ရီကြရအောင်

Yin Nyine NwayAugust 29, 20101min552
အရက် ၏ဆိုးကျိုးများ
Chemistry ဆရာမက အရက် ၏ဆိုးကျိုးများကို လက်တွေ့ ပြသပီးဆုံးမရန် အကြံရသည်။
ထို့ကြောင့် ဆရာမက ရေ တစ်တစ်ခွက် ဝီစကီ ခွက် ကို အတန်းရှေ့တွင် ချထားလိုက်သည်။
ထို့နောက် ဆရာမက ပိုးကောင် ၂ ကောင် ကိုယူလာပီး တစ်ကောင်ကိုရေထဲထဲ့လိုက်သည်။
ပိုးကောင်လေးက ရေထဲတွင် ပျော်ရွှင်စွာကူးခတ်နေသည် ။
ဆရာမကနောက်ပိုးကောင် လေးကို ဝီစကီခွက်ထဲ ထဲ့လိုက်သည်။
ပိုးကောင်လေး ချက်ချင်းသေသွားသည်။ ထို့နောက်ဆရာမက ကျောင်းသားများကိုကြည့်ပီး..
“ကဲ.. ကလေးတို့ ဒါကိုကြည့်ခြင်းအားဖြင့် ဘာသင်ခန်းစာ ရသလဲ “
နောက်ဆုံးတန်းတွင်ထိုင်နေသော ကျောင်းသားတစ်ယောက်က ဝမ်:သာအားရထဖြေသည်။
“ဝီစကီကိုသောက်သုံးခြင်းဖြင့် ကျွန်တော်တို့ခန္ဓာ ကိုယ်ထဲကို ပိုးမွှား တွေ
မဝင်အောင် ကာကွယ်နိုင်ပါတယ် ဆရာမ..”

အထင်နဲ့အမြင်
” ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား ”
” ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊
ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး ”
” ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ ”

သိချင်လို့
” ဗျို့ အိမ်ရှင်တို့ ၊ တစ်ဆိတ်လောက်ခွေးကြည့်ပေးပါ ”
” မစိုးရိမ်ပါနဲ့ ရဲရဲသာလာခဲ့ပါ ”
” ခင်ဗျားခွေးက မကိုက်တတ်ဖူးလားဗျ ”
” ကျွန်တော်လည်း အဲဒါကိုသိချင်နေတာ ၊ ဒီကောင်ကအခုမနက်မှ ဝယ်လာတာလေ ”

လိုချင်ရင်ပြောပါ
” ခင်ဗျားတို့ ထမင်းဆိုင်က ကြက်သားဟင်းပန်းကန်ကို ကြည့်ပါဦး ၊
အရိုးနဲ့အရေခွံချည်းပဲ ”
” ဘာလဲ ၊ အမွေးနဲ့ လိုချင်လို့လား ”

စနစ်တကျအသုံးပြုနည်း
” မနက်ကဝယ်သွားတဲ့ ယပ်တောင်က တစ်ခါနှစ်ခါပဲခတ်ရသေးတယ် စုတ်သွားပြီ ၊
ဘယ်လိုဖြစ်တာရတာလဲ ”
” အသုံးပြုပုံမှားလို့ဖြစ်ပါလိမ့်မယ် ၊ ကျွန်တော်တို့ရောင်းတဲ့
ယပ်တောင်ဟာ လက်နဲ့ငြိမ်ငြိမ်လေးကိုင်ထားပြီး ခပ်စေချင်တဲ့အရာဝတ္တုကို
ယပ်တောင်ရှေ့မှာ ဟိုဖက်ဒီဖက် ခပ်မြန်မြန်လှည့်ပေးရပါတယ်ခင်ဗျား ”

သမက်ရဲ့ မေတ္တာ

မိန်းမကယောကျာင်္းကိုမေးသည်။
” မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀ဝ ပြည့်အောင်နေနည်း စာအုပ်ကို
ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်”
“ငါ လွှင့်ပစ်လိုက်တယ်”
“ဘာဖြစ်လို့လဲ”
“မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့”

ဓာတ်ကြီး လေးပါး
‘‘ သဘာဝ လောကကြီး ကို တည်နေအောင် ပေါင်းစပ်ဖွဲ့စည်း ထားတဲ့ ဓာတ်ကြီး လေပါးကို
ပြောစမ်း။’’
‘‘ မြေ-လေ-မီး…ပြီးတော့…ပြီးတော့…’’
‘‘ မင်းလက်ကို သန်ရှင်းအောင် ဘာကိုသုံးရသလဲ။’’
‘‘ ဆပ်ပြာပါ ဆရာ ’’

