The Sense of Traveling

sorrowJuly 28, 20161min86825

ကျွန်တော်တို့ ခရီးမထွက်တတ်ကြဘူး ..
.
Travel Planner တစ်ယောက်ရဲ့ အမြင်ကိုပြောရရင် …
ကျွန်တော်တို့ အခြေခံအချက်သုံးချက်နဲ့ စဉ်းစားပါတယ် ။
နေရာ ။ သက်တောင့်သက်တာရှိမှု နဲ့ ပျော်ရွှင်မှုပါ ။ ငွေကြေးကိုနောက်ဆုံးမှစဉ်းစားပါတယ် ။

မြင်သမျှ လွဲမှားနေတဲ့ အချက်တွေထောက်ပြရရင် ..
.လေယဉ်လက်မှတ်ရွေးချယ်တာကစချင်ပါတယ်
မနက်ခြောက်နာရီထွက်တဲ့လေယဉ်မျိုးကိုရွေးချယ်မိရင် အိပ်မက်ဆိုးပါ..
ခြောက်နာရီလေယဉ်အတွက် လေးနာရီချက်ကင် ဝင်ရမယ် .. ဆိုတော့ကာ သုံးနာရီ အနည်းဆုံးထရမယ် ….အိပ်ရေးပျက်ပြီးပင်ပန်းနေတဲ့လူအတွက် ..အဲ့နေ့က မလန်းဆန်းနိုင်တော့တာ ငြင်းမရတဲ့အမှန်တရားပါ ..ဈေးသက်သာတဲ့လေယဉ်အများစုက အချိန်မကောင်းပါဘူး ..မနက်အစောကြီးဖြစ်ရင်ဖြစ် ..ညသန်ခေါင်ဖြစ်ရင်ဖြစ်ပါမယ် ။

နောက်တခုက. ကျွန်တော်တို့ နေရာစုံကိုအချိန်တိုအတွင်းငွေအနည်းဆုံးနဲ့သွားချင်ကြပါတယ် ။ ဓါတ်ပုံရိုက်ချင်ပါတယ် ။ ရောက်ဖူးကြောင်း ဖေ့ဘွတ်တင်ချင်ပါတယ် ။
အမှားတော့မဟုတ်ပါဘူး ။ အချိန်ကိုအသုံးချမှုလွဲနေတယ်လို့မြင်ပါတယ် ။

ရှော့ပင်လား ..အပန်းဖြေခရီးလား သေချာမသိခဲ့ရင် .. H&M , Zara နဲ့ Mango , Sephora ထဲမှာ တနေကုန်သွားပါလိမ့်မယ် ။

တချို့ခရီးသွားကုန်ပဏီတွေက ဈေးသက်သက်သာသာနဲ့ နေရာစုံလည်ရမယ်ဆိုပြီး ဆွဲဆောင်ပါတယ် ။
လည်ရမယ့်နေရာတွေရဲ့တည်နေရာနဲ့ အကွာအဝေး လည်ပတ်ရမယ့်အချိန်တွေကိုပြန်တွက်ကြည့်ရင် … ဖုတ်ပူမီးတိုက်နဲ့ တနေရာနာရီဝက် .ဓါတ်ပုံရိုက်ပြီး ပြန်ခိုင်းတာနဲ့ အတူတူပါပဲ ။ ကျွန်တော်တို့ခရီးထွက်ရခြင်းရဲ့ ရည်ရွယ်ချက်က ဘာပါလဲခင်ဗျာ …

