ကျွှ န်မ တူမ

A mar nyoJuly 29, 20161min40913

ကျွှန်မအစ်မလတ် အိမ်ထောင်ကျပြီးသကာလ သျှောင်နောက်ဆံထုံးပါကာ
သတု့ိသားနေအိမ်သို့လိုက်သွားလေသည်။သတို့သားနေအိမ်ဟုဆိုသော်လည်း
ခဲအိုမှာမူ နိုင်ငံတာဝန်ထမ်းဆောင်နေသောအမှု့ထမ်းရဲဖြစ်သောကြောင့်
၈မို်င်ရဲဘော်ဟောင်းတွင်ရှိသော ဝန်ထမ်းအိမ်ရာတွင်နေထိုင်ခြင်းဖြစ်သည်။
လိုင်းခန်းတွင်တစ်နှစ်ကြာနေထိုင်ပြီး ခဲအိုမှာဝန်ထမ်းဖြစ်သည့် အလျောက်
နေပြည်တော်သို့တာဝန်ထမ်းဆောင်ရန် အမိန့်ထွက်လာသောကြောင့်
ကျွှန်မအစ်မနှင့်ချစ်လှစွာသောတူမတော် နောက်တိုးလေးနှင့်
အိမ်သို့ပြောင်းရွှေ့လာကြလေသည်။ရောက်လာကာစတော့
ဆည်းလည်းလေးအတိုင်းပင် အင်မတန်မချစ်ဖို့ကောင်းသောကြောင့်
အဒေါ်တွေ ဦးလေးတွေရဲ့ အသည်းနှလုံးလေးပင်ဖြစ်သည်။ တူမတော်
ငိုသံကြားလျှင်ကို အပြေးအလွားချော့လိုက်ရသည်မှာ ဖတ်ဖတ်မော။
စကားစပြောကာစဆိုလည်းတတ်လိုက်သည်မှာ လည်လိုက်သည်မှာဆိုပြောစရာမရှိ။
မှားလို့ဆူရင်လည်းသူကဦးအောင်ပစ်ချွဲပြလေတော့ ဆူမည့်သူမှာမဆူရက်။
ဟောတဖြည်းဖြည်းနည်းနည်းကြီးလာတော့
ချစ်စရာတူမလေးမှာဆည်းလည်းလေးမှတဆင့် ခေါင်းလောင်းလေးသို့
တဖြည်းဖြည်းပြောင်းလဲအသံမြည်လာသည်။ပြောင်းလဲလာပုံကတော့
လိုချင်တာမရရင် ထိုင်ပြီး (၇)အိမ်ကြား (၈)အိမ်ကြားအော်ငိုသည်။
ဒါတင်မကဈေးခေါ်သွားလို့လမ်းမှာလိုချင်တာမရရင် တော်တော်နှင့်ပြန်ခေါ်မရ
ပေပြီးရပ်နေ(သို့)လမ်းမှာငုတ်တုတ်ထိုင်နေတတ်သည်။ထိုသို့ဂျျီကျတတ်လာသော
တူမတော်လေးကြောင့်ကျွှန်မတို့အဒေါ်တွေမှာ တူမကြောနပ်ကာ ဈေးသွားရင်
ပိုက်ဆံအပိုမယူသွားတော့ချေ။ ပူဆာရင်ပိုက်ဆံမပါတော့ဘူးပြောကာ ပြန်ခေါ်လာခဲ့ရတော့သည်။
ပထမ တစ်ခေါက်နှစ်ခေါက်လက်ခံသော်လည်းနောက်ပို်င်းတွင် သူလူလည်ကျ ပုံကဘီးကုပ်လိုချင်ရင်
ဘီကုပ်ဆိုင်ရှေ့တွင် ရပ်နေတော့သည်။ ဒီတော့လည်း ကျွှန်မတို့မှာ မဖြစ်မနေ ပိုက်ဆံချေးကာဝယ်ပေးရပြန်တော့သည်။
နောက်ပိုင်း မတတ်နိုင်တော့သည့်အဆုံး ဆိုင်ရှေ့တွင်ရပ်နေလျှင် ထားခဲ့ကာ မလိုက်လျှင်နေခဲ့ဟုဆိုကာ
အကျပ်ကိုင်ရတော့သည်။ထိုတော့မှ တူမတော်က တီလေးကလည်းအော်ရင်း မကျေမချမ်းခြေစောင့်ကာ
နောက်မှစူပုတ်၍လိုက်လာသည်။ ထို့ပြင် တူမတော်လေးသည် ပုံဆွဲအလွန်ဝါဿ နာပါလေသည်။
ထို့ကြောင့် အိမ်နံရံတွေမှာ ပန်းချီအစွမ်းပြထားသည်မှာ ဧည့်ခန်း၊အိမ်ပေါ်၊ဘုရားခန်း၊
သူ့ဗဂျီး(အကိုအကြီးဆုံး)အခန်းနေရာလွတ်မရှိပေ။ဒါတွေတင်အားမရ အဒေါ်တွေရဲ့စာအုပ်ပါမကျန်
လက်စွမ်းပြလေသည်။နေရာတကာ လက်စွမ်းပြတတ်သော တူမလေးကြောင့် ကျွှန်မတို့မှာ
သူ့ရှေ့ဘာစာအုပ်မှမထားရဲအောင်ပင်။ ပန်းချီ ဆွဲ ဝါဿ နာပါသောတူမလေး စာအုပ်တွင်ဆေးခြယ်ခြင်းသာမက
