facebook က တော်ပုကီဆိုင် Review

တောပုကီ ဆိုင်ရဲ့ Review

ပထမဆုံးအနေနဲ့ သိလိုက်တဲ့အသိက ဖေ့ဘွတ်ပေါ်က ပုံလှလှနဲ့ ကောင်းတယ်ဆိုတိုင်း သွားမစားမိကြစေဖို့ပဲ။ ဒီဆိုင်ကို ဖေ့ဘွတ်ပေါ်က တစ်ယောက်က ကောင်းတယ် ဈေးသက်သာတယ်ဆိုပြီး ညွှန်းလို့ သွားစားဖြစ်လိုက်တယ်။
ကျတော်ကတော့ ဘယ်ဘက်မှ မလိုက်ဘဲ ပြောပါ့မယ်။
ဆိုင်ဝရောက်ရောက်ချင်း လူပြည့်နေတယ်။ သိလိုက်ပြီး ဖေ့ဘွတ်ပေါ်က တင်လိုက်တဲ့ ပို့စ်ကြောင့်နေမယ်။ ဝင်ဝင်ချင်း စားပွဲခုံနှစ်ခုံအကျော် အဝမှာတင် ပုဂံတွေဆေးနေတာ တောင်လိုပုံ ကြည့်မိရင် မစားချင်စရာ။

နောက်ပြီး ဆိုင်ကျဉ်းတယ် လေဝင်လေထွက်မကောင်းဘူး အိုက်တယ်။
ဒါနဲ့ မှာစားဖြစ်တယ်ဆိုပါတော့။ ခုပြထားတဲ့ပုံတွေအကုန်လုံး စားလာတယ်။ ဒါပေမယ့် ဒါတွေတစ်ခါတည်းမရဘူးနော် တစ်နာရီကျော်ထိုင်စောင့်လိုက်ရတယ်။ တစ်နာရီကျော်စောင့်တာတောင် အကုန်မရဘူး တစ်ခုပြီးမှတစ်ခု။

ပထမအချက် အရမ်းကြတယ်။ မီးဖိုတစ်ခုတည်း ရှိပုံရပါတယ်။ ချက်ပေးတဲ့ သူက တစ်ယောက်တည်း။

ပထမဆုံး ကြက်အရေခွံကြော် လုံးဝမကောင်ဘူး ဈေးသင့်တယ်။

 

ဝက်တော့ပုကီ13697265_1641914432790841_4347436885787100817_n13698242_1641914476124170_7246430593992167241_o
မဆိုးဘူးလို့ပြောလို့ရပေမယ့် အကောင်းကြီးထဲမပါဘူး 19လမ်းထိပ်က တော့ပုကီက ပိုကောင်းဦးမယ်။ ဈေးကသင့်တယ်။ ၁၉လမ်းထိပ်က ဈေးပိုတန်တယ်။

ကြက်တော့ပုကီလည်း ထိုနည်းလည်းကောင်းပဲ။

ပုဇွန်မီးဖုတ်သုတ်13719720_1641914536124164_4993309465017243313_o
ပုဇွန်ကိုတော်တော်ရှာလိုက်ရတယ်။ အရသာကတော့ ရွက်ကြမ်းရေကြိုပါပဲ သာမာန်အဆင့်လောက်ပဲရှိတယ်။

ကျောက်ပွင့်သုတ်13708248_1641914622790822_2365797496591498055_o
အရသာက သာမာန်အဆင့်ကိုမီရုံလောက်သာ ပဲရှိတယ်။ ပြောရင်တော့ မကောင်းဘူး။

ဝက်ကြံမဆိုင်ဟင်းချို13698029_1641914596124158_5678462530151194071_o
ဝက်သားတွေကို တော်တော်ဝါးယူလိုက်ရတယ်။ အရည်အရသာမဆိုးဘူး။ ဒါပေမယ့် အချိုမှုန့်များမှန်းသိသာတယ်။

ငါးအူချောင်း13691052_1641914519457499_1962239616744508356_o
မဆိုးဘူး ကောင်းတယ်။ ဈေးကြီးတယ်။ တစ်ချောင်းတစ်ထောင်။

ဝက်မြေအိုးထမင်း13661874_1641914659457485_8015486869826085076_o
အရသာ မဆိုးဘူး။ အကောင်းကြီးထဲမပါ။

အုန်းနို့ကျောက်ကျော်ချောင်း13698046_1641914679457483_3478437917482201772_o
ကြည့်ကြည့်ဦး အုန်းနို့မှုန်နဲ့ နို့ဆီဖျော်ထားတဲ့ထဲ ဂျယ်လီတွေ ကောက်ထည့်ပေးတာ။ ၁၂၀ဝတဲ့ အထမ်းသည် ရွှေရင်အေးက သူ့ထက် အသာကြီးကောင်းတယ်။