ဆက်သွယ်လိုလျှင်
‘‘ ခရစ်တိုဖာကိုလံဘတ်ရဲ့ နောက်မှာ (၁၄၅၁-၁၅၆၀) ဆိုပြီးရေးထားပါတယ်။
အဲဒီဂဏန်းတွေရဲ့အဓိပ္ပါယ်ကိုသိရဲ့လား။’’
‘‘ ကိုလံဘတ်ရဲ့ တယ်လီဖုန်းနံပါတ်ပါ ဆရာ။’’

မှန်တော့မှန်ပါရဲ့
‘‘ နာမ် ’’တစ်ခုကိုပြောပါ။
‘‘ နွား ’’ ပါဆရာ။
‘‘ မှန်တယ်၊ ကဲ…နောက်တစ်ယောက်ပြောပါဦး။’’
‘‘ နောက်ထပ်နွားတစ်ကောင်ပါခင်ဗျ။’’

စီအေတီ

‘‘ CAT ကတ်ရဲ့ အဓိပ္ပါယ်ကို သိရဲ့လား။’’
‘‘ မသိဘူးခင်ဗျ။’’
‘‘ မင်းအိမ်မှာကြွက်တွေကို ဘယ်သူဖမ်းတာလဲ။’’
‘‘ အမေထောင်ခြောက်ထောင်ပြီးဖမ်းပါတယ်။’’

အမေးနှင့် အမေး

‘‘ မင်းအမြဲ သင်္ဘောစီး ခရီးသွားနေပြီး ခုထိရေမကူးတတ်သေးဘူးလား။’
‘‘ ခင်ဗျားရော အမြဲလေယာဉ်ပျံစီး ခရီးသွားနေပြီး ခုထိ မပျံတတ်သေးဘူးလား။’’

သတိပေးနေလို့

‘‘ မင်းကဘာလို့ ကျောင်းအမြဲ နောက်ကျနေရတာလဲ။’’
‘‘ လမ်းထောင့် ရောက်တိုင်း သတိပေး ဆိုင်းဘုတ်ကိုတွေ့နေလို့ပါ။ ’’
‘‘ ကျောင်းရှိသည်ဖြေးဖြေး’’တဲ့။

အံကျပဲ…..
” မင်းကအန်တီ့သမီးကို ကြိုက်လို့ဆို ”
” ဟုတ်ပါတယ်ခင်ဗျာ ”
” ပြောရမှာတော့အားနာပါရဲ့၊ အိမ်ထောင်တခုတည်ဆောက်တယ်ဆိုတာ
စိတ်ချမ်းသာဖို့လိုအပ်သလို လူချမ်းသာ ဖို့ကလဲအရေးကြီးတယ်ကွယ့်၊
၂မျိုးလုံးပြည့်စုံမှ အိမ်ထောင်ရေးဆိုတာ သာယာမှာ ”
” အန်တီတို့ဘက်က လူချမ်းသာပြီးသားဆိုတော့ ကျွန်တော့ဘက်က
စိတ်ချမ်းသာဖို့တာဝန်ယူပါ့မယ်ခင်ဗျာ… ”

မမူးဘူးဆို

အလုပ်ရှင်။ ။ မင်းဘာလို ့မနက်အစောကြီးအရက်သောက်လာရတာလဲ

အလုပ်သမား။ ။ မနေ ့ညကသောက်တာပါဆရာ။ ကျွန်တော်အလုပ်လာခါနီးသောက်လာတာမဟုတ်ပါဘူး

အလုပ်ရှင်။ ။ ဘာပဲပြောပြော ခုကို မူးနေတာမဟုတ်လား

အလုပ်သမား။ ။ မူးပေမယ့်သတိရှိပါတယ်ဆရာ

အလုပ်ရှင်။ ။ သတိရှိတယ်ဆိုရင် ဘာလို ့လာရတာလဲကွ။ ဒီနေ ့အလုပ်ပိတ်ရက်ဆိုတာသိရမှာ

မကောင်းတာက

အရက်စွဲစွဲ မြဲမြဲသောက်နေတဲ ့လူနာကို ဆရာဝန်က…..