မျက်နှာတွင်ခြယ်ခြင်းကိုလည်းနှစ်သက်သေးသောကြောင့် အဒေါ်တွေ၏အလှပြင်ပစ္စည်းများနှင့်အမြဲလိိုုလို
သူ့မျက်နှာကိုချယ်တတ်လေသည်။ စိတ်ကြိုက်ချယ်ပြီးရုံနှင့် မပြီးသူနှစ်သက်သော နှုတ်ခမ်းနီဘူးများကို
မောင်ပိုင်သိမ်းထားခြင်းများလည် ပြုလုပ်တတ်သည်။နောက်တစ်ခုကတော့ တူမတော်လေးသည်
စိတ်ဆိုးလျှင် ပစ္စည်းများလွင့်ပစ်တတ်သောအကျင့်လည်းရှိသည်။ တစ်ခါသား ရုံးပိတ်ရက်မို့
အိမ်မှာလူစုံချိန် တူမတော်လေးလုပ်ချင်တာမလုပ်ရလို့ စိတ်ဆိုးကာတန်းတွင်လှမ်းထားသော အဝတ်များကိုဆွဲချလေသည်။
ပြန်ကောက်တာတင်ခို်င်းတော့ ကြောက်လို့သာတင်ရပေမဲ့ သိပ်တော့မကျေနပ်။
ဒီလိုနှင့်နောက်နေ့ရုံးရောက်တော့ သိပ်နေမကောင်းလို့ ဆေးဝယ်ဖု့ိပိုက်ဆံရှာတော့အိတ်ထဲတစ်ကျပ်မှမပါလား။
ခါးပိုက်များအနှိုက်ခံရသလားစဉ်းစားကြည့်တော့မဖြစ်နိုင် မနက်က ကိုကြီးဆိုင်ကယ်နှင့်လိုက်ပို့သည်ကို။
ဖြစ်နိုင်တာတော့တစ်ခုပဲရှိတော့သည် တူမတော်လေးအပြင်မရှိနိုင်။ အိမ်ကိုဖုန်းဆက်ကြည့်တော့မှ
တူမတော်လေးကအိတ်ထဲမှယူကာ လွင့်ပစ်ထားခြင်းပင်။မေးကြည့်တော့မှ စိတ်ဆိုးပြီးလွင့်ပစ်ထားသည်ဟု ဝန်ခံလေသည်။
ထိုနေ့တူမတော်လေးကောင်းမှုကြောင့်ရုံးကပိုက်ဆံချေးကာပြန်ခဲ့ရလေသည်။နောက်တစ်ခုကတော့ TV လုရခြင်းပင်။
သူကကာတွန်းကိုယ်တွေကဇာတ်ကား သူကြည့်နေတုန်းပြောင်းဖို့ မစဉ်းစားနှင့် ကျောကော့အောင်အထုခံရတတ်သည်။
အဲ့တော့ မုန့်နှင့်အပေးအယူလုပ်ရသည် တစ်ခါတစ်လေ ဖုန်းနှင့်။ တစ်ခါတလေထိုသို့မုန်းစာပြတတ်သလို
တစ်ခါတစ်လေလည်း သူ့ကြောင့်အပျင်းပြေသောအချိန်များလည်းရှိသည်။
တစ်ရက်သူ့ဗဂျီးကိုကြည့်ကာ ” သမီးကြီးလာရင် ဗဂျီးကို ကိုကြီးလို့ခေါ်မယ်”ပြောလိုက်သည်ကြောင့်ကျွှန်မတို့မှာ အူတက်အောင်ရယ်လိုက်ရသေးသည်။
သူ့စိတ်ထဲတွင် တစ်အိမ်လုံးကိုကြီးခေါ်နေပြီ သူမခေါ်ရခြင်းမှာ ငယ်နေသေးသောကြောင့်ဟုထင်နေဟန်တူသည်။
ကျွှန်မတို့မှာ မေမေနဲ့ဗဂျီးမှာ မောင်နှမတော်သောကြောင့် ခေါ်မရဟုရှင်းပြရပြန်သည်။ တစ်ရက်မူကြိုကပြန်လာတော့
မျက်နှာမကောင်း သမီးဘာဖြစ်လာတာလဲမေးတော့မှ မူကြိုတွင်ပန်းချီဆွဲတာ ပထမ မရလာသောကြောင့်ဟုဆိုကာ မျက်ရည်ပေါက်ပေါက်ကျလေသည်။
သူအမြဲပထမရပြီး အခုမရလာသောကြောင့် စူပုပ်လာခြင်းကို ကျွှန်မတု့ိမှာနှစ်သိမ့်ရပြန်သည် အမြဲရနေတာတစ်ခါတစ်လေးသူများပေးလို်က်ပေါ့လို့ဆိုတော့
ငိုမဲ့မဲ့နှင့် ပေးချင်ဘူးတဲ့။ မည်သို့်ပင် ဆိုးစေကာမူ အိမ်တွင်တူမတော်လေး ရှိသောကြောင့်ဆူကာပူကာဖြင့် အိမ်နှင့်တူနေခြင်းပင်။
တူမတော်လေးမရှိပါက ခြောက်ကပ်ကာပျင်းလွန်းလို့ အိမ်နှင့်ပင်မတူ။ တူမတော်လေးသည် ကျွှန်မတု့ိမိသားစုအတွက်
ဆည်းလည်းဆိုလဲမှန်သလို ခေါင်းလောင်းဆိုလဲမှန်လေသည်။