ဈေးသက်သာတဲ့ဟိုတယ်အခန်းကျဉ်းလေးထဲမှာ မောမောနဲ့ထိုးအိပ် …နက်ဖြန်မနက်ဆိုတာကြိးက တက်ကြွနေရမယ့်အစား..အိပ်မက်ဆိုးတခုလို ဖြစ်နေမယ့်ခရီးစဉ်က တကယ်တော့ စိတ်ပျက်စရာပါ ။
သေလောက်အောင်ပင်ပန်းနေတဲ့ ခန္စာကိုယ်အတွက် ဈေးသက်သာတဲ့ ကိုယ်လဲမကြိုက်တဲ့အစားအသောက်က စိတ်ချမ်းသာမှုကို ဘယ်လောက်ရာခိုင်နှုန်းထောက်ပံ့မယ်လို့ ထင်ပါသလဲခင်ဗျာ …
. တချို့ခရီးစဉ်တွေက အသက်ရွယ်ရနေတဲ့မိဘကို ရောက်ဖူးစေချင်လို့ လူငယ်တွေက စီစဉ်ပေမယ့် လူကြီးတွေအတွက်က ငရဲပါ.. အဖွဲ့နဲ့…အချိန်နဲ့သွားရတဲ့ခရီးမျိုးမှာ သူတို့အတွက် အဆင်မပြေလှတဲ့အပြင် .လူကြီးတွေကိုခေါ်ညှင်းဆဲတာနဲ့မခြားပါဘူး..

ခရီးစဉ်တခုလုံးရဲ့ အချိန်တွေကို ဈေးဝယ်တာနဲ့ ကားလမ်းပေါ်မှာဖြုန်းတီးပစ်တာကတော့ အားနာပါတယ်…ဒါမိုက်မဲမှုပါ ။

ခြုံပြီးအကြံပေးချင်တာတော့ … နေရာစုံရောက်တာထက် ..ကိုယ်နှစ်သက်မယ့်နေရာတွေကိုသာ သီးသန့်သက်တောင့်သက်တာရှိတဲ့ခရီးစဉ်မျိုးကိုစီစဉ်ပါ ။

ပြန်မရနိုင်တဲ့အလှအပလေးတွေကို ဓါတ်ပုံရိုက်ပါ ..(လူမပါကြေး )

ဒေသထွက်အစားအသောက်တွေကိုမြည်းစမ်းကြည့်ပါ ။

အပြည့်အဝ အနားယူပါ ။

ရိုးရိုးလေးပဲ ယုံကြည်ထားတယ် ..Traveling is an Art .

ကိုယ့်မိတ်ဆွေ ..ဖောက်သည်တွေ…ခရီးသည်တွေ မည်သူမဆိုပါ…ကိုယ့်ဆီကဝယ်သည်ဖြစ်စေ ..မဝယ်သည်ဖြစ်စေ…ခရီးသွားလို့ အဆင်မပြေခဲ့ဘူး မပျော်ရွှင်ခဲ့ဘူး ဆိုရင် ..

Travel Pro တစ်ယောက်အနေနဲ့ တာဝန်မကင်းသလိုခံစားရတယ် ….
ကိုယ်ဆယ်စုနှစ်နဲ့ချီပြီး ရင်းခဲ့တဲ့အတွေ့အကြုံတွေ အလဟသဖြစ်သွားသလိုခံစားရတယ်…

ရှင်သန်ခြင်းသည် ငွေကြောင့်သက်သက်မဟုတ်….

(ဒါပဲဗျာ..ရွာထဲကကိုယ့်အမျိုးတွေအကြောင်း ကိုယ်အသိဆုံး …စာရေးတာ သိပ်ရှည်ရင် ဖတ်မှာမဟုတ်..ကျော်ပစ်မှာ…)

 

25 comments

  • ဂျစ်စူ

    July 28, 2016 at 11:07 pm

    ထပ်ရေးပါဦး ဆန့်ငင် ဆန့်ငင်နဲ့
    လူဇိုး

    • sorrow

      July 29, 2016 at 4:34 pm

      သွားခဲ့တဲ့ခရီးတွေအကြောင်းရေးဖို့တော့ စိတ်ကူးထားတယ်ဗျာ…

  • မမချွိ

    July 29, 2016 at 8:09 am

    နာ က ခရီးသွားရမှာ အရမ်းပျင်းတာကော။
    သွားနိုင်တဲ့သူတွေကိုတော့ အားကျပါရဲ့။
    နာ့ စိတ် အဆာပြေတဲ့ အရာတွေက
    သီချင်းဆိုတာရယ်
    စာရေးတာရယ်
    ရှော့ပင်းထွက်တာရယ်ပဲ ရှိတယ်။
    အဲ ဒီ ၃ ခု ကို ဘာမှမတိုးဘူး