“ခင်ဗျား အရက်သောက်လာတာ ဘယ်လောက်ကြာပြီလဲ”

“နှစ်သုံးဆယ်”

“နှစ်သုံးဆယ်အတွေ ့အကြုံထဲကနေ အရက်ရဲ ့မကောင်းပုံလေး တစ်ခု လောက်

ပြောပြပါလား။စွဲစွဲမြဲမြဲ သောက်နေတဲ ့လူတစ်ယောက်ပြောပြတဲ ့အရက်ရဲ
့မကောင်းတဲ ့အကြောင်း

ကိုသိချင်လို ့”

အရက်သမားက တော်တော်ကြာကြာစဉ်းစားလိုက်ပြီး

“ဝယ်သောက်ရတာ”

ကိုယ်တွေ ့ကြုံမှ

အရက်ကြောင့်မကြာခဏ ထိပ်ပေါက်ခေါင်းကွဲ ဖြစ် ရောဂါပေါင်းစုံရ

ဆရာဝန်ကဖြတ်ခိုင်းတာကိုပဲရောဂါဖြစ်နေတုန်းခဏနားပြီး ပြန်ပြန်

သောက်နေတဲ ့ ကိုပေတလူဟာ တကယ်အရက်ပြတ်သွားတယ်။

ဒီတော့ဆရာဝန်က……

ကိုပေတလူ ခင်ဗျား ကျုပ်ဖြတ်ဖို ့ပြောတုန်းကတော့ အရက်မဖြတ်ပဲနဲ ့

ခုဘယ်လိုလုပ်အရက်ပြတ်သွားတာလဲ

ကျွန်တော် မူးပြီး ယောက္ခမကြီးကို လေသေနတ်နဲ ့ပစ်မိလို ့ဆရာ

ယောက္ခမကြီးဘာဖြစ်သွားသေးလဲ

ကျွန်တော့ကမူးနေတော့ဘယ်မှန်မလဲဆရာ။ အဲဒါနဲ ့ဖြတ်လိုက်တာပါ။

သည်လိုငါ.သား
ကလေး ၊ ဖေဖေ၊ သားကို ဘယ်လိုမွေးလာတာလဲဟင်
ဖခင် ၊ အေး၊ ငါ.သား။ မင်းတစ်နေ.နေ.မှာသည်လိုမေးမှာပဲလို.
ငါတွက်ထားတာကွ၊
ဒီလိုကွာ။ မင်းအမေနဲ.ဖေဖေ chat room မှာ chatting
လုပ်ရင်းသိခဲ့ကြတယ်။
နောက် cyber cafe ဆိုင်တွေကနေ email တွေအပြန်အလှန်ပို.ကြတယ်၊
ဒီလိုနဲ.နောက်ဆုံးမင်းအမေက ဖေဖေ.ကို download လုပ်နုိုင်တယ်လို.
ခွင့်ပြူတယ်။ သူကလည်းဖေဖေ.ကို uploaded ပြန်လုပ်တယ်၊
ဖေဖေတို.နှစ်ယောက်လုံး firewall ချမထားမိဖူး၊ ပြီးတော့ delete button
ကိုလည်းမနှိပ်မိဖူး၊ နောက် ကိုးလကြာတော. မင်းကိုရလာတာပေါ.၊
အဲသည်အချိန်ကvirous အကိုက်မခံလိုက်ရတာလည်းပါတာပေါ.၊ current ကလည်းလုံးဝမှန်နေခဲ.တာ၊
မင်းကံကောင်းတယ်ငါ.သား၊

သားလိမ္မာ
A ၊ ကျနော်.မှာ အရမ်းကိုလိမ္မာတဲ.သားတစ်ယောက်ရှိတယ်
B ၊ ခင်ဗျားသား ဆေးလိပ်သောက်လား
A ၊ မသောက်ဖူးဗျ
B ၊ ယမကာတွေရောသောက်တတ်လား
A ၊ နိုး
B ၊ ညဥ့်နက် သန်းခေါင်မှ အမြဲအိမ်ပြန်လာလေ့ရှိလား
A ၊ မရှိဖူးဗျ
B ၊ ခင်ဗျား ကံကောင်းတာပေါ.။ ဒီအတိုင်းဆိုရင် ခင်ဗျားမှာတကယ့်ကို
လိမ္မာတဲ့သားတစ်ယောက်ရှိနေပြီလို. ဆိုနိုင်ပါတယ်၊ နေပါဦး၊ သူ.အသက်
ဘယ်လောက်ရှိပြီလဲဗျ။
A ၊ လာမယ့် ဗုဒ္ဓဟူးနေ.ဆို ဒီကောင့်အသက် ခြောက်လတင်းတင်းပြည့်ပြီ

ဂရုစိုက်ခြင်း

ရုပ်ရှင်ရုံထဲတွင် အမျိုးသား နှင့် အမျိုးသမီး ထိုင်နေကြသည် ။အမျိုးသားက
နားနားကပ်၍ တိုးတိုးလေး မေးလိုက်တယ်

“ခင် ၊ ကောင်းကောင်း မြင်ရရဲ ့လားဟင်”

“ကောင်းကောင်းကော ကြားရရဲ ့လားကွယ်”

