ကျွှန်မတူမ(၂)

A mar nyoAugust 3, 20161min2097

အလုပ်ဆင်းလို့ အိမ်အပြန်ရောက်ရောက်ခြင်းပဲ ချစ်တူမတော်ပေါက်စလေးက
နို့ဘူးလွတ်ကျပြီး ကွဲသွားလို့ သွားဝယ်ပါဦးဆိုတော့ ဈေးထဲသွားဖို့ပြင်တော့
နှစ်ယောက်သားလိုက်ချင်လို့ တကဲကဲ အပြင်သွားရမှန်းသိတတ်နေသော
အငယ်မက လသားအရွယ်ဆိုတော့ ချီသွားလို့ရပေမဲ့။ခုန်ပေါက် ပြေးလွှားကစားခြင်းနှင့် ပူဆာခြင်းတွင်
တစ်ဘက်ကမ်းခတ်ကျွမ်းကျင်လှသော တူမတော်ကိုခေါ်သွားလျှင်ဖြင့် ဒုက္ခတွေ့နိုင်သည်။
ထို့ကြောင့်လိုက်ချင်ရင် ဘာမှမပူဆာရ၊ မုန့်ဝယ်မကျွှေးခိုင်းရ၊ ပြောစကားနားထောင်ပါမည်ဟူသော
အပေးအယူအရင်လုပ်ရသည်။ ဒါတောင်ဆိုင်ရောက်တော့ပီကေဝယ်ကျွှေးလိုက်ရသေး။ အိမ်ကထွက်ထွက်ခြင်း
အကြောင်းသိနေသော တူမတော်အား အရင်မှာရသည် မပြေးရမလွားရဆိုတော့ ကျွှန်မကိုမော့ကြည့်ကာ
တီလေးမလွားရဆိုတာဘာပြောတာလဲတဲ့။ ပြောမိသောကျွှန်မ ဘာဖြေရမှန်းမသိဖြစ်သွားသည်။ အဖြေကို
အပြေးအလွားစဉ်စားကာ စိတ်ထဲထင်တဲ့အတိုင်း “သမီး ပြေးတဲ့အခါ လွားခနဲပြေးတာကိုပြောတာ”ဟုဖြေလိုက်တော့
ထပ်မမေးတော့။ ဆိုင်လည်းသိမ်းချိန်ဖြစ်နေတော့ နို့ဘူးဝယ်ပြီးကုန်းထိပ် အစ်မရှိသောဆိုင်အထိတက်သွားလိုက်သည်။
ဆိုင်သို့ရောက်လျှင် တွေ့သမျှအပေါက်နိုက်ကာ မြင့်သမျှပါးစပ်ထဲကောက်ထည့်တတ်သော တူမကိုဆွဲကာ
ကားအသွားအလာမပြတ်တတ်သောလမ်းတွင် ဆော့နေသော မြန်မာပြည်ရောက် အမွေစိန်ကို တဟဲ့ဟဲ့အော်နေရတော့သည်။
ခဏနေတော့ အဒေါ်ပေါက်စနှင့် သမီးတော်နှစ်ပါးကို စိတ်မချလို့ထင် အစ်မတော်ရောက်ချလာသည်။ ဆိုင်လည်းသိမ်းတော့မည်မို့
အတူတူပြန်ရအောင် ထိုင်နေတုန်း တူမတော်ဆိုင်ထဲသို့ဝင်လာကာ အဒေါ်ပိုက်ဆံသိမ်းနေသည်ကိုကြည့်ပြီး အနားကပ်ကာ
တိုးတိုးလေးကျွှန်မအား “တီလေး သမီးတို့ကအင်္ကျ ီဝယ်ရင် တီလေးဝါဝါကို ဘာလို့ပိုက်ဆံပေးရတာလဲ” တဲ့။ ဘယ်လို့ဖြေရပါ့။

7 comments

  • ဂျစ်စူ

    August 3, 2016 at 5:00 pm

    အူးဗိုက်ဆိုင် လာဝယ်
    ဗျားမှ ပေးနဲ့
    ဘားမှလဲ ရောင်းဘူး :mrgreen:

  • မမချွိ

    August 4, 2016 at 8:47 am

    ချစ်စရာလေးနေမှာ။
    ဟို ပန်းချီဆွဲတာသူလား

    🙂

    • A mar nyo

      August 4, 2016 at 10:52 am

      မဟုတ်ဘူး အဲ့ဒါကရုံးကကောင်မလေးဆွဲပေးတာ

  • A mar nyo

    August 4, 2016 at 10:53 am

    တစ်ခါတစ်လေကြံကြံဖန်ဖန်မေးတတ်တယ် ပြောသမျှလည်းမှတ်ထားတတ်လို့ သူ့ရှေ့ ဘာမှမပြောရဲဘူး

  • Thint Aye Yeik

    August 4, 2016 at 11:13 am

    သားကလည်း အလေးးးဂျ
    သားကလည်း အလေးးးဂျ

    :k:

    • A mar nyo

      September 8, 2016 at 10:19 am

      ဈေးထဲအလေးပျောက်တာဒီရောက်နေတာကို

Leave a Reply