ဒီဆိုင်ပို့စ်ကို တင်ထားတဲ့သူက ဈေးသက်သာတယ်တဲ့။ မဆိုးပါဘူး ပြောရမယ်။ သက်သာတဲ့အထဲမပါ ကျတော့်အတွက်တော့ တစ်နာရီကျော်စောင့်လိုက်ရပြီး စောင့်ရတာနဲ့ မတန်တဲ့ အရသာရတယ်။

ဖေ့ဘွတ်ပေါ်က ညွှန်းတိုင်း ကောင်းတယ်မထင်လိုက်နဲ့နော်။

‪#‎AungMoeThu‬
‪#‎FoodReview‬

12 comments

  • kai

    July 23, 2016 at 5:24 pm

    တယောက်ထဲ သွားစားလာတယ်ဆိုပါတော့..။ ဒီလောက်အများကြီး..။ :k:

  • ဂျစ်စူ

    July 23, 2016 at 7:25 pm

    အတော်ပဲ
    မစားနိုင်တာနဲ့ 😆

  • မမချွိ

    July 25, 2016 at 8:27 am

    ကိုရီးယားစာဆို အသားကင်နဲ့ ဆလပ်ရွက်က လွဲရင် မမက်မောတော့ တော်သေးး

    :k:

    • A mar nyo

      July 25, 2016 at 4:00 pm

      တချူ ိ့အစားအစာတွေကတော့ စားလို့ကောင်းပါတယ်။ပင်လယ်စာခေါက်ဆွဲ၊ ပဲငပိဟင်းရည် ၊ ရေညှိဟင်းချူ ိ၊
      တို့ဆိုစားလို့ကောင်းတယ်

      • မမချွိ

        July 25, 2016 at 4:06 pm

        အသားကလွဲရင် ကျန်တာကို သိပ်မစားချင်တာ။

        :k:

  • A mar nyo

    July 25, 2016 at 3:56 pm

    ဘယ်နားကဆိုင်ကိုသွားစားတာလဲဟင်

  • A mar nyo

    July 27, 2016 at 9:44 am

    တော့ပိုကီဆိုရင် ၈မိုင်က Young Na Ya ကောင်းတယ် ငါးအူလည်းမဆိုးဘူး တခြားတော့မစားဘူးသေးလု့ိမသိဘူး

  • မြစပဲရိုး

    July 30, 2016 at 10:35 pm

    မြန်မာပြည်မှာ တော်တော်စားနိုင်ကြတယ်။
    ဆိုင် အသစ်ဆိုပြီး တစ်ယောက် က တစ်ယောက် ကို ညွန်းကြ၊ သွားစားဖို့ချိန်းကြ နဲ့။
    တစ်ချိန်လုံးဘဲ။ :-)))

  • sorrow

    July 31, 2016 at 10:18 pm

    ..ဆိုင်အသစ်တွေဆိုပြီး ဖေ့ဘွတ်ကညွန်းတယ် …စိတ်ထဲမယ်တွေးမိတာလေ…တမင်များလုပ်ကြံသလားပဲ …
    ကိုယ့်ချစ်သူကအစ….အကျင့်တန်ပုံများ ..မကောင်းမကန်းအလွန်အရသာမရှိတာကို …အမှန်အတိုင်းမပြောဘူး..အင်မတန်အရသာရှိသယောင်တင်တယ်ဗျ…ကြက်သားကြော်ကို ဖက်ထဲထည့် အင်ဒိုအစားအစာဆိုပြီး…၈၀၀ဝ တောင်းလားတောင်းရဲ့…. မုန့်တီကို သံပုရာရည်ဆမ်းပြီး ဗီယက်နမ်အစားအစာဆိုပြီး ..ခြောက်ထောင်တောင်းလားတောင်းရဲ့….ဆလတ်ရွက်ကို တောက်တောက်စင်း မရောနိနဲ့နယ်ပြီး salad ဆိုပြီး လေးထောင်တဲ့ခင်ဗျ….
    ..နောက်တခုက မာလာဟင်း… ကြိုက်တာလေးရွေးပြီးထည့်ရတာမျိုး …နှစ်သောင်းပေးခဲ့ရတယ်ခင်ဗျ ..မှိုတွေများတယ်ဆိုပြီး …
    ..ဖေ့ဘွတ်ကိုပွတ်..မြင်သမျှ ရီဗျူးဖတ်ပြီး မစားရရင်သေမလိုဖြစ်တဲ့သူကိုချစ်သူတော်ထားတဲ့သူတွေများတော့ ..သေတာပဲခင်ဗျ….ဒီစာကို ရင်အနာကြီးနာပြီးမန့်သည် …

Leave a Reply