“ကောင်းကောင်းကြားရပါတယ် မောင်ရဲ ့”

“ထိုင်ရတာ သက်တောင့်သက်သာ ရှိရဲ ့လား ခင်”

“သက်တောင့် သက်သာလည်း ရှိပါတယ် မောင်”

“အဲဒါဆိုလာ နေရာချင်း လဲထိုင်ကြရအောင်နော်”

အအို ၊ အအို ၊ အပြို’
မိန်းကလေး သုံးယောက် ကျောင်းသွားတက်ရာ လမ်းခုလတ်က အိမ် တအိမ်တွင်
ကြက်တူရွေးတစ်ကောင်မွေးထားသည်။ ထိုကြက်တူရွေးသည် ထိုမိန်းကလေး သုံးယောက်
အိမ်ရှေ.ဖြတ်သွားတိုင်း အရောင်၃ ရောင် ကို ရွက်သည်။
နေ.တိုင်းရွတ် နေတော့ မိန်းကလေး သုံးယောက်လဲ သတိထားမိလာသည်။ တနေ. တွင်
သေချာနားထောင်ကြည့်လိုက်ရာ ‘အဝါ၊ အနီ၊ အနက်’ လို. ရွတ်နေသည် ကို
ကြားမိလိုက်သည်။
မိန်းကလေး တစ်ယောက်က သွားစဉ်းစားမိသည်မှာ ဒီအရောင်ဟာ သူမရဲ. အတွင်းခံ
ဘောင်းဘီ အရောင် ပါလား လို. သဘောပေါက်လာပြီး ကျန်နှစ်ယောက် ကို
ပြောပြသည်။ဒါပေမယ့် လက်ခံ ဖို. အင်တင်တင်ဖြစ်နေကြသေးသည်။
ဒါနဲ.နောက်တနေ. သုံးယောက်လုံး အနက်ရောင် အတွင်းခံ ဘောင်းဘီ ကိုယ်စီ
ဝတ်ဆင်ခဲ့ရာမှာ ထိုကြက်တူရွေး က ‘အနက်၊ အနက်၊ အနက်’ လို.ရွတ် သဖြင့်
အင်မတန်အံ့အားသင့် ခဲ့ပြန်သည်။
ထိုအခါ မိန်းကလေးတစ်ယောက် က ‘ဟေ့ ငါ့တို. မနက်ဖြန် ဒီကြက်တူရွေး ကို
ပညာပြရအောင်’ ဟုဆို ကာ သုံးယောက်လုံး အတွင်းခံ ဘောင်းဘီ မဝတ်ပဲ
ထွက်လာကြသည်။
ထိုနေ.တွင် ကြက်တူရွေး က ထိုသုံးယောက်ကို မြင်တော့ အနည်းငယ် ထွေသွားပြီး
ဦးခေါင်းကို ခါယမ်းခါ ၍ ခဏတာ စဉ်းစား အပြီး ဟောဒီလို
ရွတ်လိုက်ပါတော့သည်။ ‘အအို ၊ အအို ၊ အပြို’

မိန်းမများနှင့်တူသော အားကစား

အသက် 15 & 20 ကြား ဘောလုံး (22 ယောက် ဝိုင်းလုသည်)
အသက် 20 & 25 ကြား ဘတ်စကတ်ဘော (12 ယောက်ဝိုင်းလုသည်)
အသက် 25 & 30 ကြား စားပွဲတင် တင်းနစ် (2 ယောက်သာကျန်သည် ဟိုဖက်ပုုတ်ထုတ်
ဒီဖက်ပုတ်ထုတ်)
အသက် 30 & over ဂေါက်သီး (ဝေးသထက်ဝေးအောင် ရိုက်ထုတ်ကြ သည်)

သမ္ဘာ

လေယာဉ်ပျက်ကျသဖြင့် ယောကျာ်းခရီးသည်များနှင့် မိန်းမခရီးသည်များ
မြစ်ကမ်းတစ်ဖက်တစ်ချက်စီသို့ ရောက်သွားကြသည် ။ မိန်းမခရီးသည်များနှင့်
မည်သို့ပူးပေါင်းနိုင်မည်နည်း ဆိုသည်ကို ယောကျာ်းများ တိုင်ပင်ကြသည် ။
“ဟိုဖက်ကမ်း ကိုမြန်မြန်လေး ရေကူးသွား ကြရအောင်” အသက် ၂၀-အရွယ်
လူငယ်ကအားတက်သရောပြောသည်။
“လှေတစ်ခုလုပ်ပြီး ကူးသွားရင် ပိုကောင်းမယ်” အသက် ၃၀-အရွယ်ကပြောသည်။
“ဘယ်ကိုမှ ကူးစရာ မလိုဘူး ၊သူတို့ဟာသူတို့ ကူးလာကြလိမ့်မယ်” အသက်
၅၀-အရွယ်ကပြောသည်။

