ပြန်လည်တမ်းတခြင်း

DEPARKO DEPARKOJuly 24, 20161min1696

ပန်းခရေ
နွမ်းကြေလို့ မြေမှာခ
အလွမ်းပြေ
နမ်းခြေဘို့စိတ်မကူး
ရူးတယ်လို့ဆိုခြင်ဆို
ညိုယောင်ဖန်မိုးတိမ်ပြိုမလား
လွမ်းအောင်ဖန်ပြုရက်နိုင်အားတယ်
ချစ်သူကြိုက်တဲ့ခရေနံ့
မိုးရနံနဲ့ရောယှက်
လေပြေမှာသက်ဆင်း
ပျိုမြစ်ခြင်းတွေစွန့်ခွာ
ရင်ထဲမှာဗလာအသိနဲ့
စွဲညိတဲ့ချစ်သက်လျာ
မျက်ဝန်းမှာခိုတွဲမိုးရေစက်လေလား
အခြေမခိုင် မပိုင်လို့စွန့်ခွာ
အပြစ်မမြင်နိုင်ရှာသူမောင့်ရင်မှာတော့
ခရေမြင်တိုင်းသတိရ
ငယ်ရုပ်လွှာရင်မှာညိတွယ်ကာဖြင့်
ပြုံးရယ်ကာရွှင်မြူးသံမည်တော့
ကျောင်းသွားသူ ပျိဖြူငယ်တသိုက်က
ပဋေဟိအဖြေရှာ သက်ကြားအိုကြည့်ကာဖြင့်
ရယ်လို့မဆုံး

6 comments

  • မြစပဲရိုး

    July 24, 2016 at 3:14 pm

    အတိတ် ဆိုတာကို ပြန်တွေးပြီး နုပျို သွားတယ် ဆိုရင်ဖြင့် ကို ကံကောင်းလှပါပြီ ကိုဒီပါ။

    သတိတရ ပြန်ဝင်လာတာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်။
    နိုင်ငံထူထောင်ရေးမှာ လက်တွေ့ ပါဝင်နေရတဲ့သူ တွေ ရဲ့ ဘက်စုံ၊ အတွေးစုံ စကားလုံး တွေ က အင်အားဖြစ်သွားမယ် မျှော်လင့်ပါတယ်။ :-)))

    • DEPARKO DEPARKO

      July 24, 2016 at 6:54 pm

      ကျေးဇူးပါ ပြန်လာပါြပြီ အလုပ်များတာရယ် ဒီဘက်မလှည့်နိုင်လို့ပါ

  • Courage

    July 25, 2016 at 5:54 am

    ခရေနဲ့ စခဲ့ပေမယ့် ခရေလို အကြာကြာမမွှေးနိုင်ခဲ့တဲ့ အဖြစ်လေးကိုတောင် သွားသတိရမိသဗျာ… ကျအုကျအု

    save ထားခွင့်ပြုပါ အုအုဒီပရေ့

  • မမချွိ

    July 25, 2016 at 8:30 am

    ဘဝမယ် ပြန်တွေးလို့ ဟက်ဟက်ပက်ပက် ပြန် ရီနိုင်တဲ့
    ကြည်နူးနိုင်တဲ့ ဖြစ်ရပ်လေးတွေက လက်ချိုးရေလို့ ရသဗျာ။

    ပျော်တဝက်ရဲ့နောက် ငိုတဝက် ဖြစ်ရပ်လေးတွေ လည်း ရှိရဲ့။

    အတွေးထဲ အဲဒါလေးတွေ စားမြုံ့ပြန်နေရတာပဲ။
    🙂

  • uncle gyi

    July 25, 2016 at 9:35 am

    ငယ်ရုပ်လွှာရင်မှာညိတွယ်ကာဖြင့်
    ပြုံးရယ်ကာရွှင်မြူးသံမည်တော့
    အတိတ်ကိုပြန်သတိရ
    လွမ်းလှတယ်လေး

Leave a Reply