ငယ်ငယ်ကတည်းကဆေးလိပ်စွဲနေပြီဆိုရင်….

Yin Nyine NwayAugust 29, 20101min6933


ဆေးလိပ်သောက်ခြင်းရဲ ့မျက်ဝါးထင်ထင်ဆိုးကျိုးများ

အသက် ၁ရ နှစ်မတိုင်ခင်ကတည်းက ဆေးလိပ်စသောက်သူတွေဟာ Multiple Sclerosis(MS) ရောဂါဖြစ်ဖို ့ အခွင့်အလမ်းအရမ်းများတယ်လို ့အမေရိကန်ဦးနှောက်နဲ ့အာရုံကြောအကယ်ဒမီရဲ ့ ၆၁ ကြိမ်မြောက် နှစ်ပတ်လည်ညီလာခံက အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။ ဒီ MS ရောဂါဟာ လူငယ်တွေနဲ ့လူလတ်ပိုင်းတွေမှာ ပိုအဖြစ်များတဲ့ နာတာရှည်အာရုံကြောထိခိုက်တဲ့ရော
ဂါတစ်မျိုးပါ။ ကျောရိုးအာရုံကြောမကြီးနဲ ့ ဦးနှောက်မှာ ဖုံးအုပ်ထားတဲ့ myelin sheath လို ့ခေါ်တဲ့ အဆီလွှာလေးပျက်စီးပြီး အာရုံကြောတွေအလုပ်ကောင်းကောင်းမလုပ်နိုင်တော့တဲ့ ရောဂါဖြစ်ပါတယ်။

အာရုံကြောစနစ်ရဲ ့နေရာစုံမှာ ထိခိုက်တဲ့အတွက် ရောဂါလက္ခဏာတွေကလည်းအမျိုးစုံပြီးပြင်းထန်ပါတယ်။ လမ်းလျှောက်ရင်ပုံပျက်နေခြင်း၊ခြေတွေလက်တွေတဆတ်ဆတ်တုန်နေခြင်း၊ မျက်လုံးအကြောသေခြင်း၊ စကားမပီမသဖြစ်လာခြင်း၊ကြွက်သားများအားနည်းခြင်း၊အမြင်အာရုံကြောယောင်ရမ်းခြင်း စတဲ ့ရှုပ်ထွေးတဲ့ လက္ခဏာတွေခံစားရတတ်တဲ့ ရောဂါမျိုးဖြစ်လို ့ကြောက်စရာကောင်းပါတယ်။ ဒီရောဂါရဲ ့အကြောင်းရင်းကို ရှေးယခင်က သေချာစွာ မဆုံးဖြတ်နိုင်ခဲ့ပေမယ့် လူ ၃၀,၀၀ဝ ကျော်ကိုလေ့လာခဲ့တဲ့ ဒီတွေ ့ရှိချက်အရ ငယ်ငယ်ကတည်းက ဆေးလိပ်သောက်ခြင်းဟာ အဓိကအကြောင်းရင်းဖြစ်ကြောင်း သိခဲ့ရပါတယ်။

ကျန်းမာရေးပညာရှင်တွေက လူတွေအားလုံးကို ဆေးလိပ်မသောက်သူများ ၊ အသက်၁ရ နှစ်မတိုင်ခင်ဆေးလိပ်သောက်သူများနဲ ့အသက် ၁ရ နှစ်နောက်ပိုင်းမှဆေးလိပ်သောက်သူများဆိုပြီး ၃ စုခွဲပြီးလေ့လာခဲ့ပါတယ်။အခြားအချက်တွေဖြစ်တဲ့ အသက်၊ လိင်၊ လူမျိုး၊ နေထိုင်ပုံ စတာတွေကြောင့် ရလဒ်တွေ ကွဲလွဲမှာစိုးလို ့ အုပ်စုတစ်စုချင်းစီမှာ လူစုံပါဝင်စေခဲ့ပါတယ်။ ဒီလေ့လာမှုရဲ ့အဖြေကတော့ ဆေးလိပ်ကို စောစောသောက်သူတွေဟာ ဆေးလိပ်လုံးဝမသောက်သူတွေထက် Multiple Sclerosis ရောဂါဖြစ်နိုင်ခြေ ၃ ဆ ပိုများနေတာ တွေ ့ခဲ့ရပါတယ်။ အသက်ကြီးမှ သောက်သူတွေမှာလည်း အန္တရာယ်ရှိပေမယ့် ငယ်ငယ်ကတည်းကစသောက်သူတွေဟာ အန္တရာယ်အကြီးဆုံးဖြစ်တာမို ့ မက်ဖန်ပရိသတ်ကြီး အတွက် သတိထားရှောင်ကြဉ်ဖွယ် တင်ပြလိုက်ပါတယ်။

3 comments

  • toe2

    August 29, 2010 at 11:33 am

    ကျနော် ဆေးလိပ်သောက်တတ်ပါတယ် …ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို သိရတဲ့အတွက် ကျေးဇူးတင်ပါတယ်
    နောက် ကို ဆေးလိပ်မသောက်ဖြစ်အောင် ဆင်ခြင်တော့မယ် …..:)

  • kopauk mandalay

    August 29, 2010 at 11:52 am

    ကျနော်ကတော့ ဘယ်အရွယ်ဖြစ်ဖြစ်မသောက်တာ အကောင်းဆုံးလို့ထင်ပါတယ်။
    ကျနော်မနှစ် 8လပိုင်းမှာဆေးလိပ်ဖြတ်လိုက်ပါတယ်။
    တုံးတိရပ်လိုက်တာပါ။ရတယ်ဘာမှမဖြစ်ဘူး။
    သောက်တာနဲ့မသောက်တာ ဘာကွာသလဲလို့ ယှဉ်ကြည့်တော့။
    1။ အာခံတွင်းက မကောင်းတဲ့အနံ့အသက်တွေပျောက်သွားတယ်။(အရင်ကအိပ်လို့ကျလာတဲ့သွားရည်ကိုကနံတယ်)
    2။ချွေးထွက်ရင် အနံ့မဆိုးတော့ဘူး။
    3။သီချင်းဆိုရင် အရင်ကထက် အသံကို ရှည်အောင်ပေါ့ပေါ့ပါးပါးလေးနဲ့ဆိုနိုင်လာတယ်။
    4။ပိုက်ပိုက်မကုန်တော့ဘူး၊
    5။အလုပ်မရှုပ်တော့ဘူး(အရင်က အပြင်သွားခါနီးရင် မီးခြစ ် စီးကရက်ဘူး မပါရင် အပြင်ထွက်ရတာ တစ်ခုခုလိုနေသလိုဘဲ)
    ကဲဆေးလိပ်သောက်ရာကနေ မသောက်တော့တဲ့လူရဲ့ဖြစ်ရပ်မှန်ပါခင်ဗျား။

  • Gong Zhu

    September 15, 2010 at 1:30 am

    ဆေးလိပ်မသောက်လည်း အငွေ့ရှုမိရင်လည်း ရောဂါဖြစ်တတ်တယ်ဆို ? ? ?

Leave a Reply