ဆုရသွားသောဝတ္တုတို”
ဌာနတွင်း ဝတ္တုတိုပြိုင်ပွဲတစ်ခု ကျင်းပသည် ။
ဝတ္တုုုတို တွင် ကျ် အချက်များ ပါဝင်ရမည် ၊ ထိထိမိမိနှင့်
အတိုဆုံးသီကုံးနိုင်သူဖြစ်ရမည် ဟုပါရှိသည် ။

– ဘာသာတရား ကိုင်းရှိုင်း မှုရှိ ရမည် ။

– တော်ဝင်ဆန်ရမည် ။

– လိင် သဘောသဘာဝ ပါရှိရမည်

– လျို့ဝှက်ဆန်းကြယ်ရမည် ။

ဆုရသွားသော ဝတ္တုတိုမှာ အောက်ပါအတိုင်းဖြစ်သည် ။

“အို ဘုရားရေ” ဟု ဘုရင်မက ပြောသည် ။ “ငါ ကိုယ်ဝန်ရှိနေပြီ” ၊ “ဘယ်သူနဲ့
ရတာပါလိမ့်” ဟု ငြီးတွားသည် ။

အကြွေး
… အမျိုးသမီးတစ်ဦးသည် ရေချိုးခန်းမှအထွက် လူခေါ်
ခေါင်းလောင်းသံမြည်လာသည်။ ယောကျင်္ားဖြစ်သူက ရေချိုးခန်းဝင်
တော့မည်ဖြစ်သဖြင့် သူ့မိန်းမအား တံခါးဝမှ ခေါင်းလောင်းတီးသူကို
သွားတွေ့ရန်ပြောလိုက်သည်။ အမျိုးသမီးလည်း မျက်နှာသုတ်ပဝါပတ်ပြီး
အောက်ထပ်သို့ပြေးဆင်းသွားလေသည်။သူမတံခါးဖွင့်လိုက်သည့်အခါ အိမ်နီချင်း
ကိုမောင်မောင်  ကိုတွေ့ …
လိုက်ရသည်။သူမက ဘာမှ မပြောရသေးခင်မှာပင် ကိုမောင်မောင် က …
မင်းရဲ့မျက်နှာသုတ်ပဝါကို ချွတ်ချလိုက်ရင် ငါမင်းကိုဒေါ်လာ ၅၀ဝ ပေးမယ် …
ဟုပြောလိုက်လေသည်။အမျိုးသမီးလည်း ခဏလောက်စဉ်းစားပြီးမှ မျက်နှာသုတ်ပဝါကို
ချွတ်ချလိုက် …
သည်။ ကိုမောင်မောင်က စက္ကန့်အနည်းငယ်လောက်ကြည့်ရှု့ကာ အမျိုးသမီးကို ဒေါ်လာ
၅၀ဝ ပေး၍ထွက်သွားလေသည်။

… ဒေါ်လာ ၅၀ဝ ရလိုက်သဖြင့် စိတ်လှုပ်ရှားနေသော အမျိုးသမီးသည်
အပေါ်ထပ်သို့ပြေးတက်လာသည် ။ ဘယ်သူလဲဟေ့
ဟု … ယောကျင်္ားက ရေချိုးခန်းထဲမှနေ၍ အော်မေးလိုက်သည်။ အော် … ဟိုဘက်က
အိမ်က..ကိုမောင်မောင် ကြီးပါ … ဟု …
အမျိုးသမီးက ပြန်ဖြေသည်။

… ကောင်းတာပေါ့ … သူ့ ငါ့ကို ဒေါ်လာ ၅၀ဝ ပေးရမယ့် ကိစ္စ
ဘာပြောသွားသေးလဲကွ … ဟု … သူမ ယောကျင်္ားကမေး
လိုက်သည်။

ကိစ္စမရှိဘူး

အဖိုးကြီးကို သူ့သူငယ်ချင်းက ပြောပါတယ်။
“ခင်ဗျားမိန်းမ ကားဒရိုင်ဘာနဲ့ လိုက်ပြေးသွားတယ် လို့ ကြားလိုက်ရတယ်။
စိတ်မကောင်းပါဘူးဗျာ။”
အဖိုးကြီးက ပြန်ပြောပါတယ်။
“ကိစ္စမရှိပါဘူး။ ကျွန်တော် ကားမောင်းနိုင်ပါသေးတယ်။”