    :k:

    • sorrow

      July 29, 2016 at 4:36 pm

      .food & Travel တွဲလိုက်ရင်တော့ တိုးကောင်းပါရဲ့ ..ကိုရီးယားတွေ သိပ်ကျွမ်းကျင်တယ်အဲ့လိုခရီးစဉ်မျိုး….ပင်လယ်ကမ်းစပ်ကိုခေါ်သွား ..ငါးတွေဖမ်းခိုင်း..ရေဘဝဲတွေဖမ်းခိုင်း…ပြီးရင် တခါထဲကင်ကျွေးတာမျိုး .

      • မမချွိ

        August 1, 2016 at 2:52 pm

        ကျန်း
        အာ့ဒါတွေ တော်တာ။
        နာ တမင် ကန့်လန့် ဝင်ပြောတာ။
        နာ့ ကို ခရီးစဉ်ချက်ချင်း စီစဉ်ပေးနိုင်တယ်။
        အမှန်ပဲ နာ စိတ်ဝင်စားတယ်။ အာ့မိုးခရီးစဉ်ကို။

        :chit:

        • sorrow

          January 8, 2017 at 5:04 pm

          .သတိရလို့ ပြန်သွားတူးတာ…ကဲကြည့်…ဘယ်လောက်တော်တဲ့ Tour Operator လေးလဲ …

        • ဇီဇီ

          January 18, 2017 at 2:19 pm

          တော်ပါတယ်ဆို။
          နာ့ မောင်လေးက။
          ဒီခေတ်ကြီးမှာ Full Package တွေ ရှားသွားဘီ သလားး!
          ခရီးစဉ်ကိုပြောတာဟုဖု။ လူကိုပြောတာ။

          :mrgreenn:

  • weiwei

    July 29, 2016 at 10:03 am

    ခရီးသွားတာကို ငယ်ငယ်လေးထဲက ဝါသနာပါပါတယ် ..
    သွားခဲ့ဖူးတာတွေ အများကြီးပဲ ..
    ပထမအဆင့် ငယ်စဉ်တုန်းကတော့ .. ရည်ရွယ်ချက်က ရောက်ဖူးချင်တယ် .. ငွေကြေးမတတ်နို်င်ဘူး ..
    အဲဒီတော့ အပင်ပန်းခံခဲ့ရပါတယ် ..

    အခု အသက်ကြီးပိုင်းရောက်ပြီဆိုတော့ .. ရောက်ဖူးတဲ့နေရာတွေလဲ တော်တော်များပြီဆိုတော့ ..
    သက်တောင့်သက်သာရှိမှုနဲ့ အပန်းပြေနိုင်မှု .. နောက်တစ်ခုကတော့ ရှုခင်းဓါတ်ပုံပေါ့ ..
    ပင်ပန်းမယ့်ခရီးဆိုရင်တော့ သွားဖို့ စိတ်ကူး မရှိတော့ပါဘူး ..

    • sorrow

      July 29, 2016 at 4:40 pm

      ငယ်တယ်ကြီးတယ်မရှိပါဘူဗျာ..ကျော်တို့အကုန်က ဘဝခရီးသွားတွေပဲမလား…
      ဆွစ်ဇာလန်လိုမျိုး…ပုဂံလိုမျိုး …ဟာလောင်းကမ်းခြေလိုမျိုး …ပေါ့ပေါ့ပါးပါး..ရှုခင်းလှတဲ့နေရာမျိုးမှာ အချိန်ယူပြီးထပ်လည်တာမျိုးပေါ့…

    • sorrow

      July 29, 2016 at 4:43 pm

      ..ဒါပေါ့…တချိန်မှာ နောင်တဆိုတာ … ငယ်တုန်းခရီးမသွားခဲ့ဘူးဆိုတာမျိုး ကနေ မရတော့ဘူးပေါ့ … အင်အားအပြည့်ရှိနေတုန်း…လူငယ်ဘဝမှာ ခရီးတွေသွားနိုင်သလောက်သွားပစ်…

