာပါ၊ ” }}

          သူ တွေးခေါ်ရေးပိုင်းတွေမှာ လို သေးတယ် ဆိုတာ ဝန်ခံထားတာ ကို ကျော်ဖတ်မိ သွားမစိုးလို့ပါ။
          အဲဒီ စာသား အတွက် ဒီ အထဲ မှာ မျှ ထားတာပါ။
          တစ်ချို့ က ဒီလိုတောင် ဆင်ခြင် မတွေးနိုင်လောက်အောင် ပုဂ္ဂိုလ်ရေးကို ကို အတင်း တိုက်ခိုက် နေကြလို့ပါ။ မောဟ နဲ့အတ္တကြီးကြလွန်းလို့ပါ။

  • မမချွိ

    July 20, 2016 at 9:09 am

    မိန်းမတစ်ယောက်တော်တာကို အသိအမှတ်မပြုချင်စိတ်
    မိန်းမတစ်ယောက် စွမ်းဆောင်နိုင်တာ လက်မခံချင်စိတ် မျိုး နဲနဲ ကို
    လစ်ဗျဲ နဲနဲ စစ်တယ်လို့
    တညား စိတ်မှာ နဲနဲ မှတ်ယူထားတဲ့ တဂျီးဆီမှာတောင် နဲနြဲမင်ဖူးတော့လေ ဘယ်လိုပြောမလဲ။
    တခြားသူတွေ ဆီမှာတော့ ပြောမနေနဲ့ပေါ့နော်။
    အဟိ။
    တညားက နဲနဲ လို့ပဲ ပြောဒါနော်။
    ခွိ။

    :k:

    • kai

      July 20, 2016 at 1:05 pm

      တိန်..
      ကျုပ်ကလစ်ဗျဲမဟုတ်လောက်ဖူးထင်တာပဲ…။
      အမေရိကနိုင်ငံရေးထဲဝင်လေ့လာကူညီတာက… အာနိုးကြီးဂါဗနာဖြစ်ဖို့ မဲဆွယ်တာကစတာ…။
      အာနိုးကြီးက.. ကွန်ဆာဗေးတစ်လေ…။
      နောက်တော့.. ဘုရှ်..။ ဘုရှ်လုပ်ပုံကိုင်ပုံတွေမကြိုက်တာနဲ့… အိုဘားမားဖက်ကိုပြောင်း…..။
      အခုတော့.. ကလင်တန်လိုလို… ဒေါ်နယ်ထရမ့်လိုလို..။

      အမှတ်ပေးစစ်ဆေးတာနဲ့ စစ်ကြည့်တာကတော့.. ယူအက်နိုင်ငံရေးထဲမှာဆို.. ကွန်ဆာဗေးတစ်ထဲဝင်တယ်..။
      မြန်မာပြည်သား(ဟောင်း) တွေက.. အများအားဖြင့် ကိုယ့်ကိုယ်ကိုယ် လစ်ဘရယ်ထင်ပေမယ့်… အမေရိကနိုင်ငံရေး အဆင့်နဲ့သတ်မှတ်ရင်.. ကွန်ဆာဗေးတစ်တွေ…။
      တိုင်းပြည်က.. အရမ်း… ရှေးရိုးစွန်းစွဲလွန်းတာကိုး….။ :k:

      • မမချွိ

        July 20, 2016 at 1:09 pm

        အိုဗျာ။
        ကျနော်တို့ ဆီက လူတွေ ခညာ့ ဒီလောက် အညင်ကတ်နေပုံထောက်ရင် ခညာ့ က လစ်ဗျဲ ပဲ။
        ဒါပဲ။ ဘာမှ လာရှင်းမပြနဲ့။
        ကိုယ့်ပေတံနဲ့ကိုယ်ပဲ တိုင်းတယ်။
        ဟိ။
        အဲ့ ပေတံက မြန်မာမှုပြုထားတဲ့ ပေတံ။

        :k:

Leave a Reply