သိပ်သိရင် မဖြစ်ဘူး

ကောင်လေးက သူ့အမေကို ပြောပါတယ်။
“အမေ။ ကျွန်တော်တော့ စာဆက်မသင်ချင်တော့ဘူး။”
သူ့အမေက အံ့ဩတကြီးနဲ့ “ဘယ်လို ဖြစ်တာလဲ။” လို့ မေးပါတယ်။
အဲဒီတော့ ကောင်လေးက ဒီလို ပြန်ဖြေပါတယ်။
“ဟိုတစ်နေ့က ကျွန်တော် ကြားလိုက်ရတယ် အမေ။ လူတစ်ယောက်ဟာ သိတာတွေ
များလွန်းလို့ သေနတ်နဲ့ ပစ်သတ် ခံလိုက် ရတယ်တဲ့။”

ဘာလုပ်စားမှာလဲ

ဆရာ။ ။ “မင်းလုပ်သမျှ အကုန်အမှားချည်းပဲ။ ဒီပုံအတိုင်းသာဆိုရင်
ကျောင်းပြီးရင် မင်းဘာလုပ်စားမှာလဲ။”
တပည့်။ ။ “စိတ်မပူပါနဲ့ ဆရာ။ ကျွန်တော် မိုးလေဝသ သတင်း ကြေငြာတဲ့သူ လုပ်မှာပါ။”

လေးချင်လေးပါစေ

ဝယ်သူ။ ။ “ဝတ္ထုစာအုပ် တစ်အုပ်လောက် ဝယ်ချင်လို့။ ကူညီပါဦး။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ် မဒမ်။ ဝယ်ချင်တဲ့ စာအုပ်နာမည် ဒါမှမဟုတ်
စာရေးဆရာနာမည်လေး ပြောပါလား။”
ဝယ်သူ။ ။ “အင်း။ အဲဒီလိုမျိုးတော့ မရှိဘူး။ မင်းငါ့ကို သင့်တော်တဲ့
စာအုပ်တစ်အုပ်လောက် အကြံပေးလို့ ရမလား။”
စာအုပ်ဆိုင်ဝန်ထမ်း။ ။ “ရပါတယ်။ ဒါနဲ့ ပေါ့ပေါ့ပါးပါး စာအုပ်လိုချင်လား။
လေးလေးပင်ပင် စာအုပ် လိုချင်လား။”
ဝယ်သူ။ ။ “ပေါ့တာ လေးတာ ကိစ္စမရှိပါဘူး။ ငါ့ကားက ဆိုင်အပေါက်ဝမှာတင် ရပ်ထားတာပါ။”

မတတ်နိုင်ဘူး

ဆရာဝန်တစ်ယောက်ဟာ ဂွကျတဲ့ လူ့မလိုင် တစ်ယောက်ကို စမ်းသပ်ဖို့ အခြေအနေ ဖြစ်လာပါတယ်။
“ကောင်းပြီ။ ခင်ဗျား ဘာဖြစ်သလဲ ကျွန်တော့်ကို ပြောပါ။” လို့ ဆရာဝန်က
ပြုံးပြုံးရွှင်ရွှင်နဲ့ မေးပါတယ်။
“ကျွန်တော် ဘာဖြစ်သလဲ ဆိုတာကို ရှာဖွေဖို့က ခင်ဗျား အလုပ်ပဲလေ။” လို့
လူ့ဂွစာက ပြန်ပြောပါတယ်။
ဆရာဝန်က ခဏ စဉ်းစားပြီး ပြောပါတယ်။
“ကောင်းပြီ။ ကျွန်တော့်ကို တစ်နာရီလောက် အချိန်ပေးပါ။
ကျွန်တော့်သူငယ်ချင်း တစ်ယောက်ကို သွားခေါ်ချင်လို့ပါ။ သူက တိရိစ္ဆာန်
ဆရာဝန်လေ။ ကျွန်တော် သိသမျှ ဆရာဝန်ထဲမှာ မေးခွန်းမမေးပဲ ရောဂါရှာနိုင်တဲ့
သူဆိုလို့ သူတစ်ယောက်တည်းပဲ ရှိတယ်။

စာလုံးပေါင်းမှားရခြင်း

ဝယ်သူ။ ။ “ခင်ဗျားဆိုင် ပြတင်းပေါက်က ကြော်ငြာထားတဲ့ စာတမ်းမှာ ဘာလို့
စာလုံးပေါင်းရော သဒ္ဒါရော အမှားတွေ အများကြီး ဖြစ်နေရတာလဲ။”
ဆိုင်ရှင်။ ။ “ဒါက ဒီလိုပါ။ အဲဒီစာတမ်းကို တွေ့တော့ လူတွေက ကျွန်တော့်ကို
ငတုံးငအ လို့ ထင်ပြီး ကျွန်တော့်ဆီက ဝယ်ရင် ပေါချောင်ကောင်း ရမယ်လို့
ထင်ရတယ်။ အဲဒီ ကြော်ငြာ ချိတ်လိုက်တဲ့အချိန်က စပြီး ကျွန်တော့်ဆိုင်
ရောင်းကောင်းလာတော့ တာပါပဲ။”