  • Foolish Girl

    July 29, 2016 at 3:56 pm

    အပန်းပြေခရီးမဟုတ်ဘူး အပန်းယူခရီးဖြစ်သွားတာပေါ့
    ကြုံဘူးတယ် ပုဂံခရီးစဉ်
    သုံးညရက်လေးရက်တဲ့ တကယ်ကလမ်းမှာအိပ်တဲ့ညကနှစ်ည ဟိုမှာ ဟိုတယ်မှာအိပ်ရတာကတစ်ည
    ဒါတောင်နှစ်နှစ်ခြိုက်ခြိုက်အိပ်ရတာမဟုတ်ရန်ကုန်ပြန်ရောက်တော့တစ်ကိုယ်လံးကိုင်ရိုက်ထားသလိုပဲ
    သေသေချာချာနားရတဲ့တစ်နေရာဆိုလို့ နေဝင်ဆည်းဆာကြည့်တဲ့တစ်ချိန်ပဲရှိတယ် ဒါတောင်၃ဝ မိနစ်လောက်ပဲ

    • sorrow

      July 29, 2016 at 4:44 pm

      မတွေးရဲအောင်ပဲ …တကယ်က ပေါ့ပေါ့ပါးပါးနဲ့​နေဝင်ဆည်းဆာကို .. အချိန်ယူပြီးကြည့်ရတာမျိုး ….ချစ်သူလက်ကလေးကိုင်ပြီး ဝိုင်ခွက်လေးနဲ့ ….

  • မြစပဲရိုး

    July 29, 2016 at 10:31 pm

    ဒီမှာတော့ အသက်ကြီး တဲ့ လူကြီး တွေချည်းဘဲ သွားနိုင်ဖို့ စီစဉ်ပေးတယ်။
    Tourကားကြီး တွေထဲ အဖိုးကြီး အဖွားကြီး တွေချည်းဘဲ။

    မြန်မာပြည်ထဲ ခရီးသွားချင်ပေမဲ့ အိမ်သာရန်ကို ကြောက်လို့ တော်ရုံ သွားကိုမသွားဘူး။
    အဲဒါလေး ကို အဆင်ပြေအောင် ဝိုင်းဝန်းပေးကြပါ တိုးသူဌေးများရယ်။

    • sorrow

      July 30, 2016 at 12:21 pm

      ..အခြေခံအဆောက်အအုံတိုင်းအားနည်းနေပါသေးတယ် အရီးလေးရယ်..

  • မြစပဲရိုး

    July 30, 2016 at 11:46 pm

    Post နဲ့ တော့ မဆိုင်ပါဘူး။
    ပြက္ခဒိန် မှတ်ရင်း ခေါင်းထဲ ဖြတ်ကနဲ အတွေးတစ်ခု ဝင်လာလို့။
    အခု ရှစ်လပိုင်း ရောက်တော့မယ်။
    နောက် ကိုးလ၊ နောက် ၁ဝလ။
    အဲဒီ ၁ဝပိုင်းနောက် ကာလ ဆိုတာ သတ္တိရှင် လူတစ်ချို့ ရဲ့ Comfort zone ထဲ က ထွက်ဖို့ ခွန်အားမွေး နေ တဲ့ ကာလ များလားလို့။
    ကျုပ် ရဲ့ တူ လူနုထွားကြီး ဒီနေရာမှာတော့ လွတ်လပ်ခြင်း နွားကို တွန်းမချရဲဖူး ထင်ပါရဲ့ကွယ်။
    သူ့နွားကို ခိုးပြီး တွန်းချပေးမဲ့ သူများ မရှိကြဘူးလား အရပ်ကတို့။ 🙄 :-)))

    • sorrow

      July 31, 2016 at 12:33 am

      စကားအတင်​းစပ်​ pre-wedding photo ကို ပဲရစ်​​မျှော်​စင်​နဲ့ ဘိလပ်​က နာရီစင်​ကြီးနဲ့ ရိုက်​ချင်​တယ်​ တဲ့ခင်​ဗျ….အိုပါးက Travel planner မို့ ပြန်​ချစ်​ထားသတဲ့ဗျာ …​ ​​​တွန်​းချတဲ့သူလိုက်​ရှာြပြီး​လျော်​​​ခိုင်​းမှာ…အဟီဟီ … ​တင်​းတိမ်​​ရောင်​့ရဲသူသာ​အောင်​နိုင်​ရာ ..