13 comments

  • Foolish Girl

    July 29, 2016 at 3:40 pm

    သိပ်မှန်တာပေါ့ တူတွေ တူမတွေကအိမ်ရဲ့ဆည်းလည်းလေးတွေပဲ

    • A mar nyo

      July 29, 2016 at 4:10 pm

      တစ်ခါတစ်လေ ဆည်းလည်းကျော်လွန်ပြီး ခေါင်းလောင်းဖြစ်ရင် ဘယ်လိုမှမနိုင်

  • ဂျစ်စူ

    July 29, 2016 at 5:36 pm

    ဒီ့ထက်ပိုကြီးလာရင်တော့
    လော်စပီကာ ဖြစ်လောက်မယ်
    😆

  • မြစပဲရိုး

    July 29, 2016 at 10:05 pm

    အဲဒါ မှီ့ ရဲ့ သမီးလေးလား?
    အလိုလိုက်တတ်တဲ့ အဒေါ်တွေ ရှိတာ မင်္ဂလာတစ်ပါးပေဘဲ။
    ဒါမှ အမေ က ကြပ်လို့ရမှာ။
    ငယ်တုန်းကလဲ ကိုယ့်ကိုထိန်းပြီး ဆိုးသမျှ သည်းခံ ပေးတဲ့ အဒေါ်အပျိုကြီး နှစ်ယောက် ရှိလေရဲ့။
    ကြီးလာရင် တူမတွေက အားကိုး ရပါတယ်။ :-)))

    • A mar nyo

      August 1, 2016 at 9:38 am

      မှီမဟုတ်ဘူးမှီရဲ့အောက်အစ်မလတ်ရဲ့သမီးပါ

  • uncle gyi

    July 31, 2016 at 4:32 pm

    ကလေးတယောက်ထဲဆိုအလိုလိုက်မိလို့ဆိုးတတ်သတဲ့

    • A mar nyo

      August 1, 2016 at 9:39 am

      အိမ်မှာကလူများတော့ပိုဆိုးတယ် တစ်ယောက်ကဆူလိုက်ချော့လိုက် ဝယ်ပေးလိုက်နဲ့

  • မမချွိ

    August 1, 2016 at 2:42 pm

    ကိုရီးယားကားကြိုက်အောင်လုပ်ထားလိုက်။
    ခိခိ

    :mrgreenn:

    • A mar nyo

      August 1, 2016 at 11:37 pm

      ကားတော့နားမလည်လို့မကြိုက်သေးဘူးသီချင်းတွေတော့အလွတ်ရနေပြီ ကိုယ်ကအစပဲဆိုပေးရတယ်ကျန်တာဆက်ဆိုတယ်

  • Thint Aye Yeik

    August 4, 2016 at 6:55 am

    စာတွေ ပြန်ရေးပြီပေါ့။ ကောင်းပါလေ့။
    😆

    ကျနော့်မှာလည်း တစ်နှစ်သားအရွယ် တူတော်မောင်တစ်ယောက် ရှိနေပြီ။
    တူတော်မောင်ကို ချစ်မိတာ တုန် လို့။
    လူပျိုကြီးဖြစ်မယ့် ဇာတာလား မသိ
    :k:

    • A mar nyo

      August 4, 2016 at 11:18 am

      တစ်နှစ်အရွယ် ၂နှစ်အရွယ်ချစ်ဖို့အကောင်းဆုံးပဲ အဲ့ထက်ကြီးလာရင် မုန်းစာပြတော့မှာ

  • ချစ်ခြင်းတွေနဲ့နွေးထွေးလုံခြုံတဲ့ကလေးက
    နွဲ့ဆိုး
    ပျော်ရွှင်ခြင်းကင်းးမဲ့တဲ့အိမ်က ကလေးတွေက
    ရွှဲ့ဆိုး

Leave a Reply