သည်းခံတတ်သောမိန်းမ

ဖိုးသိန်း “မိန်းမ၊ မင်းနဲ့ငါပေါင်းလာတာ အနှစ်၂ဝ ကျော်နေပြီ၊ စညားကတည်းက
ငါမင်းကို မူးလာတိုင်း ရိုက်နှက်
နေတာကို မင်းဘာလို့ အခု အချိန်ထိ သည်းခံပြီးပေါင်းနေနိုင်တာလဲ”
ကျင်စိန် “အော်၊ ရှင်လည်းစိတ်တွေကို လျှော့နေပြီဆိုတော့ ပြောပြရတာပေါ့၊
ဒီလိုရှင့်၊ ရှင်ကျမကို ရိုက်နှက်ပြီး
ရှင် အိပ်သွားပြီဆိုရင် ကျွန်မ အိမ်သာတစ်ခုလုံး ကြွေခွက်ပါမကျန်
တိုက်ချွတ်ဆေးကြောပြစ်လိုက်တာ
ပဲ”
ဖိုးသိန်း “အဲဒီလိုလုပ်တာနဲ့ မင်းကစိတ်ပြေသွားရေလား”
ကျင်စိန် “ပြေတာပေါ့ရှင့်၊ ကျွန်မအိမ်သာတိုက်တာ ရှင့်သွားပွတ်တံနဲ့လေ”

တစ်ပါတ်အတွင်း သတင်း အခြေအနေများကိုတင်ပြသွားမှာဖြစ်ပါတယ်။

(၁) ရန်ကုန်မြို့ ရွှေဘုံသာလမ်းတွင် ယမန်နေ့ညနေက
ပေါက်ကွဲအားအသင့်အတင့်ရှိသော ချိန်ကိုက်ဗုန်းပေါက်ကွဲခဲ့ရာ
အနီးတဝှိုက်တွင် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးတစ်ယောက်မှ မတွေ့ရှိခဲ့ပေ။
(စက်ကွင်းမလွတ်သူ အားလုံး တစစီလွင့်စင်ကာ
ပွဲချင်းပြီးသေဆုံးသွားခြင်းေြ ကာင့်ဖြစ်၏)အနီးတဝိုက်တွင် သွေးသံရဲရဲဖြင့်
ပေါင်တစ်ဖက်ပြတ်နေသည်ဟုယူဆပြီး ထောက်လှမ်းရေးမှ
အပူတပြင်းစစ်ဆေးလေ့လာကြည့်ရာ တိုကျိုဖရိုင်းချစ်ကန်း မှ အချဉ်တို့ထားသော
ကြက်ပေါင်တစ်ချောင်းဖြစ်ကြောင်း သိရှိရသည်။ထိုကြက်ပေါင်အား
အတွင်းရေးမှူး(၁)်မှ မိန်းမစားရန်အလို့ငှာ သိမ်းဆည်းသွားကြောင်း သတင်းရရှိပါသည်။

(၂) သဘာပတိနှင့် အဖွဲ့သည် မနေ့ည၁ဝ နာရီခန့်က ပိုင်အိုးနီးယားကလပ်အတွင်
မော်ဒန်မလေးများ လှုပ်ရှား ကခုန်နေမှူအခြေအနေများကို အငမ်းမရ
သွားရောက်ကြည့်ရှူကာ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည်များကို
မှာစားခဲ့သည်။

(၃) လွန်ခဲ့သော သောကြာနေ့က မိုးအပြင်းအထန်ရွာသွန်း၍ ရန်ကုန်မြို့
ပန်းဆိုးတန်းလမ်း ပလက်ဖောင်းနံဘေးတွင် ခြေသလုံးခန့်ထိ
ရေများလျှံတက်လျှက်ရှိရာ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ မီးပိုွင့်ထောင့်တွင်
ပလက်ဖောင်း ဟိုဘက်ဒီဘက်ကိုဆက်သွယ်သော နှစ်ပေခန့်မြင့်သည့်
မြောင်းကူးတံတား ဖောက်လုပ်သွားမည်ဟု သိရှိရသည်။ ခန့်မှန့်ကုန်ကျငွေမှာ
အမေရိကန်ဒေါ်လာ ၃၂ သန်းခန့်ဖြစ်ပြီး ရူးပေါဂိုဏ်းရန်ပုံငွေမှ
အသုံးပြုကျခံသွားမည်ဖြစ်သည်။

