အေးချမ်းစေသော စကားလုံးလေးများ

Yin Nyine NwayAugust 29, 20101min561

ဒီစာလေးတွေကို ဖိုးဝမောင် ရဲ့ အေးချမ်းစေသော စကားလုံးလေးများ ဆောင်းပါးမှာကောက်နုတ်ထားခြင်းဖြစ်ပါတယ် ကျွှန်တော်တို့အားလုံးအတွက် တန်းဖိုးရှိတယ်လို့ ယူဆမိပါတယ် ညဏ်စွမ်းရည် ။ ။ နားလည် သဘောပေါက်နှိင်စွမ်းညဏ် မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှထူးလာမှာ မဟုတ်ပါ ။ နားမလည် သူသဘောမပေါက်နှိင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံညဏ်သစ်ကို ပြောင်းဖို့လက်ခံမှာ မဟုတ်ပါ ။ အချိန်ကုန် ဒေါသထွက်ခြင်းသာ ကိုယ့်အတွက်ရလဒ်ဖြစ်သည်။ ဝေဖန်မူ ။ ။ သူများကို ဝေဖန်သုံးသပ်နေလျှင် မပြေလည်မူများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စီစစ်သုံးသပ်ပါ ။ လမ်းမှန်ပေါ်ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။ ။ မကျေနပ်မူဖြစ်တိုင်း ဒီလိုမြင်ပါ ။ ။ လူတယောက်ကို မကျေမနပ်၊ ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာတိုင်း စိတ်ဆိုးပြီး ဆုံးဖြတ်ချက်လွယ်လွယ်လေးနဲ့ အပြစ်မမြင်ပါနဲ့ ၊ သူဘာတွေဖြစ်နေသလဲ ၊ သူဘယ်လောက်ဒုက္ခတွေနေလဲဆိုတဲ့ သနားစိတ်နဲ့ သူနေရာကနေ နေပြီး ခွင့်လွတ်စိတ်အပြည့်နဲ့ တွက်တတ်ပါ ။ ကိုယ်လည်း အခက်အခဲ အများကြီးတွေ့ဘူးလို့ တခြားတယောက်က ကိုယ်ချွတ်ယွင်းချက်ကို ခွင့်လွှတ်ဆက်ဆံရင် ဘယ်လောက် ဝမ်းသာမလဲ ။ စိတ်ညစ်ချိန်မှာ။ ။ စိတ်ညစ် စိတ်ရူပ်စရာတွေ တွေ့ချိန်တိုင်းမှာ စိတ်ကိုအေးအောင်၊ ကြည်အောင် ၊ ရှင်းအောင်ထားပါ ။ ခက်သွားအောင်မလုပ်ပါနှင့် ။ အပိုစိတ်ရူပ်အောင် အပူတွေ ထပ်မပေါင်းနှင့် ပို၍စိတ်ညစ်စရတွေရူပ်ပြီး များလာလျှင် ပြေလည်အောင် ဖြေရူင်းဖို့ အကြံညဏ်ကောင်းတွေ ဝင်လာဖို့ နေရာရှိမှာ မဟုတ်တော့ပါ ။ စိတ်အေးအေးထား ဆုံးဖြတ် အစီစဉ်ဆွဲတတ်ပါစေ ။ ။ အကောင်းဆုံးအမြင်/စိတ် ။ ။ ဘာအကြောင်းလေးပဲဖြစ်ဖြစ် ကောင်းတဲ့ရူထောင့်ကတွေးပါ ၊ မြင်ပါ ။ သနားခွင့်လွတ်နှိင်တဲ့ စိတ်ကို အခြေခံထားပါ ။ ကိုယ်နေရာ ကိုယ်ဖြစ်ချင်တဲ့ပုံ ဆန္ဒတွေနဲ့ မြင်ပြီး မကျေမနပ်ဖြစ်ပြီး စိတ်တိုင်းမကျ အပြစ်တင်နေသရွှေ့ ဘယ်သူနဲ့မှ ဆက်ဆံမူ ပြေလည်မှာ မဟုတ်ပါဘူး ။ သူနေရာကနေ ကိုယ်ချင်းစာပြီး တွက်ပါ ။ သူရဲ့ အဖြစ်မှန် အခြေအနကို ဘာမျှသေချာ မသိပဲနဲ့ ကိုယ်လုပ်ချင်တဲ့ ဆန္ဒအတိုင်းအတာအတိုင်း ဖြစ်မလာတာကို ဝေဖန်အပြစ်တင်တာမျိုးရှောင်ပါ ။ ဒီလို အကောင်းဆုံးအသိ ၊ အမြင် ၊ စိတ် အားလုံးအပေါ် ထားနှိင်ရင် လူတိုင်းနဲ့ ပြေလည်ပါမယ် ။ ဒေါသနှင့်မေတ္တာ ။ ။ တစ်ခုတည်းသော ချွင်းချက်မရှိ ထာဝရမှန်နေသည့် နိယာမ မှာ ဤသို့ဖြစ်ပါသည် ။ ဒေါသတိုင်းမှရသော ရလဒ်သည်- – – – – – – ဘာကောင်းကျိုးမှမပေး ဆုံးရူံးမူနှင့် အဆုံးသတ်သည် ။ နှစ်သက်မြတ်နှိးသူမရှိ ။ ဒေါသကို ပိုင်ထားသူတိုင်း အပူသောက နဲ့ စိတ်ဆင်းရဲနေရသည် ။ မေတ္တာတိုင်းမှရသော ရလဒ်သည်- – – – – – – အမြဲကောင်းကျိုးပေး၏ အောင်မြင်မူနဲ့ အဆုံးသတ်သည် ။ လူတိုင်း နှစ်သက်မြတ်နှိး၏ ။ မေတ္တာ ကိုပေးတတ်သော သူနှင့် လက္ခံရသူ နှစ်ဦးစလုံး စိတ်ချမ်းမြေ့ အေးချမ်းမူကို ရယူနှိင်ကြသည် ။ ကဲကျွန်တော်တို့တွေ စိတ်အေးချမ်းသူများ ဖြစ်အောင် ဒီအချက်လေးတွေကို လိုက်နာကြည့်ရအောင်လားဗျာ။ ။