  • ဝင့်ပြုံးမြင့်

    August 2, 2016 at 10:53 pm

    အင်း သူ ဟန်းနီးမွန်း ထွက်ချင်နေပြီ

  • black chaw

    August 3, 2016 at 12:56 pm

    ၄ဝ ကျော်လာတဲ့ အချိန်မှာ
    အလုပ်ချင်ဆုံး အလုပ် က ခရီးသွား ခြင်း ပဲ ဖြစ်နေပါတယ်…။
    Traveling is an Art.
    ဆိုတာလေးကို သဘောတူပါတယ် ဗျာ…။

    • sorrow

      August 3, 2016 at 8:21 pm

      Travel Is an Art ပေါ့အစ်ကိုရဲ့ …တိုင်းတပါးကိုသွား …မတူညီတဲ့ယဉ်ကျေးမှုတွေလိုက်ကြည့်ပြီး…ဒေသအစားအသောက်လေးတွေစားပြီး …အလှအပ လေးတွေ..အထင်ကရနေရာလေးတွေကို လိုက်ကြည့် ဓါတ်ပုံလေးရိုက်ပြီး ခံစားတာထက် အနုပညာဆန်တာဘာရှိအုံးမှာလဲ …အင်အားရော ..အတွေ့အကြုံရော ပညာရော အထွတ်အထိပ်ဖြစ်နေတဲ့ ၄ဝ ကျော်အရွယ်က ခရီးထွက်လို့အကောင်းဆုံးပေါ့ အစ်ကိုရဲ့

  • kai

    August 3, 2016 at 6:01 pm

    စောင်းပြောလားအောက်မေ့တယ်..။
    ဘယ့်နှယ်..
    ပြီးခဲ့တဲ့လကတင်… မိုင် ၃၂၀ဝခရီးထွက်တာ… ကားစီး/ကားမောင်းတာချည်း.. နာရီ ၅ဝမကရှိမယ်..။
    ဟော်တယ်တွေကို အင်တာနက်ကနေ.. ကြိုငှားတာမှာ.. ကျုပ်က. ၁) ငွေကိုကြည့်တယ်..။ ၂) ခရီးလမ်းပေါ်ကျ/မကျ ကြည့်တယ်..။
    အဲ.. မိုင်ကုန်လို့.. ကားသွားအပ်ပြီး.. လေယဉ်စီးတော့ မနက် ၅နာရီ၄၅ လေယဉ်..။

    • sorrow

      August 3, 2016 at 10:21 pm

      …အမငီး..အဲ့​လောက်​​တောင်​ပဲလား တဂျီး …ပင်​ပန်​းလိုက်​မယ်​့အမျိုး ၃၂၀ဝ နဲ့နာရီငါးဆယ်

  • မြန်မာပြည်မှာ ခေတ်စားတဲ့ ဘုရားဖူးခရီးဆိုတာကို ဘယ်လိုမှ ခံစားလို့မရ…
    ရက်တိုလေးမှာ ခရီးအရှည်ကြီးတွေဆွဲ..
    ကားပေါ်မှာအချိန်ကုန်
    ရောက်တာနဲ့ဆင်း ဘုရားရှိခိုး ပြန်တက်
    ခရီးသွားတာ ပိုပင်ပန်းတယ်
    နာတို့ ဂျန်နရေးရှင်းကျ အာ့ဒေ မလုုပ်ဘူး

  • Shar Thet Man

    October 31, 2017 at 2:49 pm

    အမှန်ပဲ..မွန်လေးဆို freedom ပဲခရီးသွားရတာကြိုက်တယ်

  • sorrow

    June 13, 2018 at 4:14 pm

    ပြန်ဖတ်လိုက်တိုင်း စိတ်ချမ်းသာရတယ် ..တယ်တော်တဲ့ Travel Planner လေး …

Leave a Reply