(၄) အတွင်းရေမှူး ၁ ဗိုလ်ချုပ်ဗီလိန်သည် အစိုးရမော်တော်ယာဉ်မသုံးရနေ့ ဖြစ်သော
လွန်ခဲ့သောသောကြာနေ့က မော်တော်ယာဉ်များကိုစစ်ဆေးရန် ရန်ကုန်မြို့တွင်း
ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှူခဲ့သည်။

(၅) အမေရိကန်နိုင်ငံ လေ့လာတွေ့ရှိချက်စစ်တမ်းများအရ မြန်မာနိုင်ငံရှိ
စီအန်ဂျီကားများသည် လောင်စာဆီ စားရိတ်သက်သာသော်လည်း
အသုဘ စရိတ်ပိုမိုများပြားနိုင်သည်ဟု သိရှိရသည်။

(၆) လွန်ခဲ့သောလ က မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသနအဖွဲ့များ
ရှာဖွေတွေ့ရှိခဲ့သည့် ပုဂံခေတ်ကအဝတ်အထည်ဟုယူဆရသော အဝတ်ထည်ကို
ရှေးဟောင်းပြတိုက်တွင် ထည့်သွင်းပြသထားခဲ့သည်။ယမန်နေ့က သဘာပတိသည် သူ၏
ဇနီးသည်ပျောက်သွားသော အတွင်းခံဖြစ်သည်ဟု ဆိုကာ၎င်းအဝတ်ထည်ကို ပြတိုက်မှ
ပြန်လည်ထုတ်ယူသွားကြောင်း သတင်းရရှိပါသည်။

(၇) ရူးပေါဂိုဏ်းမှ ငှက်ကထကြီးသည် အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ အတွက်
ဝမ်းမြောက်ကြောင်းသဝန်လွှာကို တရုတ်ပြည်ရှိ ငလျင်ဒဏ်ခံရသူပြည်သူများအတွက်
ဝမ်းနည်းကြောင်းသဝန်လွှာနှင့် မှားယွင်း ပို့ဆောင်မိသဖြင့်
နှစ်နိုင်ငံအကြား အချေအတင် အငြင်းပွားလျှက်ရှိ၏။

(၈) ရူးပေါဂိုဏ်း ပညာရေးဝန်ကြီ်းသည် မူလတန်းသင်ရိုးညွှန်းတမ်းများတွ င်
ကျောင်းသူကျောင်းသားများ ပေါချာရေးအတွက် အပေါတကာ့အပေါဆုံး သင်ခန်းစာများ
ထည့်သွင်းသွားမည်ဟုသိရသည်။ အင်္ဂ်လိပ်စာ ပိုမိုတတ်မြောက်စေရေးအတွက်လည်း
အင်္ဂလိပ်စာများကို မြန်မာစာများဖြင့်ညပ်၍ သင်ကြားသွားမည်ဟုသိရသည်
။ဥပမာအားဖြင့် မမ Fat Fat ထထ Dance ၊ အကမှာ First ၊ Dance ပါ Dance ပါ
မမရာ ၊ ညည Moon သာသာ၊ Night အခါ ငါစာရ၊ မမ Fat Fat ထထ Dance….
အစရှိသောကဗျာများကိုလည်း ထည့်သွင်းသွားမည်ဟုသိရှိရသည်။
တစ်ပါတ်အတွင်းသတင်းအစီအစဉ် ဒီတင်ပြီးဆုံးပါပြီ ။

2 comments

  • intro

    August 30, 2010 at 10:40 am

    ဟောင်းပေမယ့် ကောင်းနေဆဲပါ… ဗျာ..

  • Gong Zhu

    September 16, 2010 at 6:25 pm

    မိန်းမကယောကျာင်္းကိုမေးသည်။
    ” မောင်ရေ မောင်ဝယ်လာတဲ့ အသက်၁၀ဝ ပြည့်အောင်နေနည်း စာအုပ်ကို
    ကျမဘယ်လိုမှရှာမတွေ့ပါလား။ဘယ်မှာထားသလဲဟင်”
    “ငါ လွှင့်ပစ်လိုက်တယ်”
    “ဘာဖြစ်လို့လဲ”
    “မင်း အမေ ဖတ်နေတာတွေ့လို့ဟေ့”

    သိပ်ကောင်းတဲ့သမက် ။ ။ ။ အပြင်မှာလည်း သမက်တွေကဒီလိုပဲလား . . .

Leave a Reply