” အမိူက်ကစ၍”

 

“အမိူက်ကစ၍ ”

 

ကျနော်မိတ်ဆွေတွေနဲ့ပါတ်သက်ရင်

တစ်ခါတစ်ခါ ရီစရာလေးတွေတွေ့တတ်ပါတယ်။

ကျနော်ကအလုပ်ကိစ္စနဲ့မပါတ်သက်တဲ့ ကျနော့်လူမူ့ရေးဘဝမှာပွင့်ပွင့်လင်းလင်းဘဲနေ

တတ်ပြောတတ်ပါတယ်။

ဘယ်သွားမှာ ဘာလုပ်မှာ ဘာသွားစားမှာ

ဆိုတာမျိုးတွေပေါ့။

နောက် ကျနော်က မိတ်ဆွေမက်သလို

အလေးအနကိထားပြီးလဲပေါင်းတတ်ပါတယ်။

 

ကျနော့်မိတ်ဆွေတော်တော်များများကလဲ

သူတို့ရဲ့ကိစ္စတွေဘာတွေကိုလဲတိုင်ပင်လေ့

ပြောပြလေ့ရှိပါတယ်။

ကျနော်ကလဲသိသလောက်မှတ်သလောက်

အကြံပေးသလို  တတ်နိုင်သလောက်လဲ

ကူညီပေးတတ်ပါတယ်။

 

အဲ့တော့ မိတ်ဆွေတွေရဲ့ကိစ္စတွကို

ကျနော်သိနေတယ်လို့ထင်တတ်ပါတယ်။

တစ်ခါတစ်ရံမှာကျနော်နဲ့သိပ်ရင်းနှီးတဲ့

မိတ်ဆွေတွေက ကျနော့်ကိုမပြောဘဲထိန်ချန်

ထားတာမျိုးတွေရှိတတ်ပါတယ်။

တိုက်ဆိုင်ချင်တော့ ကျနော်သိတယ်မှတ်ပြီး

နောက်တစ်ယောက်ကလာပြောရော။

အဲ့အခါမျိုးမှာကျနော်ကလဲသိသလိုလိုနဲ့

ချော်လဲရောထိုင်လုပ်ရတော့တာပေါ့။

 

တစ်ခါက ဆိုပါစို့ ကျနော်သိပ်ရင်းတဲ့သူငယ်ချင်းရဲ့

ညီလေးစေ့စပ်ပွဲလုပ်တော့ လိုက်ခဲ့ပါဆိုတော့

မနက်ကတည်းက လုက်ပေးရတာပေါ့။

ကျနော်နဲ့နှစ်ဖက်လုံးကလဲရင်းနှီးနေတာကိုး။

 

ညနေလဲရောက်ရောက်ရော သူငယ်ချင်းတစ်ယေက် က

မနက်ကစေ့စပ်တဲ့ကောင်လေးရဲ့

ညစာ စားပွဲကို သူနဲ့အတူသွားရအောင်။

သူတစ်ယောက်ထဲဖြစ်နေတယ်

လာခေါ်မယ်လုပ်ပါလေရော။

ခက်တာက ကျနော့်ကိုဖိတ်မထားဘူး။

ကျနော်ဖိတ်မထားဘူးပြောလို့ကလဲမဖြစ်

မဖိတ်ဘဲနဲ့လိုက်လို့ကလဲမသင့်တော်။

အဲတော့ဒီပြင့်ပွဲနဲ့တိုက်နေလို့မသွားဖြစ်ဘူးပြောလိုက်ရတော့တာပေါ့။

ဒါပေမယ့်ဒီဇာတ်လမ်းကဒီမှာတင်ပြီးမသွားဘူး။

မနေ့ကလာခေါ်တဲ့မိတ်ဆွေက  လှမ်းတောင်းပန်တယ်။

ကိုပေါက်ကိုဖိတ်မထားတာ မသိလို့ခေါ်လိုက်မိလို့အားနာတယ်ပေါ့။

ကျနော်ကလဲရပါတယ် သူတို့မေ့သွားလို့နေမှာပါ

လို့ပြန်ဖြေလိုက်ပါတယ်။

တကယ်လဲစိတ်ထဲမှာဘယ်လိုမှမခံစားရပါဘူး။

လူတိုင်းလူတိုင်းမှာအကြောင်းကိုယ်စီ

ရှိနေကြတာကိုး။

ခဏနေတော့  စေ့စပ်ပွဲလုပ်တဲ့ဆီကဆက်လာပြန်ပါတယ်။

ဟိုဘက်ကဖိတ်မယ်ထင်လို့ မဖိတ်မိဘူးပေါ့။

လာခေါ်တာလိုက်လာခဲ့ရောပေါ့ အားနာရမယ့်လူတွေမှ မဟုတ်တာလို့ပြောတော့

ရပါတယ်

အခုခေတ်လုပ်တဲ့ပွဲတွေက

လူအတိအကျနဲ့လုပ်တတ်ကြတော့

မဖိတ်ဘဲလိုက်ရင် အဆင်မပြေဖြစ်တတ်လို့ပါ။

တစ်ခါတစ်လေတော့လဲဒီလိုဖြစ်တတ်ပါတယ်

စိတ်ထဲမှာ ဘာမှ မှတ်မထားပါနဲ့

နိုးပလုံ ပလုံပါလို့

သူတို့လဲစိတ်ရှင်းရှင်းနေနိုင်အောင်

ပြန်ဖြေပေးလိုက်ပါတယ်။

ဒီလိုကိစ္စမျိုးဆိုတာ

စိတ်ဖြေတတ်ရင်တော့ ပေါ့ပေါ့ပါးပါးနဲ့ဘဲ

ပြီးသွားပါတယ်။

တစ်ခါတစ်ရံ စိတ်အဆင်မသင့်တာနဲ့

ကြုံကြိုက်ရင်တော့ မခေါ်နိုင်မပြောနိုင်တွေ

ဖြစ်ပြီးမိတ်ဆွေပျက်တတ်ပါတယ်။

ဖြစ်တတ်တဲ့သဘာဝလေးတွေပေါ့။

လူတိုင်းကြုံနိုင်တာလေးတွေပါ။

 

ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး

၂၇၇၁၆

 

 

 

 

 

5 comments

  • ဂျစ်စူ

    July 28, 2016 at 10:56 pm

    သောက်ပွဲ စားပွဲ ခေါ်ဖို့မေ့ရင် အားကျီး ဆိတ်ဆိုးတာ
    ဒဘဲ

  • Thint Aye Yeik

    July 28, 2016 at 11:07 pm

    အနော်နဲ့ဖွေးဖွေး မင်ဂါဆောင်ရင် လေးပေါက်ကို ဖိတ်မယ် စိတ်ချ
    လာဖြစ်အောင်သာ ကြိုးစား
    :k:

  • weiwei

    July 29, 2016 at 12:55 pm

    သီးခံနိုင်စွမ်းအားတွေပဲ ကျဆင်းလာတာလားတော့ မပြောတတ် ..
    နောက်တစ်ခုက ဘာသာပြန်တာတွေပဲ အကျင့်ပါနေကြလို့လား မသိ ..
    တစ်ခုခုကို မြန်မာစကားကိုပဲ ဘာသာအမျိုးမျိုး ပြန်ရင်းနဲ့ မိတ်ပျက်ကြတာပဲ ကြုံနေရပါတယ် ..

